Saturday, March 07, 2009
ကျမနဲ့ ဖုန်းသရဲ
ကျမမှာသူငယ်ချင်းတစ်ယောက်ရှိပါတယ်.. အဲဒိကောင်လေးဆိုရင် ရုပ်သိပ်မချောပါဘူး.. ဒါပေမဲ့ ဖုန်းပြောတဲ့အသံကတော့ တော်တော်နားထောင်ကောင်းပါတယ်... သူလိုလူမျိုးတောင်မှ ဘယ်တော့မှ ဘလိုင်းကြီးသက်သက် ဖုန်းစဆက်ပြီး ဇာတ်လမ်းမလုပ်တတ်ပါဘူး.. ကျမသိသလောက်တော့.. ကောင်မလေးနဲ့ အွန်လိုင်းကဖြစ်စေ.. တနည်းနည်းနဲ့ ရင်းနှီးပြီးမှ ဖုန်းဆက် ကျူ (အဲလေ) လိုက်လေ့ရှိပါတယ်.. အနည်းဆုံး သူက အသံလေးနဲ့ စကားပြောလေးတော့ ကောင်းသေးတယ်..
ကျမအနေနဲ့ကတော့ ဖုန်းနဲ့ ဇာတ်လမ်းလုပ်တဲ့သူဟာ..
၁) အချက် ဒီလူဟာ ရုပ်ရည်မရှိလောက်ဘူးဆိုတဲ့ Impression ၀င်ပါတယ်..
၂) အချက် သူဘယ်သူဘယ်ဝါဆိုတာ မပြောနိုင်တဲ့အတွက် ဒီလူရဲ့ Background ဟာ သိပ်မကောင်းလောက်ဘူးလို့ ယူဆပါတယ်.. သူ့အကြောင်းတောင် ခိုးကြောင်ခိုးဝှက်လုပ်နေတဲ့သူတစ်ယောက်ကို ကျမက အထင်ကြီးစရာမရှိပါ..
၃)အချက် ဒီလူဟာ ကျမကို တန်ဖိုးမထား မလေးစားတာသေချာပါတယ်... (ကျမကသာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ ယောကျာင်္းတစ်ယောက်ကို လက်ခံစကားပြောတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် အဲဒိလူကိုယ်တိုင်ကရော ကျမကို တန်ဖိုးထားပါ့မလား... သူ့ကို စကားမပြောတော့လဲ ဒီလူက မကြိုက်.. ၂ ဦး ၂ဘက်လုံးအတွက် Impression မကောင်းစေတဲ့ နည်းလမ်းမို့.. ယောကျာင်္းလေးများ မသုံးမိစေရန် သတိပြုသင့်ပါတယ်)
၎)အချက် ဒီလူဟာ အတွေးအမြင် အောက်လွန်းပြီး အလွန်တရာမှ အားအားယားယား နိုင်လွန်းတဲ့ အတွက် မိန်းမတစ်ယောက်အားမကိုးသင့်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်...
အပေါ်ကအချက်တွေကတော့ ကျမ စိတ်ထဲယူဆတဲ့ အချက်တွေပေါ့နော်...
အရင်ပိုစ့်ရေးတုံးက ကွန်မန့်တွေမှာ အကြံပြုသွားကြတဲ့ အတွက် အကြံပြုသွားတဲ့ သူငယ်ချင်းတွေ စာဖတ်သူတွေကို ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ တစ်ချို့ အကြံပြုချက်လေးတွေကို မဗေဒါလိုက်မလုပ်နိုင်ခဲ့ပါဘူး.. အဲဒိအကြောင်းလေးကို ခုတခါတည်း ပြောပြချင်ပါတယ်...
တော်တော်များများကတော့ အလွယ်ကူဆုံးဖြစ်တဲ့ ဖုန်းနံပါတ်ပြောင်းဖို့တိုက်တွန်းကြပါတယ်..
ကျမဒီဖုန်းနံပါတ်ကိုသုံးတာ စကာင်္ပူမှာနေလာတဲ့ သက်တမ်းနီးပါးရှိပါပြီ.. ဒီလို မလောက်လေး မလောက်စား လက်ယားတဲ့ အကောင်တွေအတွက် ကျမဖုန်းနံပါတ်ကို မပြောင်းပြစ်ရက်ပါဘူး..
နောက်ပြီး ကျမဖုန်းနံပါတ်ကို မပြောင်းချင်တဲ့ အဓိကအကြောင်းအရာကတော့.. အဆက်အသွယ်ပြတ်နေတာ ကြာတဲ့ သူငယ်ချင်းတွေအတွက် သူတို့ ဆက်သွယ်ချင်တဲ့အချိန်တိုင်းမှာ လွယ်ကူနေအောင်လို့ အဆက်သွယ် ပြတ်မသွားချင်လို့ ဒီနံပါတ်လေးကိုပဲ ထားထားချင်တာပါ....
နောက်ပြီး ဖုန်းရုံးကို ပြောပြီး သူ့နံပါတ်ကို ဘလောက်လိုက်ဖို့ကို စုံစမ်းကြည့်တော့ ရဲစခန်းထောက်ခံစာပါမှဆိုတော့ အတော် အလုပ်ရှုတ်လှပါတယ်...
အဲ... ပထမပိုစ့်မှာ ကိုပီကေ ပြောခဲ့သလို ကျမဖုန်းထဲမှာပဲ black list သွင်းဖို့ကတော့.. ကျမဖုန်းမှာ အဲဒိ function ရှိမရှိ သေချာမသိပါဘူး... ကျမခုသုံးနေတဲ့ ဖုန်းက Nokia N78 ပါ.. သိတဲ့ သူရှိရင် ပြောပြပေးပါ.. ဒါပေမဲ့ အဲဒိလိုလုပ်ဖို့ကလဲ... ခု ကျမကို နှောင့်ယှက်တဲ့သူက ဖုန်းနံပါတ် ၃လုံးလောက်နဲ့ကို သုံးပြီး နှောင့်ယှက်တာပါ... သူတို့ပြောပုံ အရ သူတို့က လူ၃ယောက်ပါ.. မတူပါဘူး...
အင်း.. အားလုံးကို နားရှင်းအောင်.. ဒင်းတို့လုပ်ပုံကို ပြောပြပါ့မယ်...
ပထမ ၁၉ရက် ၂လ ၂၀၀၉ မှာ - ဖုန်းနံပါတ် တစ်ခုနဲ့ "How r u?" ဆိုပြီး ပို့ပါတယ်..
ကျမကလဲ ကျမ ဖုန်းနံပါတ်မသိမ်းထားမိတဲ့ သူငယ်ချင်းတစ်ယောက်ယောက်ဖြစ်မှာစိုးလို့.. "Fine. May I know who u r?" လို့ ပြန်မေးတော့..
ဒင်းက... " Min Htwe.. " တဲ့.. ကျမလဲ ကျမမသိတဲ့သူဆိုတော့ ဘာမှ ပြန်မပြောတော့ပါဘူး.. ဒီတော့ ဒင်းက ကျမနာမည်နဲ့ " ______ lar?" တဲ့...
ကျမနာမည်ကို သိနေတော့ ကျမက ဘယ်သူလဲထပ်မေးတော့လဲ.. သူ့နာမည်ကြီးပဲ လာလာပြောနေပါတယ်...
ကျမဖုန်းနံပါတ်ကို ဘယ်လိုရလဲလို့မေးတော့.. သူ့သူငယ်ချင်းရဲ့ သူငယ်ချင်း ရန်ကုန်ပြန်သွားတဲ့ ကောင်က ဖုန်းထားခဲ့လို့ အဲဒိထဲက ရတယ်လို့ပြောပါတယ်.. ဖုန်းပိုင်ရှင်ကိုတော့ သူလဲ မသိဘူးလို့ပြောပါတယ်..
နောက်ပိုင်းတော့ ကျမလဲ သောက်မြင်ကပ်ကပ်နဲ့ ဘာမှ မပြန်တော့ပါဘူး.. ဒီကြားထဲမှာ သူကချည်းပဲ.. Picture msg တွေပို့ "khin chin dal ya ma lar?" ဘာညာပေါ့.. အရည်မရ အဖတ်မရ.. သူတို့မို့ စကာင်္ပူမှာ အားအားယားယားပေါ့ရှင်.. ကျမလဲ ဘာမှ မပြန်ပါဘူး... ကျမနာမည်ကို သိနေတော့ စိတ်ထဲတော့ ကသိကအောင့် ဖြစ်မိပါတယ်.. အဲဒိလူဘယ်သူလဲ ဆိုတာကို တော့ စိတ်ဝင်စားလို့ မထင်လိုက်ပါနဲ့...
၂၂ရက် ၂လ ၂၀၀၉ မှာ ဒုတိယဖုန်း နံပါတ်နဲ့ ကျမနာမည်ပဲ ရေးထားတဲ့ မတ်စေ့ရှ်လာပါတယ်.. ဒါပေမဲ့ ဒီတစ်ခါတော့ ကျမနာမည်ကို အင်္ဂလိပ်လို စာလုံးပေါင်းထားတာကလဲ မှားနေပါသေးတယ်.. ဟိုပထမဖုန်းနံပါတ်နဲ့လဲ Forward msg တွေ လာနေတုန်းပါပဲ... ကျမ call history ပြန်စစ်ကြည့်တော့... အဲဒိ ဒုတိယဖုန်းနဲ့ မတ်စေ့ရှ် မပို့ခင် ၁ရက် ၂ရက်မတိုင်ခင်မှာ ဖုန်းခေါ်ပြီး ကျမကိုင်တော့.. တခြားနာမည်တစ်မျိုးမေးပြီး.. ဖုန်းမှားသွားလို့ပါလို့ပြောပါတယ်.. အဲဒိတုန်းက ကျမကတောင်.. ဖုန်းကလဲ မှားစရာရှားလို့ မြန်မာ- မြန်မာချင်းမှားစရာလားလို့တောင် ထင်မိလိုက်ပါသေးတယ်... ဒီတော့ ကျမ မှတ်မှတ်ရရရှိနေတာပါ...
ပထမ မတ်စေ့ရှ် ပို့ပြီး နောက်၂ရက်နေတော့ မတ်စေ့ရှ်တွေလာပါလေရော.. "R u sleeping. If u sleeping Have a good night" ဆိုပြီး... ဒင်းမသိလိုက်တာလား.. ဥာဏ်ပဲ မမှီတာလားတော့ မသိဘူး.. ကျမက Call history နဲ့ ဒင်း အရင်က ကျမနာမည် ပို့ထားတဲ့ မတ်စေ့ရှ်ကို ပြန်စစ်ကြည့်တော့ သိနေပါပြီ... ဒီပြဿနာက ကျမညိမ်နေရင် ပြီးမှာ မဟုတ်တော့ပါဘူး.. ဒါနဲ့ မသိချင်ယောင်ဆောင်ပြီး "who are u?" လို့ ပြန်ပြောတော့..
ဒင်းက "My name is Maw Con" တဲ့... နာမည်ကတော့ လန်ထွက်နေတာပဲ.. သူတို့တောက ဗွီဒီယိုရုံမှာ ၁ကား ၁ကျပ်လောက်နဲ့ တိုးကြည့်ခဲ့တုန်းက စိတ်ကူးယဉ်ခဲ့ဖူးတဲ့ နာမည်လားတော့မသိ...
ကျမလဲ ဘာမှ ပြန်မပြောသေးပဲ နေနေတုံး.. "What are u thinking?" တဲ့.. ဒင်းက..
ဒါနဲ့.. ကျမလဲ "Where did u get my no.? Do u know me? Do not pass around my no. among ur friends" လို့ပြောတော့..
ဒင်းက.. သူရေးတဲ့အတိုင်းရေးပြတာနော်.. " Sorry! I have got ur number 2months ready but I never ever pass ur no amoung my friend" တဲ့...
ဒါနဲ့ အရင်လို မဖြစ်ရအောင် ဒေါသစိတ်လေးကို ထိမ်းပြီး ကျမဖုန်းနံပါတ်ဘယ်လိုရလဲလို့မေးတော့..
အခြေအမြစ်မရှိရှင်းပြပါတယ်... အဲဒါကတော့ သူ့ဖုန်း ရေထဲကျသွားလို့ Jurong East service center မှာ ဖုန်းသွားပြင်ပြီး ပြန်ရလာတော့.. ကျမဖုန်းနံပါတ်က သူ့ဖုန်းထဲ အလိုလိုရောက်နေတာပါတဲ့.. ကဲ... ကြည့်..
Nokia နဲ့ starhub က Match making service အလကားပေးနေတယ်လို့ မကြားလိုက်မိပါလားနော်....
ဘယ်လောက် အခြေအမြစ်မရှိလဲဆိုရင်.. ဟား.. ဟား.. ပြီတော့ပြောသေးတယ်.. သူစကာင်္ပူရောက်တာ ၇လပဲရှိသေးလို့ သူငယ်ချင်းလိုချင်လို့ပါတဲ့..
ကျမလဲ နောက်ပိုင်း ဘာမှ မပြန်ဖြစ်တော့ပါဘူး... ကျမနံပါတ်ကို ဖွတဲ့သူကိုသာ တော်တော်လေး ဒေါသဖြစ်မိနေပါတော့တယ်.. ဒီပြဿနာကိုလဲ ဘယ်လိုဖြေရှင်းရင် ကောင်းမလဲ ဆိုတာကို ကျမစဉ်းစားနေမိပါတယ်.. နောက်ရက် အနည်းငယ်ကြာတော့.. မော်ကွန်းဆိုတဲ့ ကောင်က ကျမနာမည်ကို မတ်စေ့ရှ်နဲ့ ထပ်မေးပါတယ်.. ဒင်းတို့ပို့တဲ့ မတ်စေ့ရှ်တွေ တော်တော်များများ ကျမဆီမှာ ရှိပါတယ်.. ဒင်း ကျမနာမည်ကို စာလုံးပေါင်းမှားပြီးတောင် ပို့ထားလို့ ကျမ ပိုပြီး မှတ်မှတ်ရရရှိပါတယ်.. အဲဒိမှာ ကျမ သေချာတာ တစ်ခုသိသွားပါတယ်.. ဒီကောင်တွေဟာ.. ကျမကို နာမည်ပဲ သိတာပါ... ကျမကို မြင်လဲ မမြင်ဖူးပါဘူး.. ကျမဘယ်သူဆိုတာလဲ မသိပါဘူးဆိုတာပါပဲ.. မိန်းကလေးနာမည်မို့ ငမ်းငမ်းတက် လက်ကမြင်းကျောဆွဲရုံသက်သက်ပါ...
သူတို့ကိုလေ ကျမ မေးလိုက်ချင်တယ်.. ဒီလိုနည်းနဲ့ စကာင်္ပူမှာ ဘယ်နှယောက်နဲ့များ အဆင်ပြေဖူးပါသလဲလို့လေ... ဖုန်းနဲ့ ဘယ်သူဘယ်ဝါမှန်းမသိတဲ့သူကို ရင်ခုန်နေရလောက်အောင်.. ကျမရဲ့ အသက်ကလဲ သစ်ရွက်လေးတွေ လေတိုက်ရင်တောင် ရီချင်နေတဲ့ အရွယ်လဲမဟုတ်တော့ပါဘူး.. ဒင်းတို့လဲ အဲဒိ အရွယ် ကောင်လေးတွေမဟုတ်ဘူးဆိုတာသေချာပါတယ်.. ဘာလို့လဲဆိုတော့.. အဲဒိ အရွယ်ကလေးတွေက သူ့ဟာနဲ့ သူ လူငယ်မာနဆိုတာရှိတယ်.. ရှက်တတ်သေးတယ်..
ကျမအရွယ်က "၂၀ကျော် အစိတ်ပိုင်း.. အရွယ်တော် တစ်စိတ်ဟိုင်း" ဖို့ ၁နှစ်မျှသာလိုတော့တာပါ..
၂၆ ရက် ၂လ ၂၀၀၉ မှာတော့ တတိယ ဖုန်းနံပါတ်နဲ့ မတ်စေ့ရှ်တွေလာပြန်ပါရော... ဘာလုပ်နေလဲတို့.. နာမည်လေး သိပါရစေ... သူငယ်ချင်းတော်ပါရစေပေါ့.. ကျမဘာဆိုဘာမှ မလုပ်တော့ပဲ.. ဒီတိုင်းပဲနေလိုက်ပါတယ်... ဒီကိစ္စတွေရပ်သွားအောင် ဘယ်လိုလုပ်ရပါ့ဆိုတာကိုပဲစဉ်းစားနေပါတယ်..
ဖေဖေက ၂၀၀၇ က ကိစ္စဖြစ်တုန်းက ကိုယ့်ကို ဖုန်းနောက်တဲ့သူကို မအော်ဖို့.. အော်ရင် အမြင်ကပ်ပုဒ်မနဲ့ ပိုဆိုးမယ်ဆိုပြီး ဆုံးမပါတယ်.. ပြီးတော့ ဒီလောက်ခင်ချင်နေရင် လူကြီးလူကောင်းပီပီ အပြင်မှာတွေ့ပြီး အဆင့်ရှိရှိ ခင်ဖို့ ပြောပါတယ်.. အဲလိုမှ အဲဒိကောင်တွေရပ်မှာပါ.. ကျမဖေဖေက သူကိုယ်တိုင် ကျမကို လိုက်စောင့်ပေးမယ်ပြောပါတယ်..
ဒါပေမဲ့ ဒီလို ကိစ္စ အသေးအဖွဲအတွက်နဲ့ ကျမ မိဘတွေကို စိတ်လဲ မပူစေချင်ပါဘူး.. ဒါကြောင့် ခုတစ်ခေါက် ဖုန်းလက်ဆော့တဲ့ ကိစ္စကို ဘာမှမပြောခဲ့ပါဘူး.. ကျမအတွက်လဲ အရေးပါလှတဲ့ ပြဿနာတော့ မဟုတ်ပါဘူး... အရည်အချင်းမရှိတဲ့ လူတစ်စု အောက်တန်းကျတဲ့နည်းလမ်းနဲ့ သူတို့ အချိန်တွေဖြုန်းနေကြတယ်ပဲ မြင်ပါတယ်...
ဒါပေမဲ့ အခုတော့ လူတွေ့စရာ မလိုပဲ ဒီကောင်တွေ ရပ်သွားမဲ့နည်းကို ကျမအကြံရသွားပါပြီ... နဲနဲလေး မုသားသုံးလိုက်ရုံပါပဲ... ဒါပေမဲ့ ကျမကို ထပ်မနှောင့်ယှက်မချင်း ကျမဘာမှ ပြောမှာ မဟုတ်ပါဘူး..
ကျမဖုန်းထဲမှာလဲ.. Disturbance 1, 2, 3 ဆိုပြီး သေသေချာချာ သိမ်းထားလိုက်ပါတယ်...
ဒီနေ့တော့ လူက စိတ်ကလဲ သိပ်မကြည်ဖြစ်နေပါတယ်.. အဲဒိ အချိန်ကျမှ ကံဆိုးသူ လဒ Disturbance 2 က.. မတ်စေ့ရှ်ပို့ပါတယ်... ဒါနဲ့ ကျမလဲ... အဲဒိလူကို ဖုန်းကောက်ဆက်လိုက်ပါတယ်...
