Wednesday, June 02, 2010

Jang Keun Suk fan meeting Ending (7 & 8)

အပိုင်း (၇)

အရှေ့မှာ သူ့ Photo Shoot Video တွေပြသွားတုန်းက ဗွီဒီယို ထစ်တာကို ခု မင်းသားထွက်လာတော့ ပရိတ်သတ်ကို တောင်းပန်ပါတယ်... ခုလိုဖြစ်တဲ့အတွက်လဲ သူ ပရိတ်သတ်ကို အားနာပုံရတယ်... သူ့အမှားမဟုတ်ဘူးဆိုပင်မဲ့ ဒီပွဲက သူ့ပွဲလေ... သူတောင်းပန်ဖို့ တာဝန်ရှိတယ်လို့ သူထင်ပုံရတယ်...

"ပထမဆုံး ကျွန်တော် အားလုံးကို တောင်းပန်ချင်တာကတော့ ဗွီဒီယို ထစ်နေတာကိုပါ... "

ပရိတ်သတ်က ရပါတယ်ဆိုတဲ့ လေသံလေးတွေနဲ့ ပြန်အော်ကြတော့... သူက...

"ဟေ့.. ပရိုဂျူဆာ... ငါတော့ မင်းကို သတ်တော့မယ်" လို့ ရီကျဲကျဲလေး ပြောလိုက်တော့ ပရိတ်သတ်တွေက သဘောကျသွားပြန်ပါရော... အဲဒိ လေသံထဲမှာ သူပရိတ်သတ်ကို အားနာတာရော... ပရိတ်သတ်ကျေနပ်အောင် သူတောင်းပန်ချင်တယ်ဆိုတာ ပေါ်လွင်နေပါတယ်... ကျွန်မလဲ အစတုန်းကတော့ ပွဲစီစဉ်တဲ့သူတွေကို အဲလိုထစ်တာရယ် ဗွီဒီယိုကို အင်္ဂလိပ်စာတမ်းမထိုးပေးတာရယ်ကြောင့် အတော်လေးတော့ စိတ်ထဲ မကျေနပ်ဖြစ်နေတာပါ... ဒါပေမဲ့ မင်းသားက ကိုယ်တိုင်တောင်းပန်နေတယ်ဆိုတော့ ကြာကြာ တောင့်မခံနိုင်ပါဘူး... သူသိသိ မသိသိ ခွင့်လွှတ်ခြင်းတွေ ရေစီးကန်ပြိုမိလေရဲ့..... အဟိ...

မင်းသားက ဆက်ပြောပါတယ်...
"ခုချိန်ထိ စကာင်္ပူနဲ့ မင်းတို့တွေကို ကျွန်တော် ယုံတောင် မယုံနိုင်သေးပါဘူး... ကျွန်တော် ဒီအချိန်လေးကို အမြဲအမှတ်ရနေမှာပါ... "

ကောင်မလေးတွေလဲ မင်းသားက ဒီလိုပြောရင် စိတ်ထဲမှာ ကလိကလိနဲ့ ပိုအားပေးချင်လာပုံရတယ်... အော်ကြပြန်တာပေါ့... မင်းသားလဲ သူတို့အော်တာလေးကို ခဏစောင့်ပြီးမှ ဆက်ပြောပါတယ်...

"ကျွန်တော် ကိုရီးယားကို ပြန်သွားရင်လဲ မင်းတို့တွေအကြောင်းကို စဉ်းစားမိနေမှာပါ... မင်းတို့တွေ ကျွန်တော့ကို ခုလို အားပေးကြတာတွေ... ဒါဟာ တကယ်ပျော်ဖို့ကောင်းပါတယ်.... တကယ်တော့ မနက်ဖြန်... မနက်ဖြန် တနင်္ဂနွေနေ့ ဟုတ်တယ်ဟုတ်? ကျွန်တော် ကိုရီးယားကို ပြန်ရတော့မယ်"

ပရိတ်သတ်လဲ စိတ်မကောင်းတဲ့ လေသံတွေနဲ့...
"NO......" ဆိုပြီး အော်ပြန်ရော...

ဒီတော့ သူက "အင်း... ဟုတ်တယ်... ကျွန်တော်လဲ မပြန်ချင်သေးဘူး... ဒီမှာ ခဏတဖြုတ်နေပြီး ရှော့ပင်းထွက်... ရည်းစားသစ်လေး ဘာလေးထား...( ဒီအချက်ကတော့ သူဖောတာပါ... သူ့အတွက် ကိုရီးယားသူကိုပဲ ရည်းစားထားဖို့က ၉၀%နှုန်းလောက်ရှိတယ်လို့ ကျွန်မကတော့ ထင်တာပဲ)... ဟား.. ဟား... ဒါတွေက ကျွန်တော်လုပ်ဖို့ မျှော်လင့်တာတွေပါ... ဒါပေမဲ့... ကျွန်တော့ ရုပ်ရှင်အသစ်ကို မင်းတို့ကို ပြချင်သေးတယ်လေ... အဲဒါကြောင့်... ကျွန်တော်ပြန်မှ ဖြစ်မယ်... ဒါပေမဲ့ မင်းတို့အားလုံးက ကျွန်တော့ရဲ့ ဒီထဲမှာ ရှိနေပါတယ်" ဆိုပြီး သူ့ရင်ဘက်လေးကို ပုတ်ပြပါတယ်...

