အမှန်တော့ မဗေဒါပိုစ့်မရေးဖြစ်တဲ့ အဓိက အကြောင်းပြချက်က ၃ချက်ရှိပါတယ်..
ပထမတစ်ချက်က ပြန်ရောက်ပြီးကတည်းက ၁ရက်ပဲနားပြီး နေ့တိုင်းအလုပ်ပဲသွားနေရလို့ပါ… သုံးတုန်းက သုံးပြီးတော့ ခုမှ ပြန်ရုန်းနေရလေရဲ့… ဟတ်… ဟတ်…
ဒုတိယအချက်ကတော့ တော်တော်ဆိုးပါတယ်... ခရီးမသွားခင် ၂ပတ်လောက်ထဲက အလုပ်ထဲမှာ အင်တာနက်ဖြတ်ခံထားရပါတယ်… ဘာရယ်ညာရယ်တော့မဟုတ်ပါဘူး… ချစ်လှစွာသော အိုင်တီဋ္ဌာနကလူများက အင်တာနက်ရှိရင် ဗိုင်းရက်စ်ဝင်ပြီး သူတို့အလုပ်ရှုပ်ပါတယ်ဆိုပြီး လာဖြတ်သွားတာပါ… (မေတ္တာကိုမရှိဘူး အင်တာနက်မရှိလဲ ဗိုင်းရက်စ်ကိုက်အောင်လုပ်တတ်ပါတယ်နော်... အဲလိုသူများကပြောတာပဲ.. မဗေဒါဟုတ်ဝူး.. အဟိ..).. ဒီတော့ ၁ရက်မှာ ၁၂နာရီ အလုပ်လုပ်တယ်.. အလုပ်အသွားနဲ့ အပြန် ၂နာရီပေါင်း ၁၄ နာရီ အိမ်ပြန်ရောက်တော့ ညစာစား.. မေလ်း လေးစစ်.. facebook က pet society လေး ကစားလိုက်တယ်ဆိုရင်ပဲ နာရီက ၁၁နာရီဘယ်လိုကျော်နေမှန်းမသိ..
ပြန်ရောက်ပြီးတည်းက ဓာတ်ပုံလေးတွေ တင်လိုက်… ကင်မရာပေါင်းစုံနဲ့ ရိုက်လာတဲ့ပုံတွေကို ကွန်ပြူတာထဲထည့်.. သူငယ်ချင်းကင်မရာနဲ့ ရိုက်ထားခဲ့တဲ့ပုံတွေကို ဒေါင်းလုပ်ဆွဲ… အချိန်တွေက ဟိုလှည့်ဒီလှည့်နဲ့ အိပ်ချိန်တွေသာ မလိုအပ်ရင်သိပ်ကောင်းမှာပဲ.. ၁ရက်မှာ ၂၄နာရီက သိပ်နည်းလွန်းနေတယ်…
အင်တာနက်လေးနဲ့က မျက်နှာချင်းဆိုင်ရတာဆိုလို့ ခုဆို ၁ရက်မှာမှ ၃ ၄ နာရီလောက်ပဲရှိတယ်.. မသနားဘူးလားဟင်… သနားပါတယ်နော်… (မသနားလဲ အားနာပါးနာ သနားလိုက်ပါ…)
အဲ… နောက်ဆုံးအချက်ကတော့... ကြွေးထူတဲ့သူ မပူ... သန်းထူတဲ့သူ မယားဆိုတဲ့ စကားပုံလေးအတိုင်း မဗေဒါလဲ ဘလော့မှာ ရေးဖို့အကြွေးတွေအရမ်းများနေတော့ အချိန်ကမလောက် ဘာကို အရင်စရေးရမလဲကမသိနဲ့ ခေါင်းတွေရှုပ်ပြီး ပစ်ထားလိုက်တော့တာပါပဲ... ဂျပန်သွားတုန်းကအကြောင်းကလဲ ခုမှ ၃ရက်မြောက်နေ့ထိပဲရေးရသေးတယ်… ၁၀ရက်ရှိတာ... ခုလဲ ကိုရီးယားခရီးစဉ်က ထပ်ရေးဖို့ရှိလာပြန်ပြီ… နောက်ပြီး ကိုကိုမောင် တက်ဂ်ထားတဲ့ ကိုယ့်ဝါသနာအကြောင်းလဲ ရေးဖို့ရှိသေးတယ်… တက်ဂ်ထားတာတောင် တော်တော်ကြာပြီ… ခုထိမရေးရသေးလို့ မေ့တောင် မေ့နေပြီလားသိဘူး… စိတ်လဲမဆိုးစေချင်ဘူး… ရေးဖြစ်အောင်ကို ရေးမှာပါ… ရေးလဲ ရေးချင်ပါတယ်…
ခရီးသွားအကြောင်းကိုတော့ လူကြိုက်သည်ဖြစ်စေ... မကြိုက်သည်ဖြစ်စေ... ကိုယ်ပိုင်မှတ်တမ်းလေးတစ်ခုအနေနဲ့တော့ မဗေဒါက ရေးမှာပါ... များသောအားဖြင့် ခရီးသွားမှတ်တမ်းတွေက ပိုစ့်ရှည်ပြီး ပျင်းစရာကောင်းချင်ကောင်းနေမှာမို့ စာလာဖတ်တဲ့သူတွေကိုလဲ အားနာတယ်လေ…

