Wednesday, October 01, 2008

လက်ငင်း

ဘ၀တစ်လျှောက် အသက်ရှင်ရပ်တည်လာရာဝယ် လူတစ်ယောက်အနေဖြင့် မိမိအတွက် ဘာတွေ ဘယ်လောက်လုပ်ကိုင်ပြီးသလဲ... အများအကျိုးစီးပွားအတွက် ဘယ်လောက်လုပ်ဖူးပြီလဲလို့ ပြန်စဉ်းစားကြည့်ဖူးကြပါသလား.. စဉ်းစားဖူးကြသူများလဲ ရှိမယ်.. မစဉ်းစားမိသေးသူများလဲ ရှိမယ်ထင်ပါတယ်.. ဒီနေရာမှာ မိမိအကျိုးဆိုကတော့ရှင်းပါတယ်... ပညာရေး စီးပွားရေး ကုသိုလ်ရေးတွေ ရနိုင်သလောက်လုပ်ကြတာပါ... အများအကျိုးဆိုတာကတော့ လူမှုရေး အသင်းအဖွဲ့တွေမှာ ၀င်ရောက်လုပ်ကိုင်မှု ရပ်ရွာအရေးတွေမှာ ပြုမူဆောင်ရွက်မှု လူသားမျိုးနွယ်အတွက် တီထွင်ဖန်တီးမှု စသည်တို့ဖြစ်ပါတယ်...

အများအကျိုးစီးပွားအတွက် လုပ်ဆောင်ရာမှာ ကြီးကြီးကျယ်ကျယ်မြို့ရွာသိ နိုင်ငံသိ ကမ္ဘာသိလုပ်နိုင်ကြသူများရှိကြသလို တစ်နိုင်တပိုင်အများသိစရာမလိုဘဲ လုပ်ကြသူများလဲရှိကြပါတယ်...
ဥပမာ ရထား ကားပေါ်မှာ သက်ကြီးရွယ်အိုများ ကိုယ်ဝန်ဆောင်မိခင်များအတွက်နေရာ ဖယ်ပေးတာတို့၊ မနိုင်မနင်းဖြစ်လာသူကို ၀ိုင်းကူသယ်ပေးတာတို့ ငွေကြေး အဆင်အပြေ၍ အကူအညီတောင်းလာသူကို ကိုယ်နိုင်သလောက်ပေးကမ်းကူညီတာတို့ ပြုလုပ်ခြင်း စသည်ဖြင့်ပါ....

ဤသို့ပြုလုပ်ရာဝယ် ထိုသူများ၏ ကျေးဇူးတုံ့ပြန်မှုကို မျှော်လင့်လို့မရပါဘူး... အဘယ်ကြောင့်ဆိုသော် ထိုသူများထဲတွင် ကျေးဇူးပြန်ဆပ်သူများရှိသလို မဆပ်သူများလဲရှိပါတယ်.. မိမိအခက်အခဲရှိ၍ ပြန်လည်အကူအညီ တောင်းခံရာတွင် ပြန်ပေးနိုင်သော အခြေအနေရှိနေပါရက်နှင့် အဆင်မပြေသေးလို့ပါ.. မလွယ်သေးလို့ပါဆိုသော စကားများဖြင့် ကျေးဆွတ်မှုများလဲရှိတတ်ပါတယ်.. ပြန်ရရန် မသေချာပါ.. ထို့ကြောင့် အများအကျိုး အတွက် ဒုက္ခရောက်နေသူများအတွက် ကူညီလုပ်ဆောင်ရာတွင် ပြန်လည်တုံ့ပြန်မှုကို မမျှော်လင့်အပ်ပါ.. နောင်တစ်ချိန်မှပြန်ရမည့် အကျိုးကို မျှော်လင့်တာထက် ယခုချက်ခြင်းလက်ငင်းအကျိုးရမှုကိုသာ လက်မလွတ်အောင် ယူထိုက်ပါသည်... ရခဲ့ရင်တော့ မိမိအတွက်ပေါ့..