ကောင်မလေးတွေကလဲ အားမလို အားမရလေးတွေ ဖြစ်နေကြမယ်ထင်ပါတယ်... ကျွန်မတောင် စိတ်မကောင်းသလိုလို ဘာလိုလိုနဲ့ အီလည်လည်ကြီးပါ... ဗွီဒီယိုရိုက်နေတော့ လိုက်တော့ မအော်မိပါဘူး...

မင်းသားက ဆက်ပြောပါတယ်...

"မင်းတို့တွေအားလုံးက ကျွန်တော့် နှလုံးသားထဲမှာ ရှိပါတယ်... အဲဒါကြောင့် ကျွန်တော့်ကိုလဲ မမေ့ကြပါနဲ့..."
အင်္ဂလိပ်လိုပြောရတာ သူ့အတွက် စိတ်ထဲရှိသလောက် ပြောလို့မတတ်ပဲဖြစ်နေလို့ထင်တယ်... နောက်ပိုင်းတော့ သူ ကိုရီးယားလို ပြောပါတယ်... သူပြောပြီးတော့ စကားပြန်က ဘယ်နားသွားအိပ်နေလဲ မသိပါဘူး... တော်တော်နဲ့ မပြန်တာနဲ့ မင်းသားခမျာ စောင့်နေရသေးတယ်... ပရိတ်သတ်ကလဲ ဘာဖြစ်ဖြစ် မင်းသားဆို ဇွတ်ကို နားလည်ပေးနေတော့တာ.. ကျွန်မဘေးက ကောင်မလေးဆို... ရပါတယ် ကိစ္စမရှိပါဘူး.. ဘာသာမပြန်လဲ ဖြစ်တယ်တွေ ဘာတွေ အော်နေတာ... ဟား... ဟား... Fan girl တွေများ ကြောက်ဖို့ကောင်းတယ်.. ကိုယ်ကြိုက်တဲ့ မင်းသားဆို ဘာလုပ်လုပ်အကုန်နားလည်တယ်... မင်းသားကို လာထိတဲ့သူ မီးပွင့်သွားမယ်... ဟား.. ဟား...

နောက်မှ စကားပြန်က အထဲကနေ အသံက တိုးချိနေပြီး ဘာသာပြန်တယ်...
ရှေ့က ဘာပြောလဲတော့ သေချာမကြားဘူး... နောက်ဆုံးစာကြောင်းကတော့ "စကာင်္ပူကို မကြာမီ နောက်တစ်ခေါက် ပြန်လာချင်ပါသေးတယ်" တဲ့...

ပြီးတော့ မင်းသားက ကိုရီးယားလို ထပ်ပြောပါတယ်... စကားပြန်က ဘာသာပြန်တာကတော့...

"နောက်တစ်ခေါက် ပြန်မလာခင် ကျွန်တော် အင်္ဂလိပ်စာကို ပိုလေ့ကျင့်ပြီး လာပါ့မယ်... ဒီလိုမှ ကျွန်တော့်စိတ်ကြိုက် အားလုံးနဲ့ တိုက်ရိုက်ဆက်သွယ် စကားပြောလို့ရမှာပါ"...

ပရိတ်သတ်ကလဲ စကားပြန် စကားဆုံးတောင် နားမထောင်ဘူး ၀မ်းသားအားရ အော်ကြတော့တာပါပဲ...

ဒီတော့မှ သူက... "ကျွန်တော့်ကို စောင့်နေကြမှာလား?" လို့ အင်္ဂလိပ်လို မေးလိုက်တော့... အားလုံးက "YES!!!!" ဆိုပြီ ပြန်ဖြေကြပါတယ်...
ဒီတော့မှ "Thank you so much" ဆိုပြီး ပရိတ်သတ်ကို ဦညွန့်နှုတ်ဆက်ပါတယ်...

"ဟုတ်ပါပြီ... ခု ကျွန်တော် နောက်ဆုံးသီချင်းတစ်ပုဒ်ဆိုပါမယ်..."

ဒီတော့ ပရိတ်သတ်ဘက်က ဂျီကျတဲ့ လေသံမျိုးလေးတွေ ထွက်လာပါတယ်... ဟုတ်ပါတယ်.. ကျွန်မဆို ပွဲက ခုမှ စကောင်းတုန်းထင်သေးတာ သူက နောက်ဆုံးသီချင်းတဲ့.. ဖြစ်နိုင်ရင် မိုးလင်းပေါက်တောင် ဘာမှ မလုပ်ရင်နေ သူ့ထိုင်ကြည့်နေချင်တာ... (ဂယ်ပြောတာ... အဟိ)...

သူက ဆက်ပြောပါတယ်... "ခုဆိုမဲ့ သီချင်းကတော့ You are beautiful ကားထဲက ဇာတ်ဝင်တေးဖြစ်တဲ့ Goodbye ပါ" တဲ့...

