Tuesday, November 24, 2009

SITEX 2009 IT show at EXPO

"ရှိပူရသေး... မရှိကုန်မှအေး" ဆိုတာ မဗေဒါ ပိုက်ဆံကုန်ဖို့ အကြောင်း ဇာတ်တိုက်ဖန်လာရင် စိတ်တိုတိုနဲ့ မြည်တွန်တောက်တီးတတ်တဲ့ စကားတစ်ခွန်းပါ... ပိုက်ဆံများ ကုန်မယ်ဆိုရင် အစုလိုက် အပြုံလိုက် ဇာတ်တိုက်ကို ကုန်တာပါ...
ဘာလီထဲက ပြုတ်ကျသွားလို့ Touch screen အလုပ်မလုပ်တော့တဲ့ ကျမရဲ့ ဗွီဒီယိုကင်မရာကို အပျင်းကြီးတာရော... အလုပ်ရှုပ်နေတာရောကြောင့် ပြင်ဆိုင် မပို့ဖြစ် မပို့ဖြစ်နဲ့ ဖြစ်နေတာ... ခု နောက်လထဲ ခရီးသွားစရာတစ်ခုရှိလာလို့ ဗွီဒီယိုကင်မရာလေး သွားပြင်မယ်ဆိုတော့ Service Center က ကိုယ်သွားတဲ့နေ့ကျမှ နေရာပြောင်းသွားတယ်... သူငယ်ချင်းတွေကပြောတော့လဲ အဲဒါပြင်တာက အသစ်ဝယ်တဲ့ ဈေးရဲ့ တစ်ဝက်လောက်ကျမှာတဲ့... အဲဒါတော့ သိပါတယ်... ဒါပေမဲ့ ကျန်တာအကောင်းပဲရှိသေးတော့ ကိုယ့်ကင်မရာလေး မပြစ်ရက်ဘူးလေ... ဒါပေမဲ့ အဲဒါပြင်ရင် ၁လက နေ ၃လလောက် ထိကြာမယ်ဆိုတော့ ခရီးသွားမဲ့ အချိန်ကို မမှီဘူး... မဗေဒါတို့ကလဲ ခရီးသွားလို့ ဗွီဒီယိုကင်မရာ မပါရင် ပျော်ကို မပျော်တာ... ဘာလီမှာလဲ ကင်မရာ ပျက်သွားပြီးထဲက စိတ်ထဲမှာ အောင့်သက်သက်နဲ့ လွှတ်မပျော်နိုင်ခဲ့ဘူး... ဒီလိုနဲ့ပဲ ကင်မရာ ခပ်သေးသေး အသစ်တစ်လုံး ထပ်ဝယ်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်... အဟောင်းကိုလဲ ပြင်မယ်ပေါ့...

IT show လေးရှိရင်ကောင်းမှာပဲလို့ တွေးနေတုံး ကံကောင်းချင်တော့ လာမဲ့ စနေနေ့ ရှိတယ်တဲ့ဗျား... ဒီလိုနဲ့ ၀ယ်တော့မယ်ပေါ့... ခုတစ်လောလဲ ရန်ကုန် ပိုက်ဆံလွှဲမယ်ကြံလိုက်ရင် ဒေါ်လာဈေးတွေက အဝေစိကျနေတော့ အတော်ညစ်တယ်... မြန်မာပြည်က မိဘမဲ့ကလေးကျောင်းဖြစ်ဖြစ်... Disable ကျောင်းဖြစ်ဖြစ် တစ်ခုခုကို လှူမလို့ဟာ... ငွေဈေးကျတော့ များများမရဘူး... ကိုယ့်စေတနာမှန်ရင် ငွေဈေးပြန်တက်ပါစေလို့တော့ ဆုတောင်းတာပဲ... (ခုတော့ နဲနဲပြန်တက်လာပြီ)...

