Wednesday, November 28, 2007

မိန်းကလေးတွေကို ချဉ်းကပ်နည်း (ရှောင်ကျဉ်ရန်)

ခုတလော ကျမဖုန်းကို ဘယ်သူမှန်းမသိ.. msg ပို့ ပို့နေတယ်.. English ကလဲ ညံ့လိုက်တာလွန်ရော.. ဘယ်သူလဲ.. ဘာကိစ္စလဲမေးတော့လဲခင်ချင်လို့ဆိုလား..
ကျမက msg မပြန်ရင်လဲ သူကပို့တာပဲ.. တခါတလေ ဖုန်းတောင်ခေါ်လိုက်သေးတယ်.. ကျမ ကိုင်ရင်ပြန်ချသွားရော.. တော်တော် အနှောက်အယှက်ဖြစ်ပါတယ်..
တခါကဆို အိပ်နေပြီ ဖုန်းမြည်တော့ ကမန်းကတန်း ထပြီးဖြေတော့ ပြန်ချသွားတယ်.. ဟိုနေ့ကလည်း ကျမအလုပ်ထဲမှာ ဖုန်းလာလို့ အမြန် ခက်ခက်ခဲခဲ ထုတ်ပြီးကိုင်ရပါတယ်.. (ကျမအလုပ်က clean room ဖြစ်၍ အပေါ်မှထပ်ဝတ်ထားသော uniform ကို ကျော်ပြီး ဖုန်းကိုယူရတာ မလွယ်လှပါ).. ဒါပေမဲ့ ကိုင်လိုက်တော့ ချသွားပြန်ပါတယ်.. စဉ်းစားကြည့်ပါ ဘယ်လောက် ဒေါသထွက်ဖို့ကောင်းလဲဆိုတာ..
အဲဒါ ကို အောက်တန်းကျတယ်လို့ကို ပြောလို့ရပါတယ်.. အဆင့်မရှိ.. လူလိုနားမလည်... !@#$%^&

ကျမ အမြင်မှာတော့ မိန်းကလေးတယောက်ကို ဒီလိုနည်းနဲ့ ချဉ်းကပ်တာ အလွန်တရာမှ အဆင့်အတန်းနိမ့်ပြီး.. idea ညံ့လွန်းပါတယ်.. မိန်းကလေးကကြည်ဖြူတယ်ဆိုရင်တော့ ဘာမှမပြောလိုပါဘူး... ဆယ်ကျော်သက်မိန်းကလေးတွေဆိုရင်တော့ ရင်ခုန်ချင်ခုန်မှာပေါ့.. ဒါပေမဲ့ ကျမ ဆယ်ကျော်သက်ဆိုလဲ ကျမကတော့ ဒီလိုနည်းကို personally ကိုမကြိုက်တာပါ.. ဘယ်သူမှန်းမသိတဲ့ လူတယောက်ကိုလက်ခံစကားပြောတယ်ဆိုတာ အလွန်တရာမှ အန္တရာယ်များပါတယ်.. သိတ်ခါလဲကျတယ်လို့ ထင်ပါတယ်.. အဲဒီမိန်းကလေးကို တဖက်လူကတန်ဖိုးမထားတာသေချာပါတယ်.. သူတကယ်စိတ်ဝင်စားရင် မိန်းကလေးကိုသူငယ်ချင်းမှဖြစ်စေ.. ဒါမှမဟုတ် တခြားနည်းနဲ့ဖြစ်စေ..မိန်းကလေး ကို ဂရုစိုက်ရင် ဂရုစိုက်သလိုအဆင့်အတန်းရှိတဲ့တခြားနည်းတွေတွေ့မှာပါ.. ဘယ်သူလဲ အသိမခံချင်ရင်လဲ.. အဲဒိမိန်းကလေးကို အနှောက်အယှက်မဖြစ်တဲ့နည်းကို သုံးသင့်ပါတယ်.. အဲလိုမျိုးဆိုရင်လဲ ကိုယ်စိတ်ထင်ရာနည်းကို ရှောက်မသုံးပဲ.. အဲဒီမိန်းကလေး သဘောကျလောက်တဲ့နည်းကို စဉ်းစားပြီး သုံးသင့်ပါတယ်.. ကိုယ်စိတ်ဝင်စားတဲ့ သူပဲ.. မိန်းကလေးရဲ့ like and dislike တွေကို တော့ သိသင့်တာပေါ့.. ဒါမှလဲ မိန်းကလေးက ထိုသူရဲ့ sincerity ကိုခံစားလို့ရမှာပါ..
အဲဒါကြောင့် အပေါ်က ပြောခဲ့သလိုမျိုး အောက်တန်းကျတဲ့နည်းနဲ့ချဉ်းကပ်ရင် လက်ခံစကားမပြောဖို့ မိန်းကလေးတွေကို တိုက်တွန်းပါတယ်.. ယောက်ကျားလေးတွေအနေနဲ့လဲ ကိုယ်တကယ်ချစ်တယ် တန်ဖိုးထားတယ်ဆိုရင် ခင်မင်မှုကို နည်းမှန်လမ်းမှန် လူကြီးလူကောင်းဆန်ဆန် နည်းလမ်းကိုသုံးပြီး ချဉ်းကပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်.. ကိုယ့်ရဲ့ impression ဟာ ကိုယ်သုံးတဲ့ first step ပေါ်မူတည်ပါတယ်.. first impression မှာ minus ပြခံရ ရင် အဲဒီမိန်းကလေးကို မရဖို့ ၈၀% သေချာနေပြီသာမှတ်လိုက်ပါတော့....
ခုလောလောဆယ်တော့ ကျမရင်ဆိုင်နေရတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ မသိသေးပါဘူး.. ဟိုနေ့ ကတော့ အဲဒိ အဆင့်မရှိတဲ့ လူကိုဖုန်းခေါ်ပြီး ဒါမျိုးဆက်လုပ်နေမယ်ဆိုရင် သက်ဆိုင်ရာကို တိုင်ပြီးအရေးယူမယ်လို့ ပြောလိုက်ပါတယ်.. ဒါပေမဲ့ အဲဒီလိုတကယ်လုပ်လို့ ရမရမသိပါဘူး.. သိရင် နည်းလမ်းလေးများပေးကြပါ.... ကျေးဇူးဆပ်ပါမည်.....