သီချင်း အေးအေးလေးတွေပဲ ဆိုပါတယ်... သူ့အသံက အောအောနဲ့ ယောကျာင်္းပီသတဲ့ အသံပိုင်ရှင်ပင်မဲ့... သီချင်း Peak အရမ်းမြင့်သွားရင် မလိုက်နိုင်တော့ပါဘူး... သူအဲလို အမြင့်တွေ ဆိုရင် အရမ်းပင်ပန်းနေသလိုပါပဲ... အသံကိုလဲ မထိမ်းနိုင်ပါဘူး... ဘယ်လိုပဲဖြစ်ဖြစ်ပါ... သူက အဆိုတော်မှ မဟုတ်သေးတာ... မင်းသားပဲဟာ... ဒီလောက်အသံကောင်းတာပဲ တော်ပါပြီ... နည်းနည်းလေး လေ့ကျင့်လိုက်ရင် ဒါက ဆိုတတ်သွားမှာပါ... သူခုလို ကြိုးစားပမ်းစားဆိုနေတာကိုတင် သနားနေတာ... အော် သူ့ခမျာ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်စားနေရရှာတာ... ဟိဟိ... (ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ထက် အစပေါင်းများစွာ အောင်မြင်ပြီး ရှာနိုင်နေတဲ့သူကို အဲလို သနားတတ်သေးတာ... ဟဲ.. ဟဲ) ဟုတ်တယ်လေ... သူမဆိုနိုင်တာကို သူ့ခမျာ ဇွတ်ဆိုနေရရှာတယ်... သူ မဆိုလဲ ဒီက သူ့ကို မမုန်းပါဘူး... ဒါပေမဲ့ သူ့အခြေအနေအရ သူ့မှာ ဆိုပြရမဲ့ တာဝန်ရှိနေတယ်လေ... ဒီတော့ သူ့ကို ဒီက သနားမိတာပေါ့... တခြားလူတော့မသိဘူး... မဗေဒါရဲ့စိတ်ထဲမှာရှိတဲ့ ခံစားချက်တွေအများကြီးထဲမှာ သူ့ကို သနားတဲ့ စိတ်လေးလဲ နည်းနည်းတော့ပါမယ်...

ဒီသီချင်းကိုတော့ ကျွန်မ အပြည့်ရိုက်မလာတာရော.. ယူကျုမှာ weierSG ဆိုသူရဲ့ ရိုက်ချက်ကောင်းကောင်း နီးနီးတွေ့တာရောကြောင့် ဗွီဒီယို ပိုင်ရှင် ခွင့်ပြုချက်ကို ယူပြီး ကျွန်မရိုက်လာတာနဲ့ ပေါင်းလိုက်တော့ ပြည့်စုံသွားပါတယ်... ပရိတ်သတ်ကလဲ ဂျန်ဂမ်ဆပ်.. ဂျန်ဂမ်ဆပ်ဆိုပြီး စည်းချက်မှန်မှန် အားပေးနေပါတယ်... နောက်ဆုံးသီချင်းလို့ပြောထားတော့ အားလုံးကတော့ အားမရကြပါဘူး... သီချင်းဆုံးတော့ မင်းသားက တာ့တာလေးပြပြီး မခွဲနိုင်ရက် ခွဲရတယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့... နှာတံလေးကို လက်နဲ့ကိုင်ပြီး ငိုတဲ့ ပုံစံမျိုးလေးနဲ့ မျက်နှာလွှဲသွားတာလေးကလဲ သူ့ရဲ့ စင်နောက်ဝင်ခါနီးတိုင်း လုပ်တတ်လေ့ရှိတဲ့ ချစ်စရာကောင်းတဲ့ အမူအယာတွေထဲက တစ်ခုပါပဲ...


Video Credit
to weierSG for the song Goodbye

အပိုင်း (၈)

သူဝင်သွားပင်မဲ့ ကျွန်မတို့ fan တွေကလဲ အတော် ဆိုးတာပါပဲ... တစ်ယောက်မှ မပြန်ကြပါဘူး... ကျွန်မအတွက်ကတော့ ပြီးသွားပြီဆိုတာတောင် မသိတာပါ... အဟိ... တခြားသူတွေလဲ ပြန်မှ မပြန်တာပေါ့... မပြီးလောက်သေးဘူးထင်လို့ နေနေတာ... ဒါပေမဲ့ ကျန်တဲ့ သူတွေအားလုံးက fan meeting ပါးဝနေတယ်ပဲ ပြောရမလားမသိဘူး... Encore!... Encore! ဆိုပြီး အားလုံးက မပြန်ပဲ မင်းသားကို ထပ်ထွက်လာဖို့ ဂျီကျနေတော့တာပါပဲ... မင်းသားကြည့်ရတာလဲ သူ့ ပရိတ်သတ်ကို သံယောဇဉ် အမျှင်ပြတ်ပုံမပေါ်ဘူး... ကျွန်မတို့ သိထားတဲ့ ပရိတ်သတ်ကို အလေးထားတဲ့ မင်းသားပဲ သူ့ရဲ့ fan sign နေ့တုန်းက ရောင်းတဲ့ Memorial Goods တွေထဲက အကျီင်္အဖြူလေးကို ၀တ်.. JKS ဆိုတဲ့ Cheering set ထဲက ပုဝါလေးကို လည်မှာပတ်ပြီး... You are beautiful ဇာတ်ဝင်တေးဖြစ်တဲ့ Promise ကို ဆိုပြီး ထွက်လာပါတယ်....

