Sunday, April 12, 2009

စီးတီးဟော စတိတ်ရှိုးနှင့် ၁၅ကျပ်သင်္ကြန်... ၂၀၀၉ ခုနှစ်




ယခုနှစ် city hall အစီအစဉ်မှာမူ စကာင်္ပူဒူးရင်းသီးကြီးနားက ဘောလုံးကွင်း အကျယ်ကြီးကို ငှားပြီး မြန်မာနိုင်ငံရှိ အဆိုတော်များကို ခေါ်ကာ ဖျော်ဖြေရေး ရေပတ်အစီအစဉ်များနဲ့ အကြီးအကျယ် ကျင်းပခဲ့ပါတယ်.. အဆိုတော်များမှာ ဇော်ဝမ်း၊ မျိုးကြော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ရဲလေး၊ ဖြူဖြူကျော်သိန်း၊ ရှင်ဖုန်း နှင့် အခြားသော အကဖျော်ဖြေမှုများလဲ ပါဝင်ပါတယ်.. မှတ်မှတ်ရရ ဇော်ဝမ်း သင်္ကြန်မိုးသီချင်းဆိုတဲ့ အချိန်မှာ သင်္ကြန်မိုးလို မိုးဖွဲလေးတွေ တကယ်ကျခဲ့ပါတယ်..



ဝင်ပေါက်မှာ တန်းစီးစဉ် (ဗွက်စတင်ပေပါတယ်..)

မမှီမကမ်း လှမ်းရိုက်ထားတဲ့ စတိတ်စင်..

ရေကစားဖို့ ကန်များနှင့် အဝေးက ဈေးဆိုင်များ...


အထဲက ဆိုင်တော်တော်များများကတော့ ပိုက်ဆံပေးဝယ်စားရပါတယ်.. ဒါပေမဲ့ ဖာလူဒါတော့ စတုဒီသာတိုက်ပါတယ်.. အအေးနဲ့ ရေသန့်တွေကိုတော့ ဆိုင်ဖိုးကြေရုံသာယူပြီး ဈေးသက်သာစွာအရင်းတိုင်းရောင်းချပေးပါတယ်.. မည်သို့ပင်ဆိုစေ.. အလကားကျွေးတဲ့ စတုဒီသာတောင် အေးအေးဆေးဆေးယူစားလို့ရပေမဲ့.. ဈေးကြီးပြီး တခွက်ကို ဒေါ်လာ ၆ကျပ်နဲ့ ရောင်းနေတဲ့ ဘီယာ ဆိုင်မှာတော့ ပြုံတိုးပြီး လုရက်ဝယ်ယူနေသော မြန်မာ အမျိုးသားများကိုလဲ တပုံတပင်တွေ့ရပါတယ်.. ကွင်းနောက်ဆုံးရှိ ယာယီအိမ်သာတွင်လည်း ၆ကျပ်တန်များကို ရေဖျောပစ်ခဲ့သူအများအပြား တန်းစီနေတာကိုလဲ အဆက်မပြတ်တွေ့ရပါတယ်..

စကာင်္ပူ မြို့လယ်ခေါင်နှင့် မြန်မာသင်္ကြန် မြင်ကွင်း..

နောက်ပိုင်း ကွင်းပြည့်နီးပါး လူပိုများလာခဲ့တယ်..


ရေပတ်ဖို့ ရေတိုင်ကီ ၃လုံးချထားပေးပြီး ပွဲအစတွင်တော့ ကလေးငယ်များနှင့် နိုင်ငံခြားသား တစ်ဦးနှစ်ဦးသာဆော့နေကြပြီး ပွဲစင်နားတွင်တော့ လူများပြီး တိုးမပေါက် မမြင်ရသဖြင့် မဗေဒါတို့လဲ ကလေးများရေကစားနေသော ကွင်းနောက်ပိုင်း တိုင်ကီနားရှိ လူထိုင်ရန်လုပ်ပေးထားသော ခုံတန်းများတွင်သာ ထိုင်လျက် ကြည့်ရှူခဲ့ရသည်.. မြက်ခင်းပြင်ဖြစ်သောကြောင့် ရေမစို့တစိုအချိန်တွင် နင်းလိုက်သမျှ ဗွက်ထသဖြင့် အစပိုင်းအတော်အနေခက်ခဲ့ရသည်.. အကြောင်းသိ၍ မနက်က၀တ်လာသော ဒေါက်မြင့်ဖိနပ်ကို ချွတ်၍ ပန်နီဆူလာ ပလာဇာတွင် ၈ကျပ်တန် ဖိနပ်ဝယ်စီးခဲ့လို့သာ တော်တော့သည်..
ကွင်းနောက်ဘက်ရှိ ခုံတန်းများ...

ဗွက်နဲ့ မြက်လူးနေတဲ့ ဗေဒါ့ခြေထောက်အလှ..

နောက်ပိုင်းတွင်တော့ ရေဆော့ရင်းဖြင့် ဗွက်တောထဲတွင် အနေသားကျခဲ့သည်.. ရေဆော့သော နေရာတွင် ရေနိုင်သွားသဖြင့် ဗွက်သိပ်မထတော့ခြင်းကြောင့်လဲ ဖြစ်သည်.. စတိတ်စင်ဘက် ကွင်းအရှေ့တွင်မူ အလွန်တရာမှ ဗွက်ထပြီး.. ဗွက်နံ့မှာ ၀က်မွေးမြူရေးခြံအတွင်းရောက်သွားသကဲ့သို့ပင်.. သို့သော် လူအတော်များများမှာ ဒေါ်လာများ အတန်အသင့် ရေဖျောပြီးသူများ ဖြစ်ခြင်းကတစ်ကြောင်း ရေစိုလာခြင်းကြောင်းတစ်ကြောင်း ဗွက်ပေလက်စနှင့် မထူးဟူသော စိတ်ကြောင့်တစ်ကြောင်း ဗွက်တော့ထဲတွင်ပင် ပျော်ရွှင်နေကြပုံရသည်.. ရေတိုင်ကီနားလာ၍ ခြေလာဆေးသူ အများအပြားကိုလည်းတွေ့ရသည်.. မည်သို့ပင်ဆေးဆေး သန့်သွားသည်မှာ တခဏသာဖြစ်မည်.. ဒီကွင်းထဲက ထွက်မှသာလျှင် ဗွက်လွတ်မည်ဖြစ်သည်..