10 comments :

စိုးထက် - Soe Htet ! said...

အဲဒီ နံပါတ်ကို ပိတ်ပေးဖို့ ဖုန်း ကုမ္ပဏီကို ပြောကြည့်ပါလား အခိုက်အတန့်တော့ သက်သာတာပေါ့ ... :P

zeRoTraSh said...

ကိုစိုးထက်ပြောသလို ဖုန်းကုမ္ပဏီကို ပြောကြည့်လေ သူ့နံပါတ်ကို Banned လို့ ရ မရ မေးပေါ့။ ရမယ်ထင်ပါတယ်။ တိုင်လို့လည်း ရမှာပါ။ ပြဿနာ သိပ်မရှိပါဘူး။ အင်း မိန်းကလေးတွေကို ဘယ်လို ချည်းကပ်ရသလဲတော့ ကျွန်တော်လည်း မပြောတတ်ဘူး ခုနကလိုမျိုး လုပ်တာကတော့ သိပ်ကို စိတ်ကူးယဉ်ဆန်တယ်ပေါ့ဗျာ။ ဒီလိုဗျ လူတော်တော်များများဟာ လောကမှာ မင်းသား မင်းသမီးရူးတွေဗျ သူတို့က ခုလို အချစ်ရေးတွေ ဘာတွေမှာဆို ကြည့်ဖူးတဲ့ ရုပ်ရှင်တွေထဲက အတိုင်း စွတ်ပြီးတော့ သရုပ်ဆောင်တော့တာပါပဲ။ အဲဒီလိုနဲ့ ပေါက်ကရလေးဆယ် ဇာတ်လေးတွေ ဖြစ်လာတော့တာပေါ့။ ခက်တာက လူတွေက အမှန်ကို ရင်မဆိုင်ချင်ကြဘူးလေ။ စိတ်ကူးလေးထဲမှာသာ ပျော်ချင်နေကြတာကိုး။ အဟက်ဟက်ဟက်။ ကျွန်တော်တို့ကတော့ အဲလို အလုပ်မျိုးကို ပျင်းလို့ လုပ်ဘူး။ ကိုယ်ကအမြဲ ဒါရိုက်တာ နေရာကပဲ ကြည့်တယ်။ မယုံရင် စမ်းကြည့်ပါလား ဇာတ်လမ်းလေးတွေ တဖြေးဖြေးနဲ့ သဘောပေါက်လာမယ် ပြီးရင် ဘယ်လို အဆင့်မျိုးကို ချည်းကပ်မယ်ဆိုတာ သိလာမယ်။ ဆရာလုပ်တာတော့ ဟုတ်ပါဘူး ပြောပြတာ နေရာတိုင်း အဲဒီ့လို ရှိတယ်။ ကဲ အဲဒါမှ မရရင်ပြော သူငယ်ချင်းတွေ လွှတ်ပေးလိုက်မယ် :D

သစ္စာ | သ​စ်စာ said...

