Wednesday, September 10, 2008

လတ်တလော ခံယူချက်တွေ

တစ်ခါမှနာမည်တပ်ပြီး Tag တာ မခံရဖူးဘူး.. ဒီတစ်ခါတော့ zeRoTraSh Tag တာ ရော.. ဟိုကောင် ဘိုဘို(Emotion of mind/Goat) နားပူနားဆာလာလာလုပ်နေတာရော ကြောင့် မြန်မြန်ရေးမှ နားအေးတော့မှာမို့.(၂ရက်လဲကျော်ပြီဆိုတော့) ရေးလိုက်ပါပြီ...

ကိုယ့်နာမည် --- မဗေဒါ
ကိုယ့်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် --- မဗေဒါ.. ဗေဒါမ... ဗေဒါ
ကိုယ်ဒီမှာနေတယ် --- အိမ်မှာ
ကိုယ့်ဆီဖုန်းဆက်ချင်ရင် --- အိပ်နေတဲ့အချိန်တော့မဆက်နဲ့.. အပေါက်ဆိုးတယ်နော်..
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင် --- အစိမ်း... အနက်... အဖြူ
အ၀တ်အစားဆိုရင် --- လိုက်မယ်ထင်တာ အကုန်ဝတ်တယ်
အစားအစာဆိုရင် --- မြန်မာထမင်း ဟင်း (ငပိမပါ)
ပစ္စည်းဆိုရင် --- လက်ဆောင်ပေးမယ်ဆိုရင်တော့ အကုန်ယူတယ်
သီချင်းဆိုရင် --- အခြေအနေ အချိန်အခါနဲ့ မဗေဒါရဲ့ ခံစားချက်ပေါ်မူတည်ပြီးကြိုက်တယ်.. များသောအားဖြင့် ရော့ခ်...
စာရေးဆရာ --- စာဖတ်ပျင်းပါတယ်ဆို... အစအဆုံးဖတ်ဖူးတဲ့ စာရေးဆရာကတော့ ဖေမြင့်
စာအုပ် --- ကာတွန်း၊ စုံထောက်ဝတ္တု၊ နှလုံးသားအဟာရ...
Life style --- ပျော်စရာကောင်းပြီး ဂရုစိုက်တတ်တဲ့ မိသားစုရှိတယ်...
ကိုယ့်ရဲ့ဝါသနာ --- အရင်ကတော့ ရုပ်ရှင်ကြည့်တာပဲ.. ခုတော့ ရုပ်ရှင် ဖန်တီးတာပါ ဝါသနာပါလာပြီ...
အလိုချင်ဆုံးလက်ဆောင် --- အလကားရတဲ့လက်ဆောင်တောင် အလိုချင်ဆုံး မလိုချင်ဆုံးရှိသေးလား...
ကိုယ့်ရဲ့ အချစ်ဆုံးသူက --- အဖေ၊ အမေ
ကိုယ့်ရဲ့ အလေးစားဆုံးသူက --- ဗုဒ္ဓ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက --- ဝေးနေနေ နီးနေနေ သူတို့အကြောင်းစဉ်းစားမိရင် အထီးကျန်မဆန်အောင် ဖန်တီးပေးတဲ့သူ.. လိုအပ်ချိန်တိုင်းမှာ ကိုယ့်ဘက်ကရပ်တည်ပေးသူ...
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - - - အမ (အကြီးဆုံး ထင်တာပဲ)
ကိုယ့်ရဲ့ အမုန်းဆုံးသူက --- သစ္စာမရှိတဲ့သူ... တာဝန်မယူတတ်တဲ့သူ.. ကတိဖြတ်တဲ့သူ.. ချိန်းပြီးနောက်ကျတတ်တဲ့သူ... နောက်ကျောဓားနဲ့ထိုးတဲ့သူ...
ရင်အခုန်ဆုံးအချိန် --- ပေါင်ချိန်စက်ပေါ်တက်တဲ့အချိန်
အကြောက်ဆုံးအချိန် --- ဖေဖေ နဲ့ မေမေ မရှိတော့မဲ့ အချိန်
အပျော်ဆုံးအချိန် --- UFL တက်တုန်းက အချိန်...
အမှတ်တရနေ့ --- ပျော်ခဲ့ရတဲ့နေ့တွေတိုင်းကို အမှတ်ရချင်တယ်.. တချို့နေ့တွေကျတော့လဲ မှတ်မထားချင်ပေမဲ့ နေ့စွဲကအစမှတ်မိနေသေးတယ်...
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု --- ဆုတောင်းလိုက်တိုင်း ပြည့်ရပါလို၏
အချစ်ဆိုတာ --- နီးစပ်မှု၊ ပူလောင်မှု၊
အမုန်းဆိုတာ --- တစ်ခါမှတော့ လူတစ်ယောက်ကိုစွဲစွဲလမ်းလမ်းမမုန်းဖူးဘူး.. မဗေဒါအတွက်တော့ အမုန်းဆိုတာ ဥပက္ခာပဲ...
အလွမ်းဆိုတာ --- ကိုယ့်ကိုကိုယ်သနားတဲ့အခါ တစ်စုံတစ်ရာကို မှန်းပြီးစိတ်ဓာတ်ကျခြင်း
သံယောဇဉ်ဆိုတာ --- အေးချမ်းတယ်.. အချစ်ထက်ပို ခိုင်မြဲတယ်
ဘ၀ဆိုတာ --- ဆိုးဆိုးကောင်းကောင်း ဆက်လျှောက်နေရအုံးမဲ့ လမ်း...
သူငယ်ချင်းဆိုတာ --- ရန်ဖြစ်ပြီးလဲ ကြာကြာစိတ်ဆိုးလို့မရဘူး.. သူတို့နဲ့နေရင် ဟန်ဆောင်မှုကင်းပြီး.. အရှိအရှိတိုင်းဆက်ဆံလို့ရနေတာ... ပါးစပ်နဲ့မပြောပေမဲ့ ကိုယ့်အပေါ်အမြဲနားလည်မှုရှိနေတာ... စိတ်ဓာတ်ကျနေချိန်ကိုယ့်အနားမှာ သူတို့မရှိပေမဲ့ သူတို့အကြောင်း စဉ်းစားမိလိုက်တာနဲ့ အားရှိစေတဲ့သူ... ချစ်သူဆိုတာ --- ဘဝမှာ အမြဲဟန်ဆောင်လိမ်ညာပြီး ဆက်ဆံနေရမဲ့လူ... (အရှိအရှိအတိုင်းဆက်ဆံခဲ့လို့.. အားလုံးထက်သာအောင် ဦးစားပေးခဲ့လို့.. အလိမ်ခံခဲ့ရတယ်)
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် --- စကားပြောရင့်တယ်လို့.. (တမင်လုပ်ခြင်းမဟုတ်.. အကျင့်ဖြစ်နေခြင်းသား)
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က --- လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးနေတာ... မိမိကိုယ်သာကိုးကွယ်ရာ...
အပြောချင်ဆုံးစကားတစ်ခွန်း --- မဗေဒါဘလော့ကို နေ့တိုင်းလာလည်နော်... နောက်တစ်ခုရှိသေးတယ်.. ရုပ်ရှင်ကြည့်ရင် လေးလေးစားစားကြည့်ကြပါ.. စိတ်မပါရင် မကြည့်နဲ့...