ကျမ ဖေဖေ မေမေနှင့် ကျမကတော့ အသုတ်စုံ ၁ပွဲ ၃ကျပ်ဖြင့် စားလိုက်ကြတာ ၄ပွဲစားဖြစ်သည်.. ရေစိုစိုနှင့် အသုတ်ကလည်းအလွန်စားကောင်းသည်.. အစက ထိုင်နေသူများကို မည်သူမှရေလာမလောင်းကြသော်လည်း.. နောက်ပိုင်း ဖျော်ဖြေရေး ခေတ္တနားသောအချိန်တွင် ဒေါ်လာရေဖျောထားသူ အချို့ ရေကစားရာနေရာသို့ရောက်လာပြီး တိုင်ကီရေဖြည့်သော ပိုက်ကိုယူကာ ထိုင်နေသူများကို လိုက်ဖြန်းသောကြောင့် အားလုံးစိုကုန်ခြင်းဖြစ်သည်.. ရေမစိုသေးသောသူများလည်း သင်္ကြန်ရေထိ၍ ထိုသူကြောင့် ရေစိုသွားသည်ဆိုသော်လည်း.. ကလေးများကစားနေသော ရေတိုင်ကီသည် နောက်ပိုင်း လူအများအပြားရေကစားလာသောအခါ ပိုက်တစ်ချောင်းတည်းဖြင့်
အလျှင်မမှီရေဖြည့်နေရသောကြောင့်.. တစ်ဦးတစ်ယောက် ပျော်ရွှင်မှုအတွက် အများဆော့နေသော ရေပိုက်ကိုယူကာ လိုက်မလောင်းသင့်ဟု ကျမထင်မိသည်.. တာဝန်ရှိသူမှ ရေပိုက်ကို ကောင်းကောင်းမွန်မွန်ပြန်တောင်းတာတောင် ထိုသူက သိပုံမရ.. သူ့စိတ်ကြိုက် ရေပိုက်ကို သုံးနေသည်.. နောက်ဆုံး ရေပျက်(ချင်ယောင်ဆောင်) သွားတော့မှ ရေပိုက်ကိုချသည်.. တာဝန်ရှိသူက ခပ်ပြုံးပြုံးဖြင့် သူမသိသယောင်..
"ဟာ.. ရေပျက်သွားပြီ" ဆိုပြီး သူ့လက်ထဲ ပိုက်ပြန်ရောက်တော့မှ ရေက ပြန်လာသည်..
စကာင်္ပူလိုရေဈေးကြီးသောနိုင်ငံတွင် ယခုလို ပွဲအစအဆုံးရေပေးကာ အကြာကြီးဆော့ရသည်မှာ အလွန်ပင် ကြေနပ်စရာကောင်းလှသည်...

ဝန်းအပြင်တွင် လူအများကလည်း မြန်မာလူမျိုးများ၏ ရေသဘင် နှစ်ကူးကိုကြည့်ကာ အပျော်ကူးဆက်နေသူများကိုလဲတွေ့ရသလို.. လက်မှတ်မ၀ယ်တော့ပဲ ဘေးဘောလုံးကွင်းတွင်ထိုင်ကာ သီချင်းနားထောင်လိုက် ကြည့်လိုက်လုပ်နေသူ မြန်မာ အများအပြားကိုလဲတွေ့ရသေးသည်.. ဇကာပိုက်ပုံစံမျိုးနှင့်သာ ကာထားခြင်းဖြစ်၍ အပြင်မှလူများလဲ မြင်ရ ကြားရသည်.. အတွင်းကလူတွေလို လိုက်ကကြ လိုက်ခုံကြ ရေဘုန်းဘောလအော ကစားကြလို့မရတာသာရှိမည်.. အားလုံးကတော့ သိပ်မကွာလှပါ... အော်.. အပြင်ကလူများက ရွှံ့မပေပါ.. ဟဲ.. ဟဲ..

ဝန်းအတွင်း၌ အမှိုက်ကို စနစ်တကျပစ်ရန်နှင့် စည်းကမ်းရှိရန်စာရေးထားသောလည်း တချို့သူများက အမှိုက်များကို စည်းကမ်းမဲ့ပြစ်နေသူများကိုလဲ မြင်တွေ့ရသည်.. တချို့လူများကလည်း ဘေးလူကို ဂရုမထားပဲ.. ဗွက်ရေများပေါ် ဗြမ်းကနဲ ခုန်ကသောသူများကြောင့်လဲ ထိုင်နေသူများ ရွှံ့စင်ကာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာများလည်းရှိသည်.. ဤသို့သော အပြုအမူများမှာ အခြားသော နိုင်ငံသားများ အမြင်တွင် မြန်မာဆိုသည်ကို နှိမ်သထက်နှိမ်ချင်စဖွယ်ဖြစ်အောင် လုပ်ပြနေသကဲ့သို့ပင်.. ကျမတို့ မြန်မာလူမျိုးများ၏ ဂုဏ်ကိုထိမ်းသိမ်းဖို့မှာ မြန်မာလူမျိုးတိုင်းရဲ့တာဝန်ဖြစ်သည်လို့ ကျမမြင်သည်.. အထူးသဖြင့် သူများနိုင်ငံတွင်နေထိုင်နေသော မြန်မာလူမျိုးများအနေဖြင့် ကိုယ့်ပတ်ဝန်းကျင်တွင်ရှိသော နိုင်ငံခြားသားများအတွက် ကိုယ်က မြန်မာပြည်ကိုယ်စားပြုဖြစ်နေသည်.. အထူးသတိပြုသင့်ပေသည်..

