Thursday, October 02, 2008

ဘလောဂါနေ့ တို့မမေ့

နောက်ကျနေပေမဲ့ ဗွီဒီယိုပြီးမှ အဲဒိနေ့အကြောင်းကိုရေးမယ်ဆိုပြီး ကိုယ့်ကိုကိုယ် ချုပ်တီးပြီး ဖိစီးထားလိုက်တာ.. ဒီနေ့တော့ အားလုံးစောင့်စားနေတဲ့ မဗေဒါရဲ့ စကာင်္ပူမှမြန်မာဘလော့ဂါများ စုံဆည်းပွဲမှတ်တမ်းတင် ဗွီဒီယိုလေးကို အဖျက်အစီး အခက်အခဲပေါင်းများစွာထဲက အောင်မြင်စွာပြီးဆုံးသွားလို့ ဒီနေ့မှ gatheringနေ့(06/09/08) လေးက မဗေဒါတွေ့ကြုံခဲ့ရတဲ့ အမှတ်တရအကြောင်းလေးတွေကို စားမြုပ်ပြန် (အဲလေ...) အရသာခံပြန်ပြောင်းအောင့်မေ့ပြီးပြောပြခွင့်ရပါပြီ...

အဲဒိနေ့မတိုင်ခင်အထိ မဗေဒါကိုယ်တိုင်လဲ BBQ pit ကို အွန်လိုင်းကနေ book လိုက်တာဆိုတော့ လိပ်စာကိုသာသိပြီး ဘယ်လိုသွားရမယ်.. ဘာကားစီးရမယ်သေချာမသိခဲ့ပါဘူး.. ခါတိုင်း သွားနေကျ fisherman village နားထင်လို့ ဘတ်စ်ကားနံပါတ် ၄၀၃စီးလို့အားလုံးကိုပြောထားမိပါတယ်.. တကယ့်နေ့ကျတော့ မဗေဒါလဲအရင်သွားပြီးနေရာရှာမယ်ဆိုပြီးရည်ရွယ်ထားပေမဲ့ အကြောင်းကြောင်းကြောင့် နောက်ကျပြီးနောက်ဆုံးတော့ တိုက်စီနဲ့ပဲဒိုးခဲ့ရပါတော့တယ်.. တိုက်စီသမားကို area A လို့ပြောတာ မသိလို့.. ဟိုမောင်းဒီမောင်းနဲ့တောင် နဲနဲကြာသွားပါသေးတယ်.. နောက်ဆုံးရှာတွေ့တော့ အဲဒိနေရာက ဘတ်စ်ကားဂိတ်နဲ့လဲ နဲနဲလှမ်းပါတယ်.. မဗေဒါပြောတဲ့ ၄၀၃ ကတော့ ရောက်ကိုမရောက်တာပါ.. ၄၀၃က beach ရဲ့ fisherman village ဘက်ကိုပဲရောက်တာပါ.. ကမ်းရိုးတန်းတစ်လျှောက် လျှောက်လာလို့တော့ရပါတယ်.. နဲနဲတော့ဝေးတာပေါ့နော်..
ဒါနဲ့ ဖုန်းနံပါတ်သိတဲ့ မမယ်လိုဒီမောင်ရော.. ဘိုဘိုရော.. TommyGirlရောကို.. msg လှမ်းပို့လိုက်ပါတယ်.. ၄၀၃မရောက်ကြောင်း.. ဖြစ်နိုင်ရင် တိုက်စီကိုစုပြီးငှားလာပါက တစ်ယောက်ကို ၁ကျပ်နှုန်းလောက်သာကျနိုင်ကြောင်း ပြောပြလိုက်ပါတယ်..

