Wednesday, October 15, 2008

မဗေဒါရဲ့ ပထမဆုံးများ....

ဘိုဘိုက မရေးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ပြောနေပင်မဲ့.. ရေးပြီဆိုရင်လဲ ကိုယ့်ကိုကိုယ်သိတယ်.. ကိုယ့်အကြောင်းတွေကို အားမနာလျှာမကျိုး ရေးမိတော့မယ်ဆိုတာ... ဒါပေမဲ့လဲ Friendship ကပိုအရေးကြီးလေတော့... လာလေရော့ဟဲ့....

ပထမဆုံး နေခဲ့တဲ့မြို့ — ရန်ကုန်သူ စစ်စစ်..

ပထမဆုံး တက်ခဲ့ရတဲ့ကျောင်း — အူဝဲဆိုတာနဲ့ ဘ၀ကျောင်းမှာစတက်ခဲ့ရတယ်.. ဘယ်လိုထမင်းစားတယ်. ဘယ်လိုလမ်းလျှောက်ရတယ်.. ဘယ်လိုစကားပြောတတ်လာတယ်ဆိုတဲ့ ဘ၀သင်ခန်းစာတွေ တစ်ပုံကြီးပဲပေါ့.

ပထမဆုံး အတန်း — အတန်းအနေနဲ့ဆိုရင်တော့ မူကြိုပေါ့.. "ရောင်စုံဘောလုံး.. ရောင်စုံဘောလုံး.. တစ်လုံးငါးပြား" အဲဒါတွေဆိုခဲ့ရတယ်..

ပထမဆုံး သူငယ်ချင်း၊ ပထမဆုံး ရတဲ့ ကျောင်းသူငယ်ချင်း — ငယ်ငယ်မူကြိုထဲကနေ ၈တန်းထိတူတဲ့သူငယ်ချင်းကောင်လေးတစ်ယောက်တော့ရှိတယ်.. သူကတော့ ပထမဆုံးသူငယ်ချင်းလို့ပြောလို့ရတယ်ဆိုပေမဲ့.. နီးနီးကပ်ကပ်နဲ့ အမြဲတွဲအမြဲသွား သူငယ်ချင်းကတော့ သူငယ်တန်းမှာ ရှေ့နောက်ထိုင်ဖြစ်တဲ့ကောင်မလေး.. ခုတော့ သူက US မှာ.. ခုထိ အဆက်အသွယ်လဲရှိတယ်.. အခင်ဆုံးသူငယ်ချင်းစာရင်းထဲလဲပါတယ်.. စိတ်ထဲ အသဲထဲကနေ အရမ်းခင်တဲ့သူငယ်ချင်း.. သူကိုယ့်ကိုခင်မခင်တော့ သေချာမသိဘူး.. သိလဲမသိချင်ဘူး.. ကိုယ်ခင်နေရရင်ပြီးတာပဲ ဆိုတဲ့ သူငယ်ချင်းလဲရှိတယ်.. သူက ခုဂျပန်ကိုသွားလည်နေတယ်.. မဗေဒါလဲ သူ့ကိုတွေ့ချင်လို့ ဂျပန်လိုက်သွားလည်မလို့ စီစဉ်ဖြစ်သွားတာ.. စကာင်္ပူရောက်နေပင်မဲ့ တစ်နှစ်တစ်ခါ မြန်မာပြည်ပြန်တိုင်းသူနဲ့တွေ့ဖြစ်တယ်.. ဒီနှစ်တော့ ရည်းစားနဲ့ပြတ်လို့ ရန်ကုန်မပြန်ချင်တာနဲ့ သူနဲ့မတွေ့ရဘူး.. ခုတော့ တွေ့ရတော့မယ်.. သူနဲ့က အဲလိုကို ကံပါတာ. ငယ်ငယ်ထဲက..

ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် — သူငယ်တန်း သင်ပုန်းကြီး... အဲဒါအရင်မဖတ်ပဲ တခြားဘယ်စာအုပ်ကိုဖတ်တတ်အုံးမှာလဲ..

ပထမဆုံး အလွတ်ရတဲ့ ကျောင်းစာ"ဘုံဘေဘားမား ကုမ္ဗဏီမှ သစ်ခိုးသည်ကို မြန်မာမင်းက ဒဏ်ရိုက်သည်တွင် မကျေမနပ်ဖြစ်ကာ အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားခဲ့ပါသည်.." (က၊ခ တောင် တော်တော်အလွတ်ကျက်ခဲ့ရတယ်.. အဲဒိအပေါ်ကစာကြောင်းလေးက မဗေဒါငယ်ငယ်က အစ်မတွေ သမိုင်းကျက်ထဲက လိုက်ဆိုလို့လဲကောင်းတယ်.. လိုက်ကလို့လဲကောင်းလို့ အလွတ်ကိုရနေတော့တဲ့ ကျောင်းစာပဲ)

ပထမဆုံး အရိုက်ခံရခြင်း — သိပ်အရိုက်မခံရဘူးဘူး.. တစ်တန်းလုံးကို ခုံပေါ်တက်ပြီးရိုက်ရင်တော့ ရိုက်ခံရတာပေါ့နော်... မှတ်မှတ်ရရတော့မရှိဘူး..