ဒီတစ်ခါတော့ သီချင်းလေးက မြူးမြူးကြွကြွလေးဆိုတော့ အားလုံးကလဲ မြူးသလို မင်းသားကလဲ act cute လေးတွေ မျိုးစုံလုပ်ပြီး မြူးမြူးလေး ဆိုပါတယ်... သူတော်တော်ပင်ပန်းနေတယ်ဆိုတာတော့ သူ့ အသံကို နားထောင်တာနဲ့ သိနိုင်ပါတယ်... တစ်ချက်တစ်ချက်ဆိုရင် ရပ်တောင် ရပ်ရပ်သွားပါတယ်... ကျွန်မတို့ ကာရာအိုကေကို အာသီးနာတဲ့ အထိ အော်ပြီး လုံးဝဆက်မဆိုနိုင်တော့တဲ့ အခြေအနေမျိုးအထိ သူ့အသံကရောက်နေပါပြီ... ဒါပေမဲ့ သူ့စိတ်က ပျော်နေတယ်ဆိုတာကိုလဲ သူ့မျက်လုံး၊ မျက်နှာနဲ့ သူ့ အမူအယာတွေကို ကြည့်ရင် သိနိုင်ပါတယ်...

ကျွန်မအမုန်းဆုံး ဆိုင်းဘုတ်တွေကလဲ ထကြွသောင်းကျန်းလာပါတယ်... ဆိုင်းဘုတ်တွေကို အရှက်မရှိ မြောက်ပြကြတော့ ကျွန်မတို့ နောက်ကလူတွေက မင်းသားကို မမြင်ရတော့ပါဘူး... သူ့ဆိုင်းဘုတ်ကို ဟိုကဖြင့် ကြည့်တောင် မကြည့်တာကိုများ မေတ္တာပို့ခံပြီး မြှောက်နေသေးတယ်... ကျွန်မလဲ ဗွီဒီယိုရိုက်နေရင်းနဲ့ မင်းသားကို မမြင်ရတော့ပါဘူး... လူက သူနဲ့ ခွဲရတော့မှာမို့ ရသလောက်လေး ကြည့်ချင်နေတာကို ဒင်းတို့က အတ္တတွေနဲ့ ချစ်ချင်းကို ခွဲတယ်... သူတို့ မင်းသားကို ကြိုက်တာကိုလဲ ကျွန်မက ဘာမှ မပြောလိုပါဘူး... ကျွန်မ မင်းသားကို ကြိုက်တာ သူတို့ကို ဘာမှ မထိခိုက်ပင်မဲ့... သူတို့ မင်းသားကို ကြိုက်တာတော့ ကျွန်မကို လာထိခိုက်နေတယ်လေ... ကျွန်မကလဲ ထိုင်နေတဲ့ နောက်ဆုံးကနေ ရှေ့ထိတက်ပြီးလဲ သူတို့နဲ့ ရန်မဖြစ်ချင်ဘူး... အစထဲက ဒါမျိုး မလုပ်သင့်ဘူး... အများနဲ့ သက်ဆိုင်တဲ့ နေရာမှာ ဒါမျိုးမလုပ်သင့်ဘူး... အဲလိုလုပ်လို့ သူတို့ကို မင်းသားက သတိထားမိပြီး မင်းသားနဲ့ သူတို့နဲ့ ဇာတ်လမ်းတွေဖြစ်သွားတယ်ဆိုရင်လဲ နားလည်ပေးလိုက်အုံးမယ်... အရှက်လဲ မရှိကြဘူးထင်ပါရဲ့... ဒါပေမဲ့လဲ ကျွန်မက နောက်တန်းကလူဖြစ်နေမှတော့ ဘာတတ်နိုင်မှာလဲ... လောကမှာ ဒီလိုအခြေအနေတွေမှာတော့ အရှက်မရှိ တစ်ကိုယ်ကောင်းသမားတွေ အသာရတတ်တာပါပဲ... ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတာတွေက နေရာတိုင်းမှာရှိနေတာပဲ...

ကျွန်မလဲ ဗွီဒီယို ရိုက်နေရင်းနဲ့ ဒေါသထွက်လွန်းလို့ ငယ်သံပါအောင်ကို အော်တော့တာ... "Put the board down !@#$%*" စုံလို့ပေါ့... ကျွန်မ ဒေါသထွက်နေတာကို ကျွန်မဘေးက လူကြီးကြည့်ပြီးတော့တောင်လန့်နေပုံရတယ်... အဟီး... ပြီးတော့မှ ကျွန်မရှေ့တန်းက ကောင်မလေးတွေကစပြီးတော့ "Security... Do sth about the board" ဆိုပြီး အော်တော့မှ.. ကျွန်မလဲ.. "Security.... pls asked them to put the board down" ဆိုပြီး ထပ်ကုန်းအော်ကြပါလေရော... ကျွန်မတို့ ၁၆၈ ကျပ် နောက်ဘက်တန်းက တော်တော်များများ အော်တော့ အသံကြားပုံရတယ်.. ပြီးတော့ Security တွေလဲ လျှောက်သွားတာတွေ့တယ် ခဏနေတော့မှ နည်းနည်းအောက်ချသွားတယ်.. သူချသွားတော့ သီချင်းက ပြီးတောင် ပြီးတော့မယ်... ဒါပေမဲ့ လောလောဆယ်အဲဒါကို ဆက် စိတ်မဆိုးနိုင်သေးဘူး... ဂမ်ဆပ်လေးက အဓိကဆိုတော့ ဆက်ရိုက်စရာရှိတာရိုက်... ကြည့်စရာရှိတာကြည့်ပေါ့နော်... မဗေဒါရဲ့ ဒေါသနဲ့ ငယ်သံပါအောင် ကုန်းအော်ထားတဲ့ အသံ ဗွီဒီယိုထဲမှာ ပါတယ်... ဒါပေမဲ့ မင်းသားပုံလဲ မပါတာရော... ပြီးတော့ ရှက်လို့ ထည့်စရာမလိုဘူးထင်လို့ ထည့်တော့ဘူး... (ကျွန်မ ကမ္ဘာကျော်ဖြစ်လို့ကတော့ အဲဒိ ထောင်တဲ့ ဆိုင်းဘုတ်တွေကို အရင် သိမ်းပြစ်မယ် (ကမ္ဘာကျော် ငွေလှိုင်ကို ပြောတာမဟုတ်ဘူး))...

