Monday, September 01, 2008

မေတ္တာရပ်ခံချက် (For SG blogger Gathering)...

MBS(Myanmar Blogger Society) မှာ စကာင်္ပူဘလော့ဂါတွေ တွေ့ဆုံပွဲနဲ့ ပတ်သတ်ပြီး မမီ(မယ်လိုဒီမောင်)က တော့ပစ်အသစ်ဖွင့်ပြီး ဆွေးနွေးရာမှာ
မဗေဒါက East coast မှာ BBQ pit ငှားပြီးလုပ်ဖို့ လွန်ခဲ့တဲ့ အပတ်လောက်က အကြံပေးခဲ့ပါတယ်.. အဲ ဒိနောက်ပိုင်း မဗေဒါအိမ်မှာ အင်တာနက်ခေတ္တ ပြတ်တောက်နေပါတယ်...
အလုပ်ကနေ အင်တာနက်သုံးလို့ရလို့ ဘလော့ကို update လုပ်ဖြစ်တယ်ဆိုပေမဲ့... MBS website ကိုတော့ အလုပ်ကနေကြည့်လို့မရခဲ့ပါဘူး.. ကျမအလုပ်က ပိတ်ထားပါတယ်...
လွန်ခဲ့တဲ့ ၃ရက်လောက်ကမှ ဘိုဘို(Emotion of Mind)နဲ့ အွန်လိုင်းတွေ့တော့မှ မဗေဒါနဲ့ သူ့ကို East coast မှာ BBQ pit ငှားဖို့ တာဝန်ပေးထားမှန်းသိရပါတယ်..
အဲဒိနေ့ထိ မဗေဒါလဲ သေသေချာချာမသိရသေးတာက တစ်ကြောင်း... ဘိုဘိုနဲ့လဲ နောက်ရက်မှတိုင်ပင်ပြီး booking တင်မယ်ပြောဖြစ်တာနဲ့ ..
အဲဒိနေ့ကမတင်ဖြစ်ခဲ့ပါဘူး.. အဲဒိနေ့က အွန်လိုင်းမှာ ကြည့်တော့ East coast BBQ pit ၃ခုကျန်ပါသေးတယ်..
ဒါပေမဲ့ ဖြစ်ချင်တော့ နောက်ရက်မဗေဒါက အလုပ်ပိတ်ပါတယ်.. အလုပ်ပိတ်တော့ အင်တာနက်လဲသုံးလို့မရခဲ့ပါဘူး...
နောက် တစ်ရက်ကျော်ကျတော့မှ မမီကလဲ မဗေဒါကို ဖုန်းဆက်ပြီး သေချာကြောင်းပြောပါတယ်.. ဘိုဘိုကလဲ ပြောပါတယ်..
မဗေဒါကလဲ အလုပ်က ညတာဝန်ဆိုတော့ အင်တာနက်သုံးပြီး နေရာငှားဖို့က ညမှလုပ်လို့ရမှာဆိုတော့...
အလုပ်ရောက်ရောက်ချင်းပဲ book ဖို့ကြည့်လိုက်တော့... ဟိုရက်က East coast မှာတွေ့လိုက်တဲ့ BBQ pit တွေမကျန်တော့ပါဘူး...
အဲဒိအချိန် MBS မှာ နေရာကို East Coast မှာလို့ ကြေငြာပြီးဖြစ်နေပါပြီ...
ဒါနဲ့ တိုင်ပင်ပြီး နေရာကို East coast Beach အစား Pasir Ris Beach ကိုပြောင်းလဲ တင်လိုက်ပါတယ်...
နေရာအပြောင်းအလဲ အတွက် မဗေဒါကိုယ်တိုင် အဆင်မပြေမှုများကို ရှင်းပြချင်ပေမဲ့ MBS ဝင်လို့မရတဲ့အတွက်
မဗေဒါဘလော့မှာပဲ မေတ္တာရပ်ခံအပ်ပါတယ်...
အောက်မှာ ပြောင်းသွားတဲ့ နေရာကိုရေးထားပါတယ်.. အသေးစိတ်ကိုတော့ MBS SG blogger Group Forum မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်...
လိုက်ချင်သေးသူများရှိလျှင် မမီသို့ စာရင်းပေးသွင်းနိုင်ကြောင်း...

နေရာ.... Pasir Ris Beach, Area 1, Pit no. 8
စုရပ်......Pasir Ris Bus Interchange (near bus 403)
အချိန်.... Pls refer to MBS forum (i think should be around 4:30pm)
Bus no. ...... 403

6 comments :

A random thoughts of a Burmese man said...

ဒီလိုပါပဲ အစ်မရာ..အဆင်မပြေချင်ရင်လဲ ကြံဖန်ပြီး အဆင်မပြေဖြစ်တတ်တာပါပဲ။ ဘာပဲ ဖြစ်ဖြစ် ကျေးဇူးပါ အစ်မရေ Pasir Ris ကို မရောက်ဘူးသေးတဲ့ လူတွေ အတွက် တစ်မျိုးကောင်းသွားတာပေါ့ ခင်ဗျာ..။ ကျနော့်ဘလော့ခ်မှာ ကွန်မန့် ပေးထားခဲ့တဲ့ အတွက် ကျေးဇူး အများကြီး တင်ပါတယ်ခင်ဗျာ...

Steve Evergreen said...

do you have any plan to provide air ticket for UK bloggers to join to Singapore group? :)

Unknown said...

ဟ....သူတို့က အဲဒီလိုကို အုပ်စုဖွဲ့မိနေပြီလားဟ
ဟီ...ဟိ..... ပျော်စရာကြီး......D;

Anonymous said...

အားနာလိုက်တာဗျာ.. ကျွန်တော် စင်ကာပူ အဖွဲ့တွေနဲ့တွေ့ချင်ပါတယ် ကျွန်တော်ကလဲ တကယ်မအားလပ်ဘူး ဖြစ်နေတယ်ဗျာ..။ အားလုံး အဆင်ပြေကြပါစေဗျ။ နောက်တကြိမ်လုပ်ရင်တော့ တက်ဖြစ်အောင် တက်မယ် မဗေဒါရေ...။

Anonymous said...

Steve Evergreen, we do have lucky draw activities which include air ticket from UK to sg. But u must come and pick up the lucky draw by yourself first. :P

Heartmueum, if you envy than do US blogger gathering and sent us the photos. hee hee

Min Yoon thit, u can come and join after your things done. We will still around at night. I guess.

kzy1980, c ya there.

MELODYMAUNG said...

Thanks a lot for you support to this gathering, sis
now all are well in order naw

C U soon happily!