Sunday, November 08, 2009

သက်ဆိုင်သူသို့

တိုးတိုးအာလူးကြော် ထုတ်လုပ် ဖြန့်ချိမှုနှင့် သက်ဆိုင်သူများရှင့်/

အကြောင်းအရာ။ ။ တိုးတိုးအာလူးကြော် အရည်အသွေးနှင့် အရည်အတွက်များ ကျဆင်းမှုကို ပြုပြင်စေလို...

ကျမဟာ တိုးတိုးအားလူးကြော်ကို တစ်ထုတ်လျှင် မြန်မာငွေ ၇ ကျပ်ပေးရတဲ့ အချိန်ထဲက... တစ်ရက်လျှင် မုန့်ဖိုး ၅ ကျပ်သာ ရခဲ့သော်လည်း... ၁ရက်ကို တခြားဘာမုန့်မှ မစားပဲ ၂ရက်စာမုန့်ဖိုးနဲ့ စုပြီး အားပေးခဲ့တဲ့ ပရိတ်သတ်တစ်ဦးပါ... ထိုအချိန်က တိုးတိုးအားလူးကြော်ဟာဆိုရင် ပလတ်စတစ် အကြည်ထုတ်လေးထဲမှာ ပြည့်ကျပ်နေအောင်ထည့်ထားပြီး တစ်ထုတ်စားလိုက်လျှင်ပဲ ကျမအတွက် လိုချင်တဲ့ အရသာထိမိပြီး အာသာပြေလှပါတဲ့အတွက် ၂ရက်မှ ၁ခါ စားရကျိုးနပ်ပါပေတယ်... အိမ်မှ ထမင်းဟင်းမကောင်းဘူးဆိုရင်လဲ တစ်ခြားဟင်းဆိုရင်သာ ဂျီးများခဲ့ပင်မဲ့ မေမေက လမ်းထိပ်က ကုလားပဲဟင်းနဲ့ တိုးတိုးအာလူးကြော်ဝယ်ပေးလိုက်ရင် ကျမအတွက် ထမင်းမိန်စေခဲ့တာ အမှန်ပါပဲ...

မုန့်ဆိုင်ရောက်ရင် တခြားဟာဝယ်ဖို့တွေဝေပင်မဲ့ တိုးတိုးအာလူးကြော်မပါတဲ့ အခေါက်တော့ မရှိပါဘူး... ဒီလိုအားပေးလာခဲ့တာ တိုးတိုးအာလူးကြော်ဟာ ရကျပ်ကနေ ၁ဝကျပ်... ၁၀ ကျပ်က နေ ၁၅ကျပ်... ၁၅ ကျပ်ကနေ ၂၅ကျပ်... (ယခု မြန်မာပြည်တွင် တိုးတိုးအာလူးကြော် တစ်ထုတ် ဘယ်လောက်လဲမသိတော့ပါ... နောက်ဆုံး ရန်ကုန်ပြန်တုန်းကတော့ ၁၀၀ လား ၁၅ဝလားရှိပါတယ်) ကျမအသက်ကြီးလာတာနဲ့ အမျှ တိုးလာတဲ့ ကျမရဲ့ မုန့်ဖိုးတွေကလဲ တိုးတိုးအာလူးကြော်ရဲ့ တိုးလာတဲ့ စျေးနှုန်းကြောင့် ကုန်နေခဲ့တာ အမှန်ပါ... သို့သော် ကျမတစ်စက်လေးမှ မညဉ်းမငြူ ဖြတ်တောက်မပြစ်ပဲ စားသုံးခဲ့ပါတယ်...