ယခင်နှစ်များတွင် ပင်နီဆူလားပလာဇာတွင် အခမဲ့ဖျော်ဖြေရေးများနှင့်ကျင်းပခဲ့စဉ်က စည်းကမ်းမဲ့ အမှိုက်ပြစ်၊ ကွမ်းတံတွေးထွေး အံကြ၊ မူးကြလို့ နောက်ပိုင်းနှစ်များတွင် ပလာဇာတွင်း သင်္ကြန်ပွဲကျင်းပမှုကို တာဝန်ရှိသူများက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု ကြားသိရသည်.. ကိုယ့်နိုင်ငံရိုးရာပဲဟေ့.. ကိုယ်ပိုက်ဆံပေးထားတာပဲဟေ့ဟု မည်သို့ပင်ဆိုစေ သူများနိုင်ငံတွင် ပြုလုပ်နေခြင်းဖြစ်သည်ကို ခေါင်းထဲထည့်ထားသင့်သည်.. အထူးသဖြင့် စကာင်္ပူလို သန့်ရှင်းမှုကို အမြဲဂုဏ်ယူနေတတ်သောနိုင်ငံတွင် မြန်မာပွဲလုပ်တော့မှ အမှိုက်က ပေပွပြီးကျန်ခဲ့သည်ဆိုပြီး လက်ညှိုးထိုးချင်စရာ ဖြစ်အောင်မနေသင့်ပေ.. အမှိုက်ပုံးများကိုလဲ ကွင်းနေရာစုံတွင် လွယ်ကူစွာထားပေးထားသည်ကိုလည်း တွေ့ရသည်.. သို့သော် ဘီယာထည့်သော ကဒ်များ.. အာလူးကြော်ဘူးများ.. မုန့်ဘူးများကိုလဲ မြက်ခင်းပေါ်တွင်တွေ့ခဲ့ရသည်.. (ဒါတောင် ကျမစိတ်ထင် ၃ပုံ ၂ပုံလောက်ကတော့ စည်းကမ်းထိမ်းသဖြင့် သိပ်ဆိုးဆိုးရွားရွား အမှိုက်ပွခြင်းတော့ မရှိပါ ကျန် ၁ပုံကသာလျှင် ဆိုးရွားခြင်းဖြစ်သည်)

ရိုးရာမပျက်ကျင်းပခဲ့သော မြန်မာသင်္ကြန်ပွဲတော်အတွက် ကျမ မြန်မာတစ်ယောက်အဖြစ်ဂုဏ်ယူသည်.. နိုင်ငံခြားသားတော်တော်များများနှင့် ကမ္ဘာကအသိများသော ရေသဘင်ပွဲမှာ ယိုးဒယားဟုသာဖြစ်သည်.. အမှန်တော့ မြန်မာကစခဲ့ခြင့်းဖြစ်သည်ဟု ကျမယုံကြည်သည်.. ယိုးဒယားတွင် ကန့်သတ်ထားသောနေရာတွင်သာ ရေပတ်ကြသော်လည်း.. မြန်မာနိုင်ငံတွင် နိုင်ငံတ၀ှမ်း ကလေးလူကြီး အူကြီးအူမ မကျန် (ဥပုသ်သည်မှ လွဲ၍) ရေပတ်ခံရမည်.. သင်္ကြန်၏ မူလပထမ ပိုင်ရှင်မှာ မြန်မာလူမျိုးများဖြစ်သည်ဟု ကမ္ဘာသိအောင် ပြလိုက်ချင်သည်.. ယခုလို တန်ဖိုးရှိသော ကျမတို့ ရိုးရာကို ခိုးယူခံရပြီး ကမ္ဘာတွင် သူတို့မူပိုင်ရှင်လုပ်နေခြင်းအတွက် မချိတင်ကဲ စိတ်မကောင်းဖြစ်ရသည်.. (
ကျမအထင် မှားသည်ဆိုလျှင် ပြောပြပေးဖို့ သိသူများကို မေတ္တာရပ်ခံလိုပါသည်.. သင်္ကြန်က မြန်မာကစသလား.. ယိုးဒယားကစသလား.. ဟိုးယခင် အလောင်းမင်းတရားခေတ်က ယိုးဒယားကို သိမ်းဖူးလို့ မြန်မာ့ယဉ်ကျေးမှု အနည်းငယ်စီးဆင်းသွားခြင်းဖြစ်မည်ဟု ကျမတော့ထင်သည်..)

မည်သို့ပင်ဆိုစေ.. စကာင်္ပူတွင်ရိုးရာမပျက် ကျင်းပသော မြန်မာသင်္ကြန်ပွဲတော်မှာ ကုသိုလ်ပြုမှုများ.. ဖျော်ဖြေရေးများ.. ရေကစားခြင်းများဖြင့် အောင်မြင်စွာပြီးဆုံးသွားသဖြင့် ကျမအလွန်တရာမှ ၀မ်းသာပိတိဖြစ်မိပါတော့သည်....

ကျန်ပုံများကို ဆက်လက်ရှူစားကြပါကုန်...


ကွင်းနောက်ထောင့်ရှိ ယာယီအိမ်သာများ..

ရေဆော့သူ သိပ်မများခင် အစောပိုင်းအချိန်..


နောက်ပိုင်း ရေဆော့သူများလာချိန် (ရေပိုက်ရှိရာ ရေကန်တွင် လူပိုအုံတတ်သည်.. ယခုရေကန်တွင် လတ်တလောရေပိုက်မရှိပါ)


ဖာလူဒါစားနေတာ.. စားပါအုံး..

ခြေဆေးဖို့ ရေသွားခပ်ရင်း ရေပက်ခံလိုက်ရတာကနေစပြီး ရေကစားဖြစ်သွားတဲ့ ကြွက်စုတ် မဗေဒါ...

31 comments :

Anonymous said...

ပြည့်ပြည့်စုံစုံတင်ပြပေးတာ ကျေးဇူးပါ။

ngapiy said...

ငတုံး မ

Life is for Success said...

ma baydar,

thank for share the feeling of thingyan....

waiting for new post....

ZT said...

မဗေဒါကို မတွေ့လိုက်လို့ပေါ့။ တွေ့ရင်တော့ ဘာရမလဲ။ ခေါင်းပေါ်ကနေ လောင်းပစ် ဦးမှာ။ ဟားဟား။

Anonymous said...

ကျွန်တော်လည်းမနေ့က စီးတီးဟောကိုရောက်ခဲ့တယ်။
ပင်နဇူလာဘေးကပတ်ကင်မှာ အရက်ဝိုင်းတွေအပြည့်ပဲ။
အနံ့တွေကလမ်းအထိပျံ့နေတာပဲ။
ဆိုင်ကယ်သွားထားတော့ မသောက်ပဲမူးသွားတယ် ဟဲဟဲ
အနောက်လမ်းကြားမှာလဲနေတဲ့လူတယောက်နဲ့ ရဲကားနှစ်စီးတောင်တွေ့လိုက်တယ်။

Unknown said...

အလှဆုံးပုံက အောက်ဆုံးမှာ........:D
ချီးကျူးတဲ့ နာ့ကို ဖွာလူဒါတိုက် ဒါပဲ.....:P

တောင်ပေါ်သား said...

သူတို့ပြောသလိုပဲ အလှဆုံးက မဗေဒါ သားသားကိုလဲ ဖာလူဒါ တိုက်

Anonymous said...

