Sunday, June 20, 2010

အက်ဂါ (Zhou Tai-Shan) အကြောင်း တစေ့တစောင်း

သူ့မြန်မာနာမည် ကျော်ထိုက်စံ လို့ youtube ပေါ်က ဗွီဒီယိုတင်ထားသူက ပြောသောကြောင့် အဲလိုထင်ခဲ့ပင်မဲ့ နောက်ပိုင်း နည်းနည်းသံသယရှိတာကြောင့် ဒုတိယပိုစ့်မှာ မသေချာပါ... သိသောသူရှိရင် ပြောပြလို့ရအောင် ရေးထားခဲ့ပါတယ်... ဟိုတစ်လောက ဆီဘောက်စ်မှာ ဘာမှ မသိရင်လဲ မရေးနဲ့ပေါ့လို့ မှတ်ချက်ပေးသွားတုံးကလဲ မဗေဒါရဲ့ သဘောထားကို ပြန်လည်ရှင်းပြခဲ့ပါတယ်...

ဒါပေမဲ့ စိတ်ထဲမှာ အမှန်တကယ်သိချင်စိတ်ဖြစ်နေမိပါတယ်... သိခဲ့တဲ့ သတင်းအချက်အလက်လေးကို လဲ မျှချင်ပါတယ်...

ဒီလိုနဲ့ပဲ ကြိုးစားရင်း ခိုင်လုံတဲ့ သတင်းရပ်ကွက်ကနေ သိခဲ့ရပါတယ်...

အဲဒါကတော့ သူ့မြန်မာနာမည်က ကျော်ထိုက်စံ မဟုတ်ပါဘူးတဲ့... သူ့ တရုတ်နာမည်ကသာ ကျောက်ထိုက်ရှန် ပါတဲ့... မြန်မာနာမည်က ဘာလဲဆိုတော့ အက်ဂါ (Edgar) လို့ပဲ သိရပါတယ်... နာမည်အရင်းကတော့ မသိပါဘူး... သိဖို့လဲ မလိုအပ်ဖူးထင်ပါတယ်... သူက ရှမ်းပြည် ကျိုင်းတုံ အလွန်က ကွမ်းလုံ ဆိုတဲ့ မြို့ကပါ... သူ့ မွေးနေ့က August 9, 1981 ပါ... မြန်မာပြည်မှာ စီးရီး ၂ခွေ ထုတ်ဖူးပင်မဲ့ သိပ်ရောင်းအား မကောင်းခဲ့ပါဘူး... ဒုတိယ စီးရီးကတောင် လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ထုတ်ခဲ့တာဆိုတော့ ပြန်လိုက်ရှာဖို့ကတော့ ခက်မယ်ထင်ပါတယ်... ထိုင်ဝမ်ကို ရောက်တာ မကြာသေးခင်မှာပဲ super Idol ရှိတယ်ဆိုတာ ကြားလို့ ၀ါသနာအရ သွားပြိုင်ခဲ့ပါတယ်... သူ မြန်မာပြည်မှာ မအောင်မြင်ပဲ ထိုင်ဝမ်မှာ လူသိများ အောင်မြင်ခဲ့တာကိုလဲ နားမလည်နိုင်ဖြစ်နေပါတယ်... ထိုင်ဝမ် စူပါ အိုင်ဒိုးက လူထောင်ပေါင်းများစွာမှာ အမြင့်ဆုံး ၉ယောက်အထိ ရောက်ရှိခဲ့ပါတယ်... မြန်မာပြည်နဲ့ မြန်မာလူမျိုးကို ချစ်လို့ သူမြန်မာဆိုတာကို အမြဲတမ်း ၀ံ့ကြွားစွာ ထည့်ထည့်ပြောလေ့ရှိပါတယ်တဲ့... သူဟာခုဆိုရင် ထိုင်ဝမ်က talent agency တစ်ခုနဲ့ စာချုပ်ချုပ်ထားပြီးပါပြီ... စီးရီးထွက်ဖို့တော့ လက်တလောမှာ မရှိသေးပါဘူးတဲ့... ခုလောလောဆယ်မှာတော့ talent Agency များရဲ့ လုပ်နည်းလုပ်ဟန်အတိုင်း သူ့ရဲ့ အနုပညာလမ်းကြောင်းကို သူတို့ကပဲ အားလုံး ထိန်းချုပ်ထားပါတယ်... သူ့ Agency က သူ့ကို အောင်မြင်တဲ့ အနုပညာသမားတစ်ယောက် အဖြစ် ကောင်းစွာ မြေထောင်မြှောက်ပေးဖို့ ဆုတောင်းမိပါတယ်...

ဒီနေ့ ညနေ ၃နာရီ ထိုင်ဝမ်မှာ သူ့ရဲ့ ပထမဆုံး fan Meeting ရှိပါတယ်... သူ့ ပရိတ်သတ်တွေအတွက် လက်ဆောင်တွေ ပြင်ဆင်ထားတယ်လို့လဲ သိရပါတယ်... လောလောဆယ်တော့ ကျွန်မသိတာ ဒီလောက်ပါပဲ... သူငယ်ချင်းတို့ရော ဘာသိချင်သေးလဲ... အတတ်နိုင်ဆုံး မဗေဒါ ရှာဖွေ မေးမြန်းကြည့်ပေးမယ်... ထိုင်ဝမ်မှာ တောက်ပနေတဲ့ မြန်မာပြည်က ကြယ်ပွင့်လေး ဆက်လက်တောက်ပ နိုင်ပါစေလို့ ကျွန်မ စကာင်္ပူက ပရိတ်သတ် မဗေဒါက ဆုတောင်းနေပါတယ်... အစဉ်အမြဲလဲ အားပေးလျက်ပါ...