ယခင်က တိုးတိုးအာလူးကြော်ဟာဆိုလျှင် လတ်ဆတ်ပြီးအနာအဆာကင်းတဲ့ အာလူး ကြွတ်ရွရွရယ်... တစ်ထုတ်မှာ ၁ခုပဲ အမြဲပါတတ်တဲ့ ကြက်သွန်ကြော်မွှေးမွှေးလေးရယ်... ၁ထုတ်ဆိုလျှင်ဆိုသလို အာသာပြေလောက်တဲ့ အရည်အတွက်ပါရှိတဲ့အတွက် ဒီအာလူးကြော်ကို ထုတ်လုပ်တဲ့ လူကြီးမင်းတို့ရဲ့ စေတနာကို စားသုံးသူတစ်ယောက်အနေနဲ့ အာလူးကြော် အဖတ်တိုင်း.. ငရုတ်သီးအဖတ်တိုင်း... ကြက်သွန်ကြော်မွှေးလေး တစ်ဥတိုင်းမှာ ခံစားလို့ရပါတယ်...
စားသောက်ကုန်ထုတ်လုပ်သူများဟာ တစ်ခြားအရာထုတ်လုပ်သူတွေထက် တစ်ချက်သာတာက စားသုံးသူအပေါ်ထားရှိတဲ့ စေတနာပါ... စေတနာအပြည့်နဲ့ချက်တဲ့ မိခင်လက်ရာကို ဘယ်ကမ္ဘာကြော်စားဖိုမှူးမှ အံမတုနိုင်တာဟာ အစားအသောက်ချက်တဲ့သူရဲ့ စေတနာဟာ စားသုံးသူအပေါ် ဘယ်လောက်သက်ရောက်တယ်ဆိုတဲ့ အကောင်းဆုံးဥပမာပါပဲ...

သို့သော် ယခုအခါမှာ တိုးတိုးအာလူးကြော်ဟာ ယခင်နဲ့မတူပဲ အရည်အသွေးရော အရေအတွက်ပါ လျော့ကျလာတာတွေ့ရပါတယ်... အရေအတွက်ဆိုရာမှာ ထုတ်လုပ်မှု အရေအတွက်မဟုတ်ပဲ အထုတ်တစ်ထုတ်မှာ ပါဝင်မှုအရည်အတွက်ကို ဆိုလိုပါတယ်... အာလူးကြော်တစ်ထုတ် ၂၅ကျပ်ဖြစ်တဲ့အချိန် (ကျမစိတ်ထင် ၂ဝဝဝခုနှစ်နောက်ပိုင်း) မှာ အားလူကြော်ထုတ်ပိုးမှုကို နိုင်ငံခြားအဆင့်မှီအောင် ယခုကဲ့သို့စတင်ထုတ်ပိုးခဲ့တာကို သတိထားမိခဲ့ပါတယ်... ကိုယ်စားနေကျ အာလူးကြော်တံဆိပ်လေး အဆင့်မှီထုတ်ပိုးလာတဲ့အတွက် ကျမ ထိုအချိန်က ဝမ်းသာပီတိဖြစ်ခဲ့ပါတယ်... ထို့အတွက်ကြောင့် ၂၅ကျပ်ဖြစ်သွားတာကိုလဲ မညဉ်းငြူခဲ့ပါဘူး... သို့သော် ထို ထုတ်ပိုးမှုပုံစံကို ပြောင်းပြီးနောက်ပိုင်းမှာတော့ အတွင်းပိုင်းကို မမြင်ရတာတစ်ကြောင်း လေထိုးပြီး အထုတ်ကြီးဖောင်းနေတဲ့အတွက် တစ်ကြောင်း အတွင်းပိုင်းမှ အာလူးကြော် ပါဝင်မှု အရည်အတွက်ကို ခိုသထက်ခိုလာပါတယ်... ဒီလိုဖြစ်လာတာကို ကျမလို အစဉ်အမြဲ စားသုံးသူတစ်ယောက် အနေနဲ့ ချက်ချင်း သတိထားမိသော်ညား ဆက်လက် သည်းခံကာ စားသုံးခဲ့ပါသေးတယ်...

သို့သော် ယခုအခါမှာတော့ တိုးတိုးအာလူးကြော်ထုတ်လုပ်သူရဲ့ စေတနာကို လုံးဝ လုံးဝ ခံစားလို့မရတော့တဲ့အပြင်... စားသုံးသူတွေကို တဖြည်းဖြည်းနဲ့ စော်ကားလာတယ်ဆိုတာ သတိပြုမိလာပါတယ်... စကာင်္ပူကို ရောက်တော့ ယခင် မြန်မာပလာဇာမှာ မရောင်းခင်တုန်းက အိမ်ကို အမြဲ လူကြုံနဲ့ ထည့်ခ်ိုင်းပြီးစားပါတယ်... ယခု ပင်နီဇူလာပလာဇာမှာ ၁ထုတ်ကို စကာင်္ပူ ပြား ၅၀ (မြန်မာငွေ ၃၆၅ကျပ် တန်ဖိုးရှိ) နဲ့ ဝယ်စားပါတယ်... လေယာဉ်ပျံတွေ သဘောင်္တွေစီးလာတဲ့ အာလူးကြော်မို့ ပြား ၅ဝဆိုတာကို လက်ခံနိုင်ပါတယ်... (ဟိုတစ်လောက ဆိုင်၁ဆိုင်မှာ ၁ကျပ်နဲ့ ရောင်းလို့ ဝယ်မစားခဲ့ပါဘူး...)