ဒီလိုနဲ့ ပိုက်ဆံများကုန်ချင်တော့... ပျက်ဖို့ မျှော်လင့်နေတဲ့ အချိန်တော့ မပျက်ပဲနဲ့... ခု ပိုက်ပိုက်လိုနေတဲ့ အချိန်ကျမှပဲ... ဟိုနေ့က ရုပ်ရှင်ကြည့်နေတုံး ရုတ်တရက်ကြီး ကျမ ကွန်ပြူတာကြီးပိတ်သွားရော... ပြီးလဲပြီးရော ၀ါယာညှော်နံ့တွေထွက်လာပြီး နေ့ချင်းညချင်း ကွန်ပြူတာကလဲပျက်... ဒီတော့ အဲဒါကလဲ ထပ်ဝယ်ရအုံးမယ်... ကွန်ပြူတာသာ သုံးတာ ကွန်ပြူတာအကြောင်းလဲ ကိုယ်က ဒီလောက်သိတာမဟုတ်... ပြင်ရင်တော့ ရကောင်းရနိုင်ပါတယ်... IT show ရှိတယ်ဆိုတော့ အသစ်ဝယ်ဖြစ်မလားတော့ မသိဘူး... Laptop ၀ယ်ရင် ကောင်းမလား... Desktop ၀ယ်ရင်ကောင်းမလား စဉ်းစားမရဖြစ်နေတယ်... မရှိကုန်မှအေးပဲ... ၀ယ်ပြစ်မယ်... ညစ်တယ်... လိုချင်တာကတော့ Mac Book... ဒါပေမဲ့ Mac Book နဲ့ ပတ်သတ်တာလဲ ဘာမှမသိဘူး... သုံးလဲ မသုံးတတ်ဘူး... ဘာလို့လိုချင်လဲဆိုတော့ Mac Book က ဗွီဒီယိုအက်ဒစ်တင်းတို့ Graphic တို့ ကောင်းတယ်လို့ပြောကြတာပဲ... Laptop ၀ယ်လိုက်ရင် အိမ်က ရှိတဲ့ LCD monitor က အလကား အပိုဖြစ်သွားမှာလဲ စိုးတယ်... ဂီးးးးးးး.... ဘာလုပ်ရမှန်းသိတော့ဘူး...

ဒါတွေထားလိုက်ပါတော့.... IT show အကြောင်း စကားစပ်မိတော့ အားလုံးကို Info လေး ဝေမျှလိုက်ပါအုံးမယ်... လာဝယ်ကြနော်... မဗေဒါတော့ အဲကို သွားဖြစ်မှာ သေချာတယ်...

SITEX 2009
26 November 2009 - 29 November 2009

Event type : IT & Electronics
Venue : Expo Hall 5 ,6 & Foyer 2 Level 1
Admission : Public - Free Admission
Event Schedules : Time: 11am to 9pm

ရောင်းချမဲ့ လူတွေအားလုံးနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေက....

MP3/4/5, Digital Music Technology, Digital Art Technology, Automobile Electronics, Sports Electronics, IT/New Media Education, Smart Home, Animation, Camera and Camcorder, Computer and Hardware, Gaming, Home Entertainment, Mobile Communications.

7 comments :

Vista said...

ကျူးဇေး ...

ToMMyGiRL said...

when r u going? let me know..i m going as well..i need to buy camera for my cousins from ygn.. well..ur monitor u stil can connect with laptop to see as bigger screen..sometimes, i do it that way when i watch movie (im using laptop) :D

သီဟသစ် said...

မဗေဒါကလဲ

Laptop ကို LCD monitor နဲ့ တွဲသုံးပေါ့
:)

MrDBA said...

ကင်မရာ သွားကြည့်ဦးမယ် ဟေးဟေး

ကိုကိုသုန် said...

မဗေဒါကလဲဗျာ... ဗေဒါပြန် အံကိုခဲ ပန်းပန်လျှက်ပဲလုပ်ပါဗျာ... စိတ်မညစ်ပါနဲ့ အေးဆေးပေါ့လေ.... ပိုနေတာတွေ ပျက်နေတာတွေ ပြင်မနေနဲ့တော့ အသစ်သွားဝယ်လိုက်နော်.... ပိုနေတာတွေတော့ ကျွန်တော့်ဆီသာပို့လိုက်.... ဟဲ ဟဲ ဟဲ

ခင်မင်စွာဖြင့်
ကိုကိုသုန်

မေလေး said...

ဒီနေ့သွားသရေကျခဲ့ဒယ်မဗေဒါရေ

ဒါနဲ့စကားမစပ်
နောက်တခါကျရင် ထမင်းစားခေါ်လိုက်မယ်
လာလည်နော်။

Doughnut IO said...

ပင်လယ်စာ စားလို့ ချီးပန်းတယ်ပြော။ သူငယ်ချင်းမွေးနေ့မို့ စားမိပါတယ်ပေါ့။ နောက်တခါ ရည်းစားနဲ့ အပျော်လွန်ပြီး စားမိပါတယ်ပေါ့။ နောက်မစားတော့ပါဘူးပေါ့။