အသံကလဲ ကလီညောင်နာနေပြီး.. တောသားလိုလိုအသံပါ... တိုးချိနေလိုက်တာလဲ မနည်းနားထောင်ရတယ်.. ပီပီသသကလဲ မရှိ.. လုံးဝ လုံးဝ ခံစားလို့မရတဲ့ အသံရှင်ပါ..
ကျမ။ ။ ရှင် ကျမနဲ့ သိပ်ခင်ချင်နေလား...
မော်ကွန်း(Disturbance2)။ ။ ခင်ချင်လို့ပါ... ကျွန်တော့်မှာ သူငယ်ချင်းမရှိလို့ပါ..
ကျမ။ ။ ကောင်းပြီ ဒါဆို ကျမတို့ အပြင်မှာတွေ့ကြမယ်လေ..
Disturbance 2။ ။ ကောင်းပြီလေ.. တွေ့တာပေါ့...
ခပ်တိုးတိုး မရဲတရဲ အသံဖြင့်ပြန်ပြောခြင်းဖြစ်သည်.. ဘာပဲပြောပြော တွေ့ရဲတဲ့ သတ္တိတော့ ဒင်းက ရှိသား..
ဒါနဲ့ ကျမလဲ ကျမစဉ်းစားထားတဲ့အတိုင်း....
ကျမ။ ။ ဟုတ်ပြီလေ.. ကျမ ခင်ပွန်းပါခေါ်လာခဲ့မယ်... (ဟတ်.. ဟတ်.. ဟိုဘက်က လဒ ဟတ်ကော့ကြီးဖြစ်ပြီး.. ရင်ခံသွားမှာသေချာတယ်)...
Disturbance 2။ ။ ဗျာ.. !@#$%% (သူဘာတွေပြောနေလဲ ကျမ သေချာပြန်မကြားရပါ.. စကားပြောသံကိုက ဗလုံးဗထွေးနဲ့.. ဘာအဓိပ္ပါယ်မှန်းကို သေချာမသိပါ.. ဟိုလိုလို ဒီလိုလိုနဲ့ ရဲစကားပြောသွားခြင်းဖြစ်သည်..)
သေချာတာတစ်ခုကတော့ ဒင်း အောင့်သီး အောင့်သက်အတော်ဖြစ်သွားသည်...
ကျမ။ ။ ရှင်.. ပြောတော့ ရှင့်မှာ သူငယ်ချင်းမရှိဘူးဆို..... သူငယ်ချင်းလိုချင်လို့ဆို...
Disturbance 2။ ။ ဟုတ်ပါတယ်..
ကျမ။ ။ ဒါဆို ကျမနဲ့ သူငယ်ချင်းဖြစ်တာထက် ကျမခင်ပွန်းနဲ့ သူငယ်ချင်းဖြစ်တော့ ပိုကောင်းတာပေါ့.. ၁ယောက်ထက် ၂ယောက်က ပိုမကောင်းဘူးလား...
ဒင်း ဝေခွဲရ ခက်နေပုံတော့ ရတယ်... စကားက ၂ခွပြန်ပြောပါတယ်...
Disturbance 2။ ။ ဟုတ်ကဲ့.. တွေ့ပါမယ်.. နှောင့်ယှက်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်...
ဟတ်... ဟတ်.. ရီချင်လိုက်တာ.. ဒင်းကို ရီချင်တာဟုတ်ဘူး.. ကိုယ့်အကြံကိုယ်သဘောကျလို့ ရီချင်တာ.. ပိုင်လိုက်တာ.. ငါကွ...
ဒါတောင် ဒင်းက တွေ့မယ်က ပါးစပ်ကထွက်နေတုံး.. တော်တော်တော့ အကြောမာတဲ့ လဒပါ... သူက မယုံတ၀က် ယုံတ၀က်ဖြစ်နေတဲ့ပုံစံမျိုးလဲဖြစ်နိုင်သလို.. သူ မှန်းချက်နဲ့ နှမ်းထွက် မကိုက်လို့ အယောင်ယောင်မှားမှားဖြစ်နေတာလဲ ဖြစ်နိုင်ပါတယ်.. ဒါနဲ့ပဲ..
ကျမ။ ။ ကောင်းပြီလေ.. ဒါဆိုရင် ကျမခင်ပွန်းရော.. ကလေးတွေပါ ခေါ်လာခဲ့မယ်.. တစ်မိသားစုလုံးလာခဲ့မယ်.. စနေနေ့ ပင်နီဆူလားမှာတွေ့မယ်လေ.. ခင်ခင်မင်မင်ပေါ့...
ပြောသာပြောနေရသည်.. ဒင်းကတွေ့မယ်ဆိုလျှင် ဘာလုပ်ရမလဲ မသိ.. သူငယ်ချင်းတစ်ယောက်ယောက်ကိုပဲ ဟန်ဆောင်ခိုင်းရကောင်းမလား.. ဘယ်သူ့ ကလေးငှားရင်ကောင်းမလဲ.. စဉ်းစားနေရပြီ... ဒါမှ မဟုတ်.. ဖေဖေနဲ့ မေမေကိုပဲ ကန်တော့ပြီး ကျမအစားသွားခိုင်းရကောင်းမလား... ဟတ်... ဟတ်...
ဒါပေမဲ့.. ကလေးတွေဆိုတဲ့ အသံကြားတော့.. ဒင်းတော်တော်လန့်သွားပုံရတယ်...
Disturbance 2။ ။ ဒါဆိုလဲ နေပါစေတော့... အလုပ်ရှုတ်နေပါ့မယ်.. နှောင့်ယှက်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်...
ကျမကလဲ ဘယ်ရမလဲ.. ကြောက်မှန်းသိတော့ ပို ဖြဲခြောက်တာပေါ့..
ကျမ။ ။ အင်း .. အခုလို မတ်စေ့ရှ်တွေပို့ပို့နေတော့ နှောင့်ယှက်သလိုဖြစ်တာပေါ့ရှင်.. ကျမခင်ပွန်းလဲ အထင်လွဲစရာဖြစ်တယ်.. အဖြစ်မခံနိုင်ဘူးလေ.. ရှင်ခင်ချင်ရင်.. အားလုံးခေါ်လာခဲ့မယ်.. ခင်ပေါ့... ကျမခင်ပွန်း အထင်လွဲတာကို မခံနိုင်ဆုံးပဲ...
(ကျမခင်ပွန်း... ကျမခင်ပွန်းနဲ့ ပြောရတာလဲ.. ပါးစပ်ထဲမှာ ကလောနေတယ်.. နားထဲမှာလဲ ကလန့်နေတယ်.. ဒါပေမဲ့ တတ်နိုင်ဘူး.. ဆက်ပြောရမှာပဲ... ဒင်းကို မှတ်လောက်အောင်ကို... ဘယ့်နဲ့ မိန်းကလေးတစ်ယောက်အကြောင်းလေးတောင် သိမထားပဲ မိန်းမဖြစ်ပြီးရော လိုက် မတ်စေ့ရှ်ပို့နေတဲ့သူ နည်းတောင်နည်းသေးတယ်.. )
ဒီတင်ပဲ ဒင်းလဲ ဆုံးဖြတ်ချက်တော်တော် ခိုင်ခိုင်မာမာချလိုက်ပုံရတယ်....
Disturbance 2။ ။ နေပါစေတော့... ဒါဆိုလဲ မတွေ့တော့ပါဘူး.. နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်..
ကျမ။ ။ အေးကွယ်... ဒါဆိုလဲပြီးရောလေ.. ဒါဆို နောက် မတ်စေ့ရှ်လဲ မပို့နဲ့တော့.. ဖုန်းလဲ မဆက်ပါနဲ့တော့နော်.. ကျမ ခင်ပွန်း အထင်လွဲမှာ စိုးလို့ပါ...
Disturbance 2။ ။ ဟုတ်ကဲ့ပါ.. ဟုတ်ကဲ့ပါ..
ဒါပါပဲ.. တစ်ရန်တော့ ရှင်းလိုက်ပြီလို့ထင်ပါတယ်... တကယ်လို့ ကျန်တဲ့ကောင်တွေက သူတို့ အပေါင်းအပါတွေဆိုရင်တော့ ၃ရန်လုံး တစ်ခါတည်းရှင်းသွားမှာပါ..
*သတိ*...
ဒီပိုစ့်ကို ရေးလိုက်တာဟာ.. ကျမရဲ့ အိုင်ဒီယာလေးကို ကိုယ့်ဘာကိုယ်သဘောကျလို့ ရေးလိုက်ခြင်းဖြစ်သလို..
ယောကျာင်္းလေးများလဲ မိန်းကလေးတွေကို နည်းမှားပြီး မလိုက်မိစေဖို့ပါ.. (at least.. ဒီနည်းကို မကြိုက်တဲ့ ကျမကိုပေါ့နော်.. )
ယောကျာင်္းလေးတိုင်းကို မျက်စပစ်နေတဲ့ မိန်းကလေးကို ယောကျာင်္းတွေ တန်ဖိုးမထားတတ်သလို.. မိန်းကလေးဖြစ်ပြီးရော လိုက်နေတတ်တဲ့ ယောကျာင်္းတွေကိုလဲ ကျမတို့ မိန်းမတွေ အထင်မကြီးတတ်ပါဘူး..
Friday, March 06, 2009
ကျမနဲ့ Natas ပွဲ (၂) (သို့) ကိုရီးယား-ရှန်ဟိုင်းခရီးစဉ် စတင်ခြင်း...
ဒီလိုနဲ့ ထမင်းတောင် မစားတော့ပဲ နေ့လည် ၁၁နာရီလောက်အိမ်ကထွက်တယ်.. အိမ်နဲ့ Expo က နီးတော့
နာရီဝက်အတွင်းရောက်သွားတယ်.. ရောက်တော့ ကင်မရာ ၀င်ဝယ်လိုက်တယ်.. မနေ့က မေးတော့ ဘာလက်ဆောင်ပစ္စည်းမှ မပါဘူးဆိုပြီး.. ဒုတိယနေ့မေးတော့ 2GB memory card ရယ်.. Canon original ကင်မရာအိတ်ရယ် လက်ဆောင်ပေးမယ်တဲ့.. နောက်ပြီး Lens cover က ဒေါ်လာ ၄၀ နဲ့ ထပ်ဝယ်လိုက်ရတယ်... ရောင်းတဲ့သူကပြောတယ်.. Lens ပျက်ရင် ၄၀၀ တဲ့ cover က ၄၀နဲ့ ဘယ်ဟာလဲမလဲ ဆိုတော့.. ဆင်ဝယ်မှတော့ ချွန်းဖိုးလဲဆိုက်ရတော့မှာပေါ့ဆိုပြီး ၀ယ်ခဲ့လိုက်တာ.. ကင်မရာကို ကိုင်တောင်မကြည့်ခဲ့ပါဘူး.. ကိုယ်လဲဘာမှတတ်တာမှမဟုတ်တာလေ.. သူတို့ Canon က ကင်မရာအတွက် Free Training ရှိတယ်တဲ့.. အဲဒိ သင်တန်းကို သွားတက်မှပဲ သိတော့မှာပဲ.. ခုထိတော့ မအားသေးလို့ မတက်ဖြစ်သေးဘူး.. လောလောဆယ်တော့ ကင်မရာကို အလှထိုင်ကြည့်ရမလိုဖြစ်နေတယ်.. ဘာမှကို မလုပ်တတ်လို့...နောက်ပြီးမှ Natas show ပွဲရှိတဲ့ Hall 5 and 6 ကိုသွားပြီး JP International travel အေ့ဂျင့်ကို တန်းသွားပြီးဝယ်လိုက်တယ်.. အစက ပတ်ကေ့စ်က S$၇၈၈ ဆိုပြီးတော့ Airport tax S$၃၇၀ ထပ်ပေါင်းလိုက်တော့ တစ်ယောက်ကို S$1158 ကျတယ်.. ဒါတောင် ကိုယ်က မြန်မာပတ်စပို့ဆိုတော့ ဗီဇာဖိုးထည့်ပေါင်းရအုံးမယ်လေ.. အေးဂျင့်က မေတ္တာလက်ဆောင် ရှန်ဟိုင်း ၂ညအိပ်ပေးမယ်ဆိုတော့ တရုတ်ဗီဇာရော.. ကိုရီးယားဗီဇာပါ လျှောက်ရမယ်လေ.. အစကတော့ ဖေဖေနဲ့ မေမေ၂ယောက်လုံးကို မဗေဒါက စပွန်ဆာပေးပြီး ခေါ်ပါတယ်.. ဒါပေမဲ့ ဖေဖေက ခြေထောက်နာနေတော့ Tour နဲ့ အုပ်စုလိုက် မြန်မြန်မသွားနိုင်တော့ မလိုက်တော့ဘူးဆိုလို့.. မဗေဒါနဲ့ မေမေနဲ့ ၂ယောက်ပဲသွားလိုက်တယ်... အစကတော့ မဗေဒါအဲဒိပတ်ကေ့ရှ် ၀ယ်မယ်ဆိုတုံးက အိမ်မှာ နဲနဲတော့ အဆူခံလိုက်ရသေးတယ်.. ခုတစ်လော စီးပွားရေးတွေက မကောင်းဘူးမှတ်လား.. ဒါပေမဲ့လဲ အခြေအနေ အချိန်အခါလေးပေးတုန်း ကျန်းမာရေးလေးလဲကောင်းတုန်း မဗေဒါကတော့ သွားသင့်တယ်ထင်တာပဲလေ.. မဗေဒါက ဆုံးဖြတ်ထားတယ်.. ဘယ်သူမှ မလိုက်လဲ တစ်ယောက်ထဲသွားမှာလို့.. နဲနဲတော့ ကြောက်တာပေါ့နော်.. ဟိုတယ်ထဲမှာ ၁ယောက်ထဲတော့ အိပ်ရဲဘူး.. (သရဲကြောက်လို့.. ရှူး..တိုး.တိုး)

နောင်တစ်ချိန် သွားဖို့ ကိုယ်စိတ်ဝင်စားတဲ့ နေရာတွေအကြောင်းရေးထားတဲ့ လက်ကမ်းစာအုပ်တွေကိုတော့ သိမ်ထားလိုက်တယ်..မေမေကတော့ အစကသာ ကျမ ပိုက်ဆံကုန်မှာဆိုးလို့ ဆူပေမဲ့.. ခုတော့ ပျော်နေပုံရပါတယ်.. အမှန်တော့ ဖေဖေရော မေမေရော ၂ယောက်လုံးကို လိုက်စေချင်တာပါ.. ဒါပေမဲ့လဲ အခြေအနေက မပေးတော့လဲ တတ်နိုင်ဘူးပေါ့..
မေမေ့ကိုတော့ ကြိုမှာထားရတယ်.. ဟိုရောက်လို့ မဗေဒါ ဓာတ်ပုံရိုက် ဗွီဒီယိုရိုက်ရင် အလုပ်ရှုတ်တယ်ဆိုပြီး မဆူရဘူးနော်လို့.. ဟဲဟဲ.. မင်းသမီးတလက်တော့ရပြီ..
နောက်ပြီး ဖြစ်ချင်တော့.. ဘယ်သွားသွား လက်တို့ဖို့ ပြောထားတဲ့ ဘော်ဘော်တစ်ယောက်ရှိတယ်.. သူက မဗေဒါ အစ်မအကြီးဆုံးနဲ့ ပိုရင်းနှီးပင်မဲ့ မဗေဒါနဲ့လဲ ခင်တယ်.. ဒါနဲ့ သူ့ကို msg ပို့ပြီး လိုက်မလားမေးလိုက်တယ်.. သူက တစ်ညစဉ်းစားပြီး နောက်နေ့ကျမှ လိုက်မယ်ဆိုပြီးပြောတယ်.. ဒါနဲ့ သူ့ကို ဘယ်နေရာဘယ်မှာ သွားဝယ်ပြောလိုက်တော့မှ.. ကံကောင်းလို့.. ရှိုးပွဲ နောက်ဆုံးနေ့ညနေကျမှ သူသွားဝယ်လိုက်တာ ရလို့.. ခုတော့ ခရီးစဉ်က ၃ယောက်ဖြစ်သွားပြီ..
ဒီလိုနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မတ်လ ၄ရက်နေ့က တရုတ်သံရုံးမှာ ဗီဇာသွားလျှောက်ဖြစ်တယ်.. ဗီဇာအကြောင်းစုံတော့ နောက်ပို့မှာမျှော်ပေါ့နော်...
camera pic credits : http://www.letsgodigital.org/en/11433/canon_eos400d_review/
Sunday, March 01, 2009
ကျမနဲ့ Natas ပွဲ (၁)


ဟောခန်းထဲက မြင်ကွင်းကိုတော့ ဒီနေရာက ကူးယူဖော်ပြထားပါတယ်.... ကိုယ့်ဘာသာကိုယ် ရိုက်ဖို့ အချိန်မရလို့ပါ... ၀င်လိုက်တာနဲ့ လက်ကမ်းစာစောင်တွေ လက်ထဲရောက်လာတာ ချက်ချင်း လက်ထဲမှာ ပြည့်နှက်သွားပါတယ်.. လက်ကမ်းစာစောင်တွေလဲဖတ်... agent တွေလဲ လိုက်ကြည့်ရနဲ့ တော်တော်လေးကို အလုပ်ရှုတ်သွားပါတယ်.. သွားချင်တဲ့ နေရာနဲ့ နိုင်ငံတူရင်တောင်.. agent နဲ့ service ပေါ်မူတည်ပြီး ဈေးက ကွာပါတယ်... အဲဒိအတွက်ကြောင့် လက်ကမ်းစာစောင်ပေါ်မှာ ရေးထားတာထဲကမှ ကိုယ်စိတ်ဝင်စားတဲ့ ဈေးနှုန်းနဲ့ နေရာကိုတွေ့ရင်.. ၀င်မေးရပါတယ်.. မေးရာမှ ကျမ သတိပြုမေးတဲ့အချက်တွေကတော့ သွားချင်တဲ့ နိုင်ငံပေါ်မူတည်ပါတယ်.. ... မလေးရှားတို့.. ယိုးဒယားတို့လို စကာင်္ပူကသွားနေကျ နေရာတွေကတော့.. Free and easy တွေရှိသလို.. Package တွေလဲ ရှိပါတယ်... ဒါပေမဲ့ ကျမကတော့ အဲလိုနိုင်ငံမျိုးတွေအတွက် Free and easy ကိုပဲ သဘောကျပါတယ်...
Free and easy ဆိုတာကတော့ သွားဖို့နဲ့ ဟိုတယ်ကိုသာ စီစဉ်ပေးပြီး.. ဟိုမှာ စားဖို့နဲ့ လျှောက်သွားဖို့ ဘာညာကတော့ မိမိဘာသာ အစီအစဉ်နဲ့ပါ... ဈေးတွေက အတော်သက်သာပါတယ်.. အင်ဒိုနီးရှားနိုင်ငံ Bitan resort အတွက် အထူး လျှော့ဈေးတွေလဲ တွေ့ခဲ့ပါတယ်...