ယခုတိုးတိုးအာလူးကြော်ရဲ့ အရည်အသွေးဟာ မကောင်း မလတ်ဆတ် အနာအဆာပါသော အာလူးများကို အသုံးပြု၍လားမသိ အာလူးတွေဟာ ပဲ့ရွဲ့နေတာပါပဲ... ဒါကလဲ အာလူးအကြေကြော်မို့ လက်ခံလို့ရတယ်ထားအုံး... မဲတူးပြီး အာလူးကြော်အတူးတွေ ဖြစ်လာတာကတော့ သည်းခံနိုင်တဲ့ အတိုင်းအတာကို လွန်လာပါတယ်... ယခင်က ကျမအကြိုက်ဆုံး ၁ထုတ်လုံးမှာ ၁ဥပဲပါတတ်တဲ့ ကြက်သွန်ကြော်လေးဟာလဲ ဘယ်ဘဝ ဘယ်ဋ္ဌာနီကိုပြောင်းပြီး တိုးတိုးအာလူးကြော်မှာ အရင်က ကြက်သွန်ကြော်ပါပါတယ်ဆိုတာ ကျိမ်ပြောရင်တောင် ယုံကြမှာမဟုတ်တော့ပါဘူး...

အဆိုးဆုံးကတော့ အထုတ်တစ်ထုတ်မှာ ပါဝင်တဲ့ ပမာဏက ယခင်ရဲ့ ၃ပုံ ၁ပုံနီးပါးလောက်လေးသာရှိတော့တာပါ... ယခင်က ၁ထုတ်စားလိုက်ရင် တင်းတိမ်သွားပင်မဲ့... ခုမှတော့ အာလူးကြော် ၁ထုတ်စားပြီးတာတောင် ဘယ်လိုကုန်သွားမှန်းမသိလို့ အထုတ်များပေါက်နေသလားလို့ ပြန်ကြည့်ရတဲ့ အဖြစ်ကိုရောက်နေပါတယ်... အထုတ်ကြီး ကြီးနေလို့ စားသုံးသူက သတိမပြုနိုင်လောက်ဖူးမထင်ပါနဲ့... စားသုံးသူတွေက ငတုံးမဟုတ်ပါဘူး...

ထို့အတွက် အကြံပေးလိုတာက ယခင်လိုသာ စေတနာရှေ့ထားပြီးထုတ်လုပ်ပေးမယ်ဆိုရင် ကိုယ့်စေတနာ အကျိုးပေးပြီး ဒိထက်အောင်မြင် ချမ်းသာမှာပါ... သို့သော် ယခုအတိုင်းဆက်လက်ထုတ်လုပ်နေမည် ဆိုပါက ကျမကဲ့သို့ အစဉ်အမြဲအားပေးနေသော ပရိတ်သတ်များကို မျက်လုံးထဲမထား စော်ကားသည်ဟု ခံစားရသဖြင့်... တိုးတိုးအာလူးကြော် သုံးစွဲမှုကို ဖြတ်တောက်သင့် ဖြတ်တောက်ပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်...