လောလောဆယ်တော့ ဟိုက ၀ယ်လာတာလေးတွေ လက်ဆောင်ပေးရအုံးမပေါ့… ၀ယ်ပြီးပြီးချင်း ဓာတ်ပုံမရိုက်မိပဲ… ခုမှ ပိုစ့်တင်တော့ တစ်ချို့လက်ဆောင်တွေက ပေးပြီးသွားပြီ… ဒီတော့ ရှိတာလေးတွေယူနော်…

ကိုရီးယား ကောင်လေးတွေ ကောင်မလေးတွေကတော့ ဆိုးပါဘူး… ချောတဲ့သူတွေရှိသလို မချောသူတွေလဲ ရှိတယ်… ရာသီဥတုကြောင့်ပဲလား… skin care product တွေကပဲ ကောင်းလို့လားတော့ သိဘူး… အသားအရည်ကတော့ အတော်လှကြတယ်… မျက်နှာပေါက်တွေကတော့ မျက်ပေါက်မှေးမှေး… မျက်ခွံမရှိ ပုံစံလေးတွေချည်းပါပဲ… ချောနေရင်တောင်မယုံရဘူး… ခွဲစိတ်ပြုပြင်ထားတာတွေက ခပ်များများရယ်… ဒါပေမဲ့ ကိုယ်တို့ အဖွဲ့ရဲ့ လက်ထောက် ဂိုက် (သို့) ဓာတ်ပုံဆရာလေးကတော့ အတော်မိုက်တယ်… မျက်နှာက အချောကြီးမဟုတ်ပင်မဲ့ Average ထက်တော့သာတယ်… အကြိုက်ဆုံးကတော့ အရပ်အမြင့်ကြီးပဲ… အသားဖြူဖြူ နှာတံပေါ်ပေါ်… မိုက်မှ မိုက်… ကိုယ့် စံနဲ့တော့ ကွက်တိပဲ… အဟိ… (ကြော်ငြာဝင်မိပြီထင်တယ်နော်… ဘွာတေး… နောက်မှပဲ တွေ့ခဲ့တဲ့သူတွေအကြောင်းရေးတော့မယ်…)
အော်… ဒါနဲ့ မဗေဒါ ဟိုမှာ စားခဲ့သမျှတွေကိုတော့ တတ်နိုင်သလောက် သူငယ်ချင်းတွေကို အွန်လိုင်းမှာ စိတ်ကူးနဲ့စားလို့ရအောင် ဓာတ်ပုံရိုက်လာတယ်… မဆိုးပါဘူး… ထင်ထားတာထက်တော့ အတော်လေး စားကောင်းခဲ့တယ်… Swine flu ဖြစ်နေကာမှ… ခရီးစဉ်တောက်လျှောက် ၀က်သားနဲ့ပဲ ရက်တော်တော်များများ နှစ်ပါးသွားခဲ့တယ်… စားကြပါအုံးနော်…



ရိုးရိုးကြက်ဥကြော်နဲ့တော့ အရသာနဲနဲကွဲတယ်... သူတို့က မုန့်နှစ်တစ်မျိုးနဲ့ ထည့်ကြော်ထားသေးတယ်... ကြက်သွန်မိတ်လေးတွေလဲပါတယ်... ဒါလဲစားကောင်းတယ်... ဒါလဲနာမည်မေ့လာတယ်...







ဆိုလ်းမှာ ပထမဆုံးစားတဲ့ ညစာ... ကြက်သားနဲ့ အာလူး ကိုရီးယားစတိုင်ပေါ့... ဒါလဲစားကောင်းတာပဲ... ဘေးက side dish ချဉ်ဖတ်လေးတွေနဲ့လဲ အတော်လေးလိုက်တယ်... မှတ်မှတ်ရရ အဲဒိဆိုင်က ဆိုင်ရှင်မိန်းမက အတော်လေး ချောတယ်... ကျက်သရေရှိတယ်ပြောရမလားပဲ...