ကျမကတော့ အိမ်ကိုရောက်နေတဲ့ ကြော်ငြာစာရွက်ထဲက ကိုရီးယားနိုင်ငံ ဆိုးလ်နဲ့ ဂျဲ့ဂျူး ကျွန်း ကို သွားတဲ့ Package ကို သဘောကျလို့ အဲဒါကို အဓိကထားပြီးလိုက်ကြည့်မိပါတယ်.. ဒါပေမဲ့ agent တော်တော်များမ
ျားဈေးတွေက အားလုံး ၁၀၀၀ ကျော်တွေချည်းပါပဲ.. ကျမရတဲ့ လက်ကမ်းစာစောင်ထဲမှာက ၈၀၀ ၀န်းကျင်ပဲရှိပါတယ်... မသွားခင်က အဲလောက်ဆိုင်တွေ များမယ်မှန်းမသိလို့ ကြော်ငြာကို ယူမလာမိတော့ ဘယ်ဆိုင်မှန်းမသိတာနဲ့ အိမ်ကို ဖုန်းဆက်ပြီး မေးတော့မှ.. JP International travel agent ဆိုတာသိရပါတယ်..ခက်တာက မြန်မာ ပတ်စပို့ဖြစ်တဲ့အတွက် ၂နိုင်ငံသွားရင် ဗီဇာ ၂ခုလိုပါတယ်.. အဲဒါတော့ စိတ်ထဲမှာ တော်တော်လေး အောင့်လှပါတယ်.. တခြားနိုင်ငံသားတွေက ဂရုစိုက်စရာမလိုပေမဲ့.. ကျမအတွက်ကတော့.. ဗီဇာ ၁နိုင်ငံယူရင် ပတ်စပို့ ၁မျက်နှာကုန်ပါတယ်.. ၂နိုင်ငံဆိုရင် ၂မျက်နှာပါ.. နိုင်ငံ အ၀င်အထွက် တုံးထုရင် ၂နိုင်ငံဆိုတော့ ၂မျက်နှာ.. အင်မီဂရေးရှင်းက သဘောကောင်းပြီးနားလည်ရင်တော့ ချွေချွေတာတာ ထုပေးရင်တော့ ၂နိုင်ငံ ၁မျက်နှာပေါ့.. မြန်မာ ပတ်စပို့က တခြားနိုင်ငံ ပတ်စပို့ထက် တန်ဖိုးကြီးတယ်ဆိုတာ.. မြန်မာပြည်သားတိုင်းသိပါတယ်... စကာင်္ပူမှာ စာအုပ်ကုန်ရင် ဒေါ်လာ ၅၀၀ ပါ... ၄မျက်နှာဆိုရင် အနည်းဆုံး ဒေါ်လာ ၂၀ ၊ ၃၀လောက်တော့ တန်မယ်ထင်ပါတယ်... အော်.. ခရီးသွားအေးဂျင့်က ၂ညအိပ် ရှန်ဟိုင်း လက်ဆောင်ပေးတာတောင် အောင့်သက်သက်နဲ့ လက်ခံရတဲ့ ဘ၀ပါလားနော်...
ဗီဇာလျှောက်ပေးတဲ့ service ကိုမေးတော့.. ကိုရီးယားသံရုံးက လူကိုယ်တိုင်မှ လာလျှောက်လို့ရတယ်ဆိုတော့.. ကိုယ်တိုင်ပဲသွားလျှောက်ရမှာပါ.. တော်တော်တော့ အလုပ်ရှုပ်အုံးမှာပါ... မြန်မာနိုင်ငံသားဆို အထင်သေးလို့လားသိပါဘူး.. ဘဏ်အကောင့်ကလဲပြရအုံးမှာပါ... ဒါနဲ့.. တကယ်လို့ ဗီဇာမရရင် ပြန်အမ်းမှာလားဆိုတော့.. ဒေါ်လာ ၅၀ နှုတ်ပြီး ပြန်အမ်းမယ်ပြောပါတယ်.. ဘာလို့လဲဆိုတော့ သူတို့ဘက်ကလဲ ဟိုတယ် book လုပ်တာနဲ့ဘာနဲ့ ဆိုတော့ ဖြတ်ရင် လျှောရတယ်လို့ ဆိုပါတယ်.. ဒါကနားလည်ပါတယ်.. ဒါပေမဲ့ ငါဗီဇာလျှောက်ပြီးမှ လာဝယ်လို့မရဘူးလားလို့ မေးတော့.. ဒီဈေးနဲ့က ဒီ ပွဲ ၃ရက်အတွင်းပဲ ရတာပါတဲ့... ပွဲပြီးသွားရင် တခြားဈေးဖြစ်သွားမှာပါတဲ့.. သောင်္ကြာ စနေ တနင်္ဂနွေ နဲ့ဆိုတော့ ရုံးပိတ်ရက်ခံတော့.. ကျမလဲ ဒီကြားထဲ သွားလျှောက်ဖို့က မဖြစ်နိုင်ပြန်ပါဘူး.. ကိုယ်တိုင်လဲ ကိုရီးယားသွားဖို့နဲ့ ပတ်သတ်ပြီး ဘာမှ မသိသေးတဲ့အတွက် စဉ်းစားအုံးမယ်ဆိုပြီးပြန်လာလိုက်ပါတယ်..
ကျမအစ်မနဲ့ ယခင်က စီစဉ်ထားတဲ့ မိသားစုခရီး malaysia redang resort ကိုသွားဖို့ သေသေချာချာလိုက်စုံစမ်းချိန်တောင်မရလိုက်ပါဘူး... ကြုံတဲ့နေရာ တစ်ခုကို ၀င်မေးတော့.. Berjaya Hotel မှာ နေရမယ်.. လေယာဉ်နဲ့ အသွားအပြန်ကို ၃၆၅ ဒေါ်လာလို့ပြောပါတယ်... Breakfast ပဲကျွေးပါမယ်တဲ့.. Berjaya Hotel က အဲဒိမှာ အကောင်းဆုံးဟိုတယ်ဆိုတာသိပါတယ်.. ဒါပေမဲ့ ၃၆၅ဒေါ်လာကတော့ များတယ်ထင်ပါတယ်.. ကျမ မနှစ်ကသွားတုန်းက ဒေါ်လာ ၂၅၀ပါ.. ဒါပေမဲ့ ကားနဲ့သွားပြီး.. နေတဲ့ဟိုတယ်က သိပ်နာမည်မကြီးပါဘူး... ဒါပေမဲ့ Breakfast, lunch, dinner အကုန်ကျွေးပါတယ်.. မဆိုးပါဘူး.. ပြီးတော့ ကျမအတွက်တော့ ကားနဲ့ သွားရတာကို ပိုကြိုက်ပါတယ်.. ကားနဲ့ သွားရင် ၁၀နာရီလောက်စီးရပါတယ်.. ဘာပဲဖြစ်ဖြစ်ကျမကတော့ ကားစီးရတာ ပိုကြိုက်တော့အဲဒိ package ကို စိတ်မ၀င်စားပါဘူး.. 5 Stars agent မှာတော့ မလေးရှားနဲ့ ပတ်သတ်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် ရွေးချယ်စရာတွေ ရှိပေမဲ့.. အချိန်မရှိတာနဲ့ပဲ ပြန်လာဖြစ်ခဲ့ပါတယ်..
နောက်ပြီး Austrilia and New Zeland ကိုလဲ တော်တော်လေး သက်သာတဲ့ package တွေရှိပါတယ်.. သွားချင်လိုက်တာပြောမနေပါနဲ့.. ခု ပိုက်ပိုက်ပေးပြီးသွားနိုင်ရင်တောင်မှ.. ကျမမှ အလုပ်က ခွင့်ရက်က သိပ်မကျန်တော့တာကြောင့် မနည်းစိတ်ကို လျော့ခဲ့ရပါတယ်... ဆက်ပတ်နေရင် သွားချင်တာတွေများပြီး ဝေခွဲမရပဲ ငိုမိတော့မှာမို့ သူငယ်ချင်းနဲ့ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတာလဲ နောက်ကျနေပြီဖြစ်တဲ့အတွက် အမြန်ပဲပြန်လာခဲ့ပါတယ်.. နောက်နေ့ထပ်လာအုံးမှာပဲဆုံးဖြတ်ပြီး.. ပေးသမျှ လက်ကမ်းစာစောင်တွေကိုပဲ ယူလာခဲ့လိုက်ပါတယ်.. နောက်နေ့ထပ်လာမဲ့အတူတူ.. အိမ်မှာ တစ်ခုချင်း အေးဆေးဖတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ...

ထွက်ပေါက်ကိုလျှောက်တဲ့ လမ်းတစ်လျှောက်တော့.. သွားချင်တဲ့နိုင်ငံတော်တော်များပါတယ်.. ကျမ ရောက်ဖူးချင်တဲ့ အီဂျစ်နိုင်ငံက ပစ်ရမစ်ကြီးတွေနဲ့ ကုလားအုပ်စီးတဲ့ package တွေလဲရှိပါတယ်.. အဲဒိဟာကို ၀ယ်ဖို့တောင် စိတ်ကူးမိပါသေးတယ်.. အမေဆူတာနဲ့ပဲ ညိမ်နေလိုက်ရပါတယ်... နောက်သွားချင်တာကတော့.. ဂရိက Aegean မြို့ကိုလဲ သွားချင်ပါတယ်.. အဲဒိမှာလဲ ရှိပါတယ်.. ၂၀၀၀ ကျော်ပါပဲ.. Paris နဲ့ အဲဒိမြို့နဲ့ အီတလီ Package ထင်ပါတယ်.. ပြောရင် အသဲတွေယားလာပြီနော်... ကြာကြာဆက်ကြည့်နေရင် ရူးသွားနိုင်ပါတယ်.. ဒါနဲ့ပဲ မျက်လုံးလေး မကစားရဲတော့ပဲ.. ထွက်ပေါက်သို့သာ ဦးတည်ခဲ့ပါတော့တယ်... ဘာရယ်မဟုတ်ပါဘူး.. အီးမေးလ်ထဲရောက်လာတဲ့ Aegean မြို့ရဲ့ ပုံလေးတွေမျှလိုက်ပါတယ်.. Love at Aegean Sea ဆိုတဲ့ ရုပ်ရှင်မှာလဲ ပါပါတယ်.. မြန်မာပြည်မှာတောင် ပြပြီးပါပြီး အဲဒိကားက..



P.S.. မင်းယွန်း ပထမ ပိုစ့်မှာ ကွန်မန့်ထားတဲ့ အာဖရိကနဲ့ တိဘက် ခရီးစဉ်တွေလဲရှိပါတယ်..
(စာကြွင်း - ရေးမယ်ဆိုပြီး ဒီနှစ်ရက်အတွင်း ကိုယ့် ဇောနဲ့ကိုယ်ရှုပ်နေတာနဲ့ ဒီနေ့မှ တင်လိုက်ပါတယ်.. ဒီနေ့နောက်ဆုံးရက်ဖြစ်တဲ့အတွက်.. ခရီးသွားဖို့ စီစဉ်ထားတဲ့သူတွေလဲ ကြိုတင်ဝယ်ထားဖို့ တိုက်တွန်းပါတယ်.. August လအထိ plan လုပ်ပြီး ကြိုဝယ်ထားလို့ရပါတယ်)
Thursday, February 26, 2009
Natas ပွဲနဲ့ ကမ္ဘာပတ်ကြရအောင်....
အိမ်မှာရောက်နေတဲ့ လက်ကမ်းစာစောင်ထဲကအတိုင်းဆိုရင် ဈေးတွေက တော်တော်သက်သာပါတယ်.. ဒါ့ အပြင် Master card ပိုင်ရှင်တွေအတွက် ကံစမ်းမဲ အစီအစဉ်တွေနဲ့ ဆုမဲပေါင်းများစွာရှိတယ်လို့လဲ သိရပါတယ်... မဗေဒါကတော့ ခရီးသွား ၀ါသနာအိုးဆိုတော့.. အဲဒိကနေ တစ်ခုမဟုတ်တစ်ခုတော့ ၀ယ်လိုက်အုံးမယ်.. ကိုယ်မရောက်ဖူးတဲ့ နေရာဒေသကို သွားရတာဟာ စိတ်လှုပ်ရှားပျော်ဖို့ကောင်းပြီး ဗဟုသုတ အတွေ့အကြုံလဲရလို့ ခရီးသွားရတာကို တန်တယ်လို့ထင်ပါတယ်.. ခု Natas ပွဲက ဈေးတွေနဲ့ဆိုရင်တော့... သွားအုံးမှာ...............
အောက်မှာတော့ Natas ပွဲ info လေးပါ...
Venue : Singapore Expo, Halls 4 & 5
Date & Time : 27 Feb - 01 Mar 2009
Opening Hours : 12.00pm – 9.30pm (27 Feb, Fri),
10.00am – 9.30pm (28 Feb & 01 Mar, Sat &Sun)
Admission Fee : S$3 per adult, Children below 12 years FREE
၂၀၀၉ မှာ စက်ရုံ shut down တွေရှိလို့ leave တွေ clear ရမှာမို့ပဲဖြစ်ဖြစ်... ကျဉ်းကျပ်လှတဲ့ စကာင်္ပူ လူနေမှုကြီးနဲ့ အဝေးကို အပြောင်းအလဲ အပန်းဖြေဖို့ပဲ ဖြစ်ဖြစ်... ခရီးသွား အတွေ့အကြုံသစ်တွေ, ယဉ်ကျေးမှုတွေ, adventure တွေ, shopping နဲ့ culinary delights တွေဖို့ပဲ ဖြစ်ဖြစ်... မဗေဒါနဲ့ အတူ ကမ္ဘာပတ်ကြရအောင်လား.......
(မဗေဒါ အဲဒိ Natas ပွဲ သွားပြီး ပြန်လာမှ ပြောပြအုံးမယ်.. သောကြာ ဒါမှ မဟုတ်. စနေနေ့သွားမယ်... စိတ်ဝင်စားရင်တော့ မဗေဒါပြောပြမှာကို စောင့်မနေနဲ့တော့.. နောက်ကျကုန်မယ်နော်...)
Wednesday, February 25, 2009
ကျမနဲ့ ပျောက်ဆုံးနေသော confidence
(photo soruce: google)ရသစာပေလေးတွေ သူများလို ရေးမလားဆိုတော့လဲ ဖြစ်ဖြစ်မည်အောင် ဖွဲ့နွဲ့မရေးတတ်.. ဒီလိုနဲ့ စာဖတ်အားနည်းနေလို့ဖြစ်မှာပါလေဆိုပြီး.. သူများတွေရေးထားတာ တတ်နိုင်သလောက်လိုက်ဖတ်.. လိုက်လေ့လာကြည့်တော့.. ပိုပို အားကျလာသလို.. ပိုပိုပြီး ရေးရမှာလက်တွန့်လာတယ်.. သူများတွေများ ကောင်းလိုက်တဲ့ အိုင်ဒီယာတွေ.. ကောင်းလိုက်တဲ့ အရေးအသားတွေ...
တကယ်ပါ.. ဘလော့ အကောင့်စဖွင့်တုန်းက ဒီလိုပဲ အွန်လိုင်းပေါ်ကိုယ်ရေးချင်တာလေးတွေရေးမယ်.. စိတ်ထဲရှိတာတွေ တစ်ယောက်ထဲပေါက်ကွဲမယ်.. မကျေနပ်တာတွေ ဒီလျှို့ဝှက်ချက်ထဲမှာ သိုမှီးထားရင် မျိုသိပ်မယ်.. ကိုယ်ကြိုက်တဲ့ အရာတွေ ဥပမာ ရုပ်ရှင် အကြောင်းတွေ အပြင်မှာ ကိုယ်ပြောရင် လူနားမထောင်ချင်တဲ့အရာတွေ အွန်လိုင်းမှာ တစ်ယောက်ထဲပြောမယ်ပေါ့.... နောက်တော့... ရမ်ဘိုရုပ်ရှင်ကားအကြောင်းတင်တဲ့ ပိုစ့်လေးတွေက စပြီး ကွန်မန့်လေးတွေရလာတယ်.. ဘယ်လို ဘယ်လို မဗေဒါ ဘလော့လေးကို ရောက်လာကြတာလဲ မဗေဒါမသိဘူး.. ကိုယ်မသိတဲ့လူတွေက ကိုယ်ရေးထားတာလေးကို စိတ်တူကိုယ်တူ ကောင်းတယ်ဘာညာပြောလာတော့ သဘောကျတယ်.. ပီတိဖြစ်တယ်.. အဲဒိအချိန်တုန်းက မြန်မာဘလော့ဂါက ခုလောက်မများသေးပဲကိုး....
နောက်ပိုင်း တစ်စ တစ်စ.. ကျမ လောဘ တက်လာမိတယ်ထင်ပါတယ်... ကွန်မန့်တွေကို ပိုပိုလိုချင်လာတယ်.. သူများတွေ ကွန်မန့်ရတာကြည့်ရင် အားကျတယ်... ကိုယ်လဲ သူများလို ကောင်းကောင်းရေးချင်တယ်... ခက်တာက မရေးတတ်ဘူး.. အဲ ကွန်မန့်ရတယ်ဆိုတဲ့နေရာမှာတော့ တကယ်အရေးကောင်းလို့ ရတာတွေရှိသလို.. ချစ်သူ ခင်သူ မိတ်ဆွေပေါလို့ ရတဲ့သူ ဆိုပြီး ၂မျိုးရှိတယ်.. ဘယ်လိုပဲဖြစ်ဖြစ် ကျမကတော့ ပထမအုပ်စုထဲပဲ ပါချင်တာပဲ... ဘာလို့လဲ ဆိုတော့ ကျမဘလော့စဖွင့်ထဲက ကျမသိခဲ့တာက စာရေးဖို့လေ... ကိုယ့်စာလေးကို အမြင်တူ စိတ်တူလို့ ကြိုက်တယ်ဆို ပျော်ရတာပေါ့.. မိတ်ဆွေ သူငယ်ချင်းရတတ်တယ်ဆိုတာက နောက်မှ သိလာရတဲ့ အသိ.. ပြောရရင်တော့ အပိုဆုလေးပေါ့..
ဒီလိုနဲ့ စိတ်ထဲရှိတာတွေ... ကိုယ့်အကြောင်းတွေ ကိုယ်ထင်ရာတွေ ပျော်ပျော်ကြီး ဆက်ရေးခဲ့တယ်... တဖြည်းဖြည်းနဲ့ ကျမဘလော့ကို ကျမအပြင်က ကျမကိုသိတဲ့သူတွေသိလာခဲ့တယ်.. တချို့သိတာ ကျမအတွက် ကိစ္စမရှိပေမဲ့.. တချို့ကိုကျတော့ ကျမလေ တကယ်ကို မသိစေချင်တာပါ... တချို့က ကျမဘလော့ကို အကောင်းမြင်နဲ့ဖတ်ပင်မဲ့ တချို့ကျတော့ အဆိုးမြင်နဲ့ဖတ်ကြတယ်.. တချို့ဆီက အကြံဥာဏ်ရပေမဲ့.. တချို့ဆီက လှောင်ပြုံးတွေပဲပြန်ရတယ်... ဒီလိုနဲ့ ကျမဘလော့လေးအပေါ်ထားတဲ့ ကျမရဲ့စိတ်ကို သူတို့ အကြံဥာဏ်တွေ.. သူတို့ တန်ပြန်မှုတွေ စွက်ဖက်လာခဲ့တယ်...