နာရီဝက်လောက်စောင့်ပြီးတော့ အရင်ဆုံးရောက်လာတာ ဘိုဘိုနဲ့တော်မီ.. နောက်တော့ မ(စ်)သွန်းသွန်း.. စက်တင်ဘာဒရင်းမ်.. StevenWang.. မမယ်လိုဒီမောင်.. ဖြိုးမင်းထွန်းတို့နဲ့အတူ Catering service ကပစ္စည်းတွေပါရောက်လာကြတယ်.. ခဏနေတော့ Mr.DBAတို့ ကိုဂျွန်မိုးတို့မိသားစုတို့နဲ့ ပုလုကွေး တောင်ပေါ်သား ကိုနေ နဲ့ကိုမိုးကြယ် တော်တော်များများရောက်လာကြတယ်.. သူတို့က မဗေဒါပြောထားတဲ့ ၄၀၃ ကိုစီးသွားလို့ လမ်းလျှောက်လိုက်ရတယ်ဆိုတာသိတော့.. မဗေဒါကျိတ်ပြီး အားနာခဲ့မိတယ်.. ခုထိလဲအားနာမိပါတယ်..
နောက် မြတ်မင်းဟန်တို့.. ဝေယံလင်းတို့.. မောင်သန့်ဇင်တို့ အားလုံးပါပဲ..ရောက်လာကြတယ်.
နောက်ကျတဲ့သူတွေကတော့ ကိုကျော်ဇေယျာတို့ ကိုဇင်ကိုလတ်တို့ဖြစ်မယ်ထင်တယ်..ဟဲဟဲ..
အားလုံးနီးပါးစုံတော့ အကင်ဆရာက ကိုဇေယျာနဲ့ ကိုစိုးမင်းထိုက်(တောင်ပေါ်သား)... ဘလော့ကိုတစ်ထိုင်တည်း update လုပ်နေတာက မောင်သန့်ဇင်... မဗေဒါကတော့ တစ်ခါတစ်လေ ကင်မရာရိုက်လိုက်..တစ်ခါတစ်လေတော့ ဖေဖေကရိုက်ပေးလိုက်နဲ့ ဗျာများနေတာပေါ့..

ကိုနေနဲ့ကိုမိုးကြယ်က bookmarkလေးတွေလိုက်ဝေတယ်.. မမယ်လိုဒီမောင်က စပွန်စာ ၇၅% ပြီးကျန်ရှိတဲ့ ၂၅%ကို စက္ကူအိတ်လေးနဲ့ လိုက်ကောက်တော့ မဗေဒါက BBQ Pit ဖိုးကို Sponsor ပေးခဲ့တယ်... အလှူငွေတွေကများနေပြီး စပွန်ဆာတွေကလဲပြန်မယူတော့ မမယ်လိုဒီမောင်က အလှူလုပ်ပေးမယ်တဲ့.. ဖြစ်နိုင်ရင် ဘုန်းကြီးကျောင်းတစ်ခုခုမှာပဲဖြစ်ဖြစ် စတုဒီသာကျွေးရင်း ဘလော့ဂါတွေထပ်ဆုံချင်သေးတယ်.. လိုအပ်ရင် အလှူငွေထပ်ထည့်ပေးအုံးမယ်.. လုပ်ဖြစ်မယ့်နေ့လေးကို စောင့်မျှော်နေတယ်နော်..