ကဲ မဗေဒါလဲ ထပ် tag လိုက်မယ်နော်.... တော်တော်များများက ရေးပြီးနေကြပြီဆိုတော့ tag ရမဲ့လူတောင်သိပ်မကျန်တော့ဘူး.. အင်္ဂလိပ်လိုရေးတဲ့ ဘော်ဘော်ဘလော့ဂါလေးတွေကိုပါ tag လိုက်မယ်.. စိတ်ရှိရင်လဲ ရေးပေးကြ.......... စိတ်မရှိရင်လဲ နွားမွေးပြီးရေးပေးကြကုန်လော့....
၁) မ(စ်)သွန်းသွန်း
၂) ကိုကျော်ဇေယျ
၃) အိပ်မက်ဒိုင်ယာရီက ပိုင်
၎) FFOX
5) ကိုဟန်လင်းကျော်
၆) ပုလုကွေး
၇) TommyGirl

7 comments :

thonn thonn said...

ဝေး..သွန်းသွန်းက ရေးပြီးသားလေ မမရဲ့။ ဒါနဲ့ UFl ဘယ်ဘာသာတက်ခဲ့တာတုန်း။ BA တန်းလား။ Diploma လား။ ညနေသင်တန်းလား။

Steve Evergreen said...

When i read your post, i felt all are rubbish., But I like this. it is true သံယောဇဉ်ဆိုတာ --- အေးချမ်းတယ်.. အချစ်ထက်ပို ခိုင်မြဲတယ်

Unknown said...

နောက်ကျောဓားနဲ့ထိုးတဲ့သူ...D:
ဟီးးးးး ဟီးးးးး သူလဲခံရဖူးတယ်မှတ်တယ်......
ဟေးးးးးးး ဟေးးးးးးး

Anonymous said...

မ(စ်)သွန်းသွန်း -- BA English တက်တာပါ.. ညနေသင်တန်းမဟုတ်ပါဘူး.. ၁ဝတန်းအမှတ်နဲ့ခွဲတဲ့ လိုင်းပါ.. ၂ဝဝ၁ အသုတ်ပါ.. အပြီးထိမတက်ခဲ့ပါဘူး...
Steve Evergreen -- Is that Complement? ok.. i take it as complement. I didn't answer some of the question seriously, so u can say that rubblish. But some of the questions i did ans honestly. Thank for the comment.

MELODYMAUNG said...

I want to be one of yours like this: ရန်ဖြစ်ပြီးလဲ ကြာကြာစိတ်ဆိုးလို့မရဘူး.. သူတို့နဲ့နေရင် ဟန်ဆောင်မှုကင်းပြီး.. အရှိအရှိတိုင်းဆက်ဆံလို့ရနေတာ... ပါးစပ်နဲ့မပြောပေမဲ့ ကိုယ့်အပေါ်အမြဲနားလည်မှုရှိနေတာ... စိတ်ဓာတ်ကျနေချိန်ကိုယ့်အနားမှာ သူတို့မရှိပေမဲ့ သူတို့အကြောင်း စဉ်းစားမိလိုက်တာနဲ့ အားရှိစေတဲ့သူ...
:) Can?

zeRoTraSh said...

ခုလိုရေးပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း :D

Anonymous said...

MelodyMaung- We Can. Let's Try to build our friendship with time.
ZeroTrash- No problem. :) Thank for tagging me.