CHURCH ကျောင်းထဲမှာလဲအမှိုက်တွေ ပွနေတာပဲ၊ သောက်ချင် တခြားအချိန်သောက်ပေါ့ ခုတော့ ဒီလောက်ပွဲချိန်နဲနဲလေးမာတောင် လာပြီ:မူးရူးနေတယ်၊ စိတ်ပျက်ပါတယ်၊

ခရေဖြူ

KMN said...
This comment has been removed by the author.
Anonymous said...

hey LH, it's me HNL's sis :) happy to see u :D

T T Sweet said...

တိုလဲ သင်းကြန်ပွဲရောက်ခဲ့တယ်။ ၀က်သားတုတ်ထိုးနဲ့ကြာဆံကြောာ်ဝယ်စားခဲ့တယ်။ ပျော်စရာကြီး။

JulyDream said...

ကြွက်စုတ် မဟုတ်လောက်ဘူး။ ကြွက်ထက် အဆများစွာ ကြီးတယ်။

Anonymous said...

စလုံး သင်္ကြန်လည်း ပျော်စရာ .....
အောက်ဆုံးပုံ ...အတော်ချမ်းနေရက်လျှက်နှင့် ဓာတ်ပုံအလွန် အရိုက်ခံချင်သောကြောင့် အချမ်းကို အန်တု၍ အလှကို မာန်ပြုနေသည် ထင်ရ၏။ သင်္ကြန် အငွေ့အသက်နှင့် လွန်စွာ အသက်ဝင်လှပေ၏။ :D

Nu Thwe said...

ပြည့်ပြည့်စုံစုံ ရေးပြ၊ ရိုက်ပြသွားတာ ကျေးဇူးပဲ ညီမ။ ပျော်စရာကြီးပဲနော်။ စည်းကမ်း ပိုရှိခဲ့ရင်တော့ ပိုကောင်းမှာပေါ့လေ။

Phyo Maw said...

ကွင်းထဲမှာတော့ ကောင်းပါတယ်။
အောက်ဆုံးပုံအလှ ဆုံး ပြောရမလားမသိ ကျန်ပုံတွေက ကျောကုန်းတွေချည်းပါလို့
နောက်တာပါ စတာပါ
စတာက နောက်တာကို ပြောတာပါ။ :P

SZA said...

မဗေဒါသွားမှန်းမသိလို့..ဒါမှန်းသိဖုန်းဆက်လိုက်ပါတယ်.. ဘယ်တွေသူတွေမှန်းမသိတာရယ် တစ်ယောက်ထဲဖြစ်နေတာရယ် ဗွက်မပေချင်လို့ရယ်နဲ့ စင်အနောက်ဖက်မှာပဲနေဖြစ်လိုက်တယ်..

Anonymous said...

imm ... sis lal ae d narr ko yout kea` par tal.. but.., 1 choe twe ka kwin a pyin mar .. aww hit pii muu yuu nay kya tar tot ma kg woo naw.. singapore lo luu myoe sone nay tea`naing gan mar Koh myanmar yea` new year so thu myarr twe a htin kyii ag sin hnwal thit tal... ae lo myoe twe sii kan ma shi bal phyit nay tot ... thu myarr twe ka "min toh myanmar twe yea` new year mar ae lo bal loat kya lar " so pii ,pyaw sayar pyit twarr mar pop ...
ae dar lal 1 ku bar bal.. a kone lone ka sii kan shi shi pyaw kya yin thiet kg mar pal naw .. :)

ကိုဇေယျာ said...

:( ကျနော်က စင်ရှေ့က အကန့်ထဲမှာ ရောက်နေလို့ ဘာမှမစားလိုက်ရဘူးကွယ်။ ဆီထမင်းလေး တစ်ပွဲရယ်၊ ရွှေရင်အေးလေး တစ်ပဲရယ်ပဲ စားရတယ် (အဲ .. အထဲမှာ ကျွေးတာလဲ ဒါအကုန်ပဲကွယ့် :P)

mabaydar said...

အင်း.. အပေါ်က အကိုတွေ အမတွေအားလုံးပြောသလိုပါပဲ.. အားလုံးစည်းကမ်းရှိသင့်တာတော့ သေချာပါတယ်.. မသောက်နဲ့တော့ မပြောပါဘူး.. စည်းကမ်းရှိရှိ limit လေးနဲ့ သောက်ကြဖို့ကိုပြောတာပါ.. ဒီပုံမျိုးနဲ့ဆိုနောက်နှစ်တောင် စလုံး အစိုးရကခွင့်ပြုပါအုံးမလားမသိပါဘူး.. ပွဲပြီးတော့ မြန်မာတွေက funan မှာ ရွှံ့တွေကိုဆေးကြတာ အိမ်သာပိုက်ပိတ်လို့ ရဲတောင်ရောက်လာတယ်ကြားပါတယ်.. ဟင်းးးးးးးး... မလွယ်ပါဘူး.. အို.. အစထဲက ဟိုလူကြီးတွေမကောင်းလို့ ပျက်ပြီးသားပဲ ဂရုစိုက်စရာမလိုပါဘူးဆိုပြီး မထိမ်းပဲမနေသင့်ပါဘူး.. ရေရှည်ကိုစဉ်းစားပြီး ကိုယ့်အမျိုးဂုဏ် ကိုယ်ဆောင်သင့်တယ်ဆိုတာ ခေါင်းထဲရှိကြရဲ့လားသိပါဘူး..

puluque said...

အင်း အဲဒီနေ့ကမတွေ့ပါလားဗျ။ ကျတော်လဲ ရှိတယ် ကွင်းထဲမှာ ..တွေရင်တော့ ရေလောင်းအုံးမှာ..နောက်နှစ် တော့ ရှိ၇င်တောင် သွားဖို့စဉ်းစားရမယ်...

mw said...

FYI , Ma baydar. I am not sure whether the facts are true.

History of Songkran in Thailand(Water festival)

http://festivalcrazy.com/festival/songkran/history.html

Thingyan

http://en.wikipedia.org/wiki/Thingyan

Anonymous said...