လူစုံတော့ တစ်ယောက်ချင်းစီမိတ်ဆက်ကြတယ်... ပြီးတော့ ကိုနေဖုန်းလတ်အတွက် ၃၀စက္ကန့်ညိမ်ပြီးစုတောင်းပေးကြတယ်.. နောက်ပြီး ပါလာတဲ့လက်ဆောင်လေးတွေကို နာမည်စာရင်း ထိပ်နဲ့ဘိတ်နဲ့ စပြီး အစဉ်တိုင်းလဲကြတယ်.. အလယ်မှာကိုနေနဲ့မိုးကြယ်နဲ့အတူတူပြန်ကျနေပြီး လဲမဲ့သူမရှိတော့လို့ ကိုဂျွန်မိုးကိုပဲလက်ဆောင်ပေးလိုက်တယ်.. ဘာကြီးလဲတော့မသိဘူး.. ရှည်ရှည်ကြီး.. ကျန်ကျောင်းဓားကြီးထင်တယ်.. ကလေးတွေကစားလို့ရတာပေါ့.. ဟီး..ဟီး...(စတာ)ခဏနေတော့ ကျက်နေတာလေးတွေနဲနဲပါးစားကြရင်း မမယ်လိုဒီမောင်ဆွေးနွေးတင်ပြတဲ့ Socialization on Net ဆိုတာကိုနားထောင်ကြတယ်.. ကိုဂျွန်မိုးက ထပ်စောင်းဆွေးနွေးတယ်.. ပြီးတော့ ဗိုက်လဲစာစာနဲ့စားကြတယ်.. အားလုံးကအပျော်လွန်နေတော့ စကားတွေပြောပြီး ဘယ်သူမှလဲ မယ်မယ်ရရစားလိုက်ရမယ်မထင်ဘူး.. (နောက်ဆုံး မိုးက အများဆုံးစားသွားတယ်ထင်တယ်)..
ပြီးတော့ အချိန်ရှိခိုက်လုံ့လစိုက်ပြီး အားရပါးရ မျောက်ရှုံးအောင်ဆော့ကြတာပေါ့.. ကိုဇင်ကိုလတ်က ကလေးဗိုလ်ပေါ့နော်.. ဆော့နေတဲ့အချိန်မှာ အသက်အရွယ် အဆင့်အတန်း အပိုင်းအခြားလုံးဝမရှိပဲ ပျော်ပျော်ရွှင်ရွှင်ဆော့ခဲ့ကြတာ မမေ့နိုင်စရာပါပဲ.. ဆော့တဲ့ကစားနည်လေးကတော့ Pit pat bone တဲ့ ၃ယောက်တစ်ဖွဲ့.. အရင်ဆုံးဈေးဦးပေါက်ပြီး "ခါးလေးလှုပ်ကာ"သီချင်းနဲ့ လမ်းလျှောက်လိုက်ရတာက bone 1 ကိုဂျွန်မိုး.. ကိုငယ်(မန္တလေး)နဲ့ အိဝေဖြိုးတို့အဖွဲ့ပေါ့..
နောက်အပြိုင်အဆိုင် အုပ်စုတိုင်းက ဒူးတွေထောက်ကြ.. လက်တွေမြှောက်ကြပေါ့.. ခေတ်မီသွားအောင် နောက်ထပ် ဒုတိယလိုက်ပြီးထွက်သွားရတဲ့အဖွဲ့က ဘိုဘို.. မ(စ်)သွန်းသွန်းနဲ့ စက်တင်ဘာဒရင်းမ်တို့အဖွဲ့.. ပထမတော့ "အိုးလေးလှုပ်ပါအုံး"နဲ့ပေါ့.. စက်တင်ဘာဒရင်းမ်ကတော့ အပီလှုပ်လိုက်ပေမဲ့ ကျန်၂ယောက်မလှုပ်တလှုပ်ဖြစ်နေလို့.. ထပ်ခိုင်းခံလိုက်ရတယ်.. ကိုဘိုဘိုကြီးကို ကောင်မလေး၂ယောက်ချစ်ရေးဆိုပြီး ဘယ်တစ်ယောက်ကိုဘာကြောင့်ရွေးတယ်ဆိုတာပြောခိုင်းခဲ့တယ်.. သူ့အချစ်က ပန်းသီးဖြစ်ရင် ခွဲခြမ်းပြီးပေးလိုက်ချင်တယ်ဆိုတဲ့ အချစ်မျိုးကို.. ၂ယောက်လုံးပဲတဲ့.. (ကြောက်စရာ).. :P

