Saturday, June 05, 2010

မြန်မာပြည်မှာ အက်ဂါ၊ ထိုင်ဝမ်မှာ Zhoug Tai-Shan (趙太祥 )

ဒီနေ့တော့ ကျွန်မကို facebook ပေါ်က လူတစ်ယောက်က လင့်ခ်တစ်ခု message ပို့တယ်... ဒါနဲ့ သွားကြည့်ဖြစ်တော့... Zhoug Tai-Shan ရဲ့ မြန်မာ ဗွီစီဒီတစ်ခုဖြစ်နေတယ်... နီလာအောင်အောင်နဲ့ သရုပ်ဆောင်ထားတာ... အဲဒိသီချင်းကိုတွေ့တော့ နဲနဲတော့ မှတ်မိသလိုလိုရှိတယ်... သူ့ပိုစတာကြီးတွေ ဘားလမ်းထဲက တေးသံသွင်းတွေမှာ ချိတ်ထားတာမှတ်မိသလိုလိုဖြစ်လာတယ်... အဟိ... အော်... ဘာလို့များ အဲဒိတုန်းက သတိတောင်မထားမိတာပါလိမ့်လို့... သတိမထားမိဆိုလဲ အိမ်မှာ မဗေဒါက အရင်က ကတ်ဆက်ခွေဝယ် စီဒီဝယ် သိပ်လုပ်တာမဟုတ်ဘူး... သီချင်းကြိုက်တဲ့ မဗေဒါ အစ်မနဲ့ အဖေကပဲ သီချင်းခွေ ဒိုင်ခံဝယ်တာ... မဗေဒါက ရုပ်ရှင် ဇာတ်လမ်းတွဲတွေပဲ ၀ယ်တာ... ဟဲ... ဟဲ...

အော် သူ အဲဒိထဲက နာမည်တော်တော်လေး ကြီးခဲ့ရင်လဲ ကောင်းမှာလို့... ဒါပေမဲ့ တစ်ဖက်ကတွေးမိတော့လဲ အဲဒိထဲကသာ မြန်မာပြည်မှာ နာမည်ကြီးခဲ့ရင် သူခုလို ထိုင်ဝမ်မှာ အိုင်ဒိုးသွားပြိုင်ဖြစ်ချင်မှ ပြိုင်ဖြစ်မှာ... တခြားနိုင်ငံကလူတွေ သူ့ကို သိချင်မှတောင် သိလိုက်မှာ... မြန်မာပြည်က အနုပညာ စီးကြောင်းအတိုင်းပဲ ဝေေ၀၀ါးဝါး ပါသွားချင်လဲ ပါသွားမှာ... ဒီတော့ ခုလို ဖြစ်တာပဲ အကောင်းဆုံးပဲ...

အမှန်အတိုင်း ၀န်ခံရရင် သူ့ပိုစတာကို အဲဒိတုန်းက သတိထားမိပါတယ်... ခုပြန်တွေ့တော့ အဲဒိတုန်းက ဒီဇိုင်းနဲ့ မတူတော့ မမှတ်မိတာ...(စိတ်တော့မဆိုးနဲ့နော်... အမှန်အတိုင်းပြောမလို့...) သူက နဖူးကျယ်ရတဲ့ အထဲ ဆံပင် လိမ်ကောက်ကောက်လေးတွေကို ရှေ့တစ်ဖက်မှာချထားတော့ အဲဒိအချိန်က ကလေးအတွေးနဲ့ "ဟင်... ဘယ်လိုကြီးလဲ မသိဘူး... ဇာတ်မင်းသားကနေ စီးရီးထုတ်တာလား မသိဘူး" တွေးခဲ့မိတယ်... ဒီလိုဆိုတော့လဲ လူတစ်ယောက်မှာ လိုက်ဖက်တဲ့ အပြင်အဆင်နဲ့ စတိုင်က အရေးကြီးပါလားလို့ မှတ်ယူမိတယ်... ကဲပါလေ... ဒါတွေထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် ခုချိန်က စပြီး အားပေးလဲ နောက်မကျသေးပါဘူး... ဟောဒီမှာ သူ့ မြန်မာ ဗွီစီဒီ....

P.S သူ့နာမည် အရင်းက ကျော်ထိုက်စံ ဟုတ်မဟုတ် ကျွန်မလဲ သေချာမသိပါ.. youtube ပေါ်မှာ သူ့ပြိုင်ပွဲ ဗွီဒီယိုတင်ထားတဲ့သူက အဲလိုရေးထားလို့ အဲလိုထင်တာပါ... သေချာသိသောသူများ အမှားပါလျှင် ပြင်ပေးနိုင်ပါတယ်...


9 comments :

ကိုဇော် said...

အောင်မြင်ပါစေ။

Maung Myo said...

ဟုတ်တယ် ကျနော်လည်း ညကမှ ကြည့်ရင်း မြင်ဖူးပါတယ် သူ့သီချင်းတွေ မြ၀တီ ညနေပိုင်းသတင်းမလာခင် သီချင်းအစီစဉ်မှာ နားထောင်ဖူးတယ် ။

ချီးကျူးဖို့ကောင်းပါ့ မြန်မာမှာဆိုတုန်းက သိပ်နာမည်မကြီးတာ ခုတော့ တော်တော့်ကိုတော် တား) သူကတာလေးတွေမိုက်တယ် ။

မဗေဒါ ကျနော့်ကိုမှတ်မိတယ်ဟုတ် ။

May Moe said...