ဟော.. တချို့ရှိသေးတယ်.. သူတို့ကို ကျမဘယ်သူမှန်းမသိဘူး.. ဒါပေမဲ့ မဗေဒါ ဘလော့နောက်ကွယ်က ကျမကို သိနေကြတယ်.. ကွန်မန့်တို့ ဆီဗုံးတို့မှာ ကျမကို အပြင်မှာ သူတို့ သိပါတယ်ဆိုတဲ့ပုံမျိုးတွေ လာပြောသွားကြတယ်.. ဒါပေမဲ့ သူတို့ဘယ်သူလဲဆိုတာ ကျမကို အသိမပေးကြဘူး.. တကယ်ဆိုရင် ကျမသိလောက်တဲ့ သူတို့ သုံးနေကျ ID နဲ့ပဲဖြစ်ဖြစ် ရေးသွားတာတို့.. အပြင်မှာ တွေ့ရင်ပဲဖြစ်ဖြစ်.. အွန်လိုင်း ဂျီတော့မှာပဲဖြစ်ဖြစ်.. "နင့်ဘလော့ကိုတော့ ငါရောက်တယ်ဟာ.. --- နာမည်နဲ့ ကွန်မန့်ရေးသွားတာ.. ဆီဗုံးမှာ အော်သွားတာ ငါပေါ့" .. ဒါမျိုးလေး အသိအမှတ်ပြုတဲ့ အနေနဲ့ ပြောပြသင့်ပါတယ်.. ကျမ ဘလော့ကို အစထဲက ကျမ ဘယ်သူလဲဆိုတာကို လူသိမခံရဲ ရေးနေတာလဲ ဟုတ်ပါဘူး... အဲဒါကြောင့် ဓာတ်ပုံတွေ ဗွီဒီယိုတွေလဲ ရဲရဲတင်းတင်း တင်နေတာပါ.. ကိုယ်နဲ့ သိတဲ့သူတွေကို ကျမဘလော့ရှိတယ်ဆိုတာ မပြောပြခဲ့တာပဲရှိပါတယ်.. သူတို့တွေ သိသွားဦးတော့ ကျမ စိတ်ထဲဘာမှ မဖြစ်ပါဘူး.. ကျမကို ခင်တဲ့ သူငယ်ချင်းတွေဆို အားပေးပါတယ်.. တခါတလေ.. ကျမသိတဲ့ သူတို့ နစ် တွေနဲ့ ကွန်မန့်လေးတွေ ပေးသွားတတ်ပါတယ်.. ဂျီတော့တွေမှာ သူတို့ကတော့ ဘယ်ပိုစ့်တွေကြိုက်တယ်.. ဘာညာပြောကြပါတယ်.. အဲဒိအတွက်လဲ ကျမ ၀မ်းသာရပါတယ်.. ဒါပေမဲ့... နင့်ကိုတော့ ငါကသိနေတယ်ဟေ့.. ငါဘယ်သူလဲဆိုတာတော့ မပြောပြဘူး ဆိုပြီး.. နေတာကတော့ ခြိမ်းခြောက်ခံနေရတဲ့ ခံစားမှုမျိုးကြီးပါ.. အဲလို လူမျိုးတွေက သူတို့ ဘယ်သူလဲဆိုတာကို ကိုယ်က သိချင်လေလေ.. သူတို့က ဟုတ်လှပြီဆိုပြီး ပျော်နေလေလေပါ.. အဲဒါကြောင့်လဲ မဗေဒါ တစ်ခါမှ သူတို့ကို ဘယ်သူ ဘယ်ဝါ ဆိုတာ ပြန်မမေးခဲ့ပါဘူး.. သူတို့ပြောချင်တယ်ဆိုရင် သူ့ဟာသူပြောမှာပါ.. ဒါပေမဲ့ပေါ့လေ...... အဲဒိလူတွေကြောင့် ကျမ တချို့ရေးချင်တဲ့ ကျမအကြောင်းတွေ မရေးဖြစ်တော့ဘူး.. ကျမကို မှောင်ရိပ်ခိုပြီး စောင့် ကြည့်နေတဲ့ မျက်လုံးတွေ ရှိနေတယ်လို့ခံစားရတယ်..
အခုလိုရေးလို့.. "နင်က ဘာမို့လို့.. ငါတို့က အရေးတယူလုပ်ပြီး စောင့်ကြည့်နေရမှာလဲ" လို့ ထင်ချင်ထင်မယ်.. ကျမဘာမှ မဟုတ်ပါဘူး.. ခုရေးခဲ့တာလဲ ကျမခံစားချက်သက်သက်ပါ.. ဒီအကြောင်းကို ရေးဖို့လဲ ရေးသင့်မရေးသင့် တော်တော်စဉ်းစားရပါတယ်... ဘာလို့လဲဆိုတော့ အခုလို့.. ကျမကို သိနေပြီး ကျမက မသိတဲ့ သူတွေက ကျမအဲလိုခံစားရမယ်ဆိုတာကို မတွေးမိလို့.. မရည်ရွယ်ပဲ ဖြစ်သွားတာလဲဖြစ်နိုင်ပါတယ်.. အဲဒိ အတွက်ကြောင့် လောလောဆယ် အချိန်ထိ အဲဒိ လူတွေရဲ့ အပြစ်လဲ မဟုတ်ပြန်ပါဘူး.. ကျမရဲ့ မပြောပဲနဲ့ သိပေါ့ဆိုတဲ့ အကျင့်ကို ဖျောက်ပြီး ဒီတစ်ခါတော့ ထုတ်ပြောလိုက်မိပါပြီ... ခုလို ထုတ်ပြောတာကလဲ ကျမ ပိုစ့်တွေ ဆက်တင်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပျောက်နေတဲ့ အထဲမှာ ဒါကလဲ အချက်တစ်ချက် အနေနဲ့ ပါဝင်နေလို့ပါ... ဒီတော့ ကျမကို သိနေပြီး ကျမက ခုချိန်ထိ ဘယ်သူမှန်းမသိသေးတဲ့သူများ.. ဘယ်သူ ဘယ်ဝါများဆိုတာ.. အမြန်ဆုံးဆက်သွယ် အကြောင်းစေချင်ပါတယ်..
တခါတလေကျတော့လဲ ကိုယ့်ကိုကိုယ် ပြန်သတိပေးမိပါတယ်.. ကိုယ်ဘလော့ ရေးတာဘာအတွက်လဲဆိုတာ.. ဒါပေမဲ့လဲ စာချရေးဖို့ ကိုယ့်ကိုကိုယ်ယုံကြည့်မှုမရှိတဲ့ ရောဂါက ခုတလောမှ ပိုတက်လာတယ်.. ခြောက်ကပ်ကပ်ဖြစ်နေတဲ့ ကိုယ့်ဘလော့လေးကို ကိုယ့်ဟာကိုယ်ပြန်ကြည့်တိုင်း ဘလော့စရေးတုန်းက စိတ်ဓာတ်လေးမျိုးပြန်လိုချင်တယ်.. ဘာကိုမှ ဂရုမစိုက်.. မမျှော်လင့်ပဲ.. ဘာကိုမှ စိုးရိမ်စရာမရှိပဲ ချရေးတတ်တာမျိုးလေ.. ခုကျတော့ ကိုယ့်ဘလော့ကိုလာလို့မှ စာဖတ်သူကို သူများတွေလို တစ်ခုခုပြန်မပေးနိုင်ရကောင်းလားဆိုပြီး ရေးချင်စိတ်မရှိတော့တာ...
အဓိက ကတော့ ကိုယ့်ကိုကိုယ်အားမရတာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည့်မှု မရှိတာပဲ.. နောက်တစ်ခုကတော့ ကိုယ့်ကို အပြင်ပတ်ဝန်းကျင်က ချုပ်နှောင်ထားတဲ့ စည်းတွေကြောင့်ပေါ့...
တခါတလေတော့လဲ ဘာမှ တွေဝေ စဉ်းစားမနေပဲ ခေါင်းထဲ ရှိသမျှ.. ထင်ရာတွေပဲ ရေးပစ်လိုက်ချင်တယ်.. ၂ခါ စဉ်းစားလိုက်ရင် မရေးဖြစ်တော့လွန်းလို့... ကဲ.. ဒီတော့ ဘယ်လိုလုပ်ရပါ့.. ၂ ခါစဉ်းစားသင့်လား.. ရှိသမျှ ရင်ဘတ်ထဲ ခေါင်းထဲကဟာတွေကို ဆင်ဆာ မတင်ပဲ ရေးချသင့်သလား.......
ပျောက်နေတဲ့ ကွန်ဖိဒန့် (confidence) ကိုပဲ သတင်းစာမှာ လူပျောက်ကြော်ငြာသွားထည့်သင့်ပြီလားတော့ မသိတော့ပြီ..................
မှတ်ချက် ။ ။ ဤပိုစ့်ကို မည်သူ့ကိုမှ ထိခိုက်စေလိုသော ဆန္ဒမရှိသော်ညား ၂ခါ မစဉ်းစားတော့ပဲ စိတ်ထဲရှိရာ ရေးလိုက်သည်..
Monday, February 16, 2009
BLOODY MONDAY

အထက်တန်းကျောင်းသားလေး တာကာကိ(Takaki Fujimaru) ဟာ တကယ်တော့ Hacking ပညာကို တစ်ဖက်ကမ်းခတ်အောင်တော်တဲ့ Hacker ဖယ်လ်ကွန်(falcom) ဆိုတာကို ဂျပန်အထူးလုံခြုံရေးနဲ့ စုံစမ်းရေးအဖွဲ့ ကုတ်နာမည် (Third-i) ဆိုတဲ့အဖွဲ့က သိတယ်.. လွန်ခဲ့တဲ့ နှစ်နှစ်က ရုရှမှာ ဇီဝဗေဒလက်နက်တွေနဲ့ အကြမ်းဖက်သူတွေကြောင့် ရုရှမှာရှိတဲ့ ရွာတစ်ရွာကလူတွေ အားလုံးနာရီပိုင်းအတွင်း သေဆုံးခဲ့ကြတယ်.. ထို အကြမ်းဖက်သမားတွေဟာ ဒီ Bloody-X ဆိုတဲ့ ဗိုင်းရပ်စ် attack ကို ဂျပန်မှာ စီစဉ်နေကြောင်းသိတဲ့အခါမှာ.. ထို အကြမ်းဖက်သမားတွေရဲ့ ဒေတာတွေကို Hack ဖို့ Genius Hacker ဖယ်လ်ကွန်ကို ခိုင်းစေခဲ့တယ်..
ဖယ်လ်ကွန်ရဲ့ အဖေကိုယ်တိုင်က ထို Third-I အဖွဲ့ထဲက အရာရှိတစ်ယောက်ဖြစ်တယ်.. လွန်ခဲ့တဲ့ ၂နှစ်လောက်က သူက အပျော်တမ်း Hack ရင်း အကြမ်းဖက်သမားတွေရဲ့ အစီအစဉ် ကိုသိပြီး ရဲကို သွားပြောရာကနေ အကြမ်းဖက်သမားခေါင်းဆောင်ကို ဖမ်းနိုင်ခဲ့တဲ့အပြင်.. သူ Genius Hacker ဆိုတာကို ရဲတွေ သိခဲ့ကြတာ.. အစက တာကာကိ(Takaki) ဟာ ရဲတွေကို ကူညီပြီး Hack ပေးဖို့ညင်းဆန်ခဲ့သော်လည်း... နောက်ပိုင်းမှာ သူကြူးလွန်ခဲ့တဲ့ Hacking အမှု အသေးစားကို အကြပ်ကိုင်ခဲ့တဲ့အတွက် သူလက်ခံခဲ့ရတယ်..
ဒါပေမဲ့ သူ့အဖေ အရာရှိကို လူသတ်သမား spy ပါဆိုပြီး စွတ်စွဲခံရ ပြီး ပုန်းရှောင်နေတဲ့နောက်ပိုင်းမှာ.. သူ့အဖေအပြစ်ကင်းကြောင်း သက်သေပြချင်သဖြင့် သူဟာ တဖြည်းဖြည်း ဒီအမှုထဲမှာ အဓိကနေရာက ပါဝင်လာတယ်.. အကြမ်းဖက်သမားတွေမှာလဲ BlueBird လို့ခေါ်တဲ့ Hacker တစ်ယောက်ရှိပေမဲ့ Falcon (ဖယ်လ်ကွန်) လောက် မတော်ဘူး.. အဲဒိအတွက် အကြမ်းဖက်သမားတွေကလဲ ဖယ်လ်ကွန်ကို သူတို့အတွက် အလုပ်လုပ်ပေးစေချင်တယ်...
ထိုရှုတ်ထွေးလှပြီး နိုင်ငံတွင်း လူပေါင်း မီလီယံချီနေတဲ့ အသက်တွေကို ဖယ်လ်ကွန် ဘယ်လိုကယ်ဆယ်ခဲ့သလဲ.... သူ့အဖေကရော တကယ်အပြစ်ကင်းခဲ့သလား.. သူ့ရောဂါသည် ညီမလေးကိုလဲ သူကိုယ်တိုင် ခွန်အားမရှိပေမဲ့ ဥာဏ်အားနဲ့ လူဆိုးတွေလက်က ခဏ ခဏ ဘယ်လိုကယ်ထုတ်ခဲ့သလဲ... သူ တကယ် ယုံကြည်ရတဲ့သူကဘယ်သူလဲ... သူငယ်ချင်းတွေရဲ့ အရေးပါပုံ.. လူဆိုး လူကောင်းဆိုတာ ခွဲခြားမရပုံ... ဆိုတာတွေကို ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားကြပါ....
သိပ်မရှည်ပါဘူး.. ၁၁ပိုင်းပါပဲ.. ၁ပိုင်းကို ၁နာရီနီးပါးလောက်ပဲကြာပါတယ်... Death Note လို ကားမျိုးကို ကြိုက်တဲ့ ပရိတ်သတ်များအတွက် ဒီကားလေးကလဲ ကားကောင်းလေးတစ်ကားဖြစ်မှာပါ...အဓိပ္ပါယ်ရှိတာ မရှိတာ အပထား... စိတ်ဝင်စားဖို့ကောင်းတဲ့ ကားလေးပါ..
အဲဒိထဲမှာ ကြိုက်တာလေးတစ်ခုက.. သူ Hack နေတဲ့ အချိန်မှာ.. system တွေထဲကို ဘယ်လို ၀င်တယ် ထွက်တယ်ဆိုတာကို သိမ်းငှက်လိုလို ငှက်လေးတစ်ကောင်က ပျံပြီး အခန်းတွေထဲကို ၀င်တဲ့ပုံမျိုး ကရက်ဖစ် (graphic) နဲ့ ပရိတ်သတ်နားလည်အောင် ရိုက်ပြထားတာကိုပါ.. လူဆိုးဘက်က Hacker နဲ့ falcon ၊ Hack နေရင်း အွန်လိုင်းပေါ်မှာ ဘယ်လို ဖိုက်ကြတယ်ဆိုတာကိုလဲ ငှက်ပုံလေးတွေနဲ့ သရုပ်ဖော်ပြီးပြသထားပါတယ်.. နောက်ခံတီးလုံးရယ် သိမ်းငှက်အော်သံရယ်နဲ့ တဖျတ်ဖျတ်ပြလိုက်ရင်ဖြင့် ကြည့်နေတဲ့သူတောင် အဲဒိ ထဲရောက်သွားသလိုပါပဲ.. falcon က လူကောင် ပိန်ပိန်ညောင်ညောင်နဲ့ လူဆိုးနဲ့ ကာယချင်းယှဉ်ချတိုင်း ရှုံးပင်မဲ့.. ဥာဏ်ကောင်းမှုနဲ့ ကွန်ပြူတာ အင်တာနက်ရှိရင် သူဟာ ဘုရင်တစ်ပါးလို ယုံကြည်မှုအပြည့်ရှိတဲ့အတွက် အားရကျေနပ်ရပါတယ်..
သူ့ဘေးမှာရှိတဲ့ သူ့လူယုံရဲတွေထဲမှာ ဘယ်သူက စပိုင်ဆိုတာကို ဖော်ထုတ်တဲ့အခန်းကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်... ထင်ထားတာတွေ သိပ်ဖြစ်မလာတတ်တဲ့အတွက် လူကို စိတ်လှုပ်ရှားစေပါတယ်.. အဆုံးကျရင် falcon ပဲနိုင်မှာ ဆိုတာသိနေတဲ့ အချက်ကလွဲလို့ပေါ့...
နောက်ပြီး ရီချင်တာလေးတစ်ခုရှိသေးတယ်.. အဲဒိကား အပိုင်း ၁ပိုင်းပြီးတိုင်း.. Hacking သည် နိုင်ငံတော် ဥပဒေနှင့် ညိစွန်းပြီး တရားမ၀င်ကြောင်း.. ဤဇာတ်လမ်းသည် စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်ကြောင်း... ထို့ကြောင့် Hacking များလိုက်မလုပ်ကြစေရန် အမှာစာတမ်းကို ထိုးပါသည်.. အဟီး.... အဲဒိကလူတွေမပြောနဲ့ မဗေဒါတောင် ကြည့်ပြီးတော့ တော်တော် Hacking လုပ်ချင်သွားတယ်... မတတ်လို့သာ တော်တော့တယ်....နားမယ်ကွယ်....
Friday, February 13, 2009
တီပီ မြန်မာ သင်္ကြန် ၂၀၀၉ (TPMyanmar Thingyan 2009)
တီပီမြန်မာ ကျောင်းသားများ သင်္ကြန် ဟာ ယခုဆိုရင် ၁၁ကြိမ်မြောက်ဖြစ်ပါတယ်.. ယခင့် ယခင်တွေကတည်းက တီပီမြန်မာ သင်္ကြန်ကျောင်းသား ကျောင်းသူများရဲ့ ဖျော်ဖြေမှုတွေဟာ ဘယ်တော့မှ အားမလျော့ခဲ့တဲ့အပြင်.. ၂၀၀၅ ခုနှစ် သင်္ကြန်ကတော့ ၂နှစ်စာ ပေါင်း (၂၀၀၄ တွင် ဆားစ်ရောဂါဖြစ်ပွားမှုကြောင့် ပြုလုပ်ခွင့် မရခဲ့) ပြုလုပ်ခဲ့သည့် သင်္ကြန်က စကာင်္ပူနှင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအရပ်ရပ်က မြန်မာများအသိပင်ဖြစ်တော့ပေသည်...
ဂျူနီယာနှင့် စီနီယာ စည်းစည်းလုံးလုံး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြင့် အကောင်းဆုံးဖြစ်ရန် တူညီသော ဦးတည်ချက်ဖြင့် နှစ်စဉ် နှစ်တိုင်း ဆောင်ရွက်ခဲ့ကြသော တီပီသင်္ကြန်..
၂၀၀၉ တွင် ရော.. ဘယ်လိုတင်ဆက်မှုပေးဦးမလဲ ဆိုတာကို စိတ်ဝင်စားစွာ စောင့်စားရင်း သတင်းကောင်းပါအပ်ပါတယ်..