ပထမဆုံး ရတဲ့ဆု — ငယ်ငယ်ထဲက လွတ်လပ်ရေးပြိုင်ပွဲတွေမှာ ပထမ ဒါမှမဟုတ် ဒုတိယ အမြဲရတယ်.. တချို့အမေတွေဆိုရင် မဗေဒါကိုမြင်တာနဲ့ သူတို့သမီးတွေကို မပါခိုင်းတော့ဘူး.. မရမှာ သေချာလို့.. ဒါတော့မတတ်နိုင်ဘူးလေ.. သမုဒ္ဒရာရေပဲ နော်... မှတ်မှတ်ရရ.. ရဖူးတာလေးကတော့ လွတ်လပ်ရေးပြိုင်ပွဲမှာ ထုတ်ဆီးတိုးတမ်းကစားတော့ တစ်ဖက်အုပ်စုထဲမှာ ဒိုင်လူကြီးရဲ့ တူမတွေ ညီမတွေပါတော့.. မဗေဒါတို့နိုင်တာသေချာရက်နဲ့ ၅မှတ်ဖျောက်ပြီး သူတို့ ပထမရသွားတယ်.. ထုတ်ဆီးတိုးက ပထမဆုတစ်ခုပဲပေးတာလေ.. ဒီတော့ မဗေဒါမေမေက ထုတ်ဆီးတိုးဒုတိယဆုကို စပွန်ဆာပေးပြီး စလင်းဘက်အိတ်အကောင်းစားတွေကို ပေးလိုက်တာ.. ပထမဆုထက်တောင်ပြန်လန်နေတာပဲ.. အဓိကက ကျမဘက်က အမြဲရက်တည်ပေးတဲ့ ကျမမိသားစုကို ကျမအရမ်းကျေးဇူးတင်တယ်...

ပထမဆုံး သွားဖူးတဲ့ခရီး — ဘ၀ခရီး... အူဝဲဆိုထဲက ခုထိပဲ...

ပထမဆုံး စီးဖူးတဲ့ကား — ဖေဖေမောင်းတဲ့ကားနေမှာပေါ့.. မှတ်မိတော့ဘူး...

ပထမဆုံး ဆိုတဲ့သီချင်း — ငယ်ငယ်တုန်းကတော့ လူကြီးတွေဆိုရင် ပုခက်ထဲက ၀ူးဝူးဝါးဝါးလိုက်အော်ဖူးမှာပေါ့... စင်ပေါ်မှာတီးဝိုင်းနဲ့ပထမဆုံးဆိုဖူးတဲ့သီချင်းကတော့ သျှီရဲ့ "ဂန္ဓာရီ" ဘယ်မှာဆိုဘူးလဲတော့မမေးနဲ့နော်.. အသေသာသတ်လိုက်..

ပထမဆုံးရေးတဲ့ ကဗျာ — ဘန်နာမှာရေးထားတယ်.. "လှိုင်းတန်ပိုးထန် လေကိုဆန်လဲ အပြုံးမပျက် ပန်းပန်လျက်" ဆိုတာ.. ကဗျာလို့ ခေါ်လို့ရလားတော့ မသိ...