ပြီးလဲပြီးရော.. ပွဲဖျက်တဲ့ မိုးကရွာပါလေရော... မြန်မာဘလော့ဂါတွေကို ဒီလိုလာစမ်းလို့ဘယ်ရမလဲနော်.. အမိုးအောက်သွားပြီး ရွံ့ထဲလေထဲမှာ ဆက်ဆော့ကြတာပေါ့..စုံလို့ပဲ.. ပုံပြောတမ်း.. တီတီတူတူ.. နာမည်ခေါ်တဲ့ကစားနည်း.. ကိုပွတ်မှားသွားလို့ "ပဲပြုတ်သည် မထား" သီချင်းနဲ့ ကိုငယ်ကကူညီပြီး ကပြရတယ်.. ကျန်တဲ့သူတွေလဲမှားသေးတယ်.. မဗေဒါမှားတော့ "ငယ်ကျွမ်းဆွေ"သီချင်းနဲ့ ကိုဇင်ကိုလတ်နဲ့တွဲကရသေးတယ်.. လတ်စသတ်တော့ ကိုဇင်ကိုလတ်..ကိုငယ်တို့က မဗေဒါ..တော်မီတို့ရဲ့ကျောင်းက senior ကြီးတွေကိုး..ီဘလော့ရေးမှန်းမသိတာပဲရှိတယ်.. အရင်ထဲက အပြင်မှာမျက်မှန်းတန်းသိပြီးသားတွေ..

မိုးလဲစဲ.. ည ၁၀နာရီခွဲတော့ အားလုံးအိမ်ပြန်သင့်ပြီပေါ့.. နောက်နေ့တွေမှာ လည်ပတ်နေကျ ဘ၀စက်ဝန်းကြီးထဲမှာ.. လုပ်နေကျ.. လုပ်ချင်တာထက် လုပ်သင့်တာတွေကိုဦးစားပေးရတဲ့ ဘ၀ကိုပြန်ရောက်ရတော့မယ်လေ.. ဘယ်လိုပဲဖြစ်ဖြစ်.. အဲဒိနေ့..အဲဒိလူ..အဲဒိအဖြစ်အပျက်လေးကတော့ ကျွန်မတို့အားလုံးရဲ့ ဘ၀နဂ္ဂတစ်တွေထဲမှာ ပျော်စရာ memory လေးအနေနဲ့ တည်ရှိသွားမှာပါလေ....


စားကြွင်း။ ။ အကြောင်းကြောင်းကြောင့် ဗွီဒီယိုထွက်ရှိရေး နှောင့်နှေးခဲ့ရတဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်..
အောက်ကဗွီဒီယိုရဲ့ high quality file နဲ့ ပထမပိုင်းရော ဒုတိယပိုင်းရော ၂ခုပေါင်းကို file hosting တစ်ခုခုမှာတင်ပြီး ပါဝင်သူများကို လင်ခ့်ပို့ပေးပါမယ်..
Youtube ရဲ့ ကန့်သတ်ချက်ကြောင့် ဗွီဒီယိုကို နောက်ဆုံးအချိန်မှ ၂ခြမ်းထပ်ခွဲနေရလို့ ၂ရက်ပိုနောက်ကျသွားတာပါ..


Myanmar Blogger Gathering in SG EP 1



Myanmar Blogger Gathering in SG EP 2


15 comments :

Unknown said...

ဟင့်...ပျော်ကြပါ..ပျော်ကြပါ..။ ပျော်နိုင်သူတွေ ဆိုတော့လည်း ပျောက်ကြပေါ့ ... :(

ဟဲ...ဟဲ..။ အလကားစတာ ပျော်စရာကြီးဟာ။ အခုလို တစ်စည်းတစ်လုံးထဲ မောင်နှမတွေ စုစုဝေးဝေးတွေ့ရတာ တကယ်ပျော်ဖို့လည်း ကောင်းတယ်..။ အားကျဖို့လည်း ကောင်းတယ်။ နှစ်ပေါင်းများစွာ အတူတကွ ဆက်လက်ချီတက်နိုင်ကြပါစေဗျား....။

GreenGirl said...

OT ရှိလို့ မလာလိုက်ရပေမယ့် မှတ်တမ်းဗွီဒီယိုကိုတော့ လာကြည့်သွားပါတယ်။ စိတ်ကူးနဲ့ပဲ ပျော်သွားပါတယ် မဗေဒါ။ ကျေးဇူးတင်ပါတယ်။ :)

MELODYMAUNG said...

ွှသိုင်းခရု မဗေဒါ
both of video and charming expression of this post.
Fantastic!

thonn thonn said...