Ugly Truth : ကြည့်ရတာ သူ့ ကွန်ပြူတာမှာ မြန်မာ ဖောင့်မရှိပါဘူး... သူ့ ဖေ့ဘွတ်မှာ မြန်မာလိုသွားရေးပြီး ပြောရင် သူမြင်ရတယ် မထင်ပါဘူး... သူ့အနီးနားက တစ်ယောက်ယောက် သူ့ကွန်ပြူတာကို မြန်မာဖောင့်လေး Install လုပ်ပေးရင် သိပ်ကို ကျေးဇူးတင်မိမှာပါပဲ...

12 comments :

သူကြီးမင်း (တုံးဖလား) said...

မဗေဒါတို့ကတော့ လုပ်လိုက်ရင် အတိအကျချည်းဘဲ။
တော်တော်စုံစမ်းလိုက်ရတယ်ထင်တယ်။ ရှာဖွေပြီး တင်ပြပေးတော့လဲ အားလုံးသိရှိခွင့်ရသွားတာပေါ့။ ကောင်းပါတယ်။

Anonymous said...

သြော်.....ဘဲကြောင်ချင်ကြောင်တယ်ပေါ့ဗျာ.. ဘာတွေရှောက်ရေးနေတာလဲ..ခင်ဗျားအရွယ်ကြီး မကြီးမငယ်နဲ့.....

mabaydar said...

Anonymous ရေ...
ဘဲကြောင်ရအောင်လဲ ဟိုက ကျမကို သိတောင် မသိပါဘူး...
မကြီးမငယ်နဲ့လို့ ပြောတာကိုတော့ နားမလည်ပါဘူး... လူမှားပြီးများ ပြောသလားလို့ ထင်မိပါတယ်...

Anonymous said...

sorry မဗေဒါ ကျနော်နောက်ပြောင်ချင်စိတ်နဲ့မန့်လိုက်တာပါ..
ခင်ဗျားကိုမြင်လဲမမြင်ဘူးပါဘူး..မနက်က စောစောစီးစီး ဒီတရုတ် အကြောင်းရေးထားတာဖတ်မိပြီးစချင် နောက်ချင်စိတ်ပေါက်သွားလို့...
သူများအိမ်ကိုသွားလည်ပြီး ဧည့်သည်က အီမ်ရှင်ကို စော်ကားသလိုဖြစ်သွားတယ်ဗျာ။ again sorry.

Rita said...

အရင် post ဖတ်ပြီး၊ fb မှာ သွား add ထားတယ်။ သိပ်မကြာဘူး accept လုပ်တယ်။ နောက်ထပ်တော့ သွားမကြည့်ဖြစ်တော့ဘူး။ ကိုယ် fb မှာ ဘယ်သူ့မှ သွား add လေ့ သိပ်မရှိဘူး။ ကိုနဗနတို့ လို လူတွေလောက်ပဲ add ဖြစ်တယ်။ ဒီတယောက်တော့ မဗေဒါ ပြောလို့။ :)

သူ့သီချင်းတချို့ နားထောင်ဖူးတယ်။ ကျောင်းပြီးတော့မှ... city FM ကနေ နားထောင်ဖြစ်တာ။ ဒု post မှာ ကြည့်မှ၊ သီချင်းကို နားထောင်ပြီးမှ အဲဒါကို မှတ်မိတယ်။ နာမည်တောင် သေချာ မမှတ်မိပါဘူး။ ပထမ post မှာတုန်းကလည်း မသိခဲ့ဘူး။ မြန်မာပြည်မှာ ထုတ်တဲ့ အခွေကိုက တရုတ်သီချင်းကို ကော်ပီလုပ်တယ်ထင်တယ်နော်။ သံစဉ်က တရုတ်သံစဉ်တွေနဲ့ တူတယ်။

Vista said...

သလဲထိုးကတော့ ဘာလုပ်လုပ်တိကျပါပေတယ်

♣♣♣အိမ်မက်ချို♣♣♣ said...

မဗေဒါရေ..
လာလည်ပြီး အက်ဂါ (Edgar) အကြောင်း လာဖတ်သွားပါတယ်...
မဗေဒါ ဘာအကြောင်းရေးရေး...စိတ်ဝင်စားဖို့ကောင်း...
ဖတ်လို့ကောင်းတယ်...
အမြဲအားပေးလျက်ပါ....

သစ်သစ် said...

သလဲထိုးရေ သစ် အက်ဂါသီချင်းတွေ မြန်မာပြည်မှာနေတုန်းကနားထောင်ဖူးတယ် သူမအောင်မြင်ခဲ့ဘူး ခုတော့..ကံဇာတာစန်းကတော့ မနေပါဘူးလေ

Anonymous said...

အင်းမဗေဒါတောင်တော်တော်ပြောင်းလဲသွားပြီ။အရင်တုန်းကလိုကတ်ကတ်လန်မဟုတ်တော့ဘူး။
ဝမ်းသာပါတယ်။

မဗေဒါခေါ်ခဲ့ဘူးတဲ့
heaters

mabaydar said...

Anonymous လဲ ခုလို အကောင်းဘက်က မြင်တတ်လာတာ သိရတဲ့အတွက် ၀မ်းသာပါတယ်... :)

Unknown said...

အက်ဂါ သီချင်းတွေကို လိုချင်ပါတယ် ရှိရင်တင်ပေးကြပါ ကျေးဇူးတင်ပါတယ်

Unknown said...

အက်ဂါ သီချင်းတွေကို လိုချင်ပါတယ် ရှိရင်တင်ပေးကြပါ ကျေးဇူးတင်ပါတယ်