ဒါကတော့ နောက်နေ့ နေ့လည်စာ sha bu sha bu လို့ခေါ်တယ်... ပူပူလေးမှာ အရွက်တွေနဲ့ ၀က်သားပြားတွေ ထည့်ပြီး သောက်ရတဲ့ ဟင်းချို... စားခဲ့သမျှထဲမှာ ဒီ menu ပဲ နာမည်မှတ်မိတယ်... လွယ်လဲလွယ်တယ်... အရင်က ရုပ်ရှင်တွေထဲမှာလဲ ကြားဖူးလို့ဖြစ်မယ်...
ကဲ... ကဲ.. ခုလောက်ဆို အားလုံး တော်တော်လေး ဗိုက်ဝသွားလောက်ပြီထင်ပါတယ်... ရှန်ဟိုင်းမှာကျွေးတာတွေ တင်လိုက်ရင် စိတ်ကုန်သွားမှာဆိုးလို့ မတင်တော့ပါဘူး... ရှန်ဟိုင်းမှာတော့ ကိုကိုယ်တိုင်လဲ စိတ်က အတော်လေးမှ ညစ်နွမ်း စုတ်ပြတ်ပြီး Mood မကောင်းတာနဲ့ ဓာတ်ပုံတောင် ရိုက်ချင်စိတ်သိပ်မရှိခဲ့ပါဘူး... အကြောင်းစုံကိုတော့ နောက်များကျမှပဲ ဆက်လက်တင်ဆက်ပါအုံးမယ်....
14 comments :
Welcome back. :D အစားချည်းတော့ မမြင်ချင်ဘူး။ မစားရပဲ မြင်တာနဲ့ ဗိုက်ဆာတယ်။ ရှုခင်းပုံကလေး ဘာလေး လုပ်ပါဦး။ ရှေ့မှာ မင်းသမီးပုံ ပါရင်လည်း ကိစ္စ မရှိဘူး။
လာမယ်လေကွယ်... ဖြည်းဖြည်းပေါ့.. နောက်မှ တော်ပါပြီ မပြောနဲ့... ဟား.. ဟား..
ရှန်ဂရီလာ ကပုံကလေးတွေလည်းလုပ်ပါဦါ် မီးသမီးအခန်းများပါစေ။
အဟား သရေ လာကျသွားတယ် ရှလွတ်...
လေးစားလျက်
တောင်ပေါ်သား
စားချင်စရာလေးတွေ.... အပေါ်ဆုံးက ဝက်သားပြားကို အချဉ်နဲ့ တို့စားလိုက်လို့ကတော့... ရှလွတ်
အင်တာနက် ၂ ပတ်ပိတ်တယ်ဆိုတော့ ဆိုးတာပေါ့...
ဗိုင်းရပ်စ်ဝင်မှာစိုးရင် scanner ထည့်ထားပေါ့..
စာဖတ်ပြီးတော့ ပုစွတ်ထုပ်ကြီး စားသွားပါတယ်...
ကိုလူထွေး သေချာမဖတ်ဖူးထင်တယ်... ၂ပတ်ပိတ်တာမဟုတ်ပါဘူး.. မသွားခင် ၂ပတ်ထဲက အပြီးတိုင်ပိတ်လိုက်တာပါ...
ဆိုဂျူး တစ်ခွက်လောက် ကစ်လိုက်တာ...
“ဖလူး ဖလူး..” မူးသွားတာပဲ တကယ့် အရက်ပြန် သောက်မိသလို.. ;)
ဝါးတီးတွေက ကောင်းမှကောင်း ဖတ်ရင်း ကြည့်ရင်း “ဂလု ဂလု” နဲ့ မျိုမျိုချနေရတယ်.. :P
လုပ်ပါဦး ရှုခင်းလေးတွေ.. ကိုးရီးယားမလေးတွေ..
အားပေးနေပါတယ်..
ကိုရင်နော်
မင်းသားပုံလေးတင်ပါအုံး..ကြည့်ချင်လှပြီ..ဟဲဟဲ..
အဟဲ.. မင်းသားဆိုတာ ဘူလေးကို ပြောတာလဲဟင်... မဗေဒါနဲ့တွေ့ခဲ့တဲ့ အိုပါးလေးကိုပြောတာလား.. သူလေးကလာမယ်.. ဗွီဒီယိုထဲမှာ မတော်တဆ (တခါတလေလဲ တမင်တကာ) ပါလာတဲ့ပုံတွေကို စုပြီး သီချင်းနဲ့ အက်ဒစ်လုပ်မလို့... ဒီတော့ ကြာအုံးမယ်...
မစောင့်နိုင်တော့ဘူး..ကြည့်ချင်ပြီလေ..
အခုက မင်းသမီးအခန်းနဲ့ အစားအသောက်တွေပဲလာနေသေးတယ်..
မင်းသား oppa ကို ပြောတာပါ.. အပေါ်မှာလဲ ညွှန်းထားတော့ ကြည့်ချင်လို့..
မဗေဒါ ကြည့်ရတာ ဒီခရီးသွားမှ ပိုဝလာသလိုပဲ :P
အစားအသောက်တွေချည်းပဲ တင်နေတော့ ခက်တာပဲ။ ခရီးသွားပို့စ်လား အပြီးစားစို့လား?
ဗေဒါပင်ပုံက ပါသေးတယ်။း)
ဟုတ်ကဲ့ကိုတောင်ငူရေ... ဒါက ပြန်ရောက်ပြီးတော့ ခရီးသွားပို့မရေးနိုင်သေးလို့ ရိုက်လာသမျှ အစားအသောက်လေးတွေကို မျှဝေပြီး အင်ထရိုဝင်လိုက်တာ.. အစ်ကို့ ကျိုက်ထီးရိုးက ယုန်သားကင်လို့ပေါ့...
Post a Comment