Thursday, June 10, 2010

Will You Be There For Them??

ပြီးခဲ့တဲ့နှစ် (2009) ဒီဇင်ဘာ ၃၁ရက်နေ့က မင်္ဂလာဒုံ ပုလဲမြို့သစ်နားမှာရှိတဲ့ မြသိင်္ဂီသီလရှင်စာသင်တိုက်မှာ မိဘမဲ့ကလေးတွေနဲ့ အဲဒိ အနီးအနားက ချို့တဲ့တဲ့ ကလေးတွေကို နေ့လည်စာကျွေး... လက်ဆောင်ပစ္စည်းလေးတွေ ပေးဖြစ်ခဲ့တယ်...

မဗေဒါရဲ့ ပိုက်ဆံအခြေအနေကြောင်း ကလေးတွေအတွက်ပဲ ဖိနပ် လှူနိုင်ပြီး... ကျန်တဲ့ ကိုရင်ကြီးတွေနဲ့ အတန်းကြီး အတွေအတွက်ကတော့ ငွေသားမုန့်ဖိုးပဲ ပေးလှူဖြစ်ခဲ့တယ်... မိန်းကလေးတွေအတွက်တော့ တစ်ခုပိုတာက ခေါင်းစည်းကြိုးလေးတွေလဲ လက်ဆောင်ပေးခဲ့တယ်... ကလေးတွေအားလုံး ကစားဖို့လဲ ဘက်မင်တန်တို့ ဘောလုံး ခြင်းလုံးတို့လဲ လှူခဲ့တယ်... အဲဒိကျောင်းမှာစာပြပေးတဲ့ စေတနာရှင်ဆရာ ဆရာမတွေအတွက်လဲ ကျောင်းစိမ်းလုံးချည်နဲ့ ငွေသားတွေလှူခဲ့တယ်...

မဗေဒါရဲ့အလှူအပြင် youtube ပေါ်မှာ သိခဲ့တဲ့ Gersing ကလဲ ပညာရေးထောက်ပံ့စားရိတ်ကို လှူခဲ့တယ်... ကိုယ်လဲ လှူခွင့်ရတဲ့ အပြင် သူများအလှူကိုလဲ ကူညီခွင့်ရတဲ့အတွက် ဝမ်းလဲသာမိတယ်... ပြီးတော့ Gersing ကိုလဲ ဒီနေရာကနေ ကျေးဇူးတင်ကြောင်းပြောချင်တယ်... နောက်ပြီး သာဓုလဲ ခေါ်ပါတယ်... သာဓု.. သာဓု.. သာဓု... နောက်လဲ များများလှူနိုင်ပါစေနော်...

နောက်ပြီး မဗေဒါ မြန်မာပြည်ပြန်ပြီးအလှူလုပ်မယ်ဆိုတုန်းက အနီးနားက သူငယ်ချင်းတွေထဲကလဲ သူတို့ စေတနာရှိသလောက် မဗေဒါ အလှူထဲမှာ ထည့်ဝင်ကြတဲ့အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ်...

အလှူအကြောင်းအသေးစိတ်ကို နောက်ဗွီဒီယိုတွေ ထပ်တင်ဖြစ်ရင် ပြောပြချင်ပါသေးတယ်... ခုတော့ ခဏနေရင် ပြမဲ့ ဗွီဒီယိုလေးနဲ့ပတ်သတ်ပြီး ပြောချင်တယ်.. ဒီဗွီဒီယိုလေးမှာ မိုက်ကယ်ဂျပ်ဆင်ရဲ့ Will you be there သီချင်းကို သုံးထားတယ်... ဘာလို့လဲဆိုတော့ အဲဒိသီချင်းလေးရဲ့ အဓိပ္ပါယ်လေးက မိဘမဲ့ ကလေးတစ်ယောက်ဘက်ကနေ ခံစားပြီး ဆိုပေးထားတာဖြစ်တယ်... အဲဒိသီချင်း စာသားအဓိပ္ပါယ်လေးကို နားထောင်မိတိုင်း ရင်ထဲမှာ မိဘမဲ့ ကလေးတွေကို ကိုယ်ချင်းစာစိတ်ဖြစ်မိတယ်...

ဘာလို့ရှင်းပြတာလဲဆိုတော့ ဗွီဒီယိုထဲမှာ ကိုရင်တွေ သီလရှင်လေးတွေလဲ ပါတယ်လေ... အင်္ဂလိပ်သီချင်းကြီးနဲ့ မလိုက်ဖက်ဘူးလို့ တချို့က ထင်ချင်ထင်မယ်... ဒါပေမဲ့ အဲဒိ ကိုရင်တွေ သီလရှင်တွေထဲမှာလဲ တစ်ချို့က အကျီၤဖိုးမတတ်နိုင်လို့ သီလရှင်စည်းပေးခံထားရတဲ့ မိဘမဲ့လေးတွေလဲ ရှိတယ်လို့ သိရတယ်... ဒီသီချင်းလေးက charity သီချင်းလေး ဖြစ်တဲ့ အတွက် Youtube တို့ facebook တို့ကလဲ ဒီသီချင်း အသုံးချမှုကို ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်... ဗွီဒီယိုလေးကိုလဲ ခံစားရင် ကုသိုလ်တွေကို မျှဝေလိုက်ပါတယ်...