စဉ်းစားကြည့်လေ သူတို့က ၂၅၀တန်းလဲ ထိုင်သေးတယ်... ရှေ့မှာ မင်းသားနဲ့လဲ နီးတယ်... မင်းသားကလဲ ခဏခဏ အဲဒိ အတန်းထဲကို ဆင်းတယ်... ဒါတောင် ဘာလို့ ဒီလောက် လောဘကြီးချင်ရတာလဲ... မကြာပါဘူး... မင်းသားက ရှေ့တန်းတွေကို ဆင်းပြီး ပရိတ်သတ်တွေကို နှုတ်ဆက်... သီချင်းတွေ တူတူဆိုခိုင်းနဲ့ တော်တော်လေးတော့ အုံးအုံးကြွက်ကြွက်ဖြစ်တယ်...

သီချင်းဆုံးသွားတော့မှ "Thank you Singapore... See you next time... Thank YOU.." ဆိုပြီး မင်းသားက ပြန်ဝင်သွားပါတယ်... ပွဲပြီးပြီဆိုပြီး မင်းသားကားနောက်ကို လိုက်ကြမဲ့ တစ်ချို့ Fan တွေကလဲ အမြန်ရုံပြင်ထွက်ကုန်ကြပါပြီ... ကျွန်မတို့လဲ ပြီးပြီထင်ပြီး ရင်ထဲမှာ အောင့်သက်သက်နဲ့... ၀မ်းနည်းသလိုလို... အီလည်လည်ဖြစ်ပြီး ထွက်တော့မလို့လုပ်နေတုန်း DJ Ken က ဒီတစ်ခါတော့ ချစ်ဖို့ကောင်းစွာပဲ... နောက်တစ်ခါ Encore လိုချင်သေးလားဆိုပြီး မေးပါတယ်... ရုံထဲမှာ ကျန်နေသေးတဲ့ ပရိတ်သတ် ကျွန်မအပါအ၀င်က လိုချင်တယ်လို ဖြေကြတာပေါ့... ဒါပေမဲ့ မင်းသားပြန်မထွက်လာလောက်တော့ဘူးပဲ ထင်နေတာပါ.... တကယ်မထင်ထားပါဘူး... မင်းသားက ဒီတစ်ခါတော့ လူတွေ ထွက်နေတဲ့ ညာဘက် အပေါက်ဖက်ကနေ As Ever သီချင်းနဲ့ ထပ်ထွက်လာပါတယ်... ကျွန်မလဲ ဒီတစ်ခါတော့ ဟို အလိုက်ကမ်းဆိုး မသိတဲ့ ဘုတ်မတွေအနှောင့် အယှက်လဲ မခံနိုင်တော့တာ တစ်ကြောင်း... ပြီးတော့ မင်းသားထွက်လာတဲ့ နေရာနဲ့ ကျွန်မရပ်နေတဲ့ နေရာကြားမှာ လူတွေ ပြန်ကုန်တော့ မရှိတော့ လွတ်လွတ်လပ်လပ်ပြေးသွားလို့ ရတာကတစ်ကြောင်းကြောင့် ကျွန်မလဲ မင်းသားရှိရာကို ပြေးသွားလိုက်ပါတယ်...