ဟုတ်တယ်ဗျို့ ...သမိုင်းမှာ ပြန်လေ့လာကြည့်ရင်...
ယိုးဒယားက မြန်မာကို လိုက်တုတာပဲများတာ...
ဗိသုကာမှာလည်း ယိုးဒယားအချိုးဆိုပြီး. ခေါင်းမိုအချိုးကရှိသေးတာ. တကယ်တော့ မြန်မာတွေရဲ့  ပညာတွေပါ.. ခြင်းလုံးဆိုလဲ... မြန်မာတွေက. ကျန်းမာရေးကောင်းဖို့ ရယ်.. ဟန်ရေးပြဖို့ ရယ်လောက် . လုပ်နေချိန်မှာ... ယိုးဒယားက ပြိုင်ပွဲတစ်ခုအနေနဲ့ တီထွင်လိုက်တော့.. သူတို့ ရဲ့ အားကစားဖြစ်သွားရော.. . ရေကစားတာလည်း.. ဘယ်လောက်ပူပြင်းတဲ့ နေရာမှာပဲဖြစ်ဖြစ်.. အေးခဲတဲ့  နေရာမှာပဲဖြစ်ဖြစ်.. မြန်မာတွေ အတာအချိန်မှာတော့.. ရေကစားတာ.. ယိုးဒယားထက် တော်တော်ရှေးကျပါတယ်... အသေးစိတ်ကတော့.. သမိုင်းပညာရှင်တွေ ရှိပါတယ် .. ကျနော်သိသလောက်တော့ ဒေါက်တာ မတင်ဝင်း ရေးဘူးသလားလို့ .. . မဗေဒါ ရောက်နေမှန်းသိရင်.. ရေခဲရေနဲ့  လာလောင်းပါတယ်.. ဟွန်း.. မသိလို့ နော်.. ကျနော့် သူငယ်ချင်းတွေကတော့... အရက်သောက်ပေမယ့်... နေရာတောင်မရွေ့ ဘဲ.. အားပေးတာခင်ဗျ...ယဉ်ကျေးစွာနဲ့ ပါခင်ဗျာ.. တချို့ ကတော့.. တော်တော်ဆိုးပါတယ်..

Anonymous said...

အခုပိုစ့်မှာ ရေးနေတဲ့သူတွေအာလုံးက အဲဒီနေ့ပွဲမှာ မူးရူးနေတဲ့သူတွေအာလုံးကို အပြစ်ပြောနေတာကိုပဲ တွေ့ရတယ်.. နည်းနည်းစာနာကြည့်ရအောင်ပါ.. အခုလာတဲ့ လူရဲ့ ၃ ပုံ ၂ ပုံဟာ WPသမားတွေဖြစ်ဖို့များပါတယ်.. သူတို့ဘယ်လောက် လုပ်ရတယ်ဆိုတာ စလုံးမှာအလုပ်လုပ်တဲ့လူအများစုက သိကြမှာပါ.. ဟိုလူငေါက် ဒီလူငေါက် ၇ ရက်လုံးလုပ်ရ ဒီလိုဘဝမျိုးထဲကနေမှ ဒါမျိုးကိုယ့်လူမျိုးရဲ့ပွဲကို ကြုံတဲ့အချိန်မှာ ဒီပွဲဟာ သူတို့စိတ်တွေရဲ့ မွန်းကြပ်မှုတွေ၊ ဖိအားတွေအတွက် ဘယ်လောက်ကြီးတဲ့ စိတ်ထွက်ပေါက်ဖြစ်မလဲဆိုတာ စာနာကြည့်သင့်ပါတယ်.. သူတို့ဟာ ကျနော်တို့လို ကောမန့်မရေးနိုင်ပါဘူး.. ဘလောဂ်ဖတ်ပြီး၊ ကွန်ပျူတာတစ်လုံးနဲ့ ကမ္ဘာပတ်ပြီး စိတ်အပန်းမဖြေနိုင်ပါဘူး.. ကျနော်တို့အတွက် ဒီပွဲဟာ ပွဲတစ်ပွဲပါပဲ၊ သူတို့အတွက်ကျတော့ ဒိလိုပွဲမျိုးဟာ သိပ်ကိုကြီးကျယ်တဲ့ စိတ်အပန်ဖြေပွဲ ဖြစ်နိုင်ပါတယ် အဲဒီနေ့ပွဲဟာ ဘယ်လောက်ညံ့တဲ့ပွဲဆိုတာကို တော်ရုံတန်ရုံလူတောင် သိနိုင်ပါတယ် ဒါပေမယ့် ဘယ်သူဆိုဆိုတီးတီးကက ဘယ်လိုရိတ်ရိတ် သူတို့ပျော်တာပါပဲ။ ဒါကို နိုင်ငံခြားသားက ကြည့်ပြီးအထင်သေးမှာလား. ဘာလား. ညာလားနဲ့ ဖြစ်နေကြတယ်. မြန်မာကို အထင်သေးမှာစိုးတာထက် မြန်မာဖြစ်တဲ့ ကိုယ်ကိုပါရောအထင်သေးခံရမှာစိုးနေတာက ပိုမယ်လို့ ယူဆမိတယ်. ကျနော် နားလဲမလည်နိုင်ပါဘူး.. မြန်မာပြည်မှာ ဒီလိုပွဲဆို အနည်းဆုံး ရန်ပွဲကတော့ ၄ ၅ ပွဲပါပဲ. အဲဒီနေ့က ရန်ဖြစ်တယ်လို့ မကြားမိပါဘူး.. ဒါဆိုရင်ကိုပဲ တော်တော်လေးကောင်းနေပြီလို့ ကျနော်သဘောရပါတယ်.. အာလုံးကောင်းသည်လို့ မဆိုလိုပါ.. ဒါပေမယ့် အပေါ်မှာရေးကြသလိုမျိုးတော့ သူတို့ကို ကျတော် မရေးရက်ပါ။

mabaydar said...

အမည်မသိရေ..
မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့တဲ့အတွက် အနှစ်တစ်ရာတောင် သူများလက်အောက်မှာကြာခဲ့ပါတယ်.. ပျော်တာက ပျော်လို့ရပါတယ်.. ဒါပေမဲ့ စည်းနဲ့ ကမ်းနဲ့ ပျော်ဖို့ကိုပြောတာပါ.. တန်ရင်ဆေး.. လွန်ရင်ဘေးဆိုတဲ့ စကားပုံကိုကြားဖူးမယ်ထင်ပါတယ်..
သူ့အခွင့်အရေးအရ သောက်နိုင်တယ် ပျော်နိုင်တယ်.. သို့သော်.. လူမြင်ကွင်းမှာ အထူးသဖြင့် တခြားနိုင်ငံလူမြင်ကွင်းမှာ မတင့်တယ်တဲ့ အပြုအမူတွေ လုပ်နေကြတာဟာ မြန်မာတစ်မျိုးလုံးရဲ့ ဂုဏ်ကို ထိခိုက်စေပါတယ်.. အဲဒိအတွက်လဲ အမှန်တကယ်ကို ရှက်ပါတယ်..
ဟုတ်ပါတယ်.. မြန်မာဆိုတာကို အထင်သေးတာထက် မြန်မာဖြစ်တဲ့ ကိုယ့်ကိုရောအထင်သေးမှာစိုးနေတယ်ဆိုတာ မှန်ပါတယ်.. လူမှာအမျိုး ကြက်မှာ အရိုးဆိုသလို.. ထိုသူတွေက စည်းမဲ့ကမ်းမဲ့ ပျော်ပါးနေပေမဲ့.. မြန်မာဆိုတဲ့အများဆိုင် အုပ်စုထဲမှာ ကျမတို့အားလုံးပါဝင်နေပါတယ်..