မြန်မာပြည်မှာ သင်တို့ကို လိုအပ်နေတဲ့ ကလေးငယ်တွေ အများကြီးရှိပါတယ်... သူတို့အတွက် တတ်နိုင်သလောက် သင်တို့ ရှိပေးနေနိုင်မလား... သင်တို့ရဲ့ ပိုက်ဆံ ပြားလေးကအစ သူတို့ ဆီမှာ တန်ဖိုးထားခံရပါတယ်...




ဗွီဒီယိုအောက်က ပိုစ့်လေးကတော့ Facebook ပေါ်မှာ Gersing Aung ရေးထားတဲ့ မြန်မာပညာရေးနဲ့ အနာဂတ်ဆိုင်ရာ ပိုစ့်လေးပါ... အဓိပ္ပါယ်ရှိပြီး ထိမိတဲ့အတွက် ဖတ်သွားစေချင်ပါတယ်... သူကတော့ အပေါ်မှာ ပြောသွားတဲ့အတိုင်း ကျွန်မကနေ တဆင့် ပညာရေးအထွေထွေစားရိတ်ရော ပညာထူးချွန်တဲ့ မိဘမဲ့ ကလေးတစ်ယောက်အတွက် ပညာသင်စားရိတ်ရောကိုပါ ပေးလှူခဲ့တဲ့သူပါ...


Mal-education, mis-education or de-education - all are recipes for slavery

When education is discouraged in a country, it must be earned through struggles, diligence and hard work. In Burma, a majority of students suffer from mal-education (and worst, DeEducation). Educational crisis in Burma is not a surprising blow. Social outcome of this crisis is best understood in the interest of Burmese ruling generals – which is to put the society in the mindset of slavery. While forced labor and physical slavery are not uncommon across Burma, feeding systematic brainwash and mis-education to innocent children is no excuse to humanity.

The mindset of slavery equals that of the powerless – a recipe for a f*-up life.

So, how do we overcome this crisis in Burma?

I do not have a good answer but I know that I cannot do it alone.

One of my teachers once said, “Brain drain is better than brain waste”. Although it would not be the best solution, I still thank her for the light she showed me.

Being on a brighter side now, I have had a desiring dream of helping children in Burma with their education. I want them to seek out education beyond their classrooms, and realize that education is what will liberate them.

Since I was in Burma, my targeted group of children for help has been the orphans throughout Burma (though my sister has a different idea of supporting primary school teachers). And I want to set up the fund and distribute it for the orphans’ educational benefits. I also have an ultimate dream of building a school-home where they are educated while raised and nurtured. It is a million dollars journey and every journey begins with one step.

I am glad I was able to make the first step towards my goal with a selfless and sincere help from a friend who went and visited Burma. Through that friend, I was able to reach out to Burmese orphans and abandoned children cared for by a Buddhist nun. That orphanage solely depends on private donations and the outlook of the orphanage is poor because it is suited in a rugged location and donors are not willing not make a trip to the orphanage. I am thankful that my friend and hers voluntarily made several trips to that orphanage while they were in Burma.

I requested the nun to use half of my donation on general educational expenses and the other half on a scholarship award to an outstanding student. The idea of scholarship is not yet popular in Burma and probably unheard of in the orphanages. But, I hope that the concept of reward will motivate the kids, and give them a sense of hope and a purpose of life.

Like everything in Burma, nothing can be confirmed. I cannot confirm that money will be used as per my request not because of the credibility of the orphanage, but because of the inaccessibility nature of our country. I have my faith in the nun, and I will leave it as it is.

With a permission of the photographer, I am sharing some of the images from the orphanage. I hope these pictures bring you joy, sympathy, compassion and creative ideas.

And…MOST IMPORTANTLY, I HOPE ONE DAY, YOU CAN PERSONALLY CREATE A MUTUAL HAPPINESS WITH THEM!!!



6 comments :

သူကြီးမင်း (တုံးဖလား) said...

သာဓု သာဓု သာဓု ပါ မဗေဒါရေ....
ကြည်ကြည်နူးနူးနဲ့ ဗီဒီယိုကလစ်ကလေးကို ဆုံးခန်းတိုင်အောင် ကြည့်ရှုသွားပါတယ်။

Anonymous said...

သည်ထက်မက လှုဒါန်း နိုင်ပါစေ ....

mie nge

နွေးနေခြည် said...

သာဓု သာဓု သာဓု
ဒီ့ထက်မက လှူဒါန်းနိုင်ပါစေ မဗေဒါ

Gersing Aung ဆိုတာ ယူကျူ့မှာ ကိုယ်တိုင် သီချင်းဆိုပြီး တင်တဲ့ တယောက်လား?

mabaydar said...

အင်း ဟုတ်တယ် နေခြည်... သူပဲ... ဗွီဒီယိုထဲမှာ သူ့ channel link ပါတယ်...

Unknown said...

စိတ်ကူးလေးကောင်းတယ်
သာဓု သာဓု သာဓု

Anonymous said...

အရမ်း သဘောကျတယ်။ နောက်တခါလှူရင်ပြောပါ။ ပါချင်လို့

ခရေဖြူ