Thursday, March 18, 2010

Star falling from the sky (or) Wish upon a Star (k-drama)

ခုရက်ပိုင်း ဘာကားမှ ကြည့်ချင်စိတ်မရှိဖြစ်နေတာကြာပါပြီ... drama review ရေးဖို့ ဆီဗုံးမှာ လာအော်တာတောင် ရေးလောက်ချင်စရာ ဆွဲဆောင်အားကောင်းတဲ့ ကားကို မတွေ့တာနဲ့ မရေးဖြစ်ဖြစ်နေတာပါ... ဒါပေမဲ့ ဟိုတစ်နေ့က ကျမအစ်မ ကြည့်နေတဲ့ ကားတစ်ကားကို မထင်မှတ်ပဲ တစ်ကွက်နှစ်ကွက် ၀င်ကြည့်ပြီး စိတ်ဝင်စားလို့ နောက် ကိုယ့်ဘာကိုယ်ဖွင့်ကြည့်မိလိုက်တဲ့ အချိန်မှာ ဖြတ်လို့မရတော့ပဲ အဲဒိနေ့က အလုပ်ပါ ဖြတ်လိုက်ရတဲ့ အဆင့်ထိပါပဲ... အပိုင်း ၂၀ကို ၂ရက်ထဲနဲ့ အပြတ်ဖြတ်မိသွားတဲ့အထိပါပဲ...


ကားနာမည်လေးကတော့ Star Falling From the Sky တဲ့... တစ်ချို့ဝက်ဆိုဒ်တွေမှာတော့ Wish upon a Star လို့လဲ ခေါ်တာ တွေ့ရပါတယ်... အဲဒိကားကို တွေ့နေတာ ကြာပါပြီ... ဒါပေမဲ့ ကား ပိုစတာလေးကိုကြည့်ပြန်တော့လဲ ဘာမှ ရေရေရာရာ စိတ်ဝင်စားစရာမရှိတာရော ပါတဲ့ မင်းသမီး မင်းသားက ဘယ်သူမှန်းမသိတာရောကြောင့် မကြည့်ဖြစ်တာပါ... ဒါပေမဲ့ တကယ်တမ်းဖွင့်ကြည့်တော့ မင်းသားတွေကို သိပါတယ်... ခေါင်းဆောင်မင်းသားက Love and Marriage ထဲက မင်းသားပါ... ဒုတိယမင်းသားက Soulmate ထဲက မင်းသားပါ... အစကသူပါမှန်းမသိလို့ မကြည့်မိတာပါ... သူပါမှန်းသိရင်အစထဲက ကြည့်ပါတယ်...





ဇာတ်လမ်းအကျဉ်းကိုတော့ သူတို့ ဇာတ်ကောင်စရိုက်လေးတွေနဲ့ တစ်ယောက်ချင်းစီရှင်းပြချင်ပါတယ်...

Won Kang-Ha အဖြစ် Kim Ji-Hoon


သူဟာ Insurance Company တစ်ခုရဲ့ အလွန်ထူးချွန်တဲ့ ရှေ့နေတစ်ယောက်ပါ... သူဟာ ဥပဒေကြောင်းအရသာ အမြဲတိကျမှန်ကန်အောင်လုပ်ပြီး ဘယ်သူမျက်နှာမှ မထောက် မသနား မငှဲ့ညှာတတ်လို့ အသဲနှလုံးမရှိတဲ့ လူတစ်ယောက်အနေနဲ့ လူတိုင်းက သတ်မှတ်ထားကြပါတယ်... လူတွေနဲ့လဲ စကားများများမပြောဆိုတတ်ပါဘူး... ဒါပေမဲ့ သူဒီလိုဖြစ်ခဲ့တာဟာ ငယ်ငယ်က သူ့ကို ပြစ်သွားခဲ့တဲ့ မိခင်ကြောင့်ပါ... ငယ်ကံဆိုးခဲ့တဲ့ အတွက် သူဟာ ငယ်ငယ်ထဲက သူ့နှလုံးသားကို ချိတ်ပိတ်ခဲ့ပြီး... သူ့စိတ်ထဲက ခံစားချက်တွေကို ထုတ်ဖော်ပြခဲပါတယ်...