ပထမဆုံး ရေးခဲ့သော ရည်းစားစာ — ရည်းစားစာတော့ တစ်ခါမှမရေးဘူးပါ.. ရဘူးတာတော့ ရှိတယ်.. ၁၀တန်းအောင်ပြီးခါစ သင်တန်းတွေတက်တုန်းက ၁သက်လုံးမှာမှ တစ်ဆောင်ပဲရဘူးတယ်.. .. ကျန်တဲ့သူတွေက ပါးစပ်ကပဲပြောကြတယ်.. နောက်ကလိုက်ကြတယ်.. ဒါတောင် မယူဘူးနော်.. အတင်းလိုက်ပေးနေလို့.. မဖတ်ဖူး တာရော.. ပြီးတော့ ဒီစာယူပြီးရင် နောက်ကမလိုက်လာနဲ့တော့ဆိုပြီး ယူလိုက်တာ.. စာလေးရှားရှားပါးပါးတစ်စောင်ရလို့ သူငယ်ချင်းတွေကိုသွားကြွားတာ.. နင်ကကြိုက်လို့လားလို့မေးတော့.. မကြိုက်ပါဘူး.. စာရလို့ကြွားတာဆိုတော့.. နင်မကြိုက်ရင် အဲဒိစာသိမ်းမထားနဲ့ပေါ့တဲ့ ဆိုပြီး လွှတ်ပြစ်လိုက်တယ်... မဗေဒါလဲ သိမ်းထားရင် ကြိုက်လို့သိမ်းတယ်ပြောခံရမှာစိုးလို့ မတားလိုက်ဘူး.. လွှတ်ပြစ်ပေါ့လို့ပဲပြောလိုက်တယ်.. ဒါပေမဲ့ နှမြောသား... ကိုယ့်အကြောင်းတွေကို မင်းသမီးလေးတစ်ပါးလို ညွှန်းရေးထားတာလေ.. ဟိ.. ဟိ... (မှတ်ချက် ခုတော့ ရင့်ကျက်သွားပြီဖြစ်လို့ ရည်းစားစာပေးပြီး မရင့်ကျက်သောအလုပ်မျိုးကို ရင်မခုန်တော့ပါ.. ငှဲ ငှဲ..)

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် — ဘယ်ပြောမလဲ... အသေသတ်...

ပထမဆုံး ချစ်သူ — ဂျန်းဒေါင်ဂန်းပေါ့... သူ့ကိုကိုယ်ထားခဲ့လို့ ခုထက်ထိလူပျိုကြီးလုပ်နေတာ.. ကြည့်ပါလား.. ဟတ်.. ဟတ်...

ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ် — စဉ်းစားစရာပဲ.... သေချာစဉ်းစားကြည့်လိုက်တော့ မဗေဒါဝယ်ဖူးတဲ့စာအုပ်ရှားသား.. အလကားရတာပဲလိုက်ဖတ်တယ်.. ဒါတောင် ဖတ်လို့မကုန်ဘူး.. ငယ်ငယ်က ပုံပြင်စာအုပ်တွေတော့ ၀ယ်ဖူးတယ်..

ပထမဆုံး ၀ယ်တဲ့သီချင်းခွေ — ငယ်ငယ်က ကျောင်းသူဘ၀တုန်းကတော့ အစ်မအကြီးက သီချင်းခွေဝယ်တာဝါသနာပါတယ်.. သူ့မုန့်ဖိုးနဲ့လဲ မလောက်တော့ မဗေဒါတို့ အငယ်၂ယောက်ကို မြူဆွယ်ပြီး ရှယ်ဝယ်ဖူးတဲ့ အခွေတွေတော့ရှိတယ်.. နောက်ပိုင်းတော့ သူကဒိုင်ခံဝယ်နေတော့ ကိုယ်က ဒိုင်ခံ အလကားနားထောင်ပေးတယ်.. ၁၀တန်းအောင်တော့ တရုတ်ဘန်း F4ကို ရူးရူးမူးမူး အိပ်မက်ထဲထိကြိုက်တုန်းက သူတို့ VCD ခွေတွေတော့ ၀ယ်ဖြစ်တယ်.. မဗေဒါက သီချင်းခွေထက် ဗွီဒီယိုခွေ.. ပုံပါမြင်ရတဲ့ခွေကိုပိုကြိုက်တယ်.. VCD ပဲဖြစ်ဖြစ်.. ရုပ်ရှင်ပဲဖြစ်ဖြစ်..

ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့ — နေ့မမှတ်မိတော့ဘူး.. မိုးဖွဲဖွဲလေးတွေရွာနေတဲ့နေ့တနေ့ပဲ.. ၂၀၀၁ ရဲ့မိုးရာသီနေ့လေးတစ်နေ့ဖြစ်မယ်ထင်တယ်.. မမေ့နိုင်စရာ အပျော်ဆုံးနေ့တွေရဲ့ နိဒါန်းနေ့တစ်နေ့ပေါ့..

ပထမဆုံး ရဖူးတဲ့လက်ဆောင် — ဒီမိသားစုမှာ လူဖြစ်ခွင့်ရခဲ့တဲ့ ကံကပေးတဲ့လက်ဆောင်

ပထမဆုံး အလုပ် — ဆယ်တန်းအောင်ပြီးတော့ ကလေးတွေ စာလိုက်ပြတယ်.. ကျူရှင်ဆရာမပေါ့နော်..

