Friday, March 19, 2010

My Millionaire Dream

ပထမဆုံး တပတ်တခါရေးမယ်လို့ပြောထားတဲ့ အခန်းဆက်ဝတ္တု ဒီတစ်ပတ် ကြာသပတေးနေ့က ပျက်သွားတဲ့ အတွက် တောင်းပန်ပါတယ်... ဘာလို့လဲ ဆိုတော့ ကိုရီးယားကားကိုက်နေတာရော... အလုပ်မသွားတော့ ဘယ်နေ့ရောက်နေမှန်းကိုယ့်ကိုကိုယ် သတိမထားမိဖြစ်သွားတာရောကြောင့်ပါ... နောက်ပြဿနာကတော့ ဟောဒီ ဗွီဒီယိုထဲမှာပေါ့...

TommyGal ဆီက ရတဲ့ Jang Geum Suk စကာင်္ပူလာမဲ့ သတင်းနဲ့ ပတ်သတ်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတယ်... သူနဲ့ အနီးကပ် လက်မှတ်ထိုးပွဲ VIP ticket ကတော့ အစောင် ၁၀၀ ပဲ ရှိပြီး တစ်စောင်ကို S$250 ဆိုတာတောင် အဲဒိ လက်မှတ်က မရှိတော့ဘူးတဲ့... သူနဲ့ လက်ဆွဲ နှုတ်ဆက်ချင်တဲ့ မဗေဒါရဲ့ မွေးနေ့ဆုတောင်းလေးတောင် မပြည့်တော့ဘူး... (သိပါတယ် အစတည်းကလဲ မပြည့်မှန်း)... ခုတော့ လူပေါင်း ၁၁၀၀ အတွက် သူ့ Concert တစ်စောင်ကို S$168 ကတော့ လက်မှတ်ကျန်သေးလား မကျန်သေးဘူးလား မသိဘူး... ကြည့်လဲ ကြည့်ချင်တယ်... ဒါပေမဲ့ ကိုယ်တစ်ယောက်ထဲဖြစ်နေတယ်... ကိုယ်နဲ့ ပြိုင်မိုက်မဲ့သူ မရှိဘူးဖြစ်နေတယ်... အဖော်လေးရှိရင်တော့ ကြည့်ဖြစ်မှာ သေချာတယ်... ဘာလို့လဲဆိုတော့ ကိုယ်ကြိုက်တဲ့ မင်းသားဆိုတော့ သူကိုယ့်ကို သိသည် ဖြစ်စေ မသိသည်ဖြစ်စေ အားပေးချင်တယ်လေ... သူ့ကားတွေကို original ၀ယ်မကြည့်ပဲ online ကနေ အလကားကြည့်ပြီးနေတာတောင် လွန်လှပြီ... ဒီတော့ သူလာတုန်းလေး အားပေးချင်တယ်... ဒါပေမဲ့ လက်မှတ်ကလဲ သူများတွေပြောတော့ ဈေးကြီးလွန်းတယ်တဲ့... ဟုတ်တော့ ဟုတ်ပါတယ်... ၁၀၀ကျော်ပေးပြီး ဟိုးအဝေးကြိးကပဲ မြင်ရမှာ... အဲဒါ ဘာလုပ်ရမှန်းကို မသိဘူး... တကယ်လို့ သူ့ Concert ကို ကြည့်ချင်တဲ့ သူရှိရင် ပြောကြပါ... မဗေဒါလဲ ကြည့်ချင်လို့ပါ... ဒါတောင် ခု လက်မှတ်ကျန်သေးရဲ့လား မသိဘူး... ဒါမှ မဟုတ် သူ့ကို လေယာဉ်ကွင်းမှာပဲ သွားစောင့်ရင်ကောင်းမလား မသိဘူး... ကိုယ် စကာင်္ပူလာတဲ့ ရည်ရွယ်ချက်ကလဲ ခုထိမပြည့်သေးဘူးလေ.... အထူးသဖြင့် သူက ဗွီဒီယိုလေးထဲမှာ အင်္ဂလိပ်လိုလေးကို ကြိုးစား ပမ်းစားပြောထားတော့ အချစ်တွေပိုနေတာ... အဟိ.... SZA ရေ... လေယာဉ်ကွင်း သတင်းလေးကြားရင်တော့ အမြန်ပြောပါအုံးနော်... သွားစောင့်ရင်ကောင်းမလားလို့... အဟိ....