လူ ၁ ယောက်မစားလို့ သင်တို့ စီးပွားရေ မထိခိုက်နိုင်ပါဘူးဆိုပြီး မထိမဲ့ပြုံး မပြုံးပါနဲ့... ကျမပြောခဲ့ သလို စားသောက်ကုန်ဟာ စေတနာပေါ်အဓိက အရင်းတည်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် စေတနာအကျိုးပေးပါလိမ့်မယ်... ကျမ မစားတော့ဘူးဟု ဆုံးဖြတ်သော်ငြား သင်တို့ စီးပွားရေးကို ထောက်ငံ့သောအားဖြင့် ကျမသူငယ်ချင်းများထဲတွင် စားသုံးသူရှိပါက တားမြစ်မည်တော့ မဟုတ်ကြောင်းကို စိတ်အေးစေလိုပါတယ်... သို့သော် ထိုစားသုံးသူများလည်း သင်တို့၏ စေတနာမပါရှိပဲ အမြတ်သက်သက်သာ ထုတ်လုပ်နေသော ဟန်သာရှိပြီး အဆန်မရှိတဲ့ တိုးတိုးအာလူးကြော်ကို ကျမပြောစရာမလိုပဲ သူ့တို့ဘာသာလျှင် ဆက်လက်သုံးစွဲတော့မည် မဟုတ်ကြောင်းကို သေချာတပ်အပ် သိနှင့်ပြီးသားဖြစ်ပါတယ်... အဘယ့်ကြောင့်ဆိုသော် ကျမပတ်ဝန်းကျင်တွင် တိုးတိုးအာလူးကြော် အရည်အသွေးကျမှုကို ကျမလောက် သည်းခံပြီး စားသုံးနေသူ တစ်ဦးမှ မရှိတော့ပါ... ကျမသာလျှင် ငယ်ငယ်ထဲက စားခဲ့သော... ကျမအတွက် အာလူးကြော်သက်သက်တင်မဟုတ်ပဲ အမှတ်တရ အဖြစ်အပျက်လေးတွေပါ ရှိခဲ့ဖူးသော တိုးတိုးအာလူးကြော်ကို ယခုထိစားသုံးခဲ့တာပါ...

ယခုလို စားသုံးမှုကို ဖြတ်တောက်ဖို့ ဆုံးဖြတ်ခြင်းဟာ အနှစ်နှစ်အလလ ချစ်ရတဲ့ ချစ်သူက အရောင်ပြောင်းသွားလို့ မသင့်တော်တော့ဟု ဆုံးဖြတ်လိုက်ရတဲ့ နာနာကျင်ကျင် ဆုံးဖြတ်မှုဖြစ်ပါတယ်... အကယ်၍ တိုးတိုးအာလူးကြော် အရည်အသွေးနဲ့ အရည်အတွက်ကို ပြန်လည် ပြင်ဆင်နိုင်မယ်ဆိုရင်ဖြင့် ကျမဘက်ကလဲ မှားခဲ့တာတွေကို ခွင့်လွှတ်ကာ ဒုတိယအကြိမ် အခွင့်အရေးပေးမည်ဖြစ်ပါတယ်... တိုးတိုးအာလူးကြော် အရည်အတွက် တိုးမတိုးကို ပင်နီဇူလာပလာဇာရောက်တိုင်း ဆိုင်ပေါ်က အထုတ်တွေကို လက်နဲ့ ချိန်ဆကြည့်ပြီး စောင့်ကြည့်နေမည်ဖြစ်ပါတယ်...

ပုံ/
တိုးတိုးအာလူးကြော်ကို စားသုံးခဲ့ဖူးသူ တစ်ဖြစ်လဲ မဗေဒါ

(PS... ဒီနေ့ တိုးတိုးအာလူးကြော်ဝယ်စားရင်း မခံရပ်နိုင်လွန်း၍ ဒီပေါ်မှာ ပေါက်ကွဲလိုက်ပါတယ် (နောက်ဝယ်မစားတော့ပါ)... အကယ်၍များ ဒီပိုစ့်ကို မတော်တဆ တမင်တကာ တိုးတိုးအာလူးကြော်ပိုင်ရှင် မြင်၍ အရည်အသွေး အရေအတွက်ကို ပြုပြင်မည်ဆိုလျှင် အတိုင်းထက်အလွန် ဝမ်းသာမိမည်ဖြစ်ကြောင်း)

11 comments :

Steve Evergreen said...

You talking about Crisps from Burma?

Regardless of the quality or quantity of your favourite one, wondering how you would judge the quality of vegetable oil they use. Apparently, some proportion of oil in Burma has been contaminated with harmful chemicals.

ကိုကိုသုန် said...

မဗေဒါပြောတာ တိုးတိုး ငပိအာလူးကြော် ထင်တယ်.... ကျွန်တော်လည်း ငယ်ငယ်တည်းက စားဖူးတယ်.... ကြိုက်တယ်.... ထမင်းနဲ့ စားရင် အရမ်းကောင်းတယ်.... ဟင်းမကြိုက် တဲ့အခါ အကောင်းဆုံးပေါ့....အခုတော့နည်းသွားတာအမှန်ပဲ....