ပထမဆုံး တစ်ယောက်ထဲခရီးသွားခြင်း — ၂၀၀၆ခုနှစ်ရန်ကုန်ကို တစ်ယောက်ထဲပြန်တုန်းက သူငယ်ချင်းတွေကို မဗေဒါဆရာကြီးလုပ်ဦးဆောင်ပြီး ကျိုက်ထီးရိုးသွားဖူးတယ်.. ပထမဆုံးလူကြီးမပါပဲ.. ကိုယ်ဦးဆောင်ပြီးသွားဖူးခြင်းပဲ.. တစ်ကယ်တစ်ယောက်ထဲ သွားရမဲ့ခရီးက နောက်တစ်ပတ်ကျရင် ဂျပန်ကို ဒိုးမယ်.. ခုအရမ်းရင်တွေခုန်ပြီး ပျော်သလိုလို ကြောက်သလိုလို ဖြစ်နေတယ်.. (လေယာဉ်ပေါ်မှာ RAIN နဲ့ ဘေးချင်းကပ်ကျရင် ဒုက္ခ.. ဟတ်.. ဟတ်)

ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်၊ ပထမဆုံး သောက်ဖူးတဲ့အရက် — ဆေးလိပ်.. အရက်လုံးဝမသောက်ဖူးပါ.. ထန်းရည်တောင်မသောက်ဖူးပါ.. အဲ.. ဒါပေမဲ့ မဗေဒါ ဟိုးငယ်ငယ်တုန်းကတော့ .. ဖေဖေစားပွဲပေါ်မှာ တင်ထားတဲ့ ရေလေးတွေသီးပြီးအေးခဲနေတဲ့ အရက်ဖြူခွက်လေးကို.. ရေမှတ်ပြီး တစ်ခြိုက်ထဲမော့သောက်လိုက်မိဘူးတယ်.. ပြီးတော့ ကိုယ့်ကိုကိုယ်သေတော့မယ်ထင်ပြီး ငိုပါလေရော.. ပြီးတော့ မူးပြီးချက်ချင်းအိပ်ပျော်သွားတယ်ထင်တယ်..

ပထမဆုံး တက်ဖူးသော ဆေးရုံ — ဗဟိုအမျိုးသမီးဆေးရုံ... တစ်မျိုးမထင်လိုက်နဲ့... မဗေဒါကို အဲဒိမှာမွေးတာ..

ပထမဆုံး ဘလော့ပို့စ် — သိချင်ရင် Archive ထဲမှာ ရှာလိုက်လို့ရတာကို မေးနေသေးတယ်..

ပထမဆုံး ခင်တဲ့ ဘလောဂ့်မိတ်ဆွေ — မြန်မာဘလော့ စလုပ်တော့ မလုပ်တက်တော့ ကိုရန်အောင်ဆီမှာသွားသွားမေးတယ်.. ဒီတော့ ကိုရန်အောင်ကလဲ အရင်ကတော့ လာလာလည်တယ်.. ဒါပေမဲ့ မိတ်ဆွေဆိုတာထက် ဆရာလိုဖြစ်နေတာပေါ့နော်... သူငယ်ချင်းလိုစပြီး ခင်ခင်မင်မင်ရှိလာတာကတော့.. ဒူရှိရမလဲ.. အိပ်မက်နက် BlackDream ပေါ့... မဗေဒါဖို့ သူငယ်ချင်းအတွက် ဆိုတဲ့ မွေးနေ့ပိုစ့်လေးတင်ပေးခဲ့လို့.. ခုထိကြည်နူးမိပါ၏

ပထမဆုံး ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံးခြင်း — ဆရာမလုပ်တုန်းက ရတဲ့ပိုက်ဆံပဲ.. ဘယ်လိုသုံးလိုက်မိလဲတော့ သိဘူး...

