Thursday, October 29, 2009

လီမင်ဟိုနဲ့ ကျမ..

၂၄ ရက် အောက်တိုဘာ ၂၀၀၉ မှာ Boy over flower နဲ့ လူကြိုက်များခဲ့တဲ့ မင်းသားချော လီမင်ဟိုတစ်ယောက် ETUDE မိတ်ကပ်ဆိုင် ပရိုမိုးရှင်းအတွက် စကာင်္ပူကိုလာမယ်ဆိုတာကို သူငယ်ချင်းတစ်ယောက်ပြောလို့ သတင်းရခဲ့တယ်... အဲဒိဆိုင်က ၂၀၀ကျော်ဖိုးဝယ်ရင် ပထမဆုံး အယောက် ၁၀၀ ကို လီမင်ဟိုနဲ့အတူ St. Jame မှာ close door Club ကို သွားဖို့ လက်မှတ်ရမယ်လို့လဲပြောတယ်... အစက သွားဝယ်မလို့ စိတ်ကူးမိသေးတယ်.. နောက်တော့ သတင်းပေးတဲ့ သူငယ်ချင်းကိုယ်တိုင်က သူသွားစုံစမ်းပြီးပြီ အဲဒိ အယောက် ၁၀၀ က ပြည့်သွားတာ ကြာပေါ့တဲ့...

နောက်ပြီး ပလာဇာ စကာင်္ပူရားမှာ လီမင်ဟိုရဲ့ တွေ့ဆုံပွဲရှိတယ်တဲ့လေ... ဒါနဲ့ လေယာဉ်ကွင်းသွားစောင့်ရင်ကောင်းနိုး... ပလာဇာ စကာင်္ပူရားမှာ သွားကြည့်ရင်ကောင်းနိုးဖြစ်နေမိတယ်... မကြီးမငယ်နဲ့ ကလေးတွေကြားတိုးရမှာလဲ ရှက်စရာလေ...

အမှန်တော့ လီမင်ဟိုကို အရမ်းအကြိုက်ကြီး မဟုတ်ပေမဲ့... မဗေဒါရဲ့ စကာင်္ပူလာရတဲ့ ရည်ရွယ်ချက်လေး တစ်ခုက မပြည့်သေးလို့ လုပ်ချင်တာတစ်ခုပါပဲ... ၁၀ တန်းအောင်ပြီးတော့ မိဘတွေက စကာင်္ပူလာဖို့ အတင်းစာမေးပွဲဖြေခိုင်းတော့ လုံးဝမလာချင်ခဲ့ဘူးလေ... အဲဒိအချိန်တုန်းက စကာင်္ပူလို့များ အသံကြားရင် သောကမျက်ရည် ဘူးသီးလုံးလောက်ထွက်တာပေါ့... ဒါပေမဲ့ အဲဒိအချိန်တုန်းက Boy over flower ရဲ့ ထိုင်ဝမ် version "Meteor Garden" ကို အရမ်းကြိုက်နေတဲ့အချိန်... အဲဒိထဲက မင်းသားတွေအကြောင်းလိုက်ဖတ်နေတဲ့ အချိန်ဆိုတော့... သူတို့တွေ စကာင်္ပူမှာ စတိတ်ရှိုးလာလုပ်တာတို့ စကာင်္ပူကို လာတာတို့တွေ သွားတွေ့တော့... ဒီလိုစဉ်းစားမိတယ်...
" ငါ မြန်မာပြည်မှာနေရင်တော့ ဒီလို International Stars တွေနဲ့ တွေ့ဖို့ အခွင့်အရေးမရှိဘူး... စကာင်္ပူသွားရင်တော့ အခွင့်အရေးရှိသေးတယ်" ဆိုပြီး အဲဒိအချိန်ကနေစပြီး စိတ်ဒုန်းဒုန်းချပြီး လာဖို့ ဆုံးဖြတ်ခဲ့တာ...

ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး... ဒီရောက်တော့ ကျောင်းသွားရ... Part Time အလုပ်ပြေးရ... Project လုပ်ရနဲ့... ထိုင်ဝမ် F4 စကာင်္ပူလာတာလဲ သိလိုက်ပါတယ်.... Part Time အလုပ်နဲ့ အချိန်ကိုက်နေလို့ အလုပ်ပဲ သွားလိုက်တယ်... သူတို့ ရှိုးပွဲကြည့်ဖို့ကလဲ အဲဒိတုန်းက အနိမ့်ဆုံအတန်းတောင် ဒေါ်လာ ၁၀၀ ကျော်တယ်ဆိုတော့ မကြည့်နိုင်ခဲ့ဘူး... ဒီလိုနဲ့ပဲ သူတို့ပြောသမျှလဲ ငါနားလည်တာမဟုတ်ပါဘူး ဆိုပြီး စိတ်ဖြေခဲ့ရတယ်... တီဗွီထဲကနေကြည့်ရင် ပိုတောင် ကြည်ကြည်လင်လင်မြင်ရသေးတယ်ပေါ့...