ကြည့်လို့တောင် မဝနိုင်ဘူး မဗေဒါရေ..Tanq

ဟန်လင်းထွန်း said...

စောင့်နေတာ ကြည့်ချင်လို့။ အခုတော့ကြည့်ပြီးသွားပြီ။ ပျော်စရာကြီးနော်။ နောက်နှစ်တွေလည်း ဒီထက်မက လုပ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

Anonymous said...

ပြန်စဉ်းစားကြည့်ရင် ပျော်စရာကြီးပါပဲ..မဗေဒါရေ.. :)

Anonymous said...

MBS မှတ်တမ်းလေးကို ခုလို တင်ပေးတဲ့အတွက် ကျေးဇူးပါ.. မဗေဒါကြိုး2စား2 နဲ့လုပ်ထားတာလေးကို ဂုဏ်ယူပါတယ်ရှင်

Mr.Pooh @ မောင်ပွတ် said...

မဗေဒါ အားစိုက်ထုတ်ထားတဲ့ ဗီဒီယိုလေးတွေ ပြန်ကြည့်ပြီး အဲဒီနေ့လေးကို တမ်းတမ်းတတ ပြန်သတိရမိတယ်။ သွန်းသွန်းပြောသလိုပဲ ကြည့်လို့တောင် မဝပါဘူးဗျာ။ အဲဒီနေ့ကမှ စတွေ့ကြပေမယ့် သူငယ်ချင်းအရင်းကြီးတွေ ရင်းနှီးသွားတာ Blog တွေကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။ နောက်များမှာလည်း အခုလို စုံစုံညီညီ ပျော်ပျော်ပါးပါး ထပ်တွေ့ကြဖို့ မျှော်လင့်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။

Unknown said...

အခုလို အပင်ပန်းခံပြီး editအကောင်းဆုံးလုပ်ပေးခဲ့တဲ့ မဗေဒါကို ဘယ်လိုမှ မချီးကျူးပဲ မနေနိုင်ပါဘူး။ ဒီလိုမျိုး ပထမပိုင်း ၈မိနစ်စာလောက်နဲ့ ဒုတိယပိုင်း ၅မိနစ်စာလောက် ထွက်လာအောင် ဘယ်လောက် ပင်ပန်းခဲ့သလဲဆိုတာ လုပ်ဖူးတဲ့သူတွေပဲ သိမှာပါ။ မောင်ပွတ်နဲ့ သွန်းသွန်းပြောသလိုပါပဲ။ ကြည့်မ၀အောင်ကို ဖြစ်ရပါတယ်။ ကဲ မဗေဒါရေ . . . ကျေးဇူးတင်ပါ . . . .တယ်. :)

တောင်ပေါ်သား said...

မကြီးရေ အလုပ်နဲနဲများနေသောကြောင့် အလည်လာနောက်ကျသွားပါတယ်ခင်ဗျာ.. တောင်းပန်ပါတယ်နော့် :) ဘလော့ဒေး ဗီဒီယိုတွေ ကြည့်သွားပါတယ် နောက်တခါ ပြန်ဆုံနိုင်အောင်လို့ ကျနော်တို့ ကြိုးစားပါဦးမယ်

A random thoughts of a Burmese man said...

ကော်ကော်မကောင်းလို့ ဒေါင်းဒေါင်းပဲ ဆွဲသွားလိုက်တယ်

SZA said...

thank you for ur hardwork :)
it is nice to watch
btw..plz sms to me ur num aft tomorrow..i lost my handphone yesterday..

khin oo may said...

ရုပ်ရှုင်များလားလို. ကောင်းလိုက်တာ။ အစအဆုံးကြည်.သွားတယ်။ ဆွဲဆောင်မှူရှိတယ်။

Anonymous said...

နားကွင်းနဲ့  အကျီင်္အဖြနဲ့ က မဗေဒါလားး

MrDBA said...

မျှော်နေတာခုမှဘဲကြည့်ရတော့တယ်၊ ခုလိုလက်စွမ်းပြထားတာ ကျေးဇူးတင်ပါကြောင်း။ ပြန်ပြောင်းသတိရမိပါသေးတယ်။