Won Jun-Ha အဖြစ် Shin Dong-Wook

သူကတော့ ပထမမင်းသား Won Kanh-Ha ရဲ့ ညီ အဖြစ် သရုပ်ဆောင်ရပါတယ်... သူ့ရဲ့ ဇာတ်ကောင်စရိုက်ကတော့ နုညံ့ သိမ်မွေ့ပြီး စိတ်ထားကောင်း သနားတတ် ကြင်နာတတ်တဲ့ သူပါ... သူ့အစ်ကို နဲ့ တစ်ခြားစီပေါ့... ဒါပေမဲ့ သူ့ကို စိတ်ဝင်စားချဉ်းကပ်တဲ့ ကောင်မလေးတွေဆိုရင်လဲ ဘယ်သူ့ကိုမှ မညင်းတတ်ပါဘူး... ဒါပေမဲ့ သူက သူ့ငယ်သူငယ်ချင်း Jung Jae-Young ကို တိတ်တိတ်လေး ချစ်နေတာပါ... သူဖွင့်မပြောတဲ့ အကြောင်းကတော့ အဲကောင်မလေးက သူ့အစ်ကိုကို အသေရရ အရှင်ရရ ကြိုက်နေလို့ပါပဲ.. သူဟာ မင်းသမီး ရဲ့ ကုမ္ဗဏီက Team Leader တစ်ယောက်လဲ ဖြစ်ပါတယ်... သူဟာ သူ့အကိုကို အလွန်ချစ်ပြီး သူ့အစ်ကိုအတွက်ဆိုရင် သူ့အချစ်ကိုတောင် စတေးရဲတဲ့သူပါ... သူ့ရဲ့ လက်စွဲစကားကတော့ "ကိုယ်ကချစ်ရပြီး သူကပြန်မချစ်တဲ့သူကို အကောင်းဆုံးချစ်တဲ့နည်းကတော့... အဲဒိလူကိုလဲ ပြန်မချစ်ဖို့ပဲ" တဲ့... သူဟာ အစပိုင်းမှာ သူတိတ်တခိုးချစ်ရတဲ့ Jae Young စိတ်ချမ်းသာဖို့ သူ့အစ်ကို စိတ်ဝင်စားချင်သလိုလိုဖြစ်နေတဲ့ Pal-Kang ကို ကြိုးစားပိုးခဲ့ပင်မဲ့ နောက်ပိုင်းမှာ Jae-Young ရဲ့ တစ်ဖက်သတ် အနိုင်ကျင့်မှုတွေကြောင့် Pal-Kang ကို ပိုသနားပြီး သနားချစ်လေးဖြစ်သွားခဲ့ပါတယ်...

Jin Pal-Kang အဖြစ် Choi Jeong-Won


သူကတော့ ဒီဇာတ်လမ်းရဲ့ အဓိက သရုပ်ဆောင်ပေါ့... အသက် ၂၅ နှစ်ဖြစ်ပင်မဲ့ ရင့်ကျက်မှုမရှိပဲ သူတို့ ကုမ္ဗဏီရှေ့နေဖြစ်တဲ့ မင်းသားကို တစ်ဖက်သက် ချစ်ခဲ့တာ ၅နှစ်တိတိပါပဲ... သူကြိုက်တာကို အားလုံးနီးပါးသိပင်မဲ့ တခြားကိစ္စတွေစိတ်မ၀င်စားတဲ့ မင်းသားကတော့ သူမနာမည်ကိုတောင် မမှတ်မိပါဘူး... သူမ မိဘတွေဟာ ချို့တဲ့ပင်မဲ့ စိတ်ရင်းစေတနာကောင်းတဲ့ ဆရာဝန်ဖြစ်ပြီး မွေးစားထားတဲ့ ကလေးပေါင်း ၅ယောက်ရှိပါတယ်... သူမသာ သမီးအရင်းဖြစ်ပြီး ကျန်တာတွေက မွေးစားကလေး ၅ယောက်ပါ... သူမဟာ မိဘရှိစဉ်မှာ ဘာကိုမှ အလေးအနက်မထားပဲ နေခဲ့ပြီး ရုတ်တရက် သူမ မိဘ ၂ပါးဆုံးပါးသွားတဲ့အခါမှာ အငယ်မောင်နှမ ၅ယောက်ရဲ့တာဝန်ဟာ သူမအပေါ် အကုန်ပုံကျပြီး ကြမ်းတမ်းတဲ့ ဘ၀ဒဏ်ကို ရင်ဆိုင်ခဲ့ရင်း တဖြည်းဖြည်းရင့်ကျက်လာခဲ့ပါတယ်... သူမတို့ မောင်နှမတွေ နေစရာမရှိဖြစ်နေတဲ့ အချိန်မှာ... မင်းသားတို့ ညီအစ်ကိုတွေ အိမ်မှာ Live in housekeeper လုပ်ဖို့ သဘောတူဖြစ်ခဲ့ပါတယ်... အမှန်တော့ သူမဟာ သူ့မောင်နှမတွေကို မင်းသားတွေမသိအောင် သူမရဲ့ အခန်း မြေအောက်ခမ်းထဲမှာ ခိုး ခေါ်ယူနေထိုင်ခဲ့ပါတယ်... ဒီလိုနဲ့ပဲ အသဲနှလုံးမရှိတဲ့ ရှေ့နေကြီးရယ်... သနားကြင်နာတတ်တဲ့ Team Leader ရယ်... အိမ်မှုကိစ္စဘာတစ်ခုမှ မတတ်ပဲ အိမ်ဖော်ဝင်လုပ်တဲ့ မင်းသမီးရယ်... တီတီတာတာစကားလေးတွေ ပြောတတ်ပြီး သိပ်ကို ချစ်စရာကောင်းတဲ့ ကလေးလေးတွေရဲ့ ပျော်ရွှင်ဖွယ် ရင်နှင့်ဖွယ် ဇာတ်လမ်းလေးကတော့ ကြည့်မိတဲ့ သူတိုင်း ရပ်လို့မရနိုင်အောင် ဖြစ်ပါလိမ့်မယ်....

