ဒီလိုနဲ့ ကျမတို့ ၅ယောက်ဟာကျောင်းမှာ အတွဲဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်.. သူတို့နဲ့ကျမ သူငယ်ချင်းသာဖြစ်တာ.. ကျမနဲ့သူတို့ကလုံးဝ type မတူဘူး.. သူတို့လေးယောက်က စာအရမ်းလုပ်တယ်.. အတန်းထဲမှာ ၁ to ၁၀ အမြဲရတယ်... ကျမကတော့ အမြဲ 10 to 20 ပေါ့.. ၁ခန်းမှာ ၈၅ယောက်ရှိတယ်လေ.. ကျမကတော့အလည်အလတ်ပဲပေါ့.. သူတို့ကစကားလဲ သိပ်မများဘူး.. ကျမကစကား အရမ်းများတာ.. စကားပြောရင် အသံကကျယ်သေးတယ်... ကျမအိမ်ကလူတွေကတောင် သူတို့နဲ့ ကျမသူငယ်ချင်းဖြစ်တာ အံ့သြကြတယ်..
ကျမကတော့ မအံ့သြပေါင်.. သူတို့ကစကားမများတော့ ကျမ၁ယောက်ထဲပြောရတာပေါ့.. ထမင်းစားချိန်ဆိုရင်.. ကျမကစားရင်းပြော သူတို့ကနားထောင်.. ဟုတ်နေတာပဲ.. ဒါပေမဲ့ စားလို့ပြီသွားရင် သူတို့က စာအုပ်ထုတ်ပြီး စာကျက်ကြရော.. ကျမကစောစောက စကားများနေတော့ ထမင်းမကုန်သေးဘူးပေါ့..
အဲဒိအခါကျရင်.. တခြားအုပ်စုတွေဆီသွားပြီး.. စကားများတယ်.. ရီစရာတွေပြောတာပေါ့.. ကျမက ထမင်းစားလဲ ကြီးတော့ အိမ်ကထည့်ပေးတာနဲ့မလောက်ဘူး.. (ပြောရတာတော့ ရှက်ပါတယ်).. ဒီတော့ အတန်းထဲက ထမင်းမကုန်တဲ့ slim body များရဲ့ ကယ်တင်ရှင်ပေါ့.. ထမင်းစားချိန်ဆို.. ဟိုလူက ထမင်းပေးချင်လို့ခေါ်.. ဒီလူကခေါ်ပေါ့.. ဒါပေမဲ့ ကျမလိုချင်တာက.. တခြားသူငယ်ချင်း အုပ်စုတွေလို.. စုစားကြ.. ဟင်းတွေလဲ စားကြ.. အဲလိုနေချင်တာ.. သူတို့ဟင်းတွေတော့ ကျွေးပါတယ်.. ကျမဟင်းကျတော့ မစားဘူး..ကြာတော့သူတို့ဟင်းစားရတာအားနာလာတယ်.. စားချင်လို့မဟုတ်ဘူး..ပျော်ချင်လို့... တခြားအုပ်စုတွေကို သိပ်အားကျတာပဲ....မုန့်ဈေးတန်းဆိုလဲ.. သူတို့ဝယ်စရာရှိမှသွားတယ်.. ကျမကသွားချင်ရင်.. ကျုံတဲ့အုပ်စုနဲ့ပဲလိုက်တယ်.. သူများအုပ်စုနဲ့သွားရတာလည်း သိပ်တော့မကောင်းပါဘူး.. သူတို့ ဘယ်သူအကြောင်းပြောလို့ပြောမှန်မသိ.. ဒီလိုပဲ လိုက်ညှိနေရတယ်..
သူငယ်ချင်းတွေထဲမှာ.. ကျမအခင်ဆုံးက snow ပေါ့.. သူက ကျမနဲ့ ကျောင်းကားလည်းတူတယ်.. သူမောင်လေးနဲ့လည်းရင်းနှီးတယ်.. ကျမအစ်မတွေနဲ့လည်းသိတယ်.. ညနေကျောင်းဆင်းရင် တူတူပြန်ရတယ်.. ကျောင်းကားပေါ်မှာ ပျော်ရတယ်.. သူက ကျမနဲ့ ၂ယောက်ထဲရှိရင်.. ပေါင်းလို့ပိုကောင်းတယ်.. စကားလည်းပိုပြောတယ်.. နေခြည် တို့နဲ့တွေ့ရင် စာပဲကျက်နေရော.. ကျမခေါ်လည်းမလိုက်တော့ဘူး.. အများသဘောပဲ..
