Tuesday, June 22, 2010

New MTV of TOP - Turn It Up

Big Bang ထဲက Rapper TOP ရဲ့ music video အသစ်လေးကို ဒီတစ်ခါတော့ မျှဝေချင်ပါတယ်...

Big Bang အဖွဲ့ကို သိတဲ့သူတိုင်း TOP ဆိုတဲ့ မိုက်ကန်းကန်းပုံစံနဲ့ ကောင်လေးကိုလဲ သိကြမယ်လို့ထင်ပါတယ်... အဲ... ပြောရမယ်ဆိုရင်တော့ သူတို့ အဖွဲ့တစ်ဖွဲ့လုံးက ဂျစ်ကန်ကန် မိုက်ကန်းကန်းပုံစံလို့ပဲ ပြောရင်ရမယ်ထင်ပါတယ်... အဲဒိလို မိုက်ကန်းကန်း အိုက်တင်နဲ့ စတိုင်လေးတွေကြောင့်ပဲ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ Big Bang ရယ်လို့ ဖြစ်နေတယ်လဲ ထင်ပါတယ်... သူတို့ အဖွဲ့ MV တွေကြည့်တိုင်း TOP ကို အ၀မကြည့်ရလို့ ခု သူ့ရဲ့တစ်ကိုယ်တော် သီချင်း Turn It Up မှာတော့ သူ့ပုံကို ကောင်းကောင်းမြင်ရလို့ သဘောကျလို့ပါ... သူ့ရဲ့ အရင်က တစ်ကိုယ်တော် MV တွေကိုလဲ ကြည့်ဖူးပါတယ်... ဒါပေမဲ့ ဒီအခု MV အသစ်လောက် ကင်မရာ ငြိမ်ငြိမ်နဲ့ သူ့ကို အားရအောင် မမြင်ခဲ့ရလို့ပါ...





အစက သူငယ်ချင်းတစ်ယောက်က TOP... TOP ဆိုပြီး ပြောလွန်းလို့ Big Bang ကို စပြီး ကြည့်ဖြစ်ပါတယ်... ဒါပေမဲ့ သိတဲ့အတိုင်းပဲ အဲဒိအဖွဲ့ခေါင်းဆောင် G-Dragon က မဗေဒါကြိုက်တဲ့ပုံစံမျိုး Baby face, girly face နဲ့ဆိုတော့ သူ့ကို စတွေ့တာနဲ့ သတိထားဖြစ်ခဲ့ပါတယ်... ဒါပေမဲ့ သူ့ကို baby face ရှိယုံနဲ့ မဗေဒါ ကြိုက်တာမဟုတ်ပါဘူး... သူ့ရဲ့ MTV တွေကြည့်ရင်း... သူ့ရဲ့ သီချင်းတွေနားထောင်ရင်းနဲ့ သူ့ အနုပညာ အရည်အချင်းကိုသဘောကျတာပါ... မဗေဒါ သူ့ကို စသိတုန်းက Big Bang အဖွဲ့ခေါင်းဆောင်မှန်းတောင် မသိခဲ့ပါဘူး... သူ့သီချင်း.. သူ့အက... သူ့မျက်နှာပေးတွေကို ကြည့်ပြီးရင်း ကြည့်ချင်နေခဲ့တာပါ... နောက်တော့ ကိုယ့်ကိုကိုယ် G-Dragon ရဲ့ official fan အဖြစ် လက်ခံလိုက်ပါတယ်... ဟဲ.. ဟဲ.. ကဲ သူ့အကြောင်းက နောက်မှ ပြောစရာတွေကျန်ပါသေးတယ်... ခုတော့ TOP အကြောင်းလေး ဆက်ပါရစေ...

G-Dragon ပြီးရင် ကြိုက်ခဲ့တာကတော့ TOP ပါ... ကြွပ်ဆပ်ဆပ်အကြည့်... မိုက်ကမ်းကမ်း မျက်နှာပေးကို အပိုင်နိုင်ဆုံးကတော့ TOP ပဲ ဖြစ်မယ်ထင်ပါတယ်... TOP က ရုပ်ဒီလောက်မချောပင်မဲ့ သူ့ကို တွေ့မိတဲ့သူတိုင်းက သတိထားမိလောက်တဲ့ Charm ရှိပါတယ်...
ခုတော့ တဖြည်းဖြည်းနဲ့ G-Dragon နဲ့ TOP ကို တန်းတူကြိုက်တယ်လို့ပြောလို့ရလာပါပြီ... သူတို့ Group MV တွေ ကြည့်ရင်လဲ သူ့ကို ပြလိုက်ရင် သိသိသာသာကို ကျွန်မ သတိထားမိခဲ့ပါတယ်... ခု အောက်မှာ ပြမဲ့ Haru Haru သီချင်းထဲမှာ သူ့ သရုပ်ဆောင်ချက် မျက်နှာပေးကို ကျွန်မ အတော်သဘောကျပါတယ်... အဲဒိ သီချင်းထဲမှာ သူက G-Dragon ရဲ့ ကောင်မလေး တောင်းဆိုချက်အရ G-Dragon ရှေ့မှာ ဟန်ဆောင်တွဲပြတဲ့ သူအဖြစ် သရုပ်ဆောင်ထားပါတယ်... ကောင်မလေးက ကင်ဆာရောဂါနဲ့ သေတော့မှာမို့ သူ့ချစ်သူ G-Dragon ခံစားရမှာစိုးလို့ မသေခင် ဖြတ်တဲ့ သဘောပါ... (အဲဒိအတွေးက Stupid ဖြစ်လွန်းပါတယ်.. ဟုတ်? )...