ဒါမျိုးဟာ မြန်မာတွေပါလားလို့ သူများက လက်ညှိုးထိုးပြီး ငါးခုံမတစ်ကောင်ကြောင့်တစ်လှေလုံး မပုတ်စေချင်ပါ.. အမျိုးဂုဏ်ကို ထိမ်းသင့်တယ်လို့ပြောတာလဲ အဲဒိသဘောပါပဲ..

ကျမရေးထားတဲ့စာထဲမှာရော အပေါ်က ကွန်မန့်ရေးခဲ့တဲ့သူထဲမှာရော.. ဘယ်သူမှ အဆင့်အတန်းခွဲပြီး ဒီလို စည်းကမ်းပျက်နေတာ WP တွေပဲ ဖြစ်ရမယ်လို့ မစွတ်စွဲထားပါဘူး.. ကျမတို့ပြောနေတာ ဘယ် Pass ကိုင်ထားတဲ့သူပဲဖြစ်ဖြစ် မူးပြီး စည်းကမ်းပျက်နေတဲ့သူတွေကိုပါ..
ဒီလိုသာ ဝေဖန်ထောက်ပြ ထိမ်းသိမ်းပေးမဲ့သူမရှိရင် အကွတ်မဲ့တဲ့ ကြမ်းဗရမ်းဗတာဆိုသလိုဖြစ်နေမှာပါ..

အပေါ်က အမည်မသိကိုမေးလိုက်ချင်ပါတယ်.. မြန်မာလူမျိုးလို့ပြောလိုက်လို့ တခြားလူမျိုးတွေက အထင်သေးဆက်ဆံတာမျိုး ခံခဲ့ဖူးမယ်ထင်ပါတယ်.. ကိုယ့်နိုင်ငံက အစထဲက မဖွံ့ဖြိုးလို့ သူများနိုင်ငံမှာ အလုပ်လာလုပ်နေကြလို့ အနှိမ်ခံရတဲ့အထဲမှာ ဒီလို စည်းကမ်းပိုင်းကိုပါထပ်အပြောခံလာရမယ်ဆိုရင် ရစရာကိုရှိတော့မှာမဟုတ်ပါဘူး..

ဒိအတွက် တခြားနိုင်ငံသားတွေမပြောခင်မှာ.. ကိုယ်အချင်းချင်း ထိမ်းထိမ်းသိမ်းသိမ်း ထောက်ပြချင်းသာဖြစ်ပါတယ်.. WP မို့.. overstay မို့ နှိမ်တာမျိုး တစ်ဦးတစ်ယောက်မှာမှ စိတ်မရှိပါ...
ရန်ပွဲမဖြစ်ဖူးဆိုတာလဲ စကာင်္ပူမှာ နေထိုင်ခွင့်လေး ပျောက်သွားမှာစိုးလို့ပါ.. အဲဒိ အထိမ်းသာမရှိရင် ဖြစ်ကောင်းဖြစ်မှာပါ..
ဒီလောက်ကတော်သေး.. ဒီထက်မဆိုးတာကံကောင်းလို့တွေးမဲ့အစား.. တစ်ဦးတစ်ယောက်ချင်းစီကသာ နဲနဲစီထိမ်းသိမ်းသွားပြီး ဒီထက်ပျော်စရာကောင်း ကျက်သရေရှိတဲ့ သင်္ကြန်ပွဲကြီးကို ဖန်တီးနိုင်ခဲ့ရင် သိပ်ကောင်းမှာလို့ တွေးမယ်ဆိုရင်ဖြင့်... ဒီလို အညင်းပွားမှုမျိုးတောင် ဖြစ်လာစရာမလိုပါဘူး...
နှိုင်းယှဉ်တယ်ဆိုရာမှာ ပိုကောင်းချင်ရင် ပိုကောင်းတဲ့ဟာနဲ့သာ နှိုင်းယှဉ်သင့်ပါတယ်.. ဒါမှလဲ တိုးတက်မှုရှိမှာပါ..

အထက်ပါ ကွန်မန့်ကို ဆင်ခြေဆင်လက်မျိုးစုံနှင့် လူမိုက်အားပေးအရေးအသားများကို ကြည့်ခြင်းအားဖြင့် မြန်မာလူမျိုးများ သူများတစ်ပါးတိုင်းပြည်ကို ထွက်၍အလုပ်လုပ်နေရအုံးမည်မှာ နောင်အနှစ်တရာမကပင် ရှိနေအုံးမည်ကို မိမိမည်သူမည်ဝှာဟု ဖော်ပြ၍မှ မရေးသားရဲသူအထက်ပါ အမည်မသိပုဂ္ဂိုလ်နားလည်နိုင်စေရန် စေတနာရှေ့ထား၍ တစ်ကြိမ်တစ်ခါ ပြန်ကြားရေးသားပေးလိုက်ပေသည်..

ကိုထိုက် said...

ကျနော်သိသလောက်တော့သင်္ကြန်ပွဲတော်ဟာIndian ကစတင်ခဲတာလိုသိရဘာတယ်မှန်မမှန်တော့သေခချာမသိဘာဘူးဒီလိုပဲသမိုင်း
ဆိုတာတော်တော်နက်နဲပါတယ်။နောက်ပြီးတော့ကွန်မန်းထဲမှာဝေဖန်ထာတာတွေ
ကိုကျနော်ဆက်ပြီတော့ဝေဖန်ရမယ်ဆိုရင်သင်္ကြန်ဆိုတာကျနော်တို့ ရဲချစ်စရာကောင်းတဲရိုးရာပွဲတော်ကိုတိုင်တဘာမှာရောက်နေတဲမြန်မာလူမျိုးများ
ကကိုရောက်ရှိနေတဲနိုင်ငံကလူမျိုးတွေသိလာအောင်၊မြန်မာယဉ်ကျေးမုကိုလေး
စာဂုဏ်ယူအားကြလာအောင်ဖော်တုပ်ရမယ်လို့ ထင်ပါတယ်။ပျော်တော့ပျော်ကြပေါ့ဗျာဒါဗေမဲ့မပြတ်ပါစေနဲ့။

JGL said...

