၂၀၀၉ ခုနှစ်အတွက် စကာင်္ပူရောက် မြန်မာသင်္ကြန်ကိုတော့ ဒီနှစ်မှာ နေရာအတော်များများမှာ တပြိုင်တည်း ကျင်းပဖြစ်ခဲ့ပါတယ်.. စကာင်္ပူထုံးစံအတိုင်း မနက်ပိုင်းမှာ ဘုန်းကြီးကျောင်းများကို အရင်သွားကြပြီး ဘုရားဖူး စတုဒီသာများ စားသောက်ပြီး ရေအနည်းငယ် ပက်ကစားသူလဲ ပက်ကစားကြပါသည်.. ယောကျာင်္းလေးဆိုလျှင် ရေစိုလေ့သိပ်မရှိပဲ.. မိန်းကလေးဆိုလျှင်တော့ အနည်းနှင့် အများရေစိုကြပါသည်.. ယခုနောက်ပိုင်းနှစ်များတွင် စကာင်္ပူရောက် မြန်မာလူဦးရေမှာ အံ့မခန်းလောက်အောင် များပြားလာခြင်းကို ကျမ ယနေ့ ၁၂ ဧပြီလမှာ ကျင်းပတဲ့ စကာင်္ပူရောက် မြန်မာသင်္ကြန်မှာ အတော်လေးကို သဘောပေါက်သွားပါတော့တယ်.. ယခင့် ယခင်က တိုပါးရိုးရှိ ရွှေကျောင်းဟု အများသိသော ဘုန်းကြီးကျောင်းနှင့် ပန်နီဆူလားပလာစာတွင်သာ ကျင်းပလေ့ရှိခဲ့သော်လည်း.. မနှစ်ကစ၍ ယခုနှစ်တွင်မူ တိုးပွားလာသော မြန်မာဘုန်းကြီးကျောင်းများကိုလဲ ကြည်နူးဖွယ် တွေ့မြင်ရပါသည်.. တိုပါရိုး ရွှေကျောင်းအပြင် ဆန်ဘာဝမ်းရှိဘုန်းကြီးကျောင်း များတွင်လည်း စတုဒီသာများနှင့် တည်ခင်းကျွေးမွေးသည့်အပြင် ယူးနို့ရှိဘုန်းကြီးကျောင်းတွင် စတုဒီသာအပြင် သွေးလှူရန် ၀န်ဆောင်မှုပေးခြင်း.. သက်ကြီးရွယ်အိုများကို ပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်..
ကျမလုပ်အားပေးဖို့ရောက်တဲ့အချိန် မနက်၈နာရီဆိုတော့ လူတော့ သိပ်မကြပ်သေးပါဘူး.. ဓာတ်ပုံများကို ရှုစားကြပါ..
ယူးနို့ဘုန်းကြီးကျောင်းရှိ ဓာတ်ပုံများ..

တိုပါးရိုးကို ရောက်သွားတဲ့ အချိန်မှာ မနက် ၉နာရီခွဲရှိနေပြီဖြစ်သဖြင့် အတော်လေး လူကြပ်နေပါပြီ.. ရေပတ်ကစားသူများလည်းရှိသော်လည်း.. စကာင်္ပူထုံးစံအတိုင်း ရေစွတ်ရုံသာဖြစ်ပြီး ရေလောာင်းကြခြင်းတော့ မဟုတ်ပါ.. တိုပါရိုး ဘုန်းကြီးကျောင်းသင်္ကြန် ဓာတ်ပုံလေးများရှုစားကြပါ...
တိုပါရိုးဘုန်းကြီးကျောင်း သင်္ကြန်...
ဟင်.. ဒူးရင်းသီးနံ့ကြီးနဲ့..
ဘာပဲဖြစ်ဖြစ် ရွှေရင်အေးတော့ အရမ်းသောက်ချင်နေလို့.. နှာခေါင်းပိတ်ပြီးစားလိုက်မယ်.. ရှလွတ်.. ကောင်းမှကောင်း..
ဘာပဲဖြစ်ဖြစ် ရွှေရင်အေးတော့ အရမ်းသောက်ချင်နေလို့.. နှာခေါင်းပိတ်ပြီးစားလိုက်မယ်.. ရှလွတ်.. ကောင်းမှကောင်း..
ပင်နီဆူလား ပလာဇာ...

3 comments :
တိုပါးရိုးက ပြည်ထမင်းသုတ်မစားခဲ့ရဘူး။ တိုးလို့မနိုင်တော့လို့လက်လှမ်းမှီသမျှပဲ စားခဲ့ရတယ်။ မုန့်ဟင်းခါး ငှက်ပျောအူဖတ်နဲ့ ကောင်းမှကောင်း ( ဟင်းရည်တစ်အိုး ကုန်သွားလို့တဲ့၊ နောက်တစ်အိုးရောက်ရောက်ချင်းစားတာ ။ ပူပူလေး ။ ကြာဇံဟင်းခါး( အဆာပလာတွေအများကြီးနဲ့ တကယ်ကောင်း )၊ ရခိုင်သင်္ဘောသီးသုတ် ( စပ်မှစပ်၊ ရှူးရှဲနဲ့ ကောင်းလွန်းလို့ အခုထိစားချင်နေသေးတုန်း ၊ ရခိုင်အသိရှာလိုက်ဦးမယ်)။ နောက်ပြီး ရွှေရင်အေး ( ကိုယ်ကဒူးရင်းသီးကြိုက်သူမို့ ကောင်းမှကောင်း)။ ဆန်ဘားဝမ်းက မုန့်လုံးရေပေါ်ပူပူလေးနဲ့ ရွှေရင်အေးလဲသောက်ခဲ့သေးတယ်။ ဟုတ်ပ..မြန်မာတွေ သဒ္ဒါထက်တာ ။ နောက်နှစ်လဲ ဒီထက်အများကြီး လှူနိုင်ကြပါစေ။
မဗေဒါကို ရေလာင်းသွားပါတယ်။ ဗွမ်း. ဗွမ်း. ဗွမ်း.
Thanks a lot for this post sharing with many pics for many places although missing Yangon and Mandalay Thingyan.
Happy Myanmar New Year, sis!
သင်္ကြန်ရေလို အေးမြပါစေ
မြန်မာပြည်သူများ သာယာဝပြောပါစေ
ငြိမ်းချမ်းကြပါစေ
ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ
Post a Comment