ဟင်း... မဗေဒါကို မီလျံနာဖြစ်ရင် ဘာလုပ်မလဲလို့ လာမေးရင်... ကိုယ်ကြိုက်တဲ့ အင်တာနေရှင်နယ် စတားတွေကို ဖိတ်ပြီး ကိုယ့်တစ်ယောက်တည်း သီးသန့်ဖျော်ဖြေခိုင်းလိုက်မယ်... ပိုက်ဆံမရှိလို့ သွားချင်ရက်နဲ့ မလိုက်ပေးနိုင်တဲ့ သူငယ်ချင်းတွေအားလုံးကိုလဲ အဲဒိအခါကျရင် ဖိတ်မယ်... ဟွန့်... ခုတော့ အားပေးချင်တာတောင် ကိုယ့်ပိုက်ဆံကိုယ်ငဲ့ပြီး သက်ပြင်းပဲ ချနေရတာ... ရင်မောတယ်...

6 comments :

SZA said...

နည်းနည်းနီးရင်တော့ google ထဲ မွှေနောက်ရှာဖွေစနည်းနာကြည့်ရမယ်ထင်တယ်.. ရမရတော့ တွေ့မတွေ့တော့ မသေချာဘူး..
လေဆိပ်သွားတော့ ကြည့်ချင်သား..မျက်နှာလေးတောင်မြင်ရပါ့မလားမသိဘူး.. လူပိလို့သေရင် ဒုတ်ခ.. မဗေဒါပဲ ပွဲမှာ ပိုကြည့်ခဲ့ပါ.. free seating ဆိုတော့ စောစောစီးစီးသွားပြီး ခုံကောင်းကောင်းရအောင် သွားစောင့်ပါလား.. တညအိပ်လောက်ကြိုစောင့်တဲ့သူတွေရှိရင် ရှိမယ်ထင်တယ်နော်.. ကြိုးစားထား မဗေဒါရေ..

Anonymous said...

မဗေဒါ မီလျှံနာဖြစ်လို့ ပွဲလုပ်ခဲ့ရင် လက်တို့လိုက်ပါဦးနော်။ နောက်ဆုံးတန်းကပဲ ကြည့်ရ ကြည့်ရ၊ မတ်တပ်ရပ်ပဲ ကြည့်ရ ကြည့်ရပါ။ ဒါလေးတွေနဲ့ပဲ အပန်းဖြေနေရလို့ပါ။ :P
I usually greet in your cbox by this smile sign. ":)"

ကိုကိုသုန် said...

အော် ဗေဗေ (ဗေလုဝ မဟုတ်ပါ မဗေဒါ ဖြစ်ပါသည်) တို့ကတော့ လုပ်လိုက်ပြန်ပြီပေါ့.... ရောဂါတွေတိုးနေတယ်ပေါ့... မီလျှံနာဖြစ်လို့ ဖိတ်မယ်ဆိုတဲ့ စာရင်းထဲမှာတော့ ကျွန်တော့်ကို မထည့်ထားနဲ့နော်... အထိအချိန်ထိ ရက်ချိန်းပြည့်နေလို့ပါ... ဟဲဟဲ

ပျော်ရွှင်ပါစေ...
ကိုကိုသုန်

ကိုကိုသုန် said...
This comment has been removed by the author.
ကိုကိုသုန် said...

အော် ဒုက္ခပါပဲ ဗေဗေဆီမှာ ကွန်းမန့် တွေတော့ပွကုန်ပါပြီ..... နှစ်ခါထပ်နေလို့ ပြန်ဖျက်လိုက်ပါတယ်ဆိုမှ စာလုံးပေါင်းက မှားသွားသေးတယ်.... အဲဒီအချိန်အထိလို့ ပြောတာနော်... ရက်ချိန်းမရတော့ဘူးလို့....

ကိုကိုသုန်

Flower said...

မီလျှံနာကြီး အမြန်ဖြစ်ပါစေနော်
ဆုတောင်းတွေပြည့်ပါစေလို့..

ခင်မင်စွာ