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း — ရန်ကတော့ ခဏခဏကိုဖြစ်တာ.. မဗေဒါကိုဆို လူတိုင်းက ခပ်စွာစွာကောင်မလေးလို့ပြောလိုက်ရင်သိတယ်.. အိမ်မှာ စည်ကနဲဆို မဗေဒါပဲမှတ်... မှတ်မှတ်ရရ ရန်ပွဲကတော့ ၇တန်းတုန်းက လမ်းထဲက ခပ်နွဲ့နွဲ့နေတတ်တဲ့ ကောင်တစ်ကောင်က(အဲဒိကောင်က ၉တန်း) မဗေဒါရဲ့သူငယ်ချင်းကို သူ့သူငယ်ချင်းကောင်နဲ့လာအောင်သွယ်နေလို့ ကိုယ့်သူငယ်ချင်းကို ဆုံးမရင်းနဲ့.. အဲဒိအခြောက်ပြောတဲ့ စကားမယုံနဲ့လို့ပြောလိုက်မိတာ.. သူငယ်ချင်းက ရည်းစားထားချင်နေတဲ့ သူဆိုတော့ သူ့ကိုပြန်ပြောလိုက်တော့.. ဟိုက ကိုယ့်ကို မိုက်မိုက်ရိုင်းရိုင်းပြန်ပြောတော့ အိမ်က အစ်မတွေကပါမခံနိုင်ပဲ ရန်ဖြစ်ကြတာ.. (အဲမတိုင်ခင် လမ်းထဲမှာ အေးတယ်.. တခါမှလဲရန်မဖြစ်ဘူးတဲ့ ကိုယ့်အစ်မတွေလဲ ကိုယ့်ကြောင့်ရန်ဖြစ်ရတယ်.. အဲလိုအားကိုးရတာ.. အစ်ကိုရှိမှ အားကိုးရတာမဟုတ်ဘူးနော်) ရပ်ကွက်ရုံးရောက်တော့မလို့... ညကျတော့ လမ်းထဲမှာရန်ဖြစ်ထားတာ ဖေဖေဆူမှာကြောက်လို့ အစောကြီးဝင်ပြီးအိပ်ချင်ယောင်ဆောင်နေရင်း.. မေမေကအေးဆေး ဖေ့ဖေ့ကို ကိုယ့်သမီးဘက်က ကာပြီး ဟိုအခြောက်ဖက်ကို သာသာထိုးထိုးလေးတိုင်လိုက်တော့.. ဖေဖေပါဒေါသတွေထွက်ပြီး အမျိုးသမီးရေးရာတွေ ဘာတွေတိုင်မယ်လုပ်နေတာ.. နောက်ဆုံးတော့ အဲဒိအခြောက်အဖေကိုပဲ တိုင်လိုက်တယ်.. ရိုက်လိုက်တယ်လို့တော့ပြောတာပဲ.. မထင်ပါဘူး.. မှတ်မှတ်ရရ အဲဒိနေ့က ကျမအစ်မအလတ် ၁၀တန်း အင်္ဂလိပ်စာမဖြေခင်ညပေါ့.. သူ့ကို စာပဲကျက် အကြီးဆုံးနဲ့ အငယ်ဆုံးပဲ သွားချဲမယ်ဆိုပြီးထားခဲ့တာ.. နောက်တော့ သူလဲ ကိုယ့် ညီအစ်မတွေခံရမှာစိုးလို့ မနေနိုင်ပဲလိုက်လာတယ်.. အိမ်အောက်မှာရန်ဖြစ်တာ.. ဟီး.. ဟီး......... အဲဒိအကြောင်းပြန်တွေးကြည့်တော့လဲ ကိုယ့်အစ်မတွေက အားကိုးရသားပဲနော့်......

ပထမဆုံး အကြိမ် ထီပေါက်ခြင်း (ချဲထီ) — မဗေဒါဘ၀မှာ ကိုယ်တိုင်မလုပ်ပဲ ကံစမ်းရတဲ့အရာတွေက အကျိုးမပေးဆုံးပဲ.. ထီထိုးခြင်းနဲ့ အချစ်ရေးပဲ.. ဘာမှကို ကံမကောင်းဘူး..

ပထမဆုံး ရင်ခုန်ဖူးခြင်း — ရုပ်ရှင်ကြည့်တိုင်း ကိုယ်ကြိုက်တဲ့ မင်းသား မင်းသမီးခန်းလာရင် ရင်ခုန်တာပဲ..

ပထမဆုံး တီးဖူးတဲ့ဂစ်တာ — တီးတော့ မတီးဘူးဘူး.. တတ်မှမတတ်တာ.. ဆော့တော့ ဆော့ဖူးတယ်.. ငယ်ငယ်တုန်းက ဦးလေးဂစ်တာ.. နောက်တော့ အစ်မဂစ်တာ..

ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား — စကာင်္ပူပဲပြောရမှာပေါ့.. အိပ်မက်ထဲမှာတော့ အစုံပဲ..

ကဲ.. ဒါပဲမှတ်လား.. မေးထားတာတွေကလဲ အစုံပဲ.. မဗေဒါရဲ့ အပုတ်တွေလဲ ပေါ်ကုန်ပြီး.. ရှက်လိုက်တာ...

အဲဒါကြောင့်မရေးပဲ ရှောင်နေတာ.. နောက်အပတ် ဂျပန်ခရီးထွက်ရမှာမို့... အကြွေးတွေရှင်းရင်း မရှောင်နိုင်တော့လို့ရေလိုက်တာ... ဘိုဘိုရေ.. ကျေနပ်တော့နော်....... နင်ရေးဆိုလို့ရေးလိုက်ပြီ...

12 comments :

Anonymous said...