လက်မှတ်များကို စတင်ရောင်းချနေပါပြီ...
နေ့ရက် - ၁၄ ရက် မတ်လ ၂၀၀၉
နေရာ - Temasek Polytechnic (Auditorium 1)
အချိန် - နေ့လည် ၁နာရီ မှ ၅နာရီ
လက်မှတ် တန်ဖိုး - တစ်စောင်လျှင် S$ ၁၀ (ညစာ တည့်ခင်း ဧည့်ခံမည်)
အောက်ပါလူများကို ဆက်သွယ်၍ဖြစ်စေ အောက်ပါနေရာတွင်ဖြစ်စေ သွားရောက်ဝယ်ယူနိုင်သည်...
1) 92386787 (THET SWE)
2) 90622736 (THAN HTIKE SOE)
3) 91855529 (YE THIHA)
3) သုံးရောင်ခြယ် (PENINSULA PLAZA 5th FLOOR)
NEWS Source : http://www.tpmyanmar.org/
TP Myanmar Motto
We are a symbol of Unity
2005 Famous TP Thingyan Joke
Recent 2008 TP Thingyan Play
Behind the Stage 2008 Photos Slide Show
Old photo Slide show of TP Myanmar students
Friday, February 06, 2009
အခမဲ့ စိတ်ကူးယဉ်နိုင်သည်
ဒီနေ့ မဗေဒါမွေးနေ့ဆိုတော့ မွေးနေ့အကြောင်းကိုပဲ စိတ်ကူးယဉ်လိုက်တော့မယ်
စိတ်ကူးယဉ်တာလဲ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးနော်.. ဒါပေမဲ့ ယဉ်ဆိုတော့လဲ ရှေ့နောက်ညီစရာမလို.. အဓိပ္ပါယ်ရှိစရာမလိုနော်..
ဒါပေမဲ့ အခမဲ့တော့ စိတ်ကူးယဉ်ခွင့်ရှိပါတယ်.. သိပ်လေကြွားလွန်းနေရင်လဲ ခွေးလွှတ်ပေးကြပါ.. အဲလေ.. ခွင့်လွှတ်ပေးကြပါလို့..
~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~
မျက်လုံးကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ကျမတွေ့လိုက်ရတာက အရမ်းလှတဲ့ ဇာဂါဝန် မိုးပြာရောင်လေးရယ် ဖိနပ်လှလှလေးရယ်.. ကျမ၀တ်လို့အပြီးမှာပဲ အလှအပပြင်ပေးသူတွေ ရောက်လာပြီး အလှဆုံးဖြစ်အောင် ပြင်ပေးကြတယ်.. ပြီးပါပြီ... လှလိုက်တာ... ကျမကိုယ်ကျမတောင် မမှတ်မိနိုင်ဘူး.....
နောက် ခပ်ဖြောင့်ဖြောင့် ကိုယ်ရံတော်တစ်ယောက် လမ်းပြတဲ့အတိုင်း လျှောက်လိုက်လာလိုက်တာ.. မှောင်နေတဲ့ Ball Room ထဲကို ရောက်သွားတယ်.. မှောင်မဲနေတာမှ ဘာမှ မမြင်ရဘူး.. ဒိန်းကနဲ ဆလိုက်တစ်ခု ကိုယ့်အပေါ်ကျလာလို့မျက်စိကို ကြိမ်းသွားတာပဲ... ဘာတွေ ဖြစ်နေမှန်းမသိဘူး... ခဏနေ အလင်းထဲမှာကြည့်ဖို့ မျက်လုံး အသားကျလာတော့မှ... ဖယောင်းတိုင်တွေထွန်းထားတဲ့ မွေးနေ့ကိတ် သုံးဆင့်သုံးဆင့်ကို တင်ထားတဲ့ လှည်းကို တွန်းလာတဲ့ ချစ်သူ.... သူ့ ဂျန်းဒေါင်ဂန်းလို လက်လေးတွေ သွယ်ပြီး.. ဟရွန်ဘင်းလို ပချိုင့်လေးနဲ့.... အီကူတာ တိုမာလို ရွင်ပြပြမျက်နှာလေးနဲ့.. ဂျိုအင်းစွန်းလို အရပ်မြင့်မြင့် ခန္ဒာကိုယ်မိုက်မိုက်နဲ့.. အိုပြောရင်ကုန်မှာမဟုတ်ဘူး.. (မဗေဒါကြိုက်တဲ့ မင်းသားတွေရဲ့ Characteristic တွေနဲ့ အားလုံးပြည့်စုံတဲ့ ချစ်သူပေါ့).. ဘာမှ လာမပြောနဲ့ သူက perfect ပဲနော်..
နောက်တော့ ချစ်သူက မွေးနေ့ကိတ်တင်ထားတဲ့ လှည်းလေးကိုတွန်းပြီး Ball room ထဲက မိသားစုနဲ့ သူငယ်ချင်း တွေရဲ့ "Happy Birthday" သီချင်းဆိုပြီး လာကြတယ်.. အတော်လေး အံ့အော်သွားတယ်.. သူတို့တွေ စီစဉ်ထားတာ မဗေဒါတစ်ခုမှ မသိခဲ့ရပါလား.. နောက်တော့ ဆုတောင်းခိုင်းပြီး ဖယောင်းတိုင်မှုတ်လိုက်တယ်..
Ball Room မီးတွေ ပြန်ပွင့်တော့မှ လာတဲ့ ဧည့်သည်တွေကို သေချာမြင်ရတယ်..
ကျမ မိသားစုနဲ့ သူနဲ့ တိုင်ပင်ပြီး လုပ်ခဲ့တာလေ.. ကျမ အခင်ရဆုံး ငယ်သူငယ်ချင်းတွေကိုလဲ ရောက်နေတဲ့ နိုင်ငံတွေကိုယ်စီကနေ ခေါ်ထားလေရဲ့... ဂျပန်က ကျမအချစ်ရဆုံးသူငယ်ချင်းရယ်.. အမေရိကားက သူငယ်ချင်း ၂ယောက်ရယ်.. စင်ကာပူမှာရှိတဲ့ တစ်ယောက်လဲလာတယ်.. သူတို့က ကျမငယ်ငယ်ထဲက တူတူ တွဲခဲ့တဲ့သူငယ်ချင်းတွေလေ.. အခင်ဆုံးကတော့ ဂျပန်က သူငယ်ချင်းပဲပေါ့..
နောက်ပြီး ကျမ UFL တက်တုန်းက သူငယ်ချင်းတွေလေ.. ကျမ အပါအ၀င် ၅ယောက်ရှိတာ.. ၄ယောက်က စလုံးမှာဆိုတော့.. မြန်မာပြည်ကတစ်ယောက်ကိုလဲ ဘယ်အချိန်ထဲက ခေါ်ထားလဲမသိ.. စုံလင်နေလေရဲ့...
ဟော.. နောက်ပြီး ဘလော့ဂါ သူငယ်ချင်းတွေလဲ စုံလို့.. မင်းယွန်းသစ်ဆို ဘူဖေးလိုင်းနားကကို မခွာဘူး.. ဟား.. ဟား.. (စတာ)...
ဖျော်ဖြေရေးတွေကတော့ စုံလို့... စင်ပေါ်မှာ.. Westlife က ကျမအတွက် Birthday နဲ့ ပတ်သတ်တဲ့ သီချင်းတွေ ဆိုပေးတယ်.. နောက်ပြီး ဆုံလို့ပဲ.. Rihanna တို့ Carry Underwood တို့.. Chris Daughtry တို့.. စုံလို့ပါပဲ... အဟီး... သြော်.. မနှစ်က American Idol က David အသေးရော.. အကြီးရောလဲ ပါတယ်..
မဗေဒါ့ မိသားစုက မဗေဒါကို အကြမ်းသုံးဖို့.. Volvo ကားတစ်စီး မွေးနေ့လက်ဆောင်ပေးတယ်.. ဟဲ.. ဟဲ.. (လိုင်စင်တော့ မရှိသေးလို့ ခု မမောင်းသေးဘူး..) ..
ဂျန်းဒေါင်ဂန်း.. ဟရွန်ဘင်း.. တိုမာ.. ဂျိုအင်စွန်း.. ရာမာပီ.. နဲ့ ခပ်ဆင်ဆင်တူတဲ့ ချစ်သူကတော့ ဘာလုပ်ချင်လဲတဲ့.. တောင်းချင်တာတောင်း သူပေးမယ်တဲ့..
ဒါနဲ့ မဗေဒါတို့ မိသားစုလိုက် မွေးနေ့မှာ ရွှေတိဂုံဘုရား.. ကျိုက်ထီးရိုးဘုရား.. မဟာမြတ်မုနိဘုရား ဖူးချင်တယ်ဆိုတော့.. ဖြစ်ရမယ်တဲ့လေ..
ခဏနေတော့ သူ့ ပရိုက်ဗိတ်ဂျက် အဆင်သင့်ဖြစ်ပြီတဲ့.. ဒါနဲ့ မဗေဒါလဲ အ၀တ်အစားလဲပြီး မိသားစုလိုက်ထွက်လာကြတာပေါ့..
ထွက်ပေါက်မှာတော့ နွမ်းနွမ်းပါးပါး ယောကျာင်္းတစ်ယောက်.. မြင်ဖူးသလိုပါပဲဆိုတော့.. ရည်းစားဟောင်းဖြစ်နေလေရဲ့..
ကိုယ်မှားပါပြီကွာ.. ကိုယ်တောင်းပန်ပါတယ်.. ကိုယ့်ဆီပြန်လာပါတဲ့...
မဗေဒါလဲ.... တစ်ခွန်းပဲပြန်ပြောလိုက်ပါတယ်... ဒီကမ္ဘာမှာ ငါ့ကိုရတဲ့ယောကျာင်္းက ကံကောင်းတယ်ဆိုရင်.. အဲဒိကံကောင်းဖို့ အခွင့်အရေး ယောကျာင်္းတိုင်းမှာရှိချင်ရှိမယ်.. နင့်မှာတော့ မရှိတော့ဘူးလို့.. (အဟဲ.. ဟဲ... စတာပါ.. အပြင်မှာဆိုရင်တော့ ဘာမှ တောင် ပြန်ပြောဖြစ်မှာမဟုတ်ပါဘူး..)
ဒါနဲ့ အလွန်တရာမှ ချောမော ချမ်းသာ ယောကျာင်္းပီသပြီး ကျမတစ်ယောက်ထဲကိုပဲ စွဲစွဲမြဲမြဲချစ်တဲ့.. ဂျန်းဒေါင်ဂန်း.. ဟရွန်ဘင်း.. စသည်ဖြင့်ပေါ့လေ.. အဲဒိ မဗေဒါ ချစ်သူက လှမ်းခေါ်တာနဲ့ အပြေးလေး.. ပရိုက်ဗိတ်ဂျက်ပေါ်ကို တက်ဖို့ သွားလိုက်တာပေါ့..
မဗေဒါရဲ့ ချစ်ကမေးတယ်... ဘယ်သူနဲ့ စကားပြောနေတာလဲတဲ့....
တစ်ခွန်းပဲ ဖြေလိုက်တယ်.. အလှူခံပါလို့......... မဗေဒါနဲ့ မသိပါဘူးလို့...
ချစ်သူကတော့ သာယာကြည်ရွှင်သော အပြုံးနဲ့ ခေါင်းညိတ်ပြလိုက်တယ်... သူ့ အပြုံးမှာ မဗေဒါကို အပြည့်အ၀ ယုံကြည်နားလည်နေတဲ့ အဓိပ္ပါယ်တွေ အပြည့်ပေါ့................
~~~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~~
စိတ်ကူးယဉ်ပါလို့ မင်းယွန်းသစ်က မနှစ်ထဲက ခိုင်းထားတာပါ.. ယဉ်တာတွေများလွန်းလို့ ဘာကို ရေးရမှန်းမသိပဲ .. မရေးဖြစ်ဖြစ်နေတာပါ..
ခုတော့ မွေးနေ့မို့လို့ တစ်ခါတည်းရေးလိုက်ပါပြီ....
တကယ့်အပြင်မှာတော့.. မဗေဒါရဲ့ ချစ်လှစွာသော ငယ်သူငယ်ချင်းများနဲ့ UFL မှ သူငယ်ချင်းများ တစ်ယောက်မှ Happy Birthday လေးတောင် မပြောကြပါ.... မေ့နေကြတယ်ထင်ပါ့.. ကိစ္စတော့မရှိပါ.. အပြစ်လဲ မတင်ပါ.. မဗေဒါလဲ သူတို့မွေးနေ့ကို မမှတ်မိပါ... အဟီး.. ဒါပေမဲ့ ဂျီတော့ မှာတော့ လွန်ခဲ့တဲ့ ၃ရက်လောက်ကစပြီး သဲလွန်စလေးတွေ ပေးခဲ့ပါတယ်.. ထားလိုက်ပါတော့....
ထူးဆန်းစွာပဲ တချို့သော ဘလော့ဂါသူငယ်ချင်းများကတော့ မဗေဒါမပြောပဲသိနေကြပါတယ်.. ဘိုဘိုကတော့ ဘလော့မှာ ပထမဆုံးလာဆုတောင်းပေးပါတယ်.. သူဘယ်ကသိလဲတော့ မသိပါ.. နောက်ပြီး အိဝေဖြိုးကလဲ ဂျီတော့မှာ မတင်ခင်ထဲက သိတယ်ဆိုပဲ..
လာဆုတောင်းပေးကြတဲ့ Mr.DBA , ကိုလင်းထက်, TommyGirl နဲ့ ဂျစ်ပစီလေးကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်... ယခုထိ ဆုတောင်းပေးပြီးဖြစ်သော သူငယ်ချင်းများနှင့် နောင်ဆုလာတောင်းပေးမည်ဖြစ်သောသူငယ်ချင်းများ အားလုံးကိုပါ တစ်ပါတည်း ကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါတယ်...
မနှစ်ကလို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မကျွေးမွေးနိုင်တဲ့ အတွက် အနုအညွတ်တောင်းပန်ပါတယ်... မွေးနေ့ရှင်ကိုယ်တိုင်လဲ ဒီနေ့.. ကန်စွန်းရွက်နဲ့ မှိုကြော်နဲ့ ထမင်းစားလိုက်ပါတယ်...
ထူးထူးခြားခြား.. ဒီနေ့မှာ အလုပ်က အလုပ်တွေဖြုတ်ပါတယ်.. ကံကောင်းစွာပဲ မဗေဒါမပါလိုက်ပါ... ပါသွားသောသူများအတွက်လဲ မတည့်သည်ဖြစ်စေ.. တည့်သည်ဖြစ်စေ.. စိတ်မကောင်းဖြစ်ရပါတယ်... ဟိုနေ့ဖြုတ်မယ်.. ဒီနေ့ဖြုတ်မယ်နဲ့.. ဖြုတ်မဲ့ ဖြုတ်တော့ သူများမွေးနေ့မှာမှ လာဖြုတ်ရတယ်လို့.....
ဒီနှစ် မဗေဒါ မကျွေးလိုက်နိုင်ပေမဲ့.. အပေါ်မှာ မွေးနေ့ကိတ် မီးမှုတ်တုန်းက ဆုတောင်းပေးလိုက်တာကတော့..
ခု ဒီပိုစ့်ကို ဖတ်နေတဲ့ စာဖတ်သူ သူငယ်ချင်းအပေါင်း ကျန်းမာချမ်းသာစွာနဲ့ စီးပွားဥစ္စာများ အဆင်ပြေ ပေါကြွယ်ကြပါစေလို့ ဆုတောင်းပေးလိုက်တာပါ.......
Yahoo ကနေရှာပြီး မွေးနေ့ထုံးစံ ကိတ်မုန့်တော့ ကျွေးလိုက်ပါအုံးမည်..
သုံးဆောင်သွားပါလေ...

Monday, February 02, 2009
10 Things I like about watching Movie/Drama
၁) အလိုရှိသည့်အချိန်တွင် အမြဲ အသုံးတော်ခံနိုင်ခြင်း...
၂) ကြည့်နေချိန်အတွင်း ရပ်လိုရပ် Play လိုလျှင် Play ကျမ သဘောကျ ခိုင်းလို့ရခြင်း... (နောက်ဆုံး မကြည့်ချင်တော့လျှင် ပိတ်ပြစ်နိုင်ခြင်း)
၃) ရွေးချယ်ရန် များပြားခြင်း.. ဥပမာ.. လက်ရှိတစ်ကားကို မကြိုက်လျှင် ကိုယ်ကြိုက်နှစ်သက်ရာ နောက်တစ်ကားကို ပြောင်းကြည့်နိုင်ခြင်း...
၎) ဒီကားမှာ ဒီမင်းသားကိုကြိုက်နေပြီး.. နောက်တစ်ကားကြည့်သောအခါ နောက်မင်းသားတစ်ယောက်ကို အချိန်မရွေးပြောင်းကြိုက်နိုင်ခြင်း.. အလိုရှိက ၂ယောက်လုံးကို တစ်ပြိုင်တည်း ကြိုက်နိုင်ခြင်း... မကြိုက်တော့လျှင်လဲ နာကျင်ခြင်းမရှိပဲ မေ့ပျောက်နိုင်ခြင်း...
၅) မင်းသား မင်းသမီးများမှာ ချောမောလှပကြခြင်း.. (မချောသူများ ကိုယ်မကြိုက်သူများကို ချက်ခြင်းပိတ်ပြစ်နိုင်သည်..နံပါတ် ၃ အချက်ကို မှီငြမ်းပါ)
၆) အပြင်တွင်မရှိသော ၆ပြစ်ကင်း သဲလဲစင်.. ဥစ္စာပေါ.. ရုပ်ချော.. သစ္စာစောင့်.. တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆို ပိတောက်သာကြိုက်သော မင်းသားများ၏ အချစ်ကို စိတ်ကူးယဉ်၍ စိတ်ပျော်ရွှင်ရခြင်း...
၇) တစ်စုံတစ်ယောက်အား မကြေနပ်သော်ညား ဘာမှမတတ်နိုင်သော အခြေအနေတွင်ဖြစ်စေ.. stress ဖိစီးလွန်းသော အခြေအနေတွင်ဖြစ်စေ.. ကိုယ် အမြင်ကပ်သော ရုပ်ရှင်ဇာတ်လမ်းမျိုး (ဥပမာ- အိမ်ထောင်ရေးဖောက်ပြန်ခြင်း.. မင်းသား/မင်းသမီး၂ယောက်အား ဟိုပင်ဒီပင်ကူးကြိုက်ခြင်း..)၊ ကိုယ်အမြင်ကပ်သော သရုပ်ဆောင်ပါသည့်ကားမျိုးကို ဖွင့်၍ ထိုင်ဝေဖန်အပြစ်တင်ခြင်းဖြင့် စိတ်ပေါ့ပါးစေခြင်း...
၈) နိုင်ငံအလိုက် ဘာသာစကားများ ယဉ်ကျေးမှုများ နှင့် လူနေမှု စရိုက်များ နှင့် အနုပညာ အဆင့်အတန်းများကို လေ့လာနိုင်ခြင်း...