ကျနော်က ဘာကောင်မှမဟုတ်လို့ အမည်မသိလုပ်လိုက်တာကို အစ်မက တုံ့ပြန်ရတာအားမရ ဖြစ်သွားတယ်ထင်တယ်.. အဲဒီအတွက်တော့ ဆောရီးပါ ခင်ဗျာ..
"အထက်ပါ ကွန်မန့်ကို ဆင်ခြေဆင်လက်မျိုးစုံနှင့် လူမိုက်အားပေးအရေးအသားများကို ကြည့်ခြင်းအားဖြင့် မြန်မာလူမျိုးများ သူများတစ်ပါးတိုင်းပြည်ကို ထွက်၍အလုပ်လုပ်နေရအုံးမည်မှာ နောင်အနှစ်တရာမကပင် ရှိနေအုံးမည်ကို မိမိမည်သူမည်ဝှာဟု ဖော်ပြ၍မှ မရေးသားရဲသူအထက်ပါ အမည်မသိပုဂ္ဂိုလ်နားလည်နိုင်စေရန် စေတနာရှေ့ထား၍ တစ်ကြိမ်တစ်ခါ ပြန်ကြားရေးသားပေးလိုက်ပေသည်.." လို့ ရေးထားတာတွေ့တဲ့ အတွက်လဲ ကျနော်ပြုံးမိပါတယ်.
ကျနော်ဆိုလိုတာက "၁ နှစ်လုံးမှ ၁ခေါက်လောက်ပဲ ကြုံရတဲ့ပွဲမျိုးဟ. ငါ့လူမျိုးတွေ အများကြီးရှိတုန်း ကဲလိုက်ဦးမှ" ဆိုတာကို နားလည်ပေးနိုင်မလားလို့ မေးကြည့်တာပါ
"ဟာ..ဒီပွဲက ငါတို့ မြန်မာတွေရဲ့ ရိုးရာပွဲဟ. သူများနိုင်ငံမှာလုပ်တာ.. ငါတို့ စည်းနဲ့ကမ်းလေးနဲ့ နိုင်ငံဂုဏ်တက်အောင်တော့ သွားအားပေးမှပဲ" ဆိုပြီး လာတဲ့လူ တစ်ယောက်မျှရှိမယ် မထင်ပါ.. အမ စိတ်ထဲတော့ ဘယ်လိုတွေးပြီး ဘယ်လိုလာအားပေးလဲ မသိပါ. အလုပ်ထဲမှာလဲ သူတို့ကို ဂရုစိုက်ရ၊ ကိုယ့်ဖာသာကိုယ် ပျော်တဲ့ပွဲပါ သူတို့ကို ဂရုစိုက်ရ.. "သူများလူမျိုးတွေကို သတိထားပြီး အထင်မသေးအောင် ပျော်ကြဟေ့" ဆိုတာတော့ လာပြီးပျော်နေတဲ့သူတွေကို ပြောရမှာတော့ အားနားမိပါတယ်..

Anonymous said...

မဗေဒါက ရေရှားတာသိတော့ ကျေးဇူးတင်တယ်
တချို့ကတော့ဒါပဲလားတဲ့
မဖြစ်ညစ်ကျယ်လေး ဘာသွားလုပ်ရမှာလဲ ဆိုလားးP

Anonymous said...

မြေးကလေး ဗေဒါ...

မြေးကလေးနဲ့ မြေးကလေး သူငယ်ချင်းတစုလို မွေးမြေရပ်နဲ့ အဝေး တနေရာမှာ ရှိနေသော်ငြား အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းနေကြဆဲဆိုတာ မြင်ရတွေ့ရတာဖြင့် အဘိုးအနေနဲ့ အတိုင်းမသိ ၀မ်းသာပီတိ ဖြစ်လှပါတယ်။ ဒီလို အနာဂတ်ရဲ့ လူငယ်တွေ ရှိနေသရွေ့ အဘိုးတို့ မြန်မာပြည်ကြီးဟာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်စရာ ဘာအကြောင်းမှ မရှိဘူးဟေ့လို့သာ ကြွေးကြော်လိုက်ချင်စမ်းတော့တယ်။ အမျိုးကိုချစ်တဲ့ ငါ့မြေးလေးတသိုက်ကို အဘိုးအနေနဲ့ အကြံဥာဏ် ပေးချင်တာကတော့ မြန်မာပီပီ မြန်မာစာလုံးပေါင်းလေးများကို ဂရုတစိုက်နဲ့ မှန်ကန်အောင်ပေါင်း၊ သဒ္ဒါမှန်မှန် ၀ါကျလေးတွေ ဖွဲ့စေချင်ပါတယ်။ ဥပမာ။ ။ စည်းကမ်းမဲ့ပြစ်၊ ကွမ်းတံတွေးထွေး အံကြ၊ စသည်ဖြင့်ပေါ့လေ။ ဖြစ်နိုင်ရင် မြန်မာ့စာလုံးပေါင်း သတ်ပုံကျမ်းလေး ဆောင်ထားကွဲ့ မမှားဘူး ငါ့မြေး။ စင်ကာပူလို့ခေါ်တဲ့ တိုးတက်ခေတ်မှီတဲ့ နိုင်ငံကြီးမှာ ကမ္ဘာအရပ်ရပ်က ပညာတတ်တွေနဲ့ ရင်ဘောင်တန်းနေနိုင်တဲ့ မြေးလေးတို့လို အရည်အချင်းရှိ မြန်မာလူငယ်လေးတွေအနေနဲ့ သိုးဆောင်းစကားများ အားနည်းနေမှာတော့ဖြင့် အဘိုးမပူပါဘူး။ မြန်မာစာ မြန်မာစကားနဲ့ အထိအတွေ့နည်းလေတော့ တခါတလေ ပညာရှိ သတိဖြစ်ခဲဆိုသလို ဖြစ်တတ်တာလေးတွေကို အဘိုးက စေတနာသန့်သန့်နဲ့ သတိပေးချင်တာပါ။ အမျိုးဂုဏ်ထိန်းသိမ်းချင်တဲ့ ကိုယ့်လူမျိုးကို သူများတကာ အထင်သေးမှာ ကြောက်တဲ့ မြေးလေးရဲ့ မွန်မြတ်လှတဲ့ ဆောင်းပါးလေးမှာ မြန်မာစာလုံးပေါင်းတွေ မှားယွင်းနေတာတွေ့တော့ တချို့တချို့သော အမြင်စောင်းသူတွေက အမျိုးကို လူမြင်ကောင်းရုံ ပါးစပ်နဲ့သာ ချစ်နေတယ်လို့ အထင်သေး ကဲ့ရဲ့ကြမှာ စိုးရိမ်မိတဲ့အတွက်သာ အဘိုးက သတိပေးခြင်း ဖြစ်ပါတယ်။ ကဲ ကဲ စာလဲ ရှည်လှပြီ။ နှစ်ထပ်ရှိမှ မှတ်မိတယ် ဆိုတဲ့ ဆိုရိုးအတိုင်း တခေါက်လောက်တော့ ထပ်ပြောပါရစေဦး။ အမျိုးကို ချစ်တယ်ဆို ကိုယ့်မြန်မာစာလုံးပေါင်းလေးတော့ မှန်အောင်ပေါင်းကွဲ့ နော်။

