Monday, February 02, 2009

10 Things I like about watching Movie/Drama

၁) အလိုရှိသည့်အချိန်တွင် အမြဲ အသုံးတော်ခံနိုင်ခြင်း...

၂) ကြည့်နေချိန်အတွင်း ရပ်လိုရပ် Play လိုလျှင် Play ကျမ သဘောကျ ခိုင်းလို့ရခြင်း... (နောက်ဆုံး မကြည့်ချင်တော့လျှင် ပိတ်ပြစ်နိုင်ခြင်း)

၃) ရွေးချယ်ရန် များပြားခြင်း.. ဥပမာ.. လက်ရှိတစ်ကားကို မကြိုက်လျှင် ကိုယ်ကြိုက်နှစ်သက်ရာ နောက်တစ်ကားကို ပြောင်းကြည့်နိုင်ခြင်း...

၎) ဒီကားမှာ ဒီမင်းသားကိုကြိုက်နေပြီး.. နောက်တစ်ကားကြည့်သောအခါ နောက်မင်းသားတစ်ယောက်ကို အချိန်မရွေးပြောင်းကြိုက်နိုင်ခြင်း.. အလိုရှိက ၂ယောက်လုံးကို တစ်ပြိုင်တည်း ကြိုက်နိုင်ခြင်း... မကြိုက်တော့လျှင်လဲ နာကျင်ခြင်းမရှိပဲ မေ့ပျောက်နိုင်ခြင်း...

၅) မင်းသား မင်းသမီးများမှာ ချောမောလှပကြခြင်း.. (မချောသူများ ကိုယ်မကြိုက်သူများကို ချက်ခြင်းပိတ်ပြစ်နိုင်သည်..နံပါတ် ၃ အချက်ကို မှီငြမ်းပါ)

၆) အပြင်တွင်မရှိသော ၆ပြစ်ကင်း သဲလဲစင်.. ဥစ္စာပေါ.. ရုပ်ချော.. သစ္စာစောင့်.. တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆို ပိတောက်သာကြိုက်သော မင်းသားများ၏ အချစ်ကို စိတ်ကူးယဉ်၍ စိတ်ပျော်ရွှင်ရခြင်း...

၇) တစ်စုံတစ်ယောက်အား မကြေနပ်သော်ညား ဘာမှမတတ်နိုင်သော အခြေအနေတွင်ဖြစ်စေ.. stress ဖိစီးလွန်းသော အခြေအနေတွင်ဖြစ်စေ.. ကိုယ် အမြင်ကပ်သော ရုပ်ရှင်ဇာတ်လမ်းမျိုး (ဥပမာ- အိမ်ထောင်ရေးဖောက်ပြန်ခြင်း.. မင်းသား/မင်းသမီး၂ယောက်အား ဟိုပင်ဒီပင်ကူးကြိုက်ခြင်း..)၊ ကိုယ်အမြင်ကပ်သော သရုပ်ဆောင်ပါသည့်ကားမျိုးကို ဖွင့်၍ ထိုင်ဝေဖန်အပြစ်တင်ခြင်းဖြင့် စိတ်ပေါ့ပါးစေခြင်း...

၈) နိုင်ငံအလိုက် ဘာသာစကားများ ယဉ်ကျေးမှုများ နှင့် လူနေမှု စရိုက်များ နှင့် အနုပညာ အဆင့်အတန်းများကို လေ့လာနိုင်ခြင်း...

၉) တစ်ယောက်ထဲရှိနေချိန်တွင် အချိန်ကုန်မြန်ခြင်း.. (တီဗွီထဲမှ လူများကိုကြည့်၍ အဖော်ရှိသည်ခံစားရပြီး အထီးကျန်မဆန်ခြင်း)

၁၀) နောက်ဆုံးအနေနဲ့ကတော့... မဗေဒါကိုယ်တိုင်က ရုပ်ရှင် ကြိုက်ခြင်း...


လောလောဆယ်တော့ စဉ်းစားလို့ရတဲ့ ၁၀ ချက်ပါပဲ.. ပေါ့ပေါ့ပါးပါးပေါ့နော်... မဗေဒါအတွက်ကတော့ ရုပ်ရှင်တွေက နာခံတတ်တဲ့ အစေခံတွေလို... သွေးသောက် ရဲဘော်တွေလို... သစ္စာရှိတဲ့ ချစ်သူလို... အထီးကျန်ချိန်မှာ အမြဲအဖော်လုပ်ပေးတဲ့ သူငယ်ချင်းတွေလိုပါပဲ... ကျမအပေါ်သိပ်ချစ်ပါတယ်ဆိုတဲ့ သူတောင် ဒီရုပ်ရှင်တွေ ကျမအပေါ် အနွံအတာခံသလောက် စိတ်ရှည်သည်းခံပြီး ပြန်မပြောပဲ ချစ်နိုင်မဲ့သူ ရှိမှာမဟုတ်ပါဘူး... အဟီးးးးးး.... မဗေဒါလိုပဲ ရုပ်ရှင်တွေကို ခံစားပြီး ကြည့်နိုင်ကြပါစေ.....

10 comments :

နှင်းပွင့်ဖြူ said...

အစ်မတောင် ၁၀ချက်စဉ်းစားလို့ရသေးတယ်
ကျွန်မကတော့ ကြည့်ရင်းနဲ့ တပစ်တောက်တောက်နဲ့ မကုန်နိုင်တော့ဘူး
မကြည့်ဖြစ်တာလဲကြာပြီ မြန်မာကားတွေကို.......
မြန်မာ့ရုပ်ရှပ်တွေကို တကယ့်အဆင့်အတန်းမြင့်မြင့်ဖြစ်စေချင်တယ်
တခါလာလည်း ဒီပုံစံ ဒီစတိုင်ထဲကကို အမြန်ဆုံးခွဲထွက်စေချင်တယ်.....

Anonymous said...

ညီမရေ.. အစ်မခုပြောတဲ့ ပိုစ့်က မြန်မာကားကိုပြောတာမဟုတ်ဘူးနော်..

စိုင်းစိုင်းလားရှိုး said...

မဗေဒါ ရုပ်ရှင်ဒီလောက်ကြိုက်ရင် မင်းသမီးလုပ်ပါလား? ဖြစ်နိုင်တယ်နော် (အဟုတ်)

Thant said...

တို့ကတော့ ကာတွန်းကားမှ ကာတွန်းