Monday, November 19, 2007

ရမ္ဘို၄ နှင့်ပတ်သတ်၍...

ဒီရုပ်ရှင် နဲ့ပတ်သတ်ပြီး ဝမ်းနည်းဝမ်းသာကြီးခံစားမိတယ်.. ဝမ်းသာတာက ရမ်ဘိုလိုကမ္ဘာကျော်မဲ့ ရုပ်ရှင်မျိုးမှာ မြန်မာဆိုတာပါရလို့..စစ်အစိုးရ ရက်စက်တာတွေကို နိုင်ငံရေးစိတ်မဝင်စားတဲ့သူတောင် ရမ်ဘို ကြည့်ရင်သိနိုင်ပါတယ်.. နောက်ဆိုမြန်မာလို့ပြောလိုက်လို့ မသိတဲ့လူကို ခေါင်းခေါက်ပြီးမှပြောပြလို့ရပြီ...

ဝမ်းနည်းတာကတော့များကြီးပဲပေါ့.. သတိထားမိသလောက်ပြောပြမယ်..

ခေါင်းစဉ် "to hell And Back" နဲ့ပတ်သတ်ပြီး.. စိတ်ထဲမှာတမျိုးကြီးပဲ.. ကျမသိပ်ချစ်တဲ့ Golden Land ကို ငရဲတဲ့လား... :( ဒါဆိုရင်တော့ ငရဲသားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူလိုက်ပြီ...

ဘာလို့ဒီလိုကားမျိုးမှာ မြန်မာက လူဆိုးနေရာကပါရတာလဲ.. ညင်းဆန်လို့မရတဲ့အမှန်တရားက ခါးသီးလွန်းပါတယ်..
အမှန်တော့လူမကောင်းတာ ဟုတ်ပါဘူး မူမကောင်းတာပါ.. ပြီးတော့အဲဒိ မူတွေကို တရားသေ ဆုတ်ကိုင်ထားတဲ့ ဟိုလူကြီးတွေ မကောင်းတာ..သိတယ်ဟုတ်?

ရန်ကုန်သူကျမဟာ အရင်ကနယ်စပ်တွေမှာ အဲလောက်နှိပ်စက်ခံရတယ် ကြားတုန်းက မယုံတဝက် ယုံတဝက်ပါ.. နောက်ပိုင်း youtube မှာမြင်ရတော့ ရင်ထဲမှာဆို့နင့်ခံစားရပါတယ်.. ခုဒီကားမှာဒါတွေထပ်မြင်ရအုံးမယ်... ဟင်းးးး.... မယုံချင်တဲ့ အမှန်တရားကြီးကို ယုံရတော့မယ်..

ဒီကားထွက်ပြီးရင်တော့.. ပညာဥာဏ်ကင်းပ ဖျင်းအတဲ့ စလုံးတချို့က.. မြန်မာလို့ပြောရင်.. ရန်ကုန်လို.. တိုက်တွေ ကားတွေရှိတာမသိပဲ.. အဲဒိကားထဲကလို.. တောထဲမှာ.. စစ်သားနှိပ်စပ်ခံရလို့ပဲ.. စင်ကာပူရောက်လာသလိုလို.. ကြည့်ခံ.. ပြောခံရအုံးမယ်.. ဟင်းးး.....

တကယ်.. တကယ်ပြောတာပါ... စကားစပ်မိလို့.. ရမ်ဘိုနဲ့တော့ဆိုင်ပါဘူး.. ဗေဒါသိပ်ချစ်တဲ့ မြန်မာပြည်ကြီးကို ခွဲပြီး.. မနေချင်တဲ့ ဒီကျွန်းနိုင်ငံလေးမှာ
နေနေရတဲ့ခံစားချက်က ဘာနဲ့တူလဲဆိုတော့.. ..
သိပ်ချစ်တဲ့ ဗေဒါချစ်သူက ဗေဒါအပေါ်မကောင်းလို့... ရင်နာနာနဲ့လမ်းခွဲပြီး.. အစစအရာရာပြည့်စုံပေမဲ့.. မချစ်မနှစ်သက်နိုင်တဲ့.. သူဋ္ဌေးကြီးတယောက်ဆီမှာ ထမင်းစား ကျွန်ခံနေရသလိုပါပဲ..
နောက်ဥပမာ ၁ခုကတော့ .. ပထွေးဆိုး မိထွေးဆိုးရှိတဲ့ သားသမီးလိုပါပဲ.. သားသမီးတွေကို.. သူများတွေဆီမှာထား.. ကျွန်ခံခိုင်း..ပြီးတော့.. ရသမျှ ခေါင်းပုံဖြတ် နေသလိုပါပဲ...