ဟားဟား ဟုတ်ပ အရင်ပုံ ကဇတ်မင်းသားနဲ့တူတယ် :P

mabaydar said...

မောင်မျိုးကို မှတ်မိတာပေါ့... မောင်မျိုးရဲ့ ဘလော့အသစ်ကိုလဲ တစ်ခါတစ်လေတော့ ရောက်ပါတယ်... ခြေရာမချန်ခဲ့တာ... မဗေဒါကို မှတ်မိသေးလို့လဲ ၀မ်းသာပါ၏...

ပရိတ်သတ်တစ်ဦး said...

အောင်မြင်ပါစေ... အခုတော်တော်ချောလာတယ်နော်...

Anonymous said...

မဗေဒါရေ ... natas ပွဲ post နဲ့  အက်ဂါ post ၂ ခု ဖတ်မိရင်း သိချင်တာလေးရှိလို့ မေးပါရစေ .. မြန်မာ ပတ်စပို့  ကိုင်ထားသူတွေ ထိုင်ဝမ်ကို tour package နဲ့  လည်း ခရီးသွားလို့ မရဘူးဆိုတာ ဟုတ်လားဟင် ... တခြားဘယ်နိုင်ငံမှ အလည် မသွားဘူးလို့  သေချာမသိလို့ ပါ။ ဖြေပေးမယ်ဆို ကျေးဇူးတင်ပါတယ်နော်။

mabaydar said...

Anonymous ရေ..

မဗေဒါနားလည်သလောက်တော့ မြန်မာပြည်ကနေ ထိုင်ဝမ်ကို သွားမယ်ဆိုရင် မြန်မာပြည်မှာ ထိုင်ဝမ်သံရုံးမရှိတဲ့အတွက်ကြောင့် ဗီဇာလျှောက်ဖို့ခက်ခဲတယ်.. ထိုင်ဝမ်သံရုံးရှိတဲ့ တခြားနိုင်ငံတစ်ခုကို အရင်သွားပြီး လျှောက်ရတယ်လို့ကြားဖူးတယ်...
Tour package နဲ့ ထိုင်ဝမ်ကို အလည်သွားမယ်ဆိုတာ မြန်မာပြည်ကလား... စကာင်္ပူကလား မသိဘူး...

မဗေဒါထင်တာ မမှားဘူးဆိုရင်တော့ စကာင်္ပူမှာရှိတဲ့ ထိုင်ဝမ်သံရုံးမှာ လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ ဗီဇာလျှောက်လို့ရမယ်ထင်ပါတယ်... အလွန်ဆုံးသူတို့တောင်းရင်တော့ ဥပမာ...ဟိုက တစ်ယောက်ယောက်ခေါ်စာတောင်းရင်တောင်းပါလိမ့်မယ်... အဲဒိလိုဖြစ်မယ်ထင်တာပါပဲ..

သေတော့ မသေချာပါ.. မဗေဒါလဲ ထိုင်ဝမ်တော့ မသွားဖူးသေးပါဘူး.. ဒါပေမဲ့ နောက်နှစ်ထဲတော့ ထိုင်ဝမ်သွားလည်ဖို့စိတ်ကူးထားတဲ့အတွက် သွားပြီးရင် အသေအချာ လိုအပ်တာကို ပြောပြပါ့မယ်...

Anonymous said...

မဗေဒါရေ အမြန်ဆုံး အကြောင်းပြန်ပေးတာကျေးဇူးပါနော် ... ကျွန်မက လောလောဆယ် စင်ကာပူမှာပါ ဒါပေမယ့် ရန်ကုန်က အမေအဖေနဲ့ အတူသွားဖို့ စဉ်းစားတော့ သူတို့ အတွက် ဘယ်လိုလုပ်ရမှန်း မသိလို့ ပါ။ သူများပြောတာကြားဖူးတာတော့ စင်ကာပူက ထိုင်ဝမ်သံရုံးကလည်း white card နဲ့ စင်ကာပူကို အလည်လာတဲ့ လူဆိုရင် ဗီဇာမပေးဘူးဆိုလို့ ။ ကျေးဇူးအထူးတင်ပါတယ်။ မဗေဒါ အလည်သွားပြီးရင်လည်း အသေးစိတ်လေးတွေ မျှပါဦးနော်။ :)

mabaydar said...

မဗေဒါ သွားဖို့ မသွားဖို့က မသေချာသေးပါဘူး...
မဗေဒါလဲ မသွားဖူးသေးတော့ မှန်းပြီးတော့သာ ဖြေပေးလိုက်တာပါ... ပိုသေချာသွားအောင်တော့ သူများတွေပြောတာမှာ လမ်းမဆုံးပဲ... ထိုင်ဝမ်သံရုံးကို ဖုန်းဆက်ပြီး မေးလိုက်တာ အသေချာဆုံးပါပဲ... ဒါမှ လိုအပ်တာလဲ စီစဉ်လို့ရမှာလေ...