ဖုန်းကုမ္ပဏီအပြင်၊ ရဲမှာပါတိုင်လို့ရပါတယ်။ နှောင့်ယှက်မှုပေါ့နော်.... ဖုန်းကုမ္ပဏီကိုပြောမယ်ဆိုရင်တော့ အရင် ရဲမှာ အမှုဖွင့်ဖို့ လိုအပ်ပါတယ် ပြီးမှသာ ဖုန်းကုမ္ပဏီက လိုအပ်တာဆောင်ရွက်ပါလိမ့်မယ်။
အကြံ ပေးချင်တာကတော့ သူ့ကို မဗေဒါဘလော့ဂ်လိပ်စာပို့လိုက်လေ။ သူ့ဟာသူ သိသွားပါလိမ့်မယ်။ သူဘာဆက်လုပ်သင့်သလဲဆိုတာပါ။ အဆင်ပြေပါစေ.....

ပီကေ said...

တယ်လီဖုန်းထဲမှာ ဘလက်လစ် ထည့်လို့ ရနေတာပဲ။ ဒါဆို သူ့ဖုန်းဝင်လည်း ကိုယ်က မသိတော့ အနှောက်အယှက်လည်း မဖြစ်တော့ဘူးပေါ့။ လွယ်လွယ်ကူကူနဲ့ စိတ်ချမ်းသာမယ့် နည်းလမ်းလို့ ထင်ပါတယ်။

mabaydar said...

ae d function ka ma lote tat wu KoPK yay.. nokia 5300 so yin bal lo lote ya lae?

ကလိုစေးထူး said...

ပထမအဆင့်အနေနဲ့ သူ့ကို ၀မ်နင်ပေးတာလုပ်ပြီးပြီဆိုတော့ ကာလ အတိုင်းအတာ တခုအထိ (နောက်ထပ် အဲဒါမျိုး ဆက်လုပ်နေသေးလားဆိုတာ) စောင့်ကြည့်ပါ။ နောက်ထပ် ဆက်လုပ်လာသေးတယ်ဆိုရင် ဖုန်းကုမ္ပဏီမှာ အဲဒီပုဂ္ဂိုလ်ရဲ့ ဖုန်းနံပါတ်ကို block လုပ်နိုင်ပါတယ်။ အဲဒီနဲ့တင် မလုံလောက်လို့ (သူက တခြားဖုန်းနံပါတ်နဲ့ ထပ်ကြိုးစားလာသေးရင်) မိမိဖုန်းနံပါတ်ကို ပြောင်းပစ်လိုက်ပါ။ ရဲကို ခေါ်ဖို့ကတော့ အလုပ်ရှုပ်လောက်ပါတယ်။ ကျနော်လဲ စဉ်းစားကြည့်မိတာ ပြောကြည့်မိတာပါပဲ၊ တကယ့်လက်တွေ့ အခြေအနေမှာ ဘယ်နည်းက အသုံးတည့်မလဲဆိုတာကတော့ တခြားသော သူငယ်ချင်းတွေ ပြောတာတွေထဲကလည်း ထည့်စဉ်းစားကြည့်ပေါ့။ :)

ရန်ကင်း said...

တော်တော်ခက်တာပဲ။မိန်းကလေးတစ်ယောက်ကိုလိုကါတာက
လည်းနှောင့်ယှက်သလိုဖြစ်နေတာကိုးးးးးးးးးး။

မျှားပြာ said...

မဗေဒါရေ တချို့တွေက ဒီလိုပါပဲဗျာ .. စိတ်ထဲထားမနေပါနဲ့
အဆင်ပြေသွားမှာပါ။

Anonymous said...

ဒေါ်လာနှစ်ဆယ် ပေးပီ: ဖုန်းနံပတ် ပြောင်းလိုက်ပါ။

နာ့တခါ အော်လိုက်လို့ ဆဲ မာ့စိက် တွေပါလာတယ်
အရမ်: မတ်ရိုင်း တာပဲ ကာ့စတန်မာ ရှာပေးမယ် ဆိုတာက ပါသေး

မြန်မာ ယောင့်ကျား လေးတွေ မတ်ရိုင်းမသေးဘူ:

စိတ်လေတယ် တကယ် :(

mabaydar said...

ကျမဖုန်းနံပါတ်ကို သူ့လိုလူမျိုးအတွက် မပြောင်းပြစ်ချင်ခဲ့လို့ တမင်ပေနေတာပါ.. အဆက်သွယ်ပြတ်နေတဲ့ သူငယ်ချင်းဟောင်းတွေ ခေါ်ရင် မရမှာဆိုးလို့ မဗေဒါ ဖုန်းနံပါတ်ကို ဖြစ်နိုင်ရင်မပြောင်းချင်ခဲ့တာပါ.. အထူးသဖြင့် ဒီလိုလူမျိုးအတွက် ပြောင်းရတာတန်တယ်မထင်ခဲ့လို့ပါ.. ခုတော့ အဲပြဿနာအေးသွားတာ ကြာပါပြီ.. ထိုသူလဲ မြန်မာပြည်ပြန်သွားရပါပြီ.. ကွန်မန့်အတွက် ကျေးဇူးပါ