Monday, April 27, 2009

နှုတ်ဆက်ပါတယ်.... (ပြန်လာမယ်. ပြန်ချစ်မယ်..)

ဒီနေ့ညမှ စ၍ ကိုရီးယား ရှန်ဟိုင်းခရီးစဉ် ထွက်ခွာရတော့မည်ဖြစ်ပါသောကြောင့် နောက်ထပ် ၁၀ရက်မျှ ဘလော့လေးနဲ့ ဘလော့ဂါသူငယ်ချင်းများ.. မဗေဒါဘလော့ကို စာလာဖတ်သော စာဖတ်သူများနဲ့ ခွဲခွာရအုံးမယ်ဖြစ်ပါတယ်..

မဗေဒါမရှိသော အချိန်အတောအတွင်း မဗေဒါဘလော့လေးကို ဆီဗုံးတွင် အစာကျွေးခြင်း.. ပိုစ့်အဟောင်းလေးများကို လှန်လှော ဖုန်ခါပေးခြင်းဖြင့် ကြည့်ရှု စောင့်ရှောက်ပေးကြပါရန် ယုံကြည်စိတ်ချစွာ အပ်ပါသည်..

မီးမီးကတော့ Hyun Bin oppa, Yoon Kye Sang Oppa, Won Bin Oppa, Jang Daung Gun Oppa, Jo In Sung Oppa.. တို့ ရှိတဲ့နေရာကို သွားပြီး သူတို့ အငွေ့အသက်လေးတွေခံစားလိုက်ပါအုံးမယ်.. ချဉ်ဖတ်စော်နံမဲ့အရေးတော့ အတော်လေး တွေးကြောက်နေရပါသည်..

tour package နဲ့ သွားတဲ့အတွက် သိပ်တော့ ကြောက်စိတ်မရှိတဲ့အတွက်.. ဂျပန်သွားတုန်းကလောက်တော့ စိတ်မလှုပ်ရှားပါ.. သိပ်မပျော်ပါ.. ကိုယ့်ခြေကိုယ့်လက်နဲ့ ကိုယ့်ဘာသာကို သွားရတာတော့ ပိုသဘောကျတာပဲ.. ဒါပေမဲ့လဲ မကျွမ်းကျင်သေးတော့ ဒါက စိတ်ချရပါတယ်.. နောက်မှ ပဲ အကြောင်းစုံရှင်းပြတော့မယ်.. ပြန်လာရင် လက်ဆောင်တွေရော မုန့်တွေရော အများကြီးဝယ်လာခဲ့မယ်.. ကိုရီးယား.. ကောင်မလေးတွေ ကောင်လေးတွေကိုလဲ ဘလော့ပေါ် ခေါ်လာခဲ့မယ်..
ခုတော့ သွားခံနီးထိ ဘလော့ရေးနေလို့ အဖေဆူနေပြီ.. သွားတော့မယ်နော်..

Sa rang hae yo!!!!!!!!!!! Aja.. Aja.. Fighting...

14 comments :

မယ့်ကိုး said...

ညီမလေး တာ့တာ ...ပျော်ရွှင်ပါစေ...

နွေးနေခြည် said...

တာ့တာ မုန့်ဝယ်ခဲ့

Unknown said...

အမလေး သွားလေသူကြီးရဲ့...။ အီး ဟီး ဟီး ဟဲ ဟဲ :P

Anonymous said...

ကျနော့်အတွက်လည်း တစ်ယောက်လောက် လှလှလေး ၀ယ်ခဲ့ပေး =)

သီဟသစ် said...

အားကျပါ့ကွယ်

အဆင်ပြေချောမွေ့ Video များများရိုက်နိုင်ပါစေ..

မောင်မျိုးလိုတော့မမှာတော့ပါဘူး..

Anonymous said...

LH တို့ကတော့ သွားပြန်ပြီ... ကောင်းပ ညီမရယ်.. အားကျလိုက်တာ... ၁ယောက်တည်းလား.. ma SP နဲ့ ma MM ရောလား.... ပျော်ပါစေ

မိုးခါး said...

ပျော်စရာကြီး
လိုက်ချင်လိုက်တား)
ပျော်ရွှင်စရာခရီးဖြစ်ပါစေ

Minn Yoon Thit said...

안녕히 가세요. 내가 요즘하는 동안 당신을 기억할 것입니다.

တောင်ပေါ်သား said...

သားလဲ လိုက်မယ် ချန်မထားနဲ့ အယ် မီတော့ဘူး သူက သွားပြီး ပျော်ရွှင်ဖွယ် ခရီးစဉ်လေး ဖြစ်ပါစေ အမရေ.. ပြန်လာရင် ပုံတွေနဲ့ဘလော့လေးက အသက်ဝင်နေဦးမှာပေါ့။ သန့်ရှင်းရေး လုပ်ထားပေးမယ် သားအတွက် အရုပ်ဝယ်လား အဟား ဟား


လေးစားလျက်
တောင်ပေါ်သား

:P said...

ချဉ်ဖတ်ဝယ်ခဲ့၊ ရေညှိဝယ်ခဲ့၊

mw said...

Have a nice trip !!!

Life is for Success said...

ma ma gyi ma bay dar,

buy for me more snacks... i will come and take at lobby(beside security).:)

Anonymous said...

အဲ့အယ် ........ ဘယ့်နှယ့်ကွယ်။ သွားခါနီးထိလို့  ရေးပါဟ။ မြန်မာ စကားက အရေးမတတ်ရင် သိတယ်နော်။

ဘိုဘို said...

မြန်မြန်ပြန်လာခဲ့ဟေ့.. ရောက်ရင် အဲကအတွေ့အကြုံတွေရေးပေး.. ဖတ်မလို့ စောင့်နေတယ်