၉) တစ်ယောက်ထဲရှိနေချိန်တွင် အချိန်ကုန်မြန်ခြင်း.. (တီဗွီထဲမှ လူများကိုကြည့်၍ အဖော်ရှိသည်ခံစားရပြီး အထီးကျန်မဆန်ခြင်း)
၁၀) နောက်ဆုံးအနေနဲ့ကတော့... မဗေဒါကိုယ်တိုင်က ရုပ်ရှင် ကြိုက်ခြင်း...
လောလောဆယ်တော့ စဉ်းစားလို့ရတဲ့ ၁၀ ချက်ပါပဲ.. ပေါ့ပေါ့ပါးပါးပေါ့နော်... မဗေဒါအတွက်ကတော့ ရုပ်ရှင်တွေက နာခံတတ်တဲ့ အစေခံတွေလို... သွေးသောက် ရဲဘော်တွေလို... သစ္စာရှိတဲ့ ချစ်သူလို... အထီးကျန်ချိန်မှာ အမြဲအဖော်လုပ်ပေးတဲ့ သူငယ်ချင်းတွေလိုပါပဲ... ကျမအပေါ်သိပ်ချစ်ပါတယ်ဆိုတဲ့ သူတောင် ဒီရုပ်ရှင်တွေ ကျမအပေါ် အနွံအတာခံသလောက် စိတ်ရှည်သည်းခံပြီး ပြန်မပြောပဲ ချစ်နိုင်မဲ့သူ ရှိမှာမဟုတ်ပါဘူး... အဟီးးးးးး.... မဗေဒါလိုပဲ ရုပ်ရှင်တွေကို ခံစားပြီး ကြည့်နိုင်ကြပါစေ.....
Saturday, January 31, 2009
Tokyo Disney Sea 1 (သို့) ဂျပန်ခရီးစဉ် Day 4
ခု ဂျပန်ရောက်ပြီး ၄ရက်မြောက်နေ့ပေါ့နော်... ဒစ်စနေလမ်း လက်မှတ်ကို ဒစ်စနေလမ်း အတွက် ၁ရက်.. (ဒစ်စနေလမ်းသွားခဲ့တဲ့ အကြောင်းကို ဒီမှာ ဖတ်နိုင်ပါတယ်) ဒစ်စနေစီး အတွက် ၁ရက်.. ၂ရက်စာဝယ်ခဲ့တယ်ဆိုတော့.. ကျမနဲ့ ကျမသူငယ်ချင်း ၂ယောက် ဆက်လက်တိုက်ပွဲဝင်ဖို့ မနက်၈နာရီလောက် အိမ်ကထွက်ခဲ့ကြပါတယ်... ပထမတစ်ရက်က လှတပတနဲ့ ပဲများပြီး ၀တ်ခဲ့မိတဲ့ ဒေါက်ဖိနပ်တွေရယ်.. ဒစ်စနေလမ်းက ကြောက်ခမန်းလိလိ ကျူတန်းကြီးများရယ်ကြောင့်.. မသွားချင်လောက်အောင်ကို ပင်ပန်းနေပင်မဲ့ ပိုက်ပိုက် ပေးပြီးပြီ ဖြစ်တဲ့အတွက်.. စစ်တိုက်ထွက်တော့မယ့် စစ်သူကြီးအလား ၂ယောက်သား ပြင်ဆင်ခဲ့ကြပါတယ်..
၁) အလှအပ ပဓာနမထားပဲ သက်တောင့်သက်သာ အင်္ကျီများကိုသာ ၀တ်ဆင်ခဲ့ခြင်း..
၂) လေးလေးပင်ပင်ဖြစ်နိုင်သော အိတ်ကြီးကြီးများကို မလွယ်ခြင်း..
၃) အိမ်မှ မနက်စာစားခဲ့သည့်အပြင်.. ထမင်းဘူးပါ ပြင်ဆင်ယူဆောင်လာခြင်း..
၎) အဓိက အကျဆုံးဖြစ်သော ပြေးရန်လွှားရန်လွယ်ကူသော သက်တောင့်သက်သာ အရှိဆုံး ဖိနပ်ကို ရွေးချယ် ၀တ်ဆင်ခြင်း.. တို့ဖြစ်ပါတယ်.. (ထို့ကြောင့် အထက်ပါ ဗွီဒီယိုတွင် မဗေဒါ အလွန်မှ ရုပ်ဆိုးပါသည်)
ဒစ်စနေလမ်းသွားခဲ့သည့်နေ့က အတိုင်းပင်.. Maihama Station မှာ ဆင်းပါတယ်.. သေချာမှတ်ထားပါ.. ဒစ်စနေလမ်းရှိတာ Maihama Station ပါ... ဆင်းပြီး ယခင်ကလျှောက်ခဲ့သည့်လမ်းအတိုင်းလျှောက်လာပင်မဲ့ Disney Sea ကို ရှာမတွေ့ပါ.. နောက်မှ ပန်းခြံတစ်ခုနှင့်တစ်ခုကို ပြေးဆွဲသည့် ရထားသေးလေးကို ထပ်စီးရပါတယ်.. ကုန်ပေါက်က ထပ်ရှိပြန်ပါတယ်.. တစ်ခါစီး ရမ်း ၂၅၀ ပေးရပါတယ်.. ဒစ်စနေစီးဘက်အထိ ရိုးရိုးရထားရောက်တဲ့ မှတ်တိုင် ရှိမရှိတော့ ကျမသေချာမသိပါ.. ထိုရထားဖြင့် ၃မှတ်တိုင်မျှ စီးရပါတယ်.. ဒစ်စနေ ဟိုတယ်မှတ်တိုင်တို့ ဘာတို့ကို ဖြတ်အပြီးတွင် ဒစ်စနေစီး မှတ်တိုင်ကို ရောက်ပါတယ်..

ရောက်တယ်ဆိုရင်ပဲ အ၀င်ဝမှာ ရှိတဲ့ ကမ္ဘာလုံးရေပန်းကြီးနဲ့ အလျှင်အမြန်ဓာတ်ပုံရိုက်.. ၂ယောက်သား အကုန်လုံးကို အမြန်အဆန်လုပ်ပါတယ်.. မနေ့က အကြောင်းမသိ နှေးတုံ့ နှေးတုံ့လုပ်မိလို့ အစုံမစီးခဲ့ရခြင်းနှင့် ဓာတ်ပုံ စိတ်ကြိုက် မရိုက်ခဲ့ရခြင်းအတွက် သင်ခန်းစာကောင်းကောင်းရခဲ့သည် မဟုတ်ပါလား.. ဓာတ်ပုံ ရိုက်ပြီးသည်ဆိုသည်နှင့် ဒစ်စနေစီး မြေပုံကို ထုတ်ကာ အစီအစဉ်ကို စတော့သည်..
မြေပုံ ကြည့်ရာတွင် အဓိက ထားကြည့်ရမည့် အချက်များမှာ-
၁) မြေပုံကို ပိုင်နိုင်သေချာစွာ လေ့လာကြည့်ရှုပါ...
၂) Fast Pass ဟု သင်္ကေတပြထားသောနေရာများကို ရှာဖွေပါ...
၃) ကိုယ်ရောက်နေသောနေရာနှင့် အနီးဆုံး Fast pass ပြထားသော နေရာကို ဦးဆုံးသွားပါ
၎) ဦးဆုံးသွားယူမည့် Fast Pass နှင့် အနီးဆုံး ဖြစ်သော နောက်ထပ် Fast Pass နေရာကို သွားရန် လမ်းကြောင်းကိုပါ ရှာထားပါ..
၅) မြေပုံကို လိုလျှင် လိုသလို အထပ်ထပ်အခါခါကြည့်နိုင်ရန် လက်ထဲတွင် အမြဲကိုင်ဆောင်ထားပါ
၆) သွားရင်းလာရင်း ဓာတ်ပုံရိုက်ရန် အကွက်အကွင်းကောင်းသော နေရာများကို Photo Spot ဟုပြထားတတ်ပါသည်.. ဓာတ်ပုံ ရိုက်ကောင်းပြီး လိုချင်သော ရှုခင်းရှုကွက်များရနိုင်သည်မှာ မလွဲပင်..
(ဒီနေရာမှာကျမတို့ ၂ယောက်မလုပ်ဖြစ်ခဲ့တာကတော့ ကပွဲတွေကို နေရာကောင်းကောင်းကနေ သေချာမကြည့်ခဲ့ရခြင်းပင်.. ကြည့်ဖို့လဲ အချိန်မရခြင်းပင်.. ကပွဲကြည့်လိုသူများအတွက်တော့ အ၀င်ဝတွင် Information Board ဖြင့် ကပွဲ အချိန်နှင့် နေရာကို ပြထားပါသည်.. ၁ရက်ထဲနှင့်တော့ အားလုံး စုံနိုင်မည်မထင် .. ဆော့ဖို့ စီးဖို့ အားသန်သူများအတွက်တော့ ပြပွဲ ထိုင်စောင့်ကြည့်ဖို့ အချိန်မလောက်ပါ)..

ကျမတို့သူငယ်ချင်း ၂ယောက် ဒစ်စနေစီးဝန်းအတွင်းကိုရောက်တော့ မနက် ၁၀နာရီမျှပင်ရှိချေပြီ.. ၀င်ဝင်ချင်း မြင်ရသည်က မြစ်တစ်ခုခြားထားသော မီးတောင်ကြီး.. တွေ့သမျှကို အချိန်မဖြုန်းပဲ ဓာတ်ပုံ အမြန်ရိုက်ကြသည်. ပြီးနောက် အ၀င်ဝနှင့် အနီးဆုံးဖြစ်သော Terror House (သရဲအိမ်) ကို သွားပြီး Fast Pass ယူကြသည်.. ယမန်နေ့က Fast Pass ၏ အဓိပ္ပါယ် နှင့် အသုံးချပုံကို သေချာမသိခဲ့သောကြောင့် နောက်ကျခဲ့ရသည်.. Fast Pass ဆိုတာ ပိုက်ဆံပိုပေးရသည်ဟု ထင်ခဲ့ကြသည်.. ဒုတိယနေ့ကျမှသိသည်.. ဤသို့ မဖြစ်ရစေရန် ဒီပိုစ့်လေးနှင့် မဗေဒါပြောပြပါမည်...

Fast Pass အဓိပ္ပါယ်နှင့် အသုံးပြုပုံ..
- Fast Pass ဆိုသည်မှာ လူကိုယ်တိုင် ၀င်တန်းစီးနေစရာမလိုပဲ လက်မှတ်ဖြင့် တန်းစီထားခြင်းဖြစ်သည်..
- Fast Pass စက်တွေကို မိမိ စီးမည့် နေရာအနီးတ၀ိုက်တွင်တွေ့နိုင်သည်..
- Fast Pass စက်ထဲသို့ မိမိ ပန်းခြံဝင်ခဲ့သော လက်မှတ်ကို အသွင်းအထုတ်လုပ်လိုက်ပါက.. စက် အောက်အပေါက်မှ Fast Pass ticket ကျလာမည်ဖြစ်သည်.. (ထို့ကြောင့် ပန်းခြံဝင်လက်မှတ်သည်လဲ အလွန်အရေးပါသဖြင့် လွှတ်မပစ်မိစေရန် သတိပြုသင့်ပေသည်)
- ထိုကျလာသော Fast Pass လက်မှတ်တွင်.. ဤ နေရာကို ပြန်လာစီးရန် အချိန် အတိအကျရေးထားသည်.. (ဥပမာ... ကျမတို့ မနက် ၁၀ နာရီ ယူသော Fast Pass ticket for Terror House တွင် ညနေ ၃နာရီ မှ ၃နာရီခွဲအတွင်း ပြန်လာစီးရန်ပါရှိသည်..)
- ထိုကာလအတွင်း ပြန်လာစီး၍ Fast Pass ကိုပြလိုက်ပါက တန်းစီစရာမလိုပဲ ၀င်စီးနိုင်သည်..
- ကောင်းသည့်အချက်မှာ Fast Pass ယူထားသဖြင့် သင်သည် ထိုနေရာတွင် ညက်မနေတော့ပဲ အခြားနေရာတစ်ခုတွင် သွားစီးနိုင်သည်.. သွားချင်သော နေရာသွား၍ ဓာတ်ပုံပဲရိုက်ရိုက် ထိုင်ပဲ နေနေ လုပ်နေလို့ရသည်.. တန်းစီရသော ဒုက္ခမရှိ..
- သို့သော် ကန့်သတ်ချက်မှာ တစ်နေရာ၌ Fast Pass ယူပြီးလျှင် ၂ နာရီ အတွင်း နောက်ထပ် Fast Pass ကို မည်သည့်နေရာတွင်မျှ ယူ၍ မရတော့ပါ..
- ထို့ကြောင့် ၂နာရီအတွင်း သင်တခြား အရာကို စီးချင်လျှင် မိမိဘာသာ တန်းစီရန်...
သို့နှင့် ကျမတို့ ၂ယောက် Terror House ကို Fast Pass ယူအပြီး လက်ထဲတွင် ပါလာသော ထမင်းထုတ်များကို ရှုပ်သဖြင့် ဗိုက်မဆာသေးသော်လည်း ၂ယောက်သား သဘောတူညီချက်ဖြင့်.. မနက် ၁၀နာရီတွင်ပင် ဖွင့်စားလိုက်ကြသည်.. ပြီးနောက် ကျမတို့၏ မဟာ စွန့်စားခန်းကို မီးတောင်ကြီးဘက်သို့ ခရီးနှင်ခဲ့ကြသည်..
မြေပုံကို အသေအချာကြည့်ကာ လမ်းတွင်တွေ့သမျှ ကောင်းနိုးရာရာများကိုလဲ မလွတ်တမ်း ဓာတ်ပုံရိုက်ကြသည်.. လှဖို့ ပဖို့ အဓိကမထားတော့.. မှတ်တမ်းမှတ်ရာ တစ်ခုအနေနှင့်သာ ဓာတ်ပုံရိုက်ကြသည်.. အထက်မှာပြောခဲ့သည့်အတိုင်း မီးတောင်ကြီးကိုရောက်ရန် မြစ်တစ်ခုကိုဖြတ်ဆောက်ထားသော တံတားကို ကျော်ကာ အတော်လေးသွားရသေးသည်.. လမ်းများကလည်း ကြိုကြိုကြားကြားဖြင့် အတော်ရှုပ်သည်.. မျက်လုံးနှင့် မြေပုံ ခွာလို့မရ.. စိတ်တူကိုယ်တူ သူငယ်ချင်း ၂ ယောက်ထဲမို့သာ တော်တော့သည်..
နောက်ဆုံး ကျမတို့ ဦးတည်ရာ မီးတောင်ကြီး အတွင်းသို့ရောက်သွားပါသည်.. မီးတောင် အတွင်းထဲမှ စီးရသောနေရာကို Journey to the Center of the Earth ဟုခေါ်သည်.. ထိုနေရာလဲ Fast Pass လိုသည်.. ၂ယောက်သား Fast Pass rule ကို ထိုအချိန်က မသိပဲ သွားထုတ်လိုက်သေးသည်.. စက်က ထွက်လာသော စာရွက်က မရဟုဆိုမှ မည်သူမှ မသိလိုက်ပဲ ၂ယောက်ထဲ အရှက်ကွဲရသေးသည်.. ဒါနဲ့ ၂ယောက်သား ၀င်တန်းစီကြသည်.. ၂နာရီနီးပါကြာမည်ဟုပြောသည်.. ဒီတခါတော့ မတုန်လှုပ်တော့.. စိတ်ကို ဒုန်းဒုန်းချ ၀င်စီလိုက်သည်..
အတွင်းဘက် Decoration ကလဲ တကယ့် မီးတောင် အတွင်းဘက်အတိုင်းဆောက်လုပ်ထားသည်.. တခါတစ်ရံတွင် ဓာတ်ခွဲခန်းပုံစံတွေ.. မီးခဲပုံစံများလဲတွေ့ရသည်.. ကြေငြာချက်အချို့နှင့်ဆိုင်းဘုတ်များတွင်.. ရုတ်တရက် အကျများနှင့် ထိပ်လန့်ဖွယ်ရာများဖြစ်သဖြင့် ကြိုတင် သတိပေးချက်များကို ကြားတွေ့ရသည်.. ထိုသို့တွေ့ရလေ ကျမတို့ သူငယ်ချင်း ၂ယောက်စီးချင်လွန်း၍ ပိုရင်ခုန်လေပင်.. သို့သော်.. ၄၅မိနစ်မျှ စောင့်ဆိုင်းပြီးနောက်တွင်.. ထို စက် ပျက်သဖြင့် ကြေငြာချက်တစ်ခု ဂျပန်လိုပြောကာ တန်းစီနေသူအားလုံးကို ပြန်လွှတ်သည်.. ကျမတို့ ၂ယောက်လဲ ဘာမှ နားမလည်.. စိတ်လဲတော်တော်တိုသွားသည်.. ၄၅မိနစ်ကြီးတောင် ကုန်သွားပြီးမှ မစီးရသဖြင့်.. ကြေငြာသွားသည်များကိုလဲ တစ်လုံးမှနားမလည်.. ဘေးဘီမေးရအောင်လဲ.. အင်္ဂလိပ်လိုပြောလိုက်လျှင် မျက်ကလဲ ဆန်ပြာနှင့် မျက်နှာလွှဲသွားသော ဂျပန်များသာရှိသည်.. အားတော့ သိပ်မငယ်ပါ.. နောက် တစ်အုပ်စု ကျော်က အင်္ဂလိပ်များလဲ ကျမတို့ ၂ယောက်ကဲ့သို့ ပင် ဘာမှ သိပုံမပေါ်.. နောက်တော့မှ ထွက်ပေါက်အရောက်တွင် တောင်းပန်သော အနေဖြင့်.. Special Pass တစ်မျိုးကို ထုတ်ပေးသည်.. ထို Pass ဖြင့် မည်သည့် စက်တစ်ခုကို မဆို တန်းစီစရာမလိုပဲ စီးနိုင်သည်.. ကံကောင်းခြင်းပင်ဆိုရမည်လော....
ဒီလိုနှင့် ကျမတို့လဲ အနီးအနားရှိ လူများသည့် ကစားစရာ တစ်ခုခုကို ထို လက်မှတ်သုံး၍ သွားစီးမည်.. စီးပြီးလျှင် Journey to the Center Of the Earth လဲ ပြန်ကောင်းလောက်ပြီးဟုဆုံးဖြတ်ကာ.. မီတောင်ကြီး၏ အလည်ဗဟိုတွင်ဆောက်ထားသော ရေကန်အတွင်းရှိ ရေအောက်သဘောင်္ပုံရှိရာနေရာ၌ ရေအောက်ကမ္ဘာဆိုတာကို သွားစီးဖို့ဆုံးဖြတ်ခဲ့သည်.. ထိုနေရာသည်လည်း လူများသောကြောင့် Fast Pass လိုသည်.. (ကျမကတော့ အစက သိပ်ကောင်းမည်မထင်ထားခဲ့ပါ).. ဟိုရောက်တော့ Fast Pass ပြပြီး စီးလိုက်သည်..
