Tuesday, September 16, 2008

ဘလော့ဒေးဗွီဒီယိုနှောင့်နှေးမှု နှင့်ပတ်သတ်၍ အသိပေး ကြေငြာချက်...

ကျန်းမာတော်မူကြပါစရှင်....
ယနေ့ ညနေပိုင်း/မနက်ပိုင်း/၂၄နာရီ (အိုဘယ်အချိန်ဖြစ်ဖြစ်) သတင်းများကို မဗေဒါကကြေငြာပါတော့မယ်...

သတင်းခေါင်းစဉ်... ဘလော့ဒေးဗွီဒီယို ထွက်ရှိရေး နှောင့်နှေး





သတင်းအစုံအလင်မှာ...................
မဗေဒါ၏ အင်တာနက်ကွန်နက်ရှင်မှာ လိုင်းအသစ်ပြောင်းလဲလျှောက်ထားနေသောကြောင့် လွန်ခဲ့သော အပတ်က ပြတ်တောက်နေခဲ့ကြောင်း ဘလော့ဂါ မောင်နှမသူငယ်ချင်းတို့ အသိပင်ဖြစ်ပေမည်...
ထိုအတောအတွင်း စကာင်္ပူရှိမြန်မာဘလော့ဂါများတွေ့ဆုံပွဲ၌ ဗွီဒီယို မှတ်တမ်းတင် ရိုက်ကူးပေးခဲ့သော မဗေဒါသည် အင်တာနက်မရှိငြားလဲ ကြိုးစားပမ်းစား မစုတ်မနှင့်သောဇွဲနှင့် အချိန်ရှိခိုက်လုံ့လစိုက်၍ အင်တာနက်ရတာနှင့် တင်နိုင်ရန် တည်းဖြတ်ခြင်းအမှုကို ပြုနေခဲ့၏...
ဗွီဒီယို၏အချို့သောနေရာများ၌ ရိုက်ကူးထားသော ဓာတ်ပုံလေးများကို ထည့်သွင်းဖော်ပြခဲ့ချင်သောကြောင့် ဗွီဒီယိုချည်းသက်သက် အကြမ်းမျှသာ တည်းဖြတ်ကာ အင်တာနက်ရမှ ဓာတ်ပုံများ ဒေါင်းလုပ်ဆွဲ၍ ထည့်ကာ အချောပြန်သက်မည်ဟု တွက်ဆထားခဲ့၏...

သို့သော်.......
အင်တာနက်ပြန်ရပြီးနောက် မဗေဒါ၏ မှန်းချက်မျှော်လင့်ချက်များ တစ်ခါမှ ဖြစ်မလာခဲ့ဘူးသည့် ကံအတိုင်း...
ကွန်ပြူတာ ပျက်သွားပါသည်...စစ်စတန်ပုံးကို ပါဝါဖွင့်လျှင်ပုံမှန်းအတိုင်းပွင့်နေသော်လည်း.. မော်နီတာတွင်ဘာမှပေါ်မလာပါ...
မော်နီတာပျက်နေခြင်းလဲမဟုတ်ပါ... ကျိုးလွတ်နေခြင်းလဲမရှိပါ..
မဗေဒါသည်လဲ ကားမောင်းတတ်ပြီး ကားမပြင်တတ်သောသူကဲ့သို့ လည်းကောင်း..
မိဘပေးစားသော မရင်းနှီးမကျွမ်းဝင်သောသူကို ခင်ပွန်းတော်ရသည့် သတို့သမီးကဲ့သို့လည်းကောင်း..
ကွန်ပြူတာနှင့် အမြဲမျက်နှာချင်းဆိုင်အသုံးပြုနေပါသော်ငြား... သူမရှိလျှင် နေမထိထိုင်မသာ ဖြစ်တတ်သော်ငြား..
သူ့အကြောင်းကိုလေ့လားဖို့ကြိုးစားတိုင်း ဘယ်တော့မှဖြစ်ဖြစ်မြောက်မြောက်မရှိခဲ့သည့် မဗေဒါ၏ ဥာဏ်ရည်ကိုသာအပြစ်တင်ရတော့မည်ဖြစ်သည်...
မဗေဒါ၏ ချစ်လှစွာသော အစ်မပြောပြချက်အရ ဝင်းဒိုးမကောင်းဆိုလား.. ဂရပ်ဖစ်ကပ်က ကွန်မြူနီကိတ်မလုပ်၍ဆိုလား..
ဟတ်ဒစ်(စ်)က သွားခံနီးပြီဆိုလား...(မဗေဒါနားလည်သလောက် ဟတ်ဒစ်(စ်)သွားလျှင် သိမ်းထားသမျှ ဒေတာများအားလုံးပါသွားမည်ဖြစ်ကြောင်းသတိထားမိ)
ထို့ကြောင့် စာဖတ်သူများလဲယခုလောက်ဆိုသဘောပေါက်လောက်ပြီထင်ပါသည်...
မဗေဒါ၏ စကာင်္ပူဘလော့ဂါတွေ့ဆုံပွဲ ဗွီဒီယို ထွက်ရှိမည့်ရက်ကို ခေတ္တမျှ ရက်အကန့်အသက်မရှိရပ်ဆိုင်းထားပါသည်...
ကွန်ပြူတာပြင်၍ ဒေတာများမပျက်စီးပါက အမြန်ဆုံးထွက်ရှိမည်ဖြစ်ပြီး..
ဒေတာများပျက်စီးပါက အစအဆုံး (အဟင့်.. ဟင့်).. ပြန်လည်.... (ဟင့်.....ဟီး..ရွှတ်) တည်းဖြတ်ရမည်ဖြစ်၍ စိတ်ရှည်စွာစောင့်ဆိုင်းကြပါရန်
မေတ္တာအကျိုးမျှော်၍ နှိုးဆော်...(အဲလေ)... မေတ္တာရပ်ခံအပ်ပါသည်...




