Thursday, November 12, 2009

Shining Inheritance မင်းသားလေးနဲ့ Swine Flu


Shining Inheritance က မင်းသား Lee Seung-gi ကို ကြိုက်တဲ့ ပရိတ်သတ်များအတွက် စိတ်မကောင်းစရာ သတင်းတစ်ခုပြောစရာရှိပါတယ်...

အဆိုတော် ရုပ်ရှင်သရုပ်ဆောင် Lee Seung-gi ဟာ Swine flu (၀က်တုတ်ကွေး) ကြောင့် သူ့ရဲ့ Activities တွေ အကုန်လုံးကို ဖျက်သိမ်းပြစ်လိုက်ရတယ်လို့ ကြားသိရပါတယ်...

နိုဝင်ဘာ ၁၁ရက်နေ့ သတင်းဋ္ဌာနများအရ မင်းသား Lee Seung-gi ဟာ 1 night 2days ဆိုတဲ့ Variety Show ကို ရိုက်အပြီး နိုဝင်ဘာ ၇ ရက်နေ့မှာ ခေါင်းကိုက် ချောင်းဆိုးကာ အဖျားကြီးစွာတတ်ခဲ့ပါတယ်... သူ့ကို Seoul Hospital ရဲ့ အရေးပေါ်ကို တင်အပြီး နိုဝင်ဘာ ၁၀ရက်နေ့မှာ Swine flu Positive ဆိုတဲ့ အဖြေကို ရရှိခဲ့ပါတယ်...

သူပါဝင်နေတဲ့ အစီအစဉ်က ပရိုဂျူဆာတွေအားလုံးကို မင်းသားရဲ့သတင်းကို အသိပေးခဲ့ပါတယ်... 1 Night 2 Days ထုတ်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက "ဒီ အစဉ်အစီဟာ ၂ပတ်မှ ၁ခါရိုက်တာဖြစ်တဲ့အတွက်ကြောင့် နောက် ၂ပတ်ကျရင် မင်းသား ပြန်လည်နေကောင်းနိုင်မနိုင်ဆိုတာကို သေချာမသိရသေးပါဘူး" လို့ ပြောခဲ့ပါတယ်...

Lee ဟာ လတ်တလောမှာ SBS ရဲ့ Variety Program ဖြစ်တဲ့ Strong Heart ဆိုတာမှာ Co-Host အဖြစ်ပါဝင်ထားပါတယ်... ထိုရှိုး တာဝန်ခံ ဒါရိုက်တာက ဒီအပတ်အတွင်းမှာ ရိုက်ကွင်းမရှိသေးတာကြောင့် ပြဿနာကြီးကြီးမားမား မရှိလောက် ဟု ပြောကြားခဲ့ပါတယ်...

သို့သော် Lee ရဲ့ November 14 ရက်နေ့ LA, Hollywood Bowl မှာ Sohn Dam-bi နဲ့ အတူပြုလုပ်မဲ့ စတိတ်ရှိုးကို ဖျက်ပစ်လိုက်ရကြောင်း သိရှိရပါတယ်... ထို ရှိုးအတွက် Lee ဟာ နိုဝင်ဘာ ၁၂ ရက်နေ့မှာ LA ကို သွားရန် စီစဉ်ထားပြီးမှ ဖျက်သိမ်းလိုက်ရကြောင်း စိတ်မကောင်းစွာသိရှိရပါတယ်... သူ့ရဲ့ Management ဆုံးဖြတ်ချက်အရ လတ်တလော အခြေအနေမှာ သူ့ကို လူအများနဲ့ ပတ်သတ်တွေ့ကြုံရမဲ့ နေရာတွေကနေ ဝေးဝေးထားခြင်းသည် အကောင်းဆုံးဖြစ်သဖြင့် ဘယ်ခရီးစဉ်မှကို သွားမည်မဟုတ်ကြောင်း ကြေငြာခဲ့ပါသည်...

News Source and Photo From
: http://www.dramabeans.com/

စာကြွင်း : Shining Inheritance က မင်းသားလေးကို ကြိုက်တယ်လို့ ပြောသွားတဲ့ :) သူ့အတွက် သတင်းကို တွေ့လို ပြန်လည်ဝေမျှလိုက်တာပါ... စိတ်မကောင်းစရာပါပဲ...

11 comments :

တောင်ပေါ်သား said...

Flu Flu Flu လူတိုင်းမကင်းကြပါလားး)

mabaydar said...

ဟုတ်တယ်နော်... Celebrities မို့ ရိုးရိုးလူနဲ့ မတူးဘူး တော့မဟုတ်ဘူး... သူတို့လဲ လူထဲက လူတွေပါပဲ...

Wai Lwin Zaw said...

Seung Gi, Please recover quickly. Yoona will worry about you. :(

And Swine flu attack many celebrities. :(

Kim Hyun Joong(SS501)
K.Will
Jo Kwon(2AM)
Jinwoon(2AM)
Jong Hyun(SHINee)
Onew(SHINee)
Lee Seung Gi

It's enough!!

Wai Lwin Zaw said...

And please beware of Lee Teuk(Super Junior) and Brian(Fly to the Sky). They are trying to take Yoona from you. :P Come back to Kang Shim Jang(Strong Heart) and fight with them. :D :D

ဒဏ္ဍာရီ said...

စိတ်မကောင်းပါဘူး ... အမြန်နေကောင်းပါစေ လို့ ....

ခင်မင်လေးစားလျှက်

mabaydar said...

Kim Hyun Joong was also attacked by Swine flu??

Anonymous said...

yes...kim hyun joong contracted swing flu in Sept: when BOF promo: in Japan. now, he is fully recovered.

Anonymous said...

ဟုတ်ပါတယ်.. မဗေဒါရယ် !_!
၁၁ရက်နေ့ညကဆို စိတ်မကောင်းလွန်းလို့ သူ့သတင်းတွေပဲ လိုက်ရှာဖတ်နေတာ။
အခုတော့ recover ပြန်ဖြစ်နေပြီဆိုပဲ။
သူ့ရဲ့ 2days 1 night (Happy Sunday) variety show လည်းအရမ်းကြိုက်တယ်။ မဗေဒါ သိပြီးသားလားတော့ မသိဘူး။ လူ ၆ ယောက်ခရီးထွက်တာ။ သူ့တို့ဆီမှာတော့ အဲဒီ့ show က popular ဖြစ်တယ်တဲ့။

http://www.youtube.com/watch?v=TtNz1mg5bbc&feature=related

း)

Wai Lwin Zaw said...

Yes. 2 days and 1 night is very good variety show. The MCs are very good and funny. If you like variety shows, aslo try to watch Strong Heart. Very funny. MCs are Kang Ho Dong and Lee Seung Gi.

သူကြီးမင်း (တုံးဖလား) said...

ရုပ်ရှင်တွေဘဲထိုင်ကြည့်နေတယ်ပေါ့လေ။
အားကျပါ့ဗျာ။

ဟဲ ဟဲ။
The day after tomorrow ဇာတ်ကား ဘယ်မှာ ဒေါင်းရမှာပါလိမ့်။

ကြည့်ချင်နေသလိုလိုဘဲ။

သူကြီးမင်း (တုံးဖလား) said...

ဟဲ ဟဲ ရမ်းရှာလိုက်တာ။ တွေ့သွားပြီ။
http://www.youtube.com/watch?v=SnvqsWVluCE

ကောင်းမယ်ထင်တယ်။ အားရင် ကြည့်လိုက်ဦး မဗေဒါရေ။

ပျော်ရွှင်ပါစေ။