တော်သေးပြီ။

စစ်ကိုင်းချောင်မှ အဘိုးအောင်။

Anonymous said...

စစ်ကိုင်းချောင်းမှ အဘိုးအောင် ကိုတော့ လေးစားမိပါတယ်ဗျို့ ။ အမည်မရှိနဲ့  ရေးလို့  ငါ့လဲ ရမ်းတုတ်မနေနဲ့ ဦးနော်။ ဟိုဖြည့် ဒီဖြည့် စိတ်ညစ်လွန်းလို့ ဟ။

mabaydar said...

စစ်ကိုင်းချောင်မှ အဘိုးအောင်...

မြေးကလေးကလဲ အတတ်နိုင်ဆုံးအစွမ်းကုန် ကိုယ်သိသလောက် တတ်သလောက်ကို တင်ပြတာပါ... အမှားအယွင်းဆိုတာတော့ ရှိကြစမြဲပါ.. ရှာလေလဲ တွေ့လေဖြစ်နေအုံးမှာပါ... ဒါပေသိ မြေးလေးမဗေဒါဟာ ပညာရှိက၀ိမဟုတ်သလို... ပိုက်ဆံယူကာ စာရေးစားနေသူလဲမဟုတ်ပါ... ၀ါသနာအရသာ အပျော်တမ်း စာရေးနေခြင်းသာဖြစ်ပါတယ်... ၁၀တန်းအောင်ပြီးကတည်ကလဲ မြေးလေးတို့ဟာ မြန်မာစာကို သဒ္ဒါကျကျ စာကျကျရေးဖတ်ဖို့ အလှမ်းကွာခဲ့တာ ခုဆိုရင် ၁၀စုနှစ် ၁စုနီးပါးရှိခဲ့ပါပြီ... စကာင်္ပူကိုရောက်တော့ မြန်မာစာကို ပြန်ဖတ်ဖြစ်တာဆိုလို့လဲ ခုနောက်ပိုင်းဘလော့တွေပြန်ဖွင့်မှပါ... မြေးလေးတို့မှာ မအားတဲ့ကြားက ၀ါသနာပါလွန်းလို့သာ ဤဘလော့ကို အပြောအဆိုခံကာရေးနေခြင်းဖြစ်ပါတယ်... ဝေဖန်အကြံပြုခြင်းအတွက် အတိုင်းထက်အလွန်ဝမ်းသာမိပါတယ်... ကြိုလဲကြိုဆိုပါတယ်... အမှားတွေအတွက် ၀န်လဲဝန်ခံပါတယ်.. ဘလော့ရေးတဲ့အခါမှာ စိတ်ခံစားမှု(Mood)ရှိရတဲ့အပြင်.. စာသားချောမွေ့ဖို့.. ကိုယ်တင်ပြပုံ... အပြင်အဆင်.. အစစအရာရာကို မြေးလေးတို့ဘလော့ဂါတွေက အာရုံထားရပါတယ်.. ခေါင်းထဲပေါ်လာတာလေး ချက်ချင်းပျောက်မသွားခင် အမြန်ချရေးလိုက်ချိန်မှာ စာလုံးပေါင်းဆိုတာကို အတတ်နိုင်ဆုံးတော့ သတိထားပါတယ်... နောက်ပြီး ကွန်ပြူတာနဲ့ ရိုက်ရတော့ Typo error ဆိုတာလဲ ရှိတတ်ပါသေးတယ်... တချို့စာလုံးတွေကျတော့ မြေးလေးကိုယ်တိုင်တောင် မှားလို့မှားမှန်းမသိပါဘူး... အကယ်၍များ အဘိုးအောင်သာ ကူညီဆောင်မပေးမယ်ဆိုလျှင် မြေးလေးမှားသမျှစာလုံးပေါင်းလေးများကို နောင်များမှာ ကွန်မန့်မှာဖြစ်စေ ပြင်ပေးပါ... မြေးလေး လေ့လာသင်ယူပါ့မယ်.. ပြင်ပေးပြီးသားစာလုံးပေါင်းတွေ နောက်ထပ်မမှားရလေအောင်လဲ ဂရုစိုက်ပါ့မယ်... အားတဲ့အခိုက်လေး စိတ်အပန်းဖြေအနေနဲ့ စာရေးနေချိန်မှာ စာလုံးပေါင်းသတ်ပုံကျမ်းကို လှန်လှန်ကြည့်နေရဖို့ဆိုတာလဲ မြေးလေးတို့ရဲ့ စာရေးချင်စိတ်ကို လျော့ပါးစေပါတယ်... လူငယ်တွေ စာရေးချင်စိတ်လေးရှိတုန်း ရေးတာလေးကို အမှားများပါရင် ခွင့်လွှတ်နားလည်ပြီး ဖတ်ရှုပေးဖို့လဲ ဘလော့ဂါအားလုံးကိုယ်စား မေတ္တာရပ်ခံပါရစေ... မဗေဒါရဲ့ အကြောင်းပြချက်တွေဟာ ကြိုးစားချင်စိတ်မရှိလို့ ညံ့ဖျင်းလို့ အလကားပေးနေတယ်ထင်ရင်လဲ မဗေဒါလွန်စွာမှ စိတ်မကောင်းပါဘူးလို့ ပြောပြရစေ...
အဘိုးအောင် စာလုံးပေါင်းလာစစ်ပေးမဲ့နေ့များကို စောင့်မျှော်လျှက်...

စာလုံးပေါင်း မှားတတ်သူ ဘလော့ဂါမြေးမလေး..
မဗေဒါ

မင်းခန့် said...

ိုမမ ပြောတာတော်တော်စုံတာပဲနော်