မဗေဒါရေ ၊ပထမဦးဆုံးမတ်ခဲ့ဖူးတဲ ၊အိမ်မတ်ကဘာလည်ဟင် ၊ ဥပမာ ဆရာဝန်မဖြစ်ခြင်တာဒို့ ဘာတို့ ဘော့ ၊ကျနော်ဆို ရုပ်ရှင်မင်းသားဖြစ်ခြင်တာ ၊အားလုံးမှာကိုယ်အိမ်ကိုယ်စီးရှိမှာပေါ့ 

Anonymous said...

ဆရာဝန်ဖြစ်ဖို့ ကျမကြိုးစားမည်.. အင်ဂျင်နီယာဖြစ်ဖို့ ကျမကြိုးစားမည်.. မြန်မာ့သားကောင်းဇာနည်....အဲ.. ထားလိုက်ပါတော့.. အရှေ့ကဟာတွေတစ်ခုမှမဟုတ်ဘူး..
ငယ်ငယ်တုန်းထဲက ဘာဖြစ်ချင်လဲမေးရင် ရေရေရာရာမရှိဘူး.. နဲနဲကြီးလာတော့ ဆရာဝန် မဖြစ်ချင်တာတော့ သေသေချာချာသိလာတယ်.. ဖြစ်လာတာကတော့ အင်ဂျင်နီယာပေါ့နော်.. လောလောဆယ်ရောက်နေတဲ့လိုင်းပေါ့.. ဒီလောက်တော့လဲ ဝါသနာမပါဘူး.. ဝမ်းရေးငြှိမ်းနေတာပဲရှိတယ်.. ဒီနှစ်အတောအတွင်းမှ ဖြစ်ချင်လာတာလေးတွေ ရှိလာတယ်.. အဲဒါက ကိုယ်တိုင်ရုပ်ရှင်တစ်ခုဖန်တီးချင်တယ်... သူများနိုင်ငံကကားတွေကြည့်ပြီး မြန်မာအနုပညာလောကကိုတိုးတက်စေချင်တယ်.. ဒါပေမဲ့ မဗေဒါက ခုမှ ပရိတ်သတ်အဆင့်ပဲရှိတယ်... ရုပ်ရှင်ရိုက်တာနဲ့ပတ်သတ်ပြီးဘာမှမသိဘူး.. အဲဒါနဲ့ပတ်သတ်တဲ့ ဘာပညာမှမတတ်ဘူး... ပြီးတော့ အဆိုးဆုံးက ခုရောက်နေတဲ့ နေရာနဲ့ အခြေအနေက အဲဒိလိုင်းနဲ့လုံးဝမအပ်စက်ဘူး.. အသိုင်းအဝိုင်း အဆက်အသွယ်လဲမရှိဘူး.. ဟဲ.. ဟဲ.. အိပ်မက်ဆိုတဲ့အတိုင်း အပြင်မှာတကယ်ဖြစ်မလာနိုင်ဘူးလေ...

Anonymous said...

မဗေဒါ ကတော့ အရေးသွက်းပါ့ စကားပြောသွားတာ နားထောင်ရသလိုပဲ ဟဲဟဲ စွာမယ်ဆိုတာကတော့ အစောကြီးထဲက ရိပ်မိတယ်ဗျ ကျနော့်လို ဗုံးခဏခဏ ဖောက်တက်တယ်ဆိုလို့း) မောင်နှမတွေရန်သွားတွေ့ တာ မြင်ယောင်မိတာ ရန်ပွဲတွေဆိုကြည့်လို့ ကောင်းလို့ အားရှိတာပေါ့နော့် အစ်မတွေက ဘာပဲဖြစ်ြ့ဖစ် မောင် ညီမတွေအတွက်တော့ အဆင်သင့်ပဲ ။ Rain နဲ့  ဘေးချင်းကပ်ထိုင်ချင်တယ်ဆိုတော့ မိုးစိုချင်တယ်လို့ ပြောတာလား သဘောမပေါက်ဘူးး ။

mabaydar said...

ဒီကောင်လေး တော်တော်ခေတ်နောက်ကျတာကိုး.... မြန်မာပြည်ကလူတွေတောင်သိတယ်.. မြန်မာပြည်ကျွတ်ကျွတ်အိပ် ရာဇဝင်သမိုင်းတွေမှာ ကျန်ကျောင်းခေတ်ပြီးတော့ ဂျွန်စောခေတ်... နောက်တော့ ဒါရိုက်တာရင်ခေတ်... နောက်တော့ ဟိုတယ်မင်းသားလားဘာလာ.. ဘေယောင်ဂျွန်းလားသူ့နာမည်.. နောက်တော့ RAIN လေ (လီယောင်ဂျေး in full house) မဗေဒါတို့ က ဂျွန်စောခေတ်ထဲက မြန်မာပြည်မှာမရှိတော့ဘူးဆိုပေမဲ့.. ခေတ်မှီအောင်လေ့လာထားရတယ်.. မောင်မျိုးတော့ ခေတ်နောက်ကျနေပြီ....