ရေအောက်ကမ္ဘာ
ရေအောက်ယာဉ်လိုမျိုးလေးထဲတွင် မှန်ကာထားသော ပြတင်းပေါက်သုံးခုပါပြီး ပြတင်းပေါက်တစ်ခုကို ၂ယောက်ထိုင်ရသည်.. ကျမတို့၂ယောက်လဲ ထိုင်လိုက်ပြီး.. ယာဉ်စတင်မောင်းပါသည်.. ယာဉ်ထဲတွင်လဲ သဲထိပ်ရင်ဖို ဖြစ်စရာ လေသံမျိုးဖြင့် ဂျပန်လို ဘာတွေ ပြောနေမှန်းမသိ.. နားလည်လျှင်တော့ ပိုကြောက်ဖို့ကောင်းမည်... ခဏအကြာတွေ ကျမတို့ ရေထဲရောက်သွားသလိုမျိုး.. ယာဉ်အပြင်ဘက်တွင်လည်း ဘူစီဖောင်းလေးတွေတက်တက်လာသည်.. ပြီးတော့ ရေအောက်သတ္တ၀ါမျိုးစုံ.. ရေသူမတွေ.. ရေဘ၀ဲ အကြီးစားကြီး၏တိုက်ခိုက်တာ ခံရချိန်တွင် ကျမတို့ ယာဉ်ငယ်လေး သိမ့်သိမ့်တုန်သွားသည်.. ကျမတို့ မှန်ပြတင်းပေါက်တွင်လည်း ရေဘ၀ဲလက်ကြီး စုပ်ခွက်တွေနှင့်လာပေါ်သည်.. ယာဉ်ထဲတွင် အော်လိုက်ကြသည့်ဖြစ်ခြင်း.. ခါးပတ်ပတ်ထားစရာမလိုတော့ အားကိုးမရှိသလိုခံစားနေရသည်..
အလင်း(lighting).. အသံ.. မှန်ဘီလူးခုံးများ နှင့်လူ၏စိတ်ကို တော်တော် လှည့်ဖြားနိုင်လွန်းသည်.. အစက ကျမတို့ထင်တာ.. ဒီယာဉ်သည် ကျမတို့ အပြင်မှာမြင်ခဲ့သော ရေကန်အောက်ကို တကယ်သွားတာ ဖြစ်မည်ဟုထင်ခဲ့သည်.. နောက်ပြန်ထွက်မှ ကျမသူငယ်ချင်းက "မဖြစ်နိုင်ဘူးဟ.. တကယ်ရေအောက်ရောက်တယ်ဆိုရင်.. ပြန်ထွက်လာရင် ယာဉ်က ရေတောက်တောက်ရွဲနေရမှာပေါ့... အခုတော့ အခြောက်အတိုင်းပဲ" .. သေချာစဉ်းစားကြည့်မှ ကျမတို့ အမြင်တွေကို အလိမ်ခံလိုက်ရခြင်းဖြစ်သည်.. ကျမတို့ ယဉ်ထဲတွင် ထိုင်သော မှန်ပြတင်းပေါက်မှာ ၂ ထပ်မှန်ဘီလူးခုံး ဖြစ်ပြီး ရေက ထိုအထဲတွင်သာဖြစ်သည်.. အပြင်က အရုပ်များမှာလဲ အခြောက်ခန်းထဲတွင် ထားထားခြင်းသာဖြစ်မည်... ၂ခုပေါင်းစပ်လိုက်တော့ ရေအောက်တကယ်ရောက်သလိုဖြစ်ခဲ့ခြင်းဖြစ်သည်..
ထို့နောက် မီးတောင်ကလဲ ပြန်မကောင်းသေးသဖြင့် ကျမတို့ အနီးဆုံး ဖြစ်သော Mermaid Lagoon ဘက်သို့ သွားရန်ဆုံးဖြတ်ခဲ့သည်.. သို့သော် မီးတောင်မှထွက်ရန် လမ်းပျောက်သဖြင့် မနဲရှာလိုက်ရသေးသည်.. အတော်ရွာလည်ပြီးမှ ၂ ယောက်သား Mermaid Lagoon ဘက်သို့ရောက်သွားသည်..
Mermaid Lagoon Theater
Fast Pass နေရာက Mermaid Lagoon Theater ဆို၍ စီးစရာမဟုတ်မှန်းတော့သိသည်.. စီးစရာမဟုတ်၍ သိပ်စိတ်မ၀င်စားသော်လည်း Fast Pass မှန်သမျှ ကျမတို့ကို စိတ်မပျက်စေခဲ့သောကြောင့် ယုံယုံကြည်ကြည်သွားခဲ့သည်.. ဟိုရောက်တော့.. မိနစ်၂၀ပဲ စောင့်ရမည်ဟုပြောသဖြင့် ရတောင့်ရခဲ ၀မ်းသာအားရ၀င်ကြည့်ခဲ့သည်.. အထဲရောက်တော့ Theater တံခါးက မဖွင့်သေး.. ဗွီဒီယိုကင်မရာ မရိုက်ရ.. ကင်မရာရိုက်လျှင် Flash မထည့်ရဟုစည်းကမ်းတွေလဲ ကြေငြာနေသည်.. ၀င်လျှင်နေရာကောင်းကောင်းရဖို့ တိုးရမည်ဆိုတာတော့ နားလည်လိုက်သည်.. အတိုး အကျိတ်တွင် မြန်မာပြည်ဘတ်စ်ကားစီးတိုင်း ကျင့်သားရနေသော မဗေဒါ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိသည်.. မိန်းပေါက်ဝတည့်တည့်တွင် နေရာယူထားသည်.. ရှေ့တွင်တော့ လူ ၂လိုင်းလောက်ရှိသည်.. " ရှေ့ဆုံးတန်းရအောင်ယူမယ်.." ဟုပင် ကြိမ်းဝါလိုက်သေးသည်..
တကယ်တန်း Theater တံခါးဖွင့်တော့ ၀င်လိုက်ချိန်တွင် မြင်လိုက်ရသည့် ဇာတ်ခုံအပြင်အဆင်နှင့် ထိုင်ခုံအနေအထားက မဗေဒါအတွက် ဘယ်နေရာက အကောင်းဆုံးဖြစ်မည်ဆိုတာကို ဒွိဟပွားစေခဲ့သည်.. အဘယ်ကြောင့်ဆိုသော်.. ဇာတ်ခုံက အလယ်တွင် ဘဲဥပုံသဏ္ဍန်ဖြစ်ပြီး ပရိတ်သတ်ခုံများက အ၀င်ပေါက်ဘက်မှလွဲ၍ ကျန်သည့်ဘေးပတ်ပတ်လည်တွင်ဖြစ်သည်.. မည်သည့်နေရာမဆိုတော့ ဇာတ်ခုံနှင့် သိပ်မဝေး.. ဇာတ်ခုံပေါ်တွင် ရေသူမလေး၏ ရတနာဗုံးပုံစံ ဗုံးလေးတစ်ဗုံးကို အ၀င်ပေါက်ကို ကျောပေး၍တင်ထားသည်.. ကျမလဲ ဘယ်နားထိုင်ရမှန်းမသိတော့သဖြင့်.. ရှေ့တန်းတွေကလဲ ပြည့်လုပြည့်ခင်ဖြစ်နေသဖြင့်.. စင်ရဲ့ ဘေးဘက်က ခုံတန်းမှာဝင်ထိုင်လိုက်သည်.. ဒီလောက် စင်သေးသေးလေးနဲ့ သူတို့ဘယ်လို တင်ဆက်မလဲ ဆိုတာကို တော့ စိတ်ဝင်စားသည်..
ပွဲစတော့မှသိသည်.. အဓိက ကပြဖျော်ဖြေမှုက ဂျွန်းဗားသဘောမျိုးဖြစ်သည်... မင်းသမီးရေသူမ (အင်္ဂလိပ် အမျိုးသမီး)နှင့် ရေသတ္တ၀ါတော်တော်များများက ကြိုးပေါ်မှသာကပြကြသည်.. ပရိတ်သတ်ရဲ့ အပေါ်မှ ပြေးလွှားပျံဝဲနေသယောင်.. ဘားတန်းကြိုးနှင့်ဆွဲထားသော်လည်း.. ကြည့်ရင်းကြည့်ရင်း ရေသူမလေး တကယ်ရေထဲကူးနေတာကို မြင်နေသယောင် စိတ်ကဖြစ်လာသည်.. ရေသူမ အဖြစ်သရုပ်ဆောင်သော အင်္ဂလိပ်အမျိုးသမီးကလဲ အတော်ချောသည်.. ပတ်ပတ်စက်စက်ချောသည်.. သူ့ရဲ့ ဘားတန်းပေါ်မှ လှုပ်ရှားမှုလေးများက ကနွဲ့ကလျနှင့် အသဲယားချင်စရာ.. နောက်မှ.. ကာတွန်းထဲက ဂဏန်းနဲ့ ငါးလေးတွေ ပရိတ်သတ်ထဲက ထွက်လာသည်.. ကာတွန်းကားထဲက သီချင်း ၃ ၄ပုဒ်လောက်နှင့် ကပြဖျော်ဖြေသည်.. ရေဘ၀ဲမကြီး၏ မျက်နှာအကြီးကြီးပုံစံမျိုးကတော့ မျက်နှာကျက် နံရံကနေ အငွေ့များကြားမှ ထွက်လာသည်.. အရုပ်သက်သက်သာ.. လူမဟုတ်... ဒါပေမဲ့ အသက်ဝင်သည်..
ဘေးခုံဖြစ်၍ ရေသူမကို ဘေးစောင်းကြည့်နေရတာများသည်.. တခါတရံ ကြိုးတန်းပေါ်ကနေ တစ်ရုံလုံးကို လွှဲပြီး တက်တာလိုက်ပြမှသာ မင်းသမီးမျက်နှာကို တည့်တည့်မြင်ရသည်.. ထို့ကြောင့်.. မိတ်ဆွေသွားမည်ဆိုလျှင်.. အကောင်းဆုံးနေရာကတော့ ရုံဖွင့်ဖွင့်ခြင်း.. ထို ရတနာဗုံးနှင့် မျက်နှာချင်းဆိုင်ဖြစ်သော... အ၀င်တံခါးပေါက်နှင့် မျက်နှာချင်းဆိုင်နှင့် အဝေးဆုံးဖြစ်သော ခုံတန်းများကို အပြေးအလွှားသွားဦးကြပါရန်အသိပေးအပ်ပါတယ်.. (ကိုယ့်အတွေ့အကြုံနဲ့ ရင်းတဲ့ သင်ခန်းစာလေးပါ)..
ထို့နောက် အနည်းငယ်လှည့်ပတ်ကြည့်ရှုချက်အရရော.. မြေပုံပါ အချက်အလက်အရရော ကျမတို့အကြိုက် သိပ်မရှိနိုင်တော့ပဲ.. ကလေးကစားစရာများသာ များသဖြင့်.. Mermaid Lagoon က ထွက်ခွာကာ လှမ်းကြည့်လိုက်လျှင်မြင်နေရသော ကုလားပြည်လိုလို.. ဗလီလိုလိုပုံစံ ဆောက်ထားသောတိုင်းပြည်ဘက်သို့ ခရီးနှင်ခဲ့ကြသည်..
ပိုစ့်ရှည်နေပြီဖြစ်သဖြင့် ဆက်ရန်...
Monday, January 19, 2009
မဗေဒါနှင့် စကာင်္ပူရောက်အလွဲများ (၆) (သို့) စကား
Saturday, January 17, 2009
Visit To Cameron Highland (Video)
လုပ်ထားတာကြာပါပြီ... မဗေဒါရဲ့ ပထမဆုံး ရုပ်ရှင်ကို အက်ဒစ်လုပ်ခြင်းပါ.. window movie maker နဲ့ လုပ်တာမဟုတ်ပါဘူး.. ဗွီဒီယို ကင်မရာဝယ်တုံးက ပါလာတဲ့ Free software နဲ့ လုပ်တာပါ..
free ဆိုတော့ function အကုန်သုံးလို့မရဘူး.. အဲဒိတုန်းကလဲ စမ်းလုပ်ကြည့်ရုံသက်သက်ဆိုတော့ သိပ်အားမစိုက်ထုတ်ဖြစ်ဘူး..
သိပ်စိတ်တိုင်းမကျလို့ ဘလော့ပေါ်မတင်ဖြစ်သေးတာ.. အစကတော့ ခရီးသွားပိုစ့်ရေးရင်းနဲ့ တစ်ခါတည်း ဒီဗွီဒီယိုလေးတင်မလို့.. ဒါပေမဲ့ ခုတလော ဘလော့ရေးဖို့ ပတ်ဝန်းကျင်က အခွင့်အရေးမပေးဖူးဖြစ်နေတယ်.. စာရေးတာ စိတ်ထဲကခံစားလို့ရမှ ရေးလို့ကောင်းတယ်.. ကိုယ်ရေးချင်တာတွေကို တစ်စုံတစ်ခု (သို့မဟုတ်) တစ်စုံတစ်ယောက် ကြောင့် ချုပ်တီးနေရမယ်ဆိုရင် မဗေဒါရဲ့ ဘလော့ပေါ်က လူသိရှင်ကြား လျှို့ဝှက်ချက်တွေက အရသာကောင်းမှာမဟုတ်ဘူး... ဘာမှတော့မဟုတ်ပါဘူး.. ကိုယ့်ဘာသာကိုယ် စိတ်ထဲ ထင့်နေတာပါ..
ဒါတွေထားလိုက်ပါတော့လေ.. ဒီခရီးသွားမှတ်တမ်းလေးကိုတော့ နောက်အချိန်ရရင် ရေးပါ့မယ်.. လောလောဆယ်တော့ ဗွီဒီယိုလေးပဲ ကြည့်သွားပေါ့နော်.. မဗေဒါရဲ့ youtube channel ကို သွားလည်ဖူးတဲ့သူတွေကတော့ ကြည့်ပြီးသားဖြစ်မှာပါ...
ဒီဗွီဒီယိုကိုလဲ အရည်အသွေးကောင်းကောင်းနဲ့ ကြည်ကြည်လင်လင်ကြည့်ချင်ရင် Youtube မှာ Watch in High Quality နဲ့ကြည့်ရှုနိုင်ပါတယ်..
Saturday, January 10, 2009
ဖြေရှင်းပေးကြစေလို....
အားသစ်အင်သစ်တွေ ဆောင်ကျဉ်းပေးခဲ့လို့လာပြီ..
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ...
ငှက်ကျေးရဲ့ သီချင်းသံသည်လည်း မနေ့ကနဲ့ မတူ.. မနေ့ကလို မဆူတော့ပြီ..
အတွေးသစ် အမြင်သစ်တွေ ဆောင်ကျဉ်းပေးခဲ့လို့လာပြီ..
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ... "
ဒီသီချင်းလေးကို တော်တော်များများကြားဖူးကြမှာပါ... အဆိုတော် စိုင်းထီးဆိုင်ရဲ့ အချစ်အတွက်တဖန်မွေးဖွာခြင်း ဆိုတဲ့ သီချင်းလေးပါ...
ခုဒီသီချင်းစာသားလေးနဲ့ ပတ်သတ်ပြီး ကျမ သူငယ်ချင်းတစ်ယောက်နဲ့ အညင်းပွားစရာလေး ဖြစ်လာပါတယ်...
အဲဒါကတော့... "ငှက်ကျေးရဲ့ သီချင်းသံသည်လည်း... " ဆိုတဲ့ စာသားမှာ..
ကျမသူငယ်ချင်းက "ငှက်ကြီးရဲ့ သီချင်းသံသည်လည်း.... " လို့ပြောပါတယ်.. ဒီနေရာမှာ သူက ထပ်ရှင်းပြလိုက်ပါသေးတယ်.. ငှက်ကြီးဆိုတာ ထူးအိမ်သင်ကိုပြောတာပါတဲ့.. ထူးအိမ်သင်ရဲ့ သီချင်းတွေက အရင်ကလို မဆူတော့ဘူးလို့ ဆိုလိုတာပါတဲ့....
ကျမကပြောပါတယ်.. ဒီသီချင်းက ထူးအိမ်သင်အဆိုတော်မဖြစ်ခင်ကတည်းက ပေါ်နေတာ.. ဘယ်လိုလုပ်ပြီး ထူးအိမ်သင်ကိုပြောတာဖြစ်မလဲဆိုတော့.. သူမက ခုခေတ်ပြန်ဆိုထားတဲ့သူတွေက ငှက်ကြီးလို့ဆိုတယ်လို့ ပြောပါတယ်...
ကျမကလဲ ခုခေတ်ပြန်ဆိုထားတဲ့ သီချင်းကို နားမထောင်ဖူးတော့ တအုံးနွေးနွေးနဲ့ ဒီအငြင်းပွားမှုက ပြီးဆုံးခဲ့ပါတယ်... ဒါပေမဲ့ ၂ယောက်လုံးကတော့ ကိုယ်မှန်တယ်ပဲထင်နေပါတယ်.. ကျမကလဲ ကျမမှန်တယ်ထင်သလို.. သူမကလဲ သူမမှန်တယ်လို့ထင်နေမှာ သေချာပါတယ်..
ကျမအထင်တော့.. အနုပညာသမားအချင်းချင်း ထူးအိမ်သင်လို နာမည်ရှိအဆိုတော်ကို ပုတ်ခတ်ပြီး ဆိုမယ်တော့မထင်ပါဘူး.. ပြီးတော့ ထူးအိမ်သင်သီချင်းတွေက ဒီခေတ် တချို့သီချင်းတွေလောက်တောင် မဆူပါဘူး...
အဲဒါလေးကို တအုံ့နွေးနွေးဖြစ်နေလို့.. ဖြေရှင်းပေးကြပါလို့ တောင်းဆိုပါရစေ... အဖြေမှန်အတွက် ကွန်မန့်များကို စောင့်မျှော်လျက်...... ကျေးဇူး အထူးတင်ရှိပါကြောင်း....
Monday, January 05, 2009
နှစ်ချုပ်စာရင်း နှင့် နှစ်သစ်ဆုတောင်း
ကျမအမြင်မှာတော့ ၂၀၀၈ က အလွန်ဆိုးတဲ့ နှစ်လို့မြင်တာပဲ...ဘာလို့လဲဆိုတော့ ၂၀၀၈ မှာ သဘာဝဘေးအန္တရာယ် ကျလိုက်.. အကြမ်းဖက်တွေ စီးလိုက်.. ရန်သူမျိုး ၅ပါးဒဏ်ခံလိုက်ရနဲ့ ကြားလိုက်ရသမျှ ကောင်းတယ်ကိုမရှိလှပါဘူး.. မကောင်းတဲ့သူတွေကျ ဘာမှသိပ်မဖြစ်ဘူး.. အပြစ်မဲ့တဲ့သူတွေပဲ ခံနေရတယ်.. ကျမလို သတင်း မီဒီယာကို သူများပြောမှ နားထောင်တဲ့သူတောင် ဒီနှစ် သတင်းပေါင်းစုံ တော်တော်ကြားတယ်... ကြားလိုက်ရသမျှ စိတ်မကောင်းစရာက များနေတယ်.. ကျမက အဆိုးပဲ ရွေးမြင်နေလို့လားတော့မသိဘူး.. သတိထားမိပြီး.. စိတ်ထဲမှာ မှတ်မိနေတာလေးတွေ ရေးပြမယ်နော်..