အဲဒိအချိန်မှာတော့ တစ်ခြားနေရာက ကောင်မလေးတွေကလဲ မင်းသားနားအုံလာကြပါတယ်... ဒါပေမဲ့ Security တွေကတော့ မင်းသားကို ကာထားပါတယ်... ကျွန်မလဲ မင်းသားနားရောက်ပြီး ပြန်လဲ ထွက်လို့မရတော့ပါဘူး.. နောက်မှာ မိန်းကလေးတွေ အများကြီးက ထပ်ထပ် ထပ်ထပ် အုံလာကြတော့ ဒီ မင်းသားသွားရာ လူစီးကြောင်းနောက်ကို လိုက်ရုံပဲ ရှိပါတော့တယ်... Security ပြီးရင် နောက် ကောင်မလေး တစ်တန်း ပြီးရင် ကျွန်မပါပဲ.. အတော်လေးတော့ နီးပါတယ်.. အဟိ... ကျွန်မသာ မြန်မာပြည်က ဘတ်စ်ကားစီးသလို တိုးထည့်လိုက်ရင် ရှေ့ရောက်စရာ အကြောင်းရှိပါတယ်... ဒါပေမဲ့ မလုပ်ချင်ပါဘူး... ကျွန်မ အဲလို အရှက်မရှိ တစ်ကိုယ်ကောင်းဆန်လိုက်ရင် ဟို ဆိုင်းဘုတ်မတွေနဲ့ အဆင့်အတန်းတူသွားမှာ စိုးလို့ပါ... ပြီးတော့ မင်းသားနဲ့ မနီးရရင်နေပါ.. ကျွန်မဇွတ်တိုးလိုက်လို့ Security က တစ်ခုခု အော်လိုက်လို့... ကျွန်မ မင်းသားအရှေ့မှာ အရှက်ကွဲမှာလဲ စိုးလို့ပါ... bad impression ထက် ဆာရင် ကိုယ့်ကိုလုံးလုံး လှည့်မကြည့်တာကမှ ကောင်းပါသေးတယ်...

အဲဒိအချိန်မှာတော့ Security တွေက ၀ိဥာဉ်တွေ လုံးလုံးဖြစ်နေတာပါ.. သူတို့ဘာပြောပြော.. ဘယ်လောက် အော်အော် Fan ကောင်မလေးတွေက လုံးဝလဲ ဂရုမစိုက်ပါဘူး... ဂရုမစိုက်တာထက် သူတို့ရှိမှန်းတောင် သိရဲ့လားမသိပါဘူး... ကိုယ့်ဇောနဲ့ ကိုယ်လေ... ကျွန်မတောင် လူတွေ ဒီလောက်အများကြီးထဲမှာ မင်းသားတစ်ယောက်ထည်း မြင်တာ... ကိုယ့်ဘေးက ရပ်နေတဲ့ မိန်းကလေးက ဘယ်လိုပုံမျိုးမှန်းတောင်မသိဘူး... ကျွန်မလဲ မင်းသားနောက်ကနေ လူစီးကြောင်းအတိုင်းလိုက်သွားတာ စင်အောက်အထိကို ရောက်ရော... မင်းသားကတော့ စင်ပေါ်တတ်သွားပါတယ်... စင်ရှေ့မှာလဲ ၂၅၀ သမားတွေလား ၁၆၈ တွေပဲ ရှေ့ရောက်လာသလားတော့မသိဘူး... ထိုင်ခုံမှာမရှိတော့ဘူး စင်ခြေရင်းတည့်တည့်ကို ကပ်နေကြတာပါပဲ...fan တွေကလဲ အတင့်ရဲ မင်းသားကလဲ fan တွေကို အလိုလိုက်နဲ့ ကြားက Security တွေခမျာ အရူးမီးဝိုင်းဖြစ်နေကြတော့တာပါပဲ.... မင်းသားကတော့ အပြုံးမပျက် သီချင်းဆိုနေတာပါပဲ...

ဆိုရင်းလဲ စကားပြောသေးတယ်... "You know... You guys are really... really... beautiful to me" တဲ့... ချစ်ချာကောင်းတာ...ကျွန်မလဲ စင်နားမှာနေပြီး Security ညူစူခံတာထက်စာရင် နောက်ပြန်သွားပြီး လူချောင်တဲ့နေရာကနေ အေးဆေးကြည့်တာမှ ကောင်းအုံးမယ်ဆိုပြီး ပြန်လာလိုက်ပါတယ်... သီချင်းဆုံးခါနီးကျတော့ မင်းသားက သူ့ မန်နေဂျာ ၃ယောက်ထဲမှာမှ သူနဲ့ အရင်းနှီးဆုံးထင်ရတဲ့ မန်နေဂျာကို ဆွဲခေါ်ပြီး သီချင်းဆိုခိုင်းပါတယ်... ဟိုလူက ဘာသံမှ ထွက်မလာပါဘူး... မင်းသားဆိုတာ သူနောက်ပြီးတော့ သူ သဘောတွေကျပြီး ရီလိုက်တာဆိုတာ ပြောမနေပါနဲ့... သူခုလိုမျိုး သဘောကျပြီး ဟက်ဟက်ပက်ပက်ရီနေတာ တွေ့တော့ သူ့ကို အဝေးတစ်နေရာက ကြည့်နေတဲ့ ကျွန်မရဲ့ နှုတ်ခမ်းတွေကလဲ အလိုလို လိုက်ရီနေမိပါတယ်... (ဘယ်သူမှ မသိလိုက်ပင်မဲ့ ကျွန်မတစ်ယောက်တည်း အယ်လ်လွန်းဝါရဲ့ ချစ်သူ သီချင်းကို ပြောင်းပြန်လုပ်ပြီး သရုပ်ဆောင်နေမိပါတယ်... ဟတ် ဟတ်... "သူပျော်ရင် ကိုယ်လဲပျော်တယ်... သူငိုရင် ကိုယ်လဲငိုမယ် (သူ့ကားတွေကြည့်တိုင်း သူငိုရင် လိုက်လိုက် ငိုရတာ အမော)".... ဟဲ.. ဟဲ... ဤကား မဗေဒါ၏ ပေါချက်ဖြစ်၏... မခံစားနိုင်သူများ ကျော်ဖတ်ပါလေ... ခုလောက်ဆိုရင်တော့ ဖတ်ပြီးလောက်ရောပေါ့... ထူးတော့ပါဘူး ဆက်ဖက်ပါလေ...)