လက်ငင်းအကျိုး ဆိုရာဝယ်.. ဘယ်လိုရမှာလဲ၊ ဘယ်လိုယူရမှာလဲ..... ဒီနေရာမှာ ကျွန်တော်ကြုံခဲ့ဖူးတဲ့ အကြောင်းလေးတစ်ခုကို ဥပမာပေးတင်ပြချင်ပါတယ်..
ကျွန်တော့်အိမ်နီးချင်း အရက်သမားတစ်ယောက်နှင့် စကားပြောခဲ့ကြစဉ်ကပါ....
ထိုသူမှာ တိရိစ္ဆာန်ဆေးကုဆရာဝန် ဖြစ်ပြီး ဘာသာမဲ့တစ်ယောက်လဲဖြစ်ပါတယ်.. ၎င်း၏ဇနီးသည်က ဘုရားစင်တွင် ပန်းကပ်လှူခြင်း ဆွမ်းတော်တင်ခြင်းပြုလုပ်သည်ကို ကုန်တယ်.. ခမ်းတယ်.. အလကား အလုပ်ရှုပ်တယ်ဆိုပြီး အိမ်ဘုရားစင်တွင် ဘုရားဆင်းတုတော်ထီးထီးကြီးသားလျှင်ရှိပါတယ်.. တစ်နေ့ ၎င်းနှင့်စကားပြောဆိုနေစဉ် ....

ထိုသူမှ ကျွန်တော့်အား " ဒီမှာဗျ.. ခင်ဗျားတို့ဘုရားရှိခိုးနေတာ ကုသိုလ်ရဖို့ မဟုတ်လား.. တကယ်လို့ ကုသိုလ်ရတယ်ဆိုရင် ကုသိုလ် ဘယ်လိုရသလဲ" ဟု ကျွန်တော့်ကို မေးပါတယ်...

ထိုသူမျိုးကဲ့သို့ အမေးကို ဖြေဖို့ရာလက်ငင်းအကျိုးပြနိုင်မှလက်ခံလိမ့်မယ်လို့ယူဆမိသည့် အတွက် လက်ငင်း အကျိုးတရားကိုသာလျှင်ပြန်လည်ဖြေကြားခဲ့ပါသည်...

" ဦး...... အနေနှင့် ဒေါသဖြစ်နေလျှင် ဘုရားရှိခိုးနိုင်ပါသလား.. သောကဗျားပါဒတောက်လောင်နေချိန်မှာ ဘုရားရှိခိုးနိုင်ပါသလား... " ဟုမေးသောအခါ.. မည်သို့မျှပြန်မဖြေပါ...
ကျွန်တော်က ဆက်၍ " အေးအေးချမ်းချမ်းဖြင့် ဘုရားရှိခိုးနေသူ၏ နှလုံးစိတ်ဝမ်းသည် ငြိမ်းအေးချမ်းသာမှုကိုဆောင်သော အကျိုးကို လက်ငင်းခံစားရမည်.. ကိလေသာမီး လောင်မြိုက်၍ လောဘ၊ ဒေါသဖြစ်နေသူသည် ပူလောင်မှုကိုသာခံစားရမည်.. ကုသိုလ်ရသည် မရသည်မှာ မိမိ အလုပ်မဟုတ်.. ကုသိုလ်အလုပ်သာဖြစ်ပါတယ်.. " ဟု ဖြေဆိုခဲ့ပါသည်..

ထိုကဲ့သို့ပင် မည်သည့်အလုပ်ကိုပြုသည်ဖြစ်စေ နောင်အကျိုးကို မျှော်လင့်ခြင်းထက် ယခုချက်ခြင်းရမည့်အကျိုးကို လက်မလွှတ်မိစေဖို့လိုပါသည်.. သူတပါးကို ကူညီလိုက်၍ စိတ်၏ပျော်ရွှင်မှု၊ ပီတိ၊ အေးငြိမ်းချမ်းသာမှုတို့ကို လက်ငင်းခံစား၍ မိမိအကျိုးကို အရယူနိုင်ကြပါစေ....

3 comments :

Unknown said...

ကောင်းတယ် သူငယ်ချင်းရေ..။ လူတွေ ရဲ့ ကိုယ်ဆီ ကိုယ်ဆီ ရင်ထဲမှာရှိနေတဲ့ ပူလောင်မှုတွေကို ကောင်းကောင်း မီးမောင်း ထိုးပြသွားနိုင်တယ်...။

Anonymous said...

ဒီပိုစ့်လေးကို ကြိုက်တယ်

Retkhita said...

တိရိစ္ဆာန်ဆေးကုဆရာဝန်ကို အနော်တိတယ် ... အတော် ကောင်းတဲ့ခံယူချက်ပါ... မဗေဒါ နဲ့တခြားစီ
:P