မှတ်မှတ်ရရ.. ကျောင်းကားပေါ်မှာ ကျမနဲ့ စကားတွေပြောနေတာကို သူ့အစ်ကိုက မကျေနပ်လို့ တရက်.. ကျမကို.. " နင်နဲ့ပေါင်းမှပဲ ငါ့ညီမစကားများတော့တယ် " ဆိုပြီးလက်ညှိုးငေါက်ငေါက်ထိုးပြောတာခံလိုက်ရသေးတယ်.. အဲဒါကို ကျမအစ်မကမကျေနပ်လို့ သူတို့လူကြီး၂ယောက်ရန်ဖြစ်ကြတာ.. သူအစ်ကို assembly မှာ အရိုက်ခံရတဲ့ အထိပဲ.. ဒါပေမဲ့ ကျမတို့ ၂ယောက်ရဲ့ အခင်အမင်က မပျက်ခဲ့ပါဘူး..
ဒါပေမဲ့ အတန်းကြီးလာတာနဲ့အမျှ သူနဲ့နေခြည်နဲ့ကပိုတွဲလာတယ်.. စာတူတူကျက်တာကိုး.. သူငယ်ချင်း ၁အုပ်စုထဲမှာ.. အချင်းချင်းခင်ကြတာကိုအပြစ်မပြောပါဘူး.. ဒါပေမဲ့.. ဘက်လိုက်သလိုဖြစ်လာတာတော့ကျမ မကြိုက်ဘူး..အဲဒါကျတော့ သဉ္ဖာနဲ့ကျမကအမြင်သွားတူတယ်..ကျမမှာသူအဖော်ရှိသေးလို့တော်သေးတာပေါ့.. ဒါပေမဲ့ ၈တန်းရောက်တော့ သဉ္ဖာက Chicago ကို မိသားစုလိုက်ပြောင်းသွားတယ်..ငယ်သေးတော့လိပ်စာတောင်းထားကောင်းမှန်းမသိလိုက်ဘူး.. ကျမတို့ ၄ယောက်ပဲကျန်ခဲ့တာပေါ့..
ကျမနဲ့သူတို့လုံးဝမတူတဲ့အချက်ကတော့..စာမေးပွဲအမှတ်ရရင်.. တယောက်နဲ့တယောက်ပြိုင်ကြတာပဲ... အမှတ်များတဲ့သူဆိုရင် "နင်ကလျှိုထားတယ်.."ဘာညာနဲ့.. ပြောလို့မဆုံးတော့ဘူး.. အမှန်တော့ အမှတ်များတဲ့သူကို မသိစိတ်ကမနာလိုဖြစ်ကြတယ်ထင်ပါ့.. ကျမသူတို့ထက်တခါတလေများ.. များသွားရင်ပိုဆိုးပေါ့...
ကျမကတော့ ကိုယ်ကြိုးစားသလောက် ကိုယ်ရတာကို ကျေနပ်လိုက်တယ်.. ပြန်မှပြင်လို့မရတော့တာ.. နောက်တခါ ဒိထက်ကောင်းအောင်လုပ်ဖို့ပဲရှိတယ်..
သူတို့နဲ့ပေါင်းရလို့ သွယ်ဝိုက်ပြီးရတဲ့ အကျိုးမြတ်တခုတော့ရှိတယ်.. ဘာလဲဆိုတော့.. အတန်းထဲကလူတွေက.. ကျမတို့ကိုစာတော်တဲ့အုတ်စုပေါ့.. အထင်ကြီးကြတယ်.. တချို့ယောကျား လေးတွေထဲမှာ စာတော်တဲ့ မိန်းကလေးနဲ့ပဲ စကားပြောတဲ့လူတွေရှိတယ်.. ကျမကအတန်းထဲမှာ လူတိုင်းနဲ့ သူငယ်ချင်းလုပ်လို့ရတယ်.. ညံ့တဲ့သူပဲဖြစ်ဖြစ် တော်တဲ့လူပဲဖြစ်ဖြစ် တတန်းလုံးနဲ့ခင်တယ်..
ဒါပေမဲ့ ကျမကိုအကြီးအကျယ်စိတ်မကောင်းဖြစ်စေတဲ့နေ့.. သူတို့ရဲ့သဘောထားတွေကိုသိလိုက်တဲ့နေ့.. တနေ့ရောက်လာခဲ့တယ်...
2 comments :
တော်ပြီပေါ့ 10 to 20....good enougf
ဇတ်လမ်းလေး စိတ်ဝင်စားဖို့ကောင်းတယ် ။ ဆက်ရေးပါ ။ စောင့်ဖတ်နေမယ်း)
Post a Comment