Thursday, October 23, 2008

နှုတ်ဆက် ကြေငြာချက်....



မဗေဒါ...
ယနေ့မှစ၍ ဂျပန်ပြည်သို့ စွန့်စားခန်းသွားမည်ဖြစ်ပါသောကြောင့်..
ဤဘလော့လေးအား ၂ပတ်မျှ စွန့်ခွာသွားရပါမည်...
ထို ၂ပတ်အတွင်း မဗေဒါ၏ ဘလော့လေး ဆက်လက်ရှင်သန်နေရေးအတွက် ဘလော့ဂါ အပေါင်းအသင်း ရောင်းရင်းများကိုသာ အားကိုးတကြီး အပ်နှင်းအပ်ပါသည်..
မဗေဒါဘလော့လေးအား.. ဆီပုံးတွင်နှုတ်ဆက်ချင်းဖြင့် အစာကြွေးနိုင်သလို.. ပိုစ့်အဟောင်းလေးများအား ကွန်မန့်ပေးခြင်းဖြင့်လဲ အားဆေးတိုက်၍ စောင့်ရှောက်နိုင်ပါသည်..
မဗေဒါပြန်လာလျှင် ဘလော့လေးကို စောင့်ရှောက်ကြည့်ရှု အားဆေးတိုက်ပေးထားသော ဘော်ဘော်များကို စာရင်းနှင့်တကွ ဂျပန်ပြန်လက်ဆောင်ပေးပါမည်..
မဗေဒါမရှိသော်ညား. လာလည်မြဲ... အားပေးမြဲ စာဖတ်သူများ.... အားလုံးကို အားလုံးကို ကျေးဇူးတင်ပါသည်....

ပုံ/
ပရော်ဖက်ဆာ မဗေဒါ
ခေတ္တဂျပန်... ငှဲ.. ငှဲ

10 comments :

ဟန်လင်းထွန်း said...

ဂျပန်သွားတာက ဟုတ်ပါပြီး ငှဲငှဲက ဘာတုန်း

Anonymous said...

ဂျပန်က ကောင်မလေးတယောက်လောက် လက်ဆောင်ယူ
လာခဲရင် ရပါပြီ။ ဟိဟိ

Anonymous said...

ပလော်ဖက်ဆာ မဗေဒါ... ပြန်လာရင် မုန့်ဝယ်ခဲ့ပါ.. :)

တောင်ပေါ်သား said...

မကြီးရေ ဂျပန်မှာ အစစအရာရာ အဆင်ပြေပါစေဗျို့ ဆုတောင်းပေးတယ်နော့် မုန့်လေးတော့ ၀ယ်ခဲ့ဦးနော့်

Unknown said...

ဗေဒါရေ...... ရောက်ရှိကြောင်း သတင်းပို့

MrDBA said...

လက်ဆောင်ယူဖို့ ဝင်တန်းစီလိုက်ပြီ၊ စင်ကာပူထုံးစံပေါ့ ဘာဘာညာညာ သိဘူး တစ်ခုခုတော့ ရမှာဘဲ ၀င်တန်းစီလိုက်တယ်။ ဂျပန်မှာ ပျော်ခဲ့ပါစေဗျား။

thonn thonn said...

ဘာသွားလုပ်သလဲ သိတယ်နော်။ :P ဂျပန်မှာလည်း အင်တာနက်ရတာပဲလေကွာ..မဗေဒါကလည်း။ ၂ ပတ်ကြီးများတောင်။ :(

Anonymous said...

ပြန်လာရင် ဂျပန်မလေးတစ်ယောက် ၀ယ်ခဲ့ပေး =)

khin oo may said...

လက်ဆောင်ရ မယ် ဆိုလို့ စာရင်းလာပေးပါတယ်။ :P

Unknown said...

စိတ်ချာသာသွား...။ ပြန်လာရင် မြေလှန်ပြီး ပေါင်းအိုးထဲထဲ့..။ အဲမှားလို့ စောင့်လျှောက်ထား မယ်လို့ :P