ဘာပဲပြောပြော စောစောက Goodbye ဆိုတဲ့ သီချင်းဆွေးဆွေးကြီးနဲ့ အီလည်လည်ကြီး ခွဲခွာခဲ့ရတာတက်စာရင်... ခုလို ပျော်ပျော်ရွှင်ရွှင် အုံးအုံးကြွကြွနဲ့ သူ့အပြုံး ကိုယ့်အပြုံးနဲ့ ပျော်ပျော်ပါးပါး ခွဲခွာရတာ အများကြီး ပိုကောင်းပါတယ်... ဂျန်ဂမ်ဆပ်.... ဂျန်ဂမ်ဆပ်... မင်းလေးကတော့ မသိလိုက်ပါဘူး... ဒါပေမဲ့ အဲဒိလကတော့ အကြွေးတင် ခဲတဲ့ငါ... OT တွေ ဖြတ်... Leave တွေယူ... တိုက်စီတွေနဲ့ သွား... မင်းကြောင့် အကြွေးတင်သွားတယ်... ဒါတောင် fan meeting အပြီး အီလည်လည်နဲ့ စိတ်မကောင်းဖြစ်နေတာနဲ့ မင်းရဲ့ စကာင်္ပူနောက်ဆုံးနေ့မှာ ငါ စိတ်လိုက်မာန်ပါပဲ အလုပ်သွားလိုက်တယ်... မင်းကို လေယာဉ်ကွင်းလိုက်မပို့နိုင်တာ စိတ်မဆိုးပါနဲ့ကွာ....
~လေယာဉ်ကြီး စီးလို့သွားမယ်ဆိုရင်... လေယာဉ်ကွင်းလဲ မလိုက်ချင်ဘူး .... နင် ဝေးသွားတော့ ငါ့မှာ ၀မ်းနည်းရလိမ့်မယ်... အို.. နှုတ်ဆက်မသွားပါနဲ့....~

ဤတွင် ရင်တွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ... ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာနိုင်ကြပါစေ...
ဒီပိုစ့်ကို ဖတ်သော ယောကျာင်္းသားများ ဂျန်ဂမ်ဆပ်ကို မနာလိုမှု ကင်းဝေးကြပါစေ...
ဂျန်ဂမ်ဆပ်နဲ့ ကိုယ့်ကိုကိုယ် နှိုင်းယှဉ်ပြောမှုများ ကင်းဝေးကြပါစေ...
မဗေဒါကို အမြင်ကပ်မှု ကင်းရှင်းကြပါစေ... ဒူ... ဝေ... ဝေ...



It's ending!!!!... My feeling are confusing. At that time i was sad that it's ended. but now i come to think of it as i am lucky to have met him in person and sometime so near to him. Thinking that i have been in the same building with him same atmosphere with him and breathing same air with him, I am glad i went there. It's just my agony and greed that i want more.

Dear Keun Suk,
Pls don't be discourage by the hardship and anti. There are a lot of people who love you and wanting u more success. I hope u will make more dramas and stay happy in ur personal life. I wish you can get a life you want. Keep the way you are now and move forward. Come to Singapore again. K? :)


Video Credit to youtube fan cam
MaBayDar
weierSG
shortiZzZ (dweji tokki)
Cherrypiink
Hyunica

13 comments :

naychi said...

ပွဲပြီးသွားလို့ မဗေဒါ ဝမ်းနည်းတာ မပြောနဲ့ ဒီပိုစ့်ပြီးပြီ ဆိုတာ သိရလို့တောင် ရင်ထဲမှာ ဟာတာတား(
ဖတ်လိုက် ပြုံးလိုက် ဆက်ဖတ်လိုက်နဲ့း))) တော်သေးတယ် မန်နေဂျာ မရောက်သေးလို့

mabaydar said...

နေခြည်တို့ကတော့ မြန်သလားမမေးနဲ့... အလုပ်မှာဆိုတော့ ဗွီဒီယိုတော့ ဘယ်ကြည့်လို့ရအုံးမလဲနော်... မသိပါဘူး.. ၂ခုပေါင်းရေးလိုက်လို့ ရှည်ပြီး ဖတ်ရမှာ ပျင်းသွားပြီလားလို့... ကျန်သေးတယ်... ဂျန်ဂမ်ဆပ် စကာင်္ပူမှာ နေသွားတဲ့ နောက်ဆုံးနေ့အကြောင်း...

Rita said...

မပျင်းပါဘူး။
ဒါတွေ့တော့ လုပ်လက်စ အလုပ်ကို ပစ်ထားပြီး လာမော့နေမိတယ်။

shin said...

ဖတ်ရင်းနဲ့လိုက်ပြုံးနေမိတယ်။ တကယ်။ မဗေဒါရေးထားတာဖတ်ပြီး ဒီမင်းသားကို ပိုကြိုက်လာတယ်။

mabaydar said...