Anonymous said...

အလွန့် အလွန်ကိုထောက်ခံပါသည်။

JeuJue

littlebrook said...

ဟုတ် ... တိုးတိုးအာလူးကြော်ကို ကျွန်တော်လည်း ကြိုက်တယ် .. အမြဲလိုလိုဝယ်စားတယ် .. ဒါပေမယ့် ကျွန်တော်တို့ထုံးစံကကို အဲ့လို .. ဈေးကြီးကြီးလာမယ် အရည်အသွေးက ကျကျသွားမယ်
ဒါပါပဲ ..း( ... ခုကျွန်တော်လည်း ဒီပို့စ်ဖတ်ပီး မစားတော့ပါ ...

mabaydar said...

We can't expect to avoid the harmful chemical in the oil or whatever they have since they are almost in every food we consume. Despise of these things, i just complaining that they can't even keep just this original quality things. Since we were born in this century, there are a lot of harmful chemicals things are all around us.

moekhar said...

အစ်မရေ
ညီမဆို မစားဖြစ်တာကြာပေါ့
အထက်တန်းတုန်းက စားကောင်းတာ မှတ်မိတယ် .. ကြိုက်လည်း ကြိုက်တယ် .. ထမင်းနဲ့လည်း စားဘူးတယ် .. ဒါပေမယ့်နောက်ပိုင်း အရသာကို မကြိုက်တော့တာ .. စားနေကျလူဆိုတော့ သိတယ်လေ .. အချပ်လေးတွေ ပါးသထက်ပါး .. တူးတူးမဲမဲနဲ့ .. လေထိုးထားတဲ့အထုပ်ကြီးထဲမှာ ပါတာက ၅ ပုံ ၁ပုံလောက် .. မစားတော့တာကြာပြီ .. နောက်လည်း စားဖို့ စိတ်မကူးတော့ဘူး .. စိတ်လေဒယ် ........

Anonymous said...

I have the same feeling with you.
CTM

Thuzar said...

အပြည့်အ၀ ထောက်ခံပါသည်။
အခုတော့ တိုးတိုးက တကယ် ညံသွားပါပြီ။ သူ့အစား ဖြိုးဓနဆိုတာ တက်လာတယ်. ပြီးတော့ "ဆရာမလေးအာလူးကြော်" ဆိုတာလည်း ရှိသေးတယ်။

ကျောင်းသူဘ၀ကိုတော့ အမှတ်ရမိပါသေးတယ်။ အမြဲတမ်း အားလူးကြော်တစ်ထုပ်နဲ့။ ^_^

Btw, ဒီဘလော့ကို အခုမှ သိတာပါ. Bookmarks တော့ လုပ်သွားပြီ.
နောင်လည်း အားပေးနေမှာပါ.

Doughnut IO said...

သူမြင်ဖို့ အခွင့်အလမ်းများအောင် လောရှည် - ကတဲ့ပွဲမှာ ထပ်ဆင့် ဖော်ပြပေးမယ်လေ။

ခွင့်ပြုတယ်ဆိုရင် ထုံးစံအတိုင်း lawshay@lawshay.com ကို မေးလ်လေး တစ်စောင် ...

mabaydar said...

သူဇာရေ.. ဖြိုးဓနဆိုတဲ့ တံဆိပ်တော့ မြင်ဘူးတယ်... peninsula မှာ ရှာပြီး try ကြည့်လိုက်အုံးမယ်...
Bookmark လုပ်သွားတဲ့ အတွက် ကျေးဇူးကမ္ဘာ..

လောရှည်ရေ... အီးမေးလ် ပို့ပြီးပါကြောင်း...

Linn Zaw Win said...

I also totally agree with that.
It was my favorite snack since my childhood days; also my curry sometimes like in your post.
I also can't stand anymore for the reduced amount in each packet so that I seldom buy and eat that.
Cheers for your decision. ;)

My suggestion for them is to increase the amount as well as the price if they can't cover the production cost with big amount. As for now, I have to eat 2-3 packets for one time and I feel like paying more for the package cost. ;(