Monday, February 01, 2010

ရွာလည်သွားတဲ့ မဗေဒါ့ဘလော့...

အရင်ဦးဆုံး ဦးစွာ မေတ္တာရပ်ခံလိုတာကတော့ ဘလော့ကို အကြာကြီး ပစ်ထားမိခဲ့တာကိုပါ... ဘလော့ပိတ်သွားသလားလို့ တချို့စာဖတ်သူတွေ သံသယဖြစ်စရာရှိပါတယ်... အမှန်တော့ မဟုတ်ပါဘူး... မဗေဒါဘလော့ကို ဘယ်တော့မှ မပိတ်ပါဘူး...အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်တာပဲ ဖြစ်ကောင်းဖြစ်မယ်... ဘလော့မရေးတော့ပါ နှုတ်ထွက်ပါတယ်လို့ ဘယ်တော့မှ မပြောပါဘူး... အမှန်တော့ ဖြစ်ပုံက ဒီလိုပါ... မဗေဒါ ဒီဇင်ဘာ ဒုတိယပတ်လောက်ကနေစပြီး မြန်မာပြည်ကို ပြန်ခဲ့ပါတယ်... မြန်မာပြည်မှာ ၁လနီးပါးနေခဲ့တဲ့ ကာလအတွင်း ကံဆိုးစွာပဲ မဗေဒါရဲ့ www.mabaydar.co.cc ဆိုတဲ့ အကောင့်က expired ဖြစ်သွားပါတယ်... အမှန်တော့ blogspot ထဲဝင်ပြီး setting လေးကို ပြန်ပြောင်းလိုက်ရုံပဲဆိုပေမဲ့... အားလုံးသိတဲ့ အတိုင်း ကျမဟာ မြန်မာပြည်မှာ အင်တာနက်သုံးဖို့ beginner အဆင့်ပဲရှိတဲ့အတွက် ဘန်းကျော်ဆိုသည်များကို မလုပ်တတ်မကိုင်တတ်... စာမျက်နှာတစ်ခုဖွင့်ပြီးတိုင်း ထိုင်ထိုင်စောင့်နေရတဲ့ အချိန်တွေကို စိတ်မရှည်တတ်လေတော့ မလုပ်ဖြစ်ခဲ့ပါဘူး... ဂျီတော့မှာတော့ ဘန်းကျော်ကို ဘယ်လိုဝင်ရမလဲဆိုပြီး status တင်ထားတော့ အားရ၀မ်းသာတော့ လာသင်ပေးကြလေရဲ့...
Proxy ကို ဘာနံပါတ်ကို ပြောင်းလိုက်... ဟိုလုပ်.. ဒီလုပ်နဲ့... ဒါမှမဟုတ် http မှာ s ထည့် စသည်ဖြင့်ပေါ့... ကြိုးစားကြည့်တော့လဲ... ကျမတစ်ခါမှ မမြင်ဖူးတဲ့... www.blogger.com က ကုလားစာတွေလိုလိုနဲ့ ပေါ်လာပြန်ပါတယ်... ကုလားလိုတွေဆိုမှတော့ ဘယ်လိုလုပ် ကျမဖတ်တတ်မတုန်း... ဒီလိုနဲ့ပဲ စကာင်္ပူပြန်ရောက်မှပဲ လုပ်တော့မယ်ဆိုပြီး စိတ်လျော့ထားလိုက်တာ... ၂၀၁၀ ဇန်န၀ါရီလ ၁ရက်နေ့ နှစ်သစ်မှာတော့ စိတ်ကောင်းရှိစွာ blogspot ကို စကာင်္ပူကအတိုင်းပဲ ဘာ ဘန်းကျော်မှ မလိုပဲ ၀င်လို့ရနေတာ ထူးဆန်းစွာတွေ့ရှိခဲ့ရပါတယ်... ဒီလိုနဲ့ပဲ www.mabaydar.blogspot.com လို့ ပြန်လည်ပြောင်းလဲဖြစ်ခဲ့ပါတယ်...

အမှန်တော့ ခါတိုင်း မဗေဒါ ခရီးသွားခံနီးဆိုရင် မသွားခင်ညမှာ စာဖတ်သူတွေကို အသိပေးသွားဖြစ်ပင်မဲ့... သိတဲ့အတိုင်း မြန်မာပြည်ပြန်ရင် ကိစ္စတွေက တခြားနိုင်ငံသွားတာထက်ပိုများပါတယ်... အော်... လက်ဆောင်ပစ္စည်းဝယ်ရ... ဘာရကိုပြောပါတယ်... တခြားမပြောပါဘူး... ပိုက်ဆံဆိုတာလဲ တခြားနိုင်ငံသွားရတာထက်တောင် ကုန်ပါသေးတယ်... ဘဏ်အကောင့်လေးဆို သုံညလေးကိုပြလို့... ဟတ်ဟတ်... အလုပ် ခွင့်ရက်ဆိုတာလဲ မနည်းကို fight ပြီးယူရတယ်... မနှစ်က ဒီဇင်ဘာမှာ မြန်မာပြန်တဲ့သူကလဲ အများသားလို့ ထင်မိပါတယ်... မြန်မာပြည်ရောက်လို့ လေဆိပ်က Immigration တို့ custom တို့ဖြတ်ရင်လဲ အရမ်းရင်ခုန်ရတယ်လေ... (ကိုယ့်ပြည်ကြီးထဲ ကိုယ်ပြန်ရောက်ဖို့ နောက်ဆုံးတံခါးချပ်နားရောက်လို့ အပျော်လွန်ပြီး ရင်ခုန်တာကို ပြောပါတယ်... တမျိုးမထင်ကြပါနဲ့... )... ကဲ ဒါတွေထားလိုက်ပါတော့... နောက် မြန်မာပြည် ပြန်တဲ့ ခရီးသွားမှတ်တမ်းမှပဲ စုံအောင်ရေးတော့မယ်...

ဒီတော့ မဗေဒါဘလော့ကို လာဖတ်နေကျ စာဖတ်သူများအတွက် မရေးတဲ့ သက်တမ်းကကြာတဲ့အထဲ co.cc ဆိုတာကို ၀င်လိုက်ရင် www.mabaydar.co.cc has expired လို့ပေါ်နေတော့ မဗေဒါများ ဘလော့ဖျက်သွားပြီလားလို့ ထင်ကောင်းထင်နေပါလိမ့်မယ်... လုံးဝမဟုတ်ပါဘူး... တကယ်လို့ မဗေဒါဘလော့ကို ဘလော့ roll တွေမှာ တင်ပေးထားသော ညီအစ်ကိုမောင်နှမများကိုလဲ လင်ခ့်လေးပြန်လည်ပြင်ဆင်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်... အားလုံးပဲ မဗေဒါဘလော့လေးကို အရင်လိုလာရောက်ဖတ်ရှု အားပေးကြဖို့ကို မျှော်လင့်ပါတယ်... ယခုထိအားပေးနေသော စာဖတ်သူများကိုလဲ အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်...






1 comment :

မယ့်ကိုး said...

ညီမလေး ...
welcome back
ပြန်လည်းလင့်ခထားတယ်နော် ညီမလေး