Friday, November 13, 2009

Haeundae Tsunami (K-Movie)

ဒီနေ့ အပြင်သွားရင်း VCD ဆိုင်တစ်ခုမှာ ဆူနာမီအကြောင်းရိုက်ထားတဲ့ ကိုရီးယားကားပြနေတာ လူတွေအုံနေတာပဲ... ကျမလဲ ၀င်ကြည့်ဖြစ်ခဲ့တယ်... ကြည့်လိုက်တော့မှ ရုံတင်တုန်းက ကြည့်မယ်စိတ်ကူးပြီး မကြည့်ဖြစ်လိုက်တာ နာသွားတယ်... မင်းသားတွေထဲမှာ ကျမ အကြိုက်ထဲက တစ်ယောက်အပါအ၀င်ဖြစ်တဲ့ Lee Min Ki ပါနေလေရဲ့... မင်းသမီးထဲမှာတော့ Ha Ji Won ပါတယ်... သူ့ကိုလဲ ကြိုက်တယ်... သူလဲ နာမည်ရ မင်းသမီးတစ်ယောက်ပဲ... နောက်မင်းသမီးက Uhm Jung-hwa (Get Karl, Oh song Joo) ထဲက မင်းသမီးလေ... သူ့ကိုလဲ ကြိုက်တယ်... မင်းသားထဲမှာတော့ လီမင်ကီးပဲ ချောချောမောမောပါတယ်... ကျန်တဲ့မင်းသားတွေက ရုပ်ဆိုးတယ်... ဒါနဲ့ အိမ်ပြန်ရောက်တော့ အဲဒိကားကို ရှာရင် Youtube မှာ အင်္ဂလိပ်စာတမ်းထိုးနဲ့ သွားတွေ့တယ်... ဒီလိုနဲ့ ကြည့်ဖြစ်သွားတယ်...

ဒါပေမဲ့ ဇာတ်လမ်းက အစပိုင်းမှာ နဲနဲနှေးတယ်... အိပ်တောင် အိပ်ငိုက်သွားသေးတယ်... နောက် ဆူနာမီလာတော့ တချို့ effect တွေက အရမ်းသိသာလွန်းတယ်... အနောက်တိုင်း Action ကားတွေလောက်တော့ မပီပြင်ဘူး... ဒါပေမဲ့ Over All ကို ပြန်ကြည့်မယ်ဆိုရင်တော့ Entertaining တော့ဖြစ်ပါတယ်... ဘာပဲပြောပြော Asian ထဲက အဲလိုကားမျိုး ရိုက်လာတာ ဂျပန်နဲ့ ကိုရီးယားပဲရှိသေးတယ်လေ... နောက်ထပ် တိုးတက်လာမယ်လို့မျှော်လင့်ပါတယ်... Youtube က Video ကို ဒီမှာ တင်လိုက်ပါတယ်...

Spoiler... Pls select below words to read

တောက်... လီမင်ကီးသေသွားတာတော့ လုံးဝမကျေနပ်ဘူး...























8 comments :

Steve Evergreen said...

Thanks for sharing. Korean films not widely available here. Are they good?

Unknown said...

အဟိ နမူနာဆိုပြီး ကြည့်လိုက်တာ နောက်ဆုံး ၄ ခန်း ပြီးသွာံးပြီ အလုပ်မပြီးတော့ဘူးဗျ

Waing said...

ဇာတ်လမ်းကိုတော့ ကြည့်ဖူးပြီးသား အစပိုင်းမှာ အရမ်း အေးတိအေးစက်နဲ့ နောက်ပိုင်းကျမှ ပိုကြည့်လို့ကောင်းလာတယ် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ

Wai Lwin Zaw said...

My friends told me that "My Girlfriend is an agent" is also a good movie. I haven't watched yet. :D

mabaydar said...

Yes.. but the poster is not that attractive to me.

SZA said...

my girlfriend is an agent is funny movie and i like it

မိုးမောင် said...

အားနေတာနဲ့ ကိုးဒီးယားက စဆုံးထိုင်ကြည့်သွားပါကြောင်း။
လီမင်ကီးသေသွားတာတော့ တရားနဲ့ပဲ ဖြေပါတယ်။
း))

ဟန်လင်းထွန်း said...

ဟေ့ ဗေဒါမ ကျေူးဇူး ကြည့်လိုက်အုန်းမယ်။ စတာနော့်