Anonymous said...

မဗေဒါနဲကျနော်ဝါသနာခြင်နဲနဲတူတယ်၊မြန်မာပြည်ကတွက်လာပြီး၊မင်းသားမဖြစ်နှိင်တော့ဘူဆိုတာသိတော့၊ဓါတ်ပုံပညာကိုယ် ၅ နှစ်လောက်လေ့လာခဲ့သေတယ်။အဲ့ဒီမှာကမော်ဒန်ပိုစ်နဲရော၊မီးအလင်းအမှောင်ရောပေါ့၊ဟဲဟဲ၊ဟင်းချက်ကောင်းတာကတော့တယောက်ထဲနေရတာများတော့လေ့လာရင်၊ချက်ရင်နဲချက်တက်သွာတာသူငယ်ချင်းတွေကပြောတယ်ကိုထိုက်ဟင်ချက်အရမ်စားကောင်းတာပဲလို့တော့ပြောတယ်၊အလကားစားရလို့ လာတော့မသိဘူး။ဟဲဟဲနောက်တခုပြောသေတယ်ကြွားတာတော့မဟုပ်ဘူးးနော်၊မဗေဒါပြောပြတာ၊မြန်မာပြည်ပြန်ပြီးမင်းသားပြန်လုပ်ပါလာတဲ့၊ကျနော်ကလည်ပြန်ပြောလိုက်တယ်ငါမင်းသားပြန်လုပ်ရင်မြန်မားပြည်ကမင်းသားတွေထမင်းငှက်ကုန်မှာပေါ့လို့ 

mabaydar said...

မဗေဒါကတော့ သရုပ်ဆောင်တာဝါသနာပါတယ်ဆိုပေမဲ့.. သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့တော့ ပါရမီမပါဘူးထင်တယ်.. ဘာလို့လဲဆိုတော့.. မဗေဒါက မကတတ်ဘူး.. သရုပ်ဆောင်ဆိုတာက အားလုံးလုပ်တတ်ရမယ်လို့ မြင်တယ်လေ.. ဒါမှလဲ သူကျရာနေရာကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်မှာပေါ့.. ဒါပေမဲ့ မဗေဒါက သရုပ်ဆောင်မှာဘာလိုတယ်.. ဘယ်ဇာတ်ဝင်ခန်းမှာ ဘယ်လိုယူပြီးရိုက်လိုက်လဲ.. ဘယ်လို ဇာတ်ဝင်တေးမျိုးသုံးလဲ ဆိုတာတွေကိုတော့ လေ့လာရတာဝါသနာပါတယ်.. ဒီတော့ ရုပ်ရှင်ဒါရိုက်တာလုပ်ရရင် သင့်တော်မယ်ထင်တာပဲ.. မဗေဒါ ဒါရိုက်တာဖြစ်ရင်တော့ ပေါ့ပျက်ပျက်သရုပ်ဆောင်တဲ့ မင်းသားမင်းသမီးတွေနာပြီသာမှတ်.. မကျေနပ်မခြင်းပြန်လုပ်ခိုင်းမှာ.. ဟဲ.. ဟဲ.. ကိုထိုက်ရော.. စိတ်ဝင်စားရင် မဗေဒါ ရုပ်ရှင်ရိုက်ပေးမယ်လေ.. မဗေဒါရိုက်တဲ့ကားမှာ ခေါင်းဆောင်မင်းသားတင်ပေးမယ်.. ဘယ်လိုလဲ.. ဟဲ.. ဟဲ.. လောလောဆယ်တော့ မဗေဒါက ဘာမှမဟုတ်သေးဘူး.. ဆူမယ်ဆဲမယ်ဆိုတာချည်းပဲ.. ဟင်းကောင်းကောင်းချက်ကျွေးမယ်ဆိုရင်တော့ မဆူဘူးပေါ့နော်... နောက်လဲ မဗေဒါဘလော့ကိုလာလည်ပါ.. မြန်မာပြည်ရုပ်ရှင်နဲ့ပတ်သတ်တဲ့ မဗေဒါရဲ့ဝေဖန်ချက်တွေရေးမလို့.. တတ်လွန်းလို့တော့မဟုတ်ဘူး.. ပရိတ်သတ်တစ်ယောက်အနေနဲ့ မြင်တာကိုပြောတာ...

Anonymous said...