ခုလဲ လီမင်ဟိုကလာတယ်ဆိုတော့ အကြိုက်ကြီးမဟုတ်ပင်မဲ့... ခုလို International Stars ကို အပြင်မှာ မြင်ဖူးချင်တဲ့ စိတ်ကလေးတော့ ရှိတယ်လေ... ပိုက်ဆံလဲ ခုအတော်အတန် သုံးနိုင်ပြီဆိုတော့... ကိုယ့်ထက်ဆိုးတဲ့သူတွေက များနေတယ်... အဲဒိနေ့က လေဆိပ်မှာ သွားကြိုမလို့ပဲ... သိနေပါတယ်... သူ့ကို ကြိုက်တဲ့ စလုံးက Fun တွေနဲ့ တိုးဝှေ့နေရမယ်ဆိုတာ... နောက်ပြီး လူကလဲ နေသိပ်မကောင်းတာရော... တက်လက်စ သင်တန်းကလဲ ရှိနေတာရောဆိုတော့... သင်တန်းပဲ သွားလိုက်ပါတယ်... ဒါပဲ မှန်သွားတယ်ပြောရမလားမသိဘူး... အောက်က ဗွီဒီယိုတွေသာ ကြည့်ကြည့်ပေတော့... ကိုယ်သွားရင် အသက်တောင် ပြန်ပါလာပါ့မလားမသိဘူး...
ဟင်း... ဟင်း.... Paris Hilton လောက်ချမ်းသာလို့ကတော့ လီမင်ဟိုကို အိမ်ဖိတ်ပြီး ကိုယ့်တစ်ယောက်ထည်းကို ဖျော်ဖြေခိုင်းမယ်...


လီမင်ဟို ချိုင်ကီလေဆိပ်ရောက်ပုံ



OMG! he is soooo tall. Did u guys see he alone is stunning in the middle of everyone. Can see him clearly cos he is tall. So let's continues next place.....


လီမင္ဟို ပလာဇာ စကာၤပူရာ Etude House မွာ...



ဒါကေတာ့ လီမင္ဟိုကို အင္တာဗ်ဴး..



8 comments :

ဒ႑ာရီ said...

ဟုတ်တယ်နော် မမ ကိုးရီးယား မင်းသားလေးတွေက ချောတယ်။း)
အောင်မလေး မမရယ် မသွားတာပဲ တော်သေးတယ်။ မမပြတဲ့ ဗီဒီယိုလေးပဲ ကြည့်လိုက်တော့တယ်။ ဟူးးးး

ခင်မင်လေးစားလျှက်

နွေးနေခြည် said...

ဟယ်........ မသိလိုက်ဘူးတော့
လီမင်ဟို ကြိုက်တယ်...

ဟင်း... ဟင်း.... Paris Hilton လောက်ချမ်းသာလို့ကတော့ လီမင်ဟိုကို အိမ်ဖိတ်ပြီး ကိုယ့်တစ်ယောက်ထည်းကို ဖျော်ဖြေခိုင်းမယ်... :D :P

Unknown said...

Paris Hilton လောက်ချမ်းသာလို့ကတော့ လီမင်ဟိုကို အိမ်ဖိတ်ပြီး ကိုယ့်တစ်ယောက်ထည်းကို ဖျော်ဖြေခိုင်းမယ် ဆိုရင် အဲ့အခါ သေချာပေါက် လက်တို့ လိုက်ပါ မဗေဒါလေး

mabaydar said...

ဒါပေါ့.. ပြောရမဲ့လူတွေမှ မဟုတ်တာ... ပထမနေ့တော့ ကိုယ့်တစ်ယောက်တည်းပေါ့.. ဒုတိယနေ့တော့ ကိုယ့်သူငယ်ချင်းတွေအတွက်ပေါ့... ဟဲ.. ဟဲ... ဒီနေ့ည စောစောအိပ်လိုက်အုံးမယ်... ညီမတို့လဲ စောစောအိပ်ကြနော်... ZZZZzzz

မဆုမွန် said...

ဘ၀မှ အိပ်ရေးအပျက်ခံပြီး ကားတစ်ကားတည်း ထပ်ခါတလဲလဲ ထိုင်ကြည့်ဖြစ်တဲ့ ကိုရီးယားကားက လီမင်ဟိုပေါ့ကွယ် ဟီးဟီး အရမ်းကြိုက်တယ် အဲ့မင်းသားလေး ဟဟဟဟ ကျေးဇူးနော် ဘန်ကောက်ရောက်လာရင် ထိုင်းမတွေကြားထဲ တိုးနိုင်မယ် မထင်ဘူး

မေလေး said...

Paris Hilton လောက်ချမ်းသာလို့ကတော့ လီမင်ဟိုကို အိမ်ဖိတ်ပြီး ကိုယ့်တစ်ယောက်ထည်းကို ဖျော်ဖြေခိုင်းမယ် အဲကျရင် မဗေဒါရေ ခေါ်နော် ခေါ်နော် လာခဲ့ချင်လို့းP

Vista said...

ကိုယ်အဲကိုရီးယားမင်းသားတွေမကြိုက်ပါဘူး(မင်းသမီးတွေပဲကြိုက်တာ ဟိ)
ဒါပေမယ့်မင်းသားလေးတော့သနားမိတယ် အဲဒီကောင်မလေးအုပ်ထဲရောက်သွားလို့ ကတော့သေမှာနော် ဟိဟိ
သူတို့ ဘဝမလွယ်လိုက်တာမှ

ToMMyGiRL said...

His plaza singapura event was cancelled :D
800 fans turned up to event..