စာဖတ်သူတွေထဲမှာရော.. နိုင်ငံခြားရောက်နေတဲ့သူတွေ.. ဘယ်လိုခံစားရပါသလဲ? ဥပမာလေးတွေ ရှိသေးရင် comment လေးမှာ ပြောသွားကြပါအုံး..
ဒါမှမဟုတ် ကိုယ်ပိုင်ဘလော့မှာ ရေးပေးကြပါလို့.. ဒီဘလော့ ဖတ်မိတဲ့ ရေးမြေခြား မြန်မာအားလုံးကို... ကျမ မဗေဒါက tag လိုက်ပရစေ....

8 comments :

Unknown said...

i feel really like you :(

Kaung Kin Ko said...

"သိပ်ချစ်တဲ့ ဗေဒါချစ်သူက ဗေဒါအပေါ်မကောင်းလို့... ရင်နာနာနဲ့လမ်းခွဲပြီး.. အစစအရာရာပြည့်စုံပေမဲ့.. မချစ်မနှစ်သက်နိုင်တဲ့.. သူဋ္ဌေးကြီးတယောက်ဆီမှာ ထမင်းစား ကျွန်ခံနေရသလိုပါပဲ..
နောက်ဥပမာ ၁ခုကတော့ .. ပထွေးဆိုး မိထွေးဆိုးရှိတဲ့ သားသမီးလိုပါပဲ.. သားသမီးတွေကို.. သူများတွေဆီမှာထား.. ကျွန်ခံခိုင်း..ပြီးတော့.. ရသမျှ ခေါင်းပုံဖြတ် နေသလိုပါပဲ"

ဥပမာပေး ကောင်းလှချည်လားဗျ။

mabaydar said...

ဟဲ.. ဟဲ.. ရေမရောထားတဲ့ ခံစားချက်စစ်စစ်တွေမို့ပါ...

လင်း said...

ဗေဒါလိုတော့မပြောတတ်ဘူးဒါပေမဲ့ မြန်မာပြည်လောက်
ပျော်စရာမကောင်းတာတော့အမှန်ဘဲ

HLK said...

Karen soldiers came to the rescue at the end of the movie just like Myanmar Army Soldiers did at the end of some pro-gov movies in Myanmar.
What an ironic view!

Anonymous said...

တော်ရာမှာ နေရတာပါပဲဟာ

ရန်ဘိုကား ကြည့်တုန်းက စိတ်မကောင်းဘူ: ငို တောင် ငိုမိ တယ်

ဘုန်းဘုန်းတို့ကို ကြည့် တော့ လဲ ရင်နာတယ်ဟာ

နာကတော့မြန်မာဆိုတာ လူတော်တွေ ဖြစ်တယ်ဆိုတာ ပြနိုင် အောင် ကျိုးစားတယ်

ကျွန်ခံတယ်လို့မသုံးပါနဲ့ဟ အမြဲကြိုးစားနေသူအတွက် ကျွန် ဘယ်တော့မ မဖြစ်ဘူ:

အနိုင်ကျင့်ခံစရာမလိုဘူ: ပြန်သာပြော

အင်းဂလိတ် လို ရန်များများ ဖြစ်တတ်အောင် ကျင့်ထား ဟဟား :P

mabaydar said...

ကျွန်ခံတယ်ဆိုတဲ့ အသုံးအနှုန်းက ဥပမာအရသုံးထားတာပါ.. ကျမတို့တွေအားလုံးက ကိုယ့်ပညာနဲ့ကိုယ်လုပ်စားတာပါ.. ဟုတ်ဘူးလား..
ရန်ဖြစ်တာကတော့ အင်္ဂလိပ်လိုပဲဖြစ်ဖြစ်.. မြန်မာလိုပဲဖြစ်ဖြစ် ကျွမ်းကျွမ်းကျင်ကျင်ပါပဲ.. ဒေါသထွက်ပြီဆိုရင် စာလုံးတွေ တမ်းစီပြီးထွက်လာတာပါ.. အဲဒိအချိန်ဆိုရင် grammar ရော.. အသံထွက်ပါ သာမာန်အချိန်ထက်ကောင်းတတ်ပါတယ်.. ဟဲ.. ဟဲ.. တိုးတိုး.. ကြောက်သွားနဲ့နော်.. အဲဒါ လျှို့ဝှက်ချက်..

Anonymous said...

ယုံပါတယ် seagate ကလူတွေ သတ်တိ ကောင်းမှန်း မီ:မီ: ကြောက်ကြောက်။
ခိခိ