မဗေဒါရေမြန်မာရုပ်ရှင်ဇာတ်ကားတွေကိုယ်ဝေဖန်မယ်ဆိုရင်၊ဝေဖန်စရာတွေကအများကြီး၊မဗေဒါ၊ဒါရိုက်တာလုပ်မယ်ဆိုရုပ်ရှင်ကားတွေမှာ၊ကိကိ၊ကွကွ၊အသံတွေမထဲ့ ပါနဲ့ နော်။ဘာလို့ လဲဆိုးတော့ သရုပ်ဆောင်ကဘာပြောလိုက်မှန်တောင်မကြားလိုက်ဘူးနာကိုယ်ညီးနေတာပဲ။နောက်ပြီးမြန်မာမင်းသားတွေရုပ်ချောရုန်ပိုက်ဆံရှိရုန်နဲ့ ၊မင်းသားလုပ်နေကြတာ၊အချို့ ဆို၊သနဲ့ ၊တနဲ့ ၊တောင်မကွဲဘူး၊သရုပ်ဆောင်တယ်ဆိုတာကိုယ်သရုပ်ဆောင်းတဲ့ ၊ဇာတ်ကောင်းနဲ့ တူအောင်ပီပြင်အောင်လုပ်တက်ရတယ်၊ရုပ်ချောရုန်နဲ့ မရသေဘူး။မင်းသားဆိုတာအားလုံးကိုမကျွမ်ကျင်တောင်မှ၊နဲနဲစီးတော့တက်ထာသင့်တာပေါ့ နော်။မဗေဒါဆတ်ဝေဖန်ပါဦး။

mabaydar said...

ကိကိ ကွကွ အသံဆိုတာဘာကိုဆိုလိုတာလဲဟင်... မဗေဒါက ဝါသနာပါတယ်ပဲပြောတာပါ.. လုပ်ဖြစ်မယ်မလုပ်ဖြစ်ဖူးဆိုတာက အိပ်မက်လိုပါပဲ.. တကယ်ဖြစ်မလာဖို့များပါတယ်.. ဝါသနာဆိုတော့ ကိုယ်စိတ်ဝင်စားတာကို ကိုယ့်အားလပ်ချိန်မှာလုပ်နေရရင် ကျေနပ်နေတော့တာပါပဲ.. မဗေဒါမှာ သေသေချာချာသင်ပေးမဲ့ဆရာ မရှိတာရော.. အဲဒိပညာရပ်အသိုင်းအဝိုင်းနဲ့ ပတ်သတ်မှုမရှိတာရောကြောင့် တကယ်ကိုပဲ ဘာမှမတတ်သေးပါဘူး... မဗေဒါကတော့ မင်းသားမင်းသမီးတွေက သရုပ်ဆောင်ကောင်းရမယ်.. ရုပ်ရည်လဲ အသင့်အတင့်ရှိရမယ်.. အရမ်းတော်တဲ့သူတွေကတော့ ရုပ်ရည်သိပ်မလိုပါဘူး.. ပရိတ်သတ်ကိုဖမ်းစားနိုင်တာပေါ့.. ဂျက်ကီချန်းတို့လို... RAIN တို့လိုပေါ့.. ထားလိုက်ပါ.. ဒါတွေပြောရင်ရှည်နေအုံးမယ်.. ကိုယ်လဲဘာမှတတ်တာမဟုတ်ဘူး.. ကိုယ့်ယူဆချက်ပဲရှိတာ.. ကွန်မန့်တွေလဲ ဒီတော့ပစ်ကြောင့်ဖောင်းပွနေပြီ... စကားပြောချင်ရင်.. ကိုထိုက် ဂျီတော့ပေးလေ.. add လိုက်မယ်..

Anonymous said...

ကိကိ၊ကွကွဆိုတာကနောက်ခံတီးလုံးသံကိုယ်ပြောတာ
ကျနော့် ဂျီတော့ က minmindoll2006@gmail.com

Anonymous said...

ရန်ဖြစ်တဲ့ အကြောင်းဖတ်ရတာ အားရလိုက်တာ.. လူအုပ်တောင့်တော့ ပြောစရာကြီးပေါ့.. :)
မဗေဒါ ချသာချ သိလား.. ကိုင်ပေါက်ပြစ်.. လုံးဝမညှာနဲ့..

အပျော်ပါဗျာ..
ခင်မင်လျက်...

pandora said...

အိ.. ရန်ဖြစ်တဲ့အကြောင်းကို ရေးထားတာက အရှည်ဆုံးပဲ.. ကြောက်ကြောက်

Unknown said...

အဲ..ဒီပို့စ်ရေးထားတာ ငါမသိလိုက်ဖူး..။ အမှတ်တရ ရှိပေးတဲ့အတွက် ကျေးဇူးပါ.... လို့ မပြောတော့ဘူးနော်...။ ဖြစ်တယ်မလား? :)