မRita နဲ့ Shin ရေ... လာဖတ်ပြီး မန့်သွားတာ ကျေးဇူးနော်... shin ရေ Youtube မှာ shin92001 ဆိုတာ shin လားဟင်?

shin said...

ဟုတ်ပါတယ်။ youtube က yahoo account နဲ့ဝင်ထားလို့ နာမယ် နဲနဲကွဲနေတာပါ။ မဗေဒါ facebook link ကတဆင့်ဝင်ကြည့်ရင်း comment တွေ့လို့ဝင်ရေးလိုက်တာ။ :D...

ကိုဇော် said...

ဟင့် . .မနာလိုမှု ကင်းပါစေဆိုတာ အကို့ကို စောင်းပြောတာလား။
မနာလို မဖြစ်ပေါင် . .( ဟီး. . ယှဉ်မှ မယှဉ်နိုင်ပဲ ဆိုတာ သိနေလို့လေ။ )
တကယ် ကြည့်နေရသလို ရေးတတ်တဲ့ ညီမကိုလည်း ဆက်လက် အားပေးနေပါတယ်။

mabaydar said...

ဟား... ဟား... ကိုဇော့်ကို ပြောတာ မဟုတ်ပါ... ဒါပေမဲ့ အစ်ကိုက အစ်ကို့ကို ပြောတယ်ထင်တယ်ဆိုတော့... ဟိဟိ... စတာနော်
ဒါပေမဲ့ ရှေ့ပိုစ့်တွေမှာ အစ်ကိုက အမြဲသူနဲ့ နှိုင်းပြောနေတော့ ညီမက စချင်လာလို့... ဟားဟား....
ရီရတယ်... ညီမပိုစ့်တွေ အမြဲလာဖတ်ပြီး အားပေးနေလို့ ကျေးဇူးပါ ကိုဇော်ရေ... (ထပ်ပြောလိုက်အုံးမယ်.. စတာနော်.. စိတ်မဆိုးနဲ့)

mabaydar said...

အမယ်လေး shin ရယ်... ကျေးဇူးတင်လိုက်တာ... ဒါနဲ့ နောက်ဟာလေးတွေပါ ဘာသာပြန်ပေးရင် ပိုကောင်းမယ်နော်.. ဟိဟိ... ရလေလိုလေ အိုတစ္ဆေဖြစ်နေတယ်... (အားရင်ပြောပါတယ်)...

mabaydar said...

အော်.. ပြောဖို့က မေ့ကျန်ခဲ့ပြန်ပြီ... ဒီပိုစ့်ကတော့ ကိုယ့်ကွန်မန့်နဲ့ ကိုယ် flood ဖြစ်နေပြီ... shin က မဗေဒါ facebook မှာ ဘာနာမည်လဲဟင်...

naychi said...

Dear JKS,
We will not forget you. Wish you all the best in your future!
우린 당신을 잊지 않을 것입니다. 미래의 소원 최선에!
Oppa ... Aja aja.. Fighting!

ကြည့်ပြီးပြီ မဗေဒါ.. သေချာ ပိုစ့်တင်ပြီး မျှဝေပေးတာ ကျေးဇူးပါ။
ပွဲအစ အဆုံးမှာတော့ sexy dance ကတာကြည့်ရတာ စိတ်မကောင်းသလိုပဲ။ ကျန်တာတွေတော့ အကုန် အဆင်ပြေပါတယ်။ ပရိတ်သတ်နဲ့ သူ့ အလုပ်အပေါ် ဂရုတစိုက်ရှိလို့လည်း ဒီလို အောင်မြင်မှုမျိုးရတာပေါ့နော်။

မဗေဒါ ရိုက်ထားတာ တခြားလူရိုက်ထားတာထက် ပိုကြည်ပြီး အသံလည်း ပြတ်ပြတ်သားသားကြားရတယ်။း)

mabaydar said...

အင်း... အဲဒါက ရိုက်တဲ့ စက်ကွာလို့ဖြစ်လိမ့်မယ်.. သူတို့က ရိုးရိုး Digital Camera နဲ့ရိုက်တာဖြစ်မယ်... မဗေဒါက video camera နဲ့ ရိုက်တာမို့နေမယ်... ရိုက်ချက်မှာတော့ weierSG ဆိုတာ ရိုက်တာ မဆိုးဘူး... သူက ၂၅၀ တန်းက ထင်တယ်... သူရိုက်တာ တအားနီးတယ်... ပြီးတော့ သူက လက်လဲငြိမ်တယ်... ဒါပေမဲ့သူက မင်းသားသီချင်းဆိုမှ ရိုက်တာ... မဗေဒါက ရှိုးအစအဆုံး နောက်ဆုံးကနေ လက်ကြီးမြှောက်ပြီးရိုက်ရတာရော... Zoom တအားဆွဲထားရတော့ နည်းနည်းလှုပ်တာနဲ့ ကင်မရာက အရမ်းတုန်တာရောကြောင့် သူ့လောက်တော့ မငြိမ်ဘူး... ဒါပေမဲ့ video quality ကတော့ ကောင်းတယ်... စက်ကြောင့်...

shin said...

ဟုတ်ကဲ့။ အားရင် ပြန်ပေးပါ့မယ်ရှင်။