ဤတွင်မဗေဒါ၏ ဘလော့ဂါဒေးဗွီဒီယိုနှင့်ပတ်သတ်၍ သတင်းများကို ကြေငြာလို့ပြီးပါပြီ...
ကိုယ်စိတ်နှဖြာ ကျန်းမာ... ချမ်းသာစွာ စောင့်နိုင်ကြပါစေ ရှင်....

သတင်းပေးပို့သူ...
ပရော်ဖက်ဆာ မဗေဒါ..

9 comments :

လင်းဦး(စိတ်ပညာ) said...

စောင့်မျှော်နေပါကြောင်း မဗေဒါရေ။

Steve Evergreen said...
This comment has been removed by the author.
Steve Evergreen said...

Oh dear! what a handicapped world! Life is difficult, isn't it?

တောင်ပေါ်သား said...

ရပါတယ်ဂျ... လိုအပ်ရင်ခေါ်နော့် format လာချပေးမလို့

Dream said...

တီတီဘေဒါ...ဒါချိုအတစ်ဝယ်ယိုက်ပေါ့။
တီတီဂယဲရွယ်ရွယ်ယေးဂို...
ဟီးဟီး....

ဘီဒီရိုယယင်လက်တို့လိုက်နော်..
တီတီဘေဒါဂိုကျည့်ခြင်ယာဘီ....
:P

Anonymous said...

မဗေဒါရေ.. ဟတ်ဒစ်ရယ်. ဂရတ်ဖစ်ကတ်ရယ်ကြွသွားရင် အုန်းပွဲ. ငှက်ပျောပွဲတင်ပြီး ပြန်ပင့်လိုက်ပါ. သူတို့ပြန်ရောက်လာလိမ့်မယ်

Unknown said...

ပရော်ဖွတ်စာကြီး.... အသစ်ဝယ်ပြီး အဟောင်းကို Museumပို့လိုက်....ဘိုင်ပြတ်ရင် ebay ကနေရောင်းစားမလို့.....

thonn thonn said...

အဟင့်..အဟင့် ..ရွှတ် ဖတ်

MrDBA said...

ကျွန်တော်က မဗေဒါ ဘယ်လိုပုံစံ တည်းဖြတ်ပြီး တင်ပြလာမလဲ (Presentation ကိုပြောတာပါ) ဆိုတာကို စိတ်ဝင်စားပါတယ်။ လက်စ လက်နရှိတယ်လို့မြင်ပါတယ်။ ဒါကြောင့်စောင့်နေပါတယ်ဗျို့။