Jong Jae-Young အဖြစ် Chae Yeong-In

သူကတော့ ကိုရီးယားကားတွေမှာ မပါမဖြစ်တဲ့ စိတ်ပုတ်မနေရာကပါ... သူက မင်းသား၂ယောက်နဲ့ ငယ်သူငယ်ချင်းဖြစ်သလို မိဘချင်းလဲ အရင်က ရင်းနှီးတယ် စီးပွားချင်းလဲ တူပါတယ်... မင်းသားတွေ အလုပ်လုပ်နေတဲ့ ကုမ္ဗဏီက သူ့အဖိုးပိုင်တဲ့ ကုမ္ဗဏီပါ... သူဟာ ရှေ့နေမင်းသား Kang-Ha ကို တစ်ဖက်သတ်ချစ်သလောက် Kang-Ha ကလဲ သူ့ကို ညီမတစ်ယောက်ထဲ မပိုပါဘူး... (ပြောရမယ်ဆိုရင် လုံးဝကို ကြည့်မရတာပါ... တစ်ခါတစ်ခါ မင်းသားသူ့ကို ပြစ်ပြစ်နှစ်နှစ်ပြောထည့်လိုက်ရင် အရမ်းအားရဖွယ်ကောင်းပါတယ်) အထူးသဖြင့် သူ့ညီ Jun Ha နှစ်သက်မှန်းသိလို့လဲ Kang-Ha ကလုံးဝ စိတ်မ၀င်စားတာပါ... သို့သော် သူက နည်းမျိုးစုံသုံးပြီး Kang-Ha ကို ရအောင်ယူဖို့ကြိုးစားပါတယ်... Jin Pal-Kang ကြောင့် တဖြည်းဖြည်း ပြောင်းလဲလာတဲ့ Kang-Ha ကို ကြည့်ပြီး Jin Pal-Kang ကိုမုန်းကာ အနိုင်ကျင့်တတ်တဲ့ သူလဲ ဖြစ်ပါတယ်... သို့သော်... သို့သော်.... Jin Pal-Kang နဲ့ သူနဲ့ဟာ ညီအစ်မ ၀မ်းကွဲတွေဆိုတာ သိလိုက်ရတဲ့ အချိန်မှာတော့ သူမပြောင်းလဲသွားခဲ့ပါတယ်....

ဒါကတော့ ဇာတ်လမ်းထဲက တစ်ချို့ပုံလေးတွေပါ...

(All the photo credits goes to www.dramabeans.com )

4 comments :

Anonymous said...

One of my favorite too.

SZA said...

အပိုင်းတစ်ကြည့်ပြီးကတည်းက မင်းသမီးကို စောက်မြင်ကပ်လို့ဆက်မကြည့်ဘူး..သူများတွေတော့ ကောင်းတယ် ကောင်းတယ်ပြောကြတယ်.. အဲဒါကြောင့် ကြိုးစားပြီး ကြည့်ဖြစ်တယ်..ဒါပေမဲ့ ဒီ့ပြင့်ကားတွေကပိုကောင်းနေလို့လားမသိဘူး....အပိုင်း၂ကို တ၀က်နဲ့ပိတ်ပြစ်ပြီး ခုထိဆက်မကြည့်ရသေးဘူး..အခုဘာကြည့်ရမှန်းမသိဘူးဖြစ်နေတယ်..ကြည့်လက်စဟာတွေလဲ စာတမ်းထိုးမထွက်သေးဘူး

mabaydar said...

အင်း... အပိုင်း ၁မှာတော့ မင်းသမီးက အတော်အမြင်ကပ်ဖို့ကောင်းတယ်... နောက်ပိုင်းတော့ မဆိုးပါဘူး... မုန်းလဲ မမုန်းဘူး ကြိုက်လဲ မကြိုက်ဘူး... မင်းသားလေးတွေ ကြိုက်လို့ကြည့်တာ... အထူးသဖြင့် ဒုတိယမင်းသားကို ကြိုက်တယ်... တခြားကားတွေ ကြည့်ချင်ပင်မဲ့ အပြီးထိထွက်ပြီးမှပဲ ကြည့်တော့မယ်... နောက်မို့ဆို ဆန့်တငင်ငင်နဲ့ ကြည့်ရတာ mood ပျက်တယ်... အဲဒါကြောင့်...

Wai Lwin Zaw said...

Recommending Dramas: :)

Iris
Queen Seon Deok
You're Beautiful
Heading to the Ground
The Slave Hunters(Chuno)