- တရုတ်ပြည်မှာ ငလျင်လှုပ် ရေကြီး စနိုးမုန်တိုင်းတိုက်လို့ လူတွေအများကြီးသေတယ်.. ပြီးတော့..
- တရုတ်က နို့မှုန့် တွေမှာ မယ်လမင်းတွေပါလို့ နိုင်ငံတကာက ကလေးတွေ တော်တော်များများနဲ့ တိရိစ္ဆာန်တွေသေတယ်.. ပြီးတော့ လူကြီးတွေလဲ ဘာမှမစားရဲလောက်အောင် ကျီးလန့်စာစာနေခဲ့ရတယ်..
- Bird Flu ပြန်ဖြစ်တယ်..
- မန်ဘိုင်းမှာ အကြမ်းဖက်သမားတွေ ၀င်စီးလို့ လူတွေအများကြီးသေတယ်..
- တိဘက်မှာလဲ အရေးအခင်းဖြစ်တယ်..
- ဘန်ကောက်မှာလဲ အရေးအခင်းတွေ ခဏခဏဖြစ်တယ်..
- ဖိလစ်ပိုင်မှာလဲ အရေးအခင်းဖြစ်တယ်တဲ့..
- စကာင်္ပူမှာလဲ တိရိစ္ဆာန်ရုံထဲက ကျားအကိုက်ခံပြီးသေတဲ့သူကရှိသေး (လျှာရှည်ပြီး အီးမေလ်းထဲရောက်တဲ့ ဗွီဒီယိုသွားကြည့်လိုက်တာ ခုထက်ထိ စိတ်မချမ်းသာဘူး) ..
- အဆိုးဆုံးကတော့ တကမ္ဘာလုံး စီးပွားရေးပျက်ကပ်ဆိုက်တယ်...
- ဟော.. နှစ် လုံးလုံးကူးမဲ့နေ့တောင် ၃၁ရက်ညက ဘန်ကောက်က နိုက်ကလပ်မီးလောင်တာ လူ ၆၂ယောက်သေတယ်တဲ့... ယော... ဒုက္ခ.. ဒုက္ခ..
ကဲ... မြန်မာမှာဖြစ်တဲ့ ဟာတွေကို ရေးမယ်ဆိုရင်တော့ တကယ်ကို ကျမနှလုံးသားတစ်ခုလုံး လေးပင်ချိနဲ့သွားသလို ခံစားရတယ်... ၂၀၀၇ က စက်တင်ဘာတုန်းထဲက စိတ်မကောင်းစရာတွေဖြစ်ခဲ့တယ်.. အဲဒိရဲ့ အရှိန်က ၂၀၀၈ ထိ ရိုက်ခတ်နေတယ်.. ဟိုလူပါသွားပြန်ပြီ.. ဒီလူကတော့ ဒီလိုဖြစ်သွားရှာပြီ.. တော်တဲ့ တတ်တဲ့ သူတွေ.. အရည်အချင်းရှိတဲ့လူငယ်တွေ.. နှစ်တွေအများကြီး စတေးလိုက်ရပြန်ပြီ.. ထိုင်းနိုင်ငံထဲကို လေအေးစက်ကားကြီးနဲ့ ခိုးဝင်တဲ့ မြန်မာတွေ အောက်ဆီဂျင်ပြတ်ပြီး ကားထဲမှာပဲ အတုံးအရုံးသေကုန်ကြတာတွေ (၂၀၀၇ လား ၂၀၀၈သေချာတော့မသိပါ).. ရင်နင့်ဖို့ အကောင်းဆုံးကတော့ နာဂစ်မုန်တိုင်းတိုက်သွားတာပဲ... သတင်းတွေကြားတယ်.. ဓာတ်ပုံတွေလဲမြင်တယ်.. ကြည့်လိုက်တိုင်း အသက်ရှုကြပ်ကြပ်သွားတယ်.. စစဖြစ်ပြီး ဘာသတင်း ဘာဓာတ်ပုံမှ မမြင်ရသေးခင် အရင်ဆုံး စပြီး သေချာမြင်ရတာက စီးတီးဟောအပေါ်ဆုံးထပ်က စက်လှေခါးနဲ့ တည့်တည့်ဆိုင်မှာ တီဗွီကြီးနဲ့ ပြထားတာ ကြည့်ပြီး လူက ၅မိနစ်လောက် ကြောင်အမ်းအမ်းဖြစ်သွားတယ်.. တနေ့လုံးကို မရီနိုင်တော့ဘူး..
ကမ္ဘာမှာ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်တဲ့ အကြောင်းတွေကို ဒီနေရာမှာ list နဲ့ နေ့စွဲနဲ့ ရှိပါတယ်..
ကျမရော..?? ကျမအတွက်လဲ စိတ်ညစ်စရာတွေဖြစ်တာပဲ.. ဒါပေမဲ့ အပေါ်က စိတ်ညစ်စရာတွေကို ရေးပြီးတော့ ကိုယ့် စိတ်ညစ်စရာက ဘာမှတောင် မပြောပလောက်တော့ဘူး.. အာပလာ ဖြစ်သွားတယ်.. ရေးရမှာတောင် လက်ရှက်သွားတယ်... အရေးမပါတဲ့ အရာလေးတွေပါ.. ဒါပေမဲ့ ရေးလိုက်ပါအုံးမယ်.. မတ်လရောက်တော့ ရည်းစားနဲ့ပြတ်တယ်.. (အဲဒါက ကောင်းတယ်ပဲပြောရမလား.. မကောင်းတဲ့သူကို စောစောသိရတာ ကောင်းတဲ့ ကိစ္စပဲပြောရမလား.. လူကတော့ အဆွေးဓာတ်ခံရှိသွားတာပေါ့နော်).. စိတ်ညစ်ညစ်နဲ့ ခရီးတွေ လျှောက်ထွက်တော့ ပိုက်ဆံတွေကုန်တယ်.. အသားတွေမဲတယ်.. ခွင့်ရက်တွေ တကယ်လိုတော့ မရှိသလောက်ရှားပါးသွားတယ်.. သူငယ်ချင်းအယောင်ဆောင် ကိုယ့်အပေါ်မနာလိုသူများနဲ့ တွေ့တယ်.. နောက်ကျောဓားနဲ့ ထိုးခံရတယ်... ဒီဇင်ဘာ ၃၁ အလုပ်မလုပ်ချင်ပါဘူးဆိုမှ အလုပ်လုပ်ရတယ်.. ဘယ်ရမလဲ ၂၀၀၉ အကူးကိုတော့ တိုက်စီခအကုန်ခံပြီး သူငယ်ချင်းအိမ်သွားလိုက်တယ်..
တစ်သက်နဲ့ တစ်ကိုယ် ကမ္ဘာစီးပွားပျက်တာ ကိုယ့်ကို တိုက်ရိုက်လာထိခိုက်လိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး... ခုတော့ ဘယ်လိုမျိုးခံစားချက်နဲ့တူလဲဆိုရင်.. ကိုရီးယားရုပ်ရှင်တွေထဲက ကင်ဆာဖြစ်နေတဲ့ သူလိုပဲ.. မသေခင်.. ရောဂါ လက္ခဏာတွေ တွေ့ပြီး စိတ်လှုပ်ရှားခြောက်ခြားရသလိုမျိုး.. ချောင်းဆိုးရင် သွေးပါ.. ခေါင်းဖြီးရင် ဆံပင်တွေကျွတ်.. အဲလိုတွေ့ပြီး စိတ်ဓာတ်ကျကြောက်ရသလိုပဲ... ခုလဲ ဟိုကုမ္ပဏီကတော့ ပိတ်သွားပြီ.. ဟိုဘဏ်က အလုပ်သမားတွေ ရာချီဖြုတ်လိုက်ပြီ.. ရှိသမျှပိုက် ပိုက်လေး ဘဏ်ထဲထည့်ထားကာမှ ပါသွားမဲ့ကိန်း.. ဘဏ်စာအုပ် update လုပ်ထားလို့ သူ့ဟာသူနေနေတဲ့ ဂဏန်းလေးတွေက ဒေါ်လာဈေးကျတာနဲ့ အလကားနေ စာအုပ်ထဲမှာပဲ တန်ဖိုးကျသွားတာ ထိုင်ကြည့်နေရတယ်.. နှစ်ကုန်ရင် လူတွေထုတ်မယ်.. ဇန်န၀ါရီမှာ ဖြုတ်မယ်... မပြီးတော့ဘူး.. ခုထိကို ပါလာတာ.. ၂၀၀၉ ရော ကောင်းပါ့မလား... စလာကတည်းက Lay off နဲ့ စမယ်ဆိုရင်တော့ သိပ်မနိတ်လှဘူး.. ဒါပေမဲ့ ဘာမှမတတ်နိုင်ဘူးလေ.. စိတ်ညစ် စိတ်ဓာတ်ကျနေလဲ အလကားပဲ.. ဒီလောက်ဆိုးရွားတဲ့ ၂၀၀၈ ကြီးကိုတောင် ကျော်ဖြတ်လာနိုင်သေးတာပဲ.. လာမယ့် ၂၀၀၉ ကိုလဲ ဒီလိုပဲ မာန်တင်းပြီး ကျော်ဖြတ်ရမှာပဲ..
ဒီပိုစ့်ကို ရေးလိုက်ကာမှ စာဖတ်သူတွေအတွက် စိတ်ညစ်ညူးစရာများဖြစ်သွားပြီလားမသိဘူး.. ဖြစ်ခဲ့တဲ့ အကောင်းတွေလဲ ရှိပါတယ်.. ဒါပေမဲ့ အမှတ်ရစရာ အဆိုးကများနေလို့ပါ.. ဘာပဲဖြစ်ဖြစ် ကျမတို့အသက်ရှင်သရွေ့ တွေ့ကြုံရသမျှတွေကို အံကိုခဲ ပန်းပန်လျှက် ဖြတ်လျှောက်သွားရမှာပဲလေ..
ဒီနှစ်တော့ အားလုံးအတွက် အဓိပ္ပါယ်ရှိရှိလေးဆုတောင်းပေးချင်တယ်.. ၂၀၀၉ မှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုအပ်သော ဆန္ဒများ တစ်လုံးတစ်ဝပြည့်ဝကြပါစေ...
Thursday, January 01, 2009
Memory of Tree Top Walk (video)
Tree Top သွားတုန်းက အမှတ်တရလေးပါ.. အက်ဒစ်လုပ်လို့ပြီးပါပြီ...
ဒီဗွီဒီယိုလေးကတော့ မထင်မှတ်ပဲ ရိုက်ဖြစ်သွားတာပေါ့.. ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် တက်ကတည်းက အဖွဲ့ကျ.. ဘရုပ်ကျခဲ့ကျတဲ့ သူငယ်ချင်းတွေ ခု စင်္ကာပူရောက်တော့ တစ်ယောက်တစ်ကျောင်းတက်.. တစ်ယောက်တစ်နေရာစီနေပြီး ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အလုပ်ကိုယ်ရှုပ်နေခဲ့တာ မတွေ့တာတောင် အတော်ကြာပေါ့.. ကျမစိတ်ထင် ကျမတို့မတွေ့တာ နှစ်ဝက်လောက်တောင်ရှိမယ်ထင်တယ်.. အွန်လိုင်းမှာ တွေ့လဲ သူငယ်ချင်းအရင်းခေါက်ခေါက်များ ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက်စကားမပြောဖြစ်ကြပါဘူး.. တစ်ခါတစ်လေတော့ 9quist နဲ့ စကားပြောဖြစ်ပါတယ်..
ဒီလိုနဲ့ တစ်နေ့သူရောကျမရော ခရစ်စမတ်အတွင်း အလုပ်တွေပိတ်တော့ ကျန်တဲ့ ၂ယောက်အားရက်ကို ညှိပြီး တွေ့ဖို့စီစဉ်ပါတယ်.. နေရာအတော်ရှာရခက်ပါတယ်.. အမြဲတမ်းလဲ ပန်နဇူလာသွားပြီး မုန့်စားပြန်နေရတာ ရိုးလွန်းနေပါပြီ.. စကာင်္ပူမှာလဲ သွားစရာ လုပ်စရာက အလွန်မှ ရှားသကိုး.. ဟန်လုပ်နေနေရတဲ့ နေရာကများနေတယ်.. ကိုယ်က စကားပြောရင် ကျယ်ကျယ်ပြောတတ်တော့ သူငယ်ချင်းနဲ့တွေ့တုန်း အရင်ကလို နောက်နောက်ပြောင်ပြောင် အရည်မရ အဖတ်မရစကားတွေပြောချင်တယ်လေ.. ဒီတော့ အလုပ်မသွားတာလဲကြာနေတော့ Energy တွေကလဲ မသုံးတာကြာပေါ့.. အစက ဟိုချိန်းဒီချိန်းနဲ့ ဘယ်မှ အဆင်မပြေဘူးဖြစ်နေတာ.. နောက်ဆုံး ကျမကပဲ ဆုံးဖြတ်ချက်ချလိုက်တယ်.. Tree Top သွားမယ်လို့.. ကျမလဲ တစ်ခါမှတော့ မရောက်ဖူးဘူးလေ.. ကျမက ခိုင်ခိုင်မာမာဆုံးဖြတ်ပေးလိုက်တော့ အားလုံးကလဲ သဘောတူတယ်..
အဲဒိထိ ဗွီဒီယိုရိုက်ဖို့စိတ်ကူးမရှိပါဘူး.. သွားခါနီးကျမှ.. ဗွီဒီယိုလေးလိုရမယ်ရယူသွားမယ်ဆိုပြီး ယူဖြစ်သွားတာ.. ရိုက်မယ်ဆိုမှတော့ ကိုယ်က သီချင်းလေးနဲ့ကောင်းကောင်းလေးဖြစ်ချင်တယ်.. ပြီးတော့ သွားမှာက တောလမ်းဆိုတော့ လူလဲဒီလောက်ရှုပ်မှာမဟုတ်.. ဘော်ဘော်တွေကလဲ အားမနာရတဲ့သူတွေဆိုတော့.. မဗေဒါရဲ့ ဒါရိုက်တာပိုးလေးထလာတာပေါ့.. ဘယ်ကဘယ်လိုမှန်းမသိဘူး ဦးနှောက်ထဲ ချက်ချင်းရောက်လာတဲ့ သီချင်းက "We will Rock you" ... သိလိုက်တဲ့အချိန်မှာ ကိုယ်က ရထားပေါ်ရောက်နေပြီ.. သီချင်းကလဲ "We will , We will Rock you" ကလွဲလို့ ဘာမှ မရဘူး.. ဒါနဲ့ 9quist ကိုဖုန်းဆက်ပြီး သီချင်း ဒေါင်းလုပ် ဆွဲခဲ့ဖို့ပြောတော့လဲ သိပ်နောက်ကျနေပြီ.. ဒါနဲ့ ပဲ ရသလောက်ပဲ ရိုက်မယ်ဆိုပြီးထားလိုက်တယ်.. စိတ်ထဲမှာလဲ သူငယ်ချင်းတွေက ဒီလောက်တော့ ကိုယ့်အတွက် သရုပ်ဆောင်ပေးမယ်မထင်ထားဘူး.. အဆဲမခံရရင်ကံကောင်း.. မဗေဒါမှာက သရုပ်ဆောင်ပေးမဲ့သူမရှိတာက တစ်ဒုက္ခလေ..
ဖေဖေရယ် မဗေဒါအစ်မအကြီးရယ်..မဗေဒါရယ် clementi မှာ မေသူနဲ့တွေ့.. ဟို၂ယောက်ကတော့ ရောက်နှင့်နေပြီ.. ဒီလိုနဲ့တွေ့တာနဲ့ မဗေဒါလဲ သူတို့ကို ရိုက်တော့တာပေါ့.. နောက်မှ ကိုယ်ကြိုက်တဲ့ အိုက်တင်လေးတွေကို အက်ဒစ်လုပ်ပြီးထုတ်လိုက်မယ်ပေါ့... မဗေဒါကို အားတက်သရောနဲ့ သရုပ်ဆောင်ပေးသူကတော့ မဗေဒါရဲ့ အစ်မပေါ့... ဟဲ.. ဟဲ.. တောထဲရောက်တော့ မဗေဒါလဲ သူငယ်ချင်းတွေကိုပူဆာတော့တာပေါ့.. သီချင်းရှေ့ဆုံးမှာ ထည့်ထားတဲ့ အကွက်လေးတွေရိုက်ဖို့လေ.. သူတို့ကိုပြောရတော်တော်ခက်တယ်.. ရီနေကြလို့.. အိုက်တင်ကလဲ သင်ပေးရသေးတယ်.. ဒါပေမဲ့ သူတို့အားလုံးကိုယ့်ကို စိတ်ရှည်လက်ရှည်နဲ့ ပူးပေါင်းပါဝင်ကြတော့ ကျမသိပ်ပျော်ပါတယ်.. ဒါမှ ကျမရဲ့ သူငယ်ချင်းအရင်းတွေဆိုပြီး စိတ်ထဲကလဲ ကြည်နူးမိတယ်.. ဟား.. ဟား.. သူတို့အတွက် သရုပ်ဆောင်ခကတော့ တစ်ယောက်ကို ၂ကျပ် ပြား၈၀တန် ထမင်းတစ်ဘူးစီး မဗေဒါက စပွန်ဆာပေးခဲ့ပါတယ်.. ငှဲ.. ငှဲ.. အဟီး... (ငါ့တော့ တင်းနေလောက်ပြီ)..
ပြန်ရောက်ပြီးတာနဲ့ သူငယ်ချင်းတွေလဲ ဗွီဒီယိုကြည့်ချင်လို့ ကျမကို Stress ပေးကြတာ.. အက်ဒစ်ကို ၁ ပတ်အစောဆုံးလို့ ကတိပေးထားပင်မဲ့ ညမအိပ်ပဲ ထိုင်လုပ်လိုက်တာ ၄ရက်နဲ့ပြီးသွားပါတယ်.. New Year Night အမှီလေးပြချင်လို့ပါ.. မဗေဒါလဲ ၃၀ရက်နဲ့ ၃၁ ရက်တွေမှာ တစ်ရက်ကို ၂နာရီလောက်ပဲအိပ်လိုက်ရတယ်.. မျက်လုံးကိုက်လို့... အိပ်မက်ထဲမှာတောင် မဗေဒါရဲ့ ဘယ်ဘက်မျက်လုံးကြီး ဆွေသွားတယ်လို့မက်လို့.. ငိုလိုက်ရတာ... တော်ပါသေးရဲ့ အိပ်မက်မို့လို့..ိ
ဘာပဲပြောပြော ဒီ gathering လေးက ပင်ပန်းပေမဲ့ ပျော်ရွှင်ဖွယ်လေးဖြစ်ခဲ့ပါတယ်.. ကျမတို့ရဲ့ ပျော်ရွှင်မှုလေးတွေကို ဝေမျှလိုက်ပါတယ်.. Youtube မှာ သွားကြည့်ရင် High Quility ဆိုတာကို နှိပ်ရင် ပိုမိုကြည်လင်တဲ့ video ကိုတွေ့ရမှာပါ.. Youtube မှာလဲ Comment, Rate and subscribe လုပ်ပေးကြပါလို့... အချိန်ပေးပြီးကြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်....