အဲဒိမှာ သူတို့ ရန်ဖြစ်တဲ့ ပုံလုပ်ကြတာလဲ အတော်လေး ပီပြင်ပါတယ်... TOP ရဲ့ မိုက်ကမ်းကမ်းပုံ G-Dragon ရဲ့ ရည်းစားလူလု အူနု ကျွဲခတ် ခံစားရတဲ့ပုံ... နဲနဲတော့ Emo ဖြစ်မလားတော့ မသိဘူး... ဒါပေမဲ့ ကျွန်မကတော့ ကြိုက်တယ်... ပြီးတော့ သူတို့ ကား ပတ်ကင်ထဲမှာ တွေ့တဲ့ အခန်းမှာလဲ... TOP သရုပ်ဆောင်လိုက်တဲ့ မျက်နှာ အမူအရာက အတော်လေး ပိုင်နိုင်ပါတယ်... ပထမတော့ ကားပေါ်မှာ ရိုးရိုးထိုင်နေပြီး ဖြစ်ပါ့မလားဆိုတဲ့ မျက်နှာပေးမျိုးလေး လုပ်နေပြီး... G-Dragon ကြည့်နေတော့မှ ကောင်မလေးကို ဖတ်ပြီး မခန့်လေးစားပုံနဲ့ သီချင်း ဆိုလိုက်တာ အတော်လေး မိပါတယ်... အဲဒိ အကွက်ကိုကြည့်ပြီးတော့ "အင်း... ဒါကြောင့်လဲ သူတို့အုပ်စုထဲမှာ TOP က သရုပ်ဆောင်ဘက် ကိုကူးဖို့ ကမ်းလှမ်းခံရတာ"လို့ မှတ်ချက်ချမိပါတယ်... သူက မနှစ်က နာမည်ကြီး Action ဇာတ်လမ်းတွဲဖြစ်တဲ့ IRIS ဆိုတဲ့ကားမှာ လူကြမ်းသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်... (အဲဒိကားကို ခေါင်းဆောင်မင်းသားကြီး မကြိုက်လို့ ခုထိမကြည့်ပါဘူး.. နောက်ပြီးတော့ အဲဒိကားကြောင့် You are beautiful rating ရသင့်သလောက် မရခဲ့တဲ့အတွက် Gang Keun Suk လေးကို အပြည့်အ၀ အားပေးတဲ့အနေနဲ့ မကြည့်ဖူးလို့ ဆုံးဖြတ်ထားပါတယ်...) MV လေးကို ခံစားသွားကြပါအုံး.... ဘာပဲ ပြောပြော Big Bang ဟာ အသက်ငယ်ပေမဲ့ တကယ့်ကို Pro ကျကျ အနုပညာလုပ်ငန်းတွေကို လုပ်နိုင်တဲ့ အပြင်... တေးရေး တေးဆို အက ဖက်ရှင်တွေကိုလဲ မရိုးရအောင် ဖန်တီးနိုင်တဲ့ အတွက် သူတို့ ခုချိန်မှာ ဒီနေရာရောက်နေတာလဲ ရောက်သင့်ပါပေတယ်လို့ ထင်မိပါတော့တယ်...





5 comments :

ကိုဇော် said...

ဘယ်က ကောင်လေးပါလိမ့်။
အဲဒီလို တောကျတာ. . .

မရောက်တာတောင်မှ ကြာနေပြီ ဒီနေရာလေးကို ၊ အလုပ်က ပြောင်းသွားလို့ လူက မအားဖြစ်နေလို့ ညီမရေ။

Racheal said...

Love both of them :D

SZA said...

TOPPPPPPPPPPPPP.. i love him.. he was so fat when he was young..now he looks awesome and so sexy..i can watch that mtv like billions time...
I like G Dragon as well. Because I like YG family and G Dragon was in that YG Family since he was young and he is cute. And he is really good in rapping since he was young. You can youtube some of his vids when he was young :D

mabaydar said...

haha.. too late.. I have already watched almost his MTV as far as i can find. He started his career since 13. I saw him rapping with some senior group (I forget the name). Since than he was so sexy even though he is just a kid at that time.
Me too.. I love to watch GD, TOP and big bang like billions time. haha

နွေးနေခြည် said...

IRIS မှာ TOP ကို စသိတာ.. သူ့ကို မင်းသားပဲထင်တာ နောက်မှ အဆိုတော်မှန်းသိတယ်။
မဗေဒါက လီဗျောင်ဟွန်းကို မကြိုက်ဘူးလား :D
နေခြည်တော့ကြိုက်တယ်။ IRIS မှာတော့ သရုပ်ဆောင်တွေရော၊ ဇာတ်လမ်းရော ကြိုက်တယ်။ ကြည့်ရတာလည်း တန်တယ်။ IRIS2 မှာတော့ လီဗျောင်ဟွန်းမပါတော့ပါဘူး။ 1 မှာ ကတည်းက သေသွားပြီဆိုတော့ 2ထွက်ရင်တော့ကြည့်လိုက်ပါ။ အကုန်အကျ အများကြီးခံပြီး ရိုက်ထားတော့ ကြည့်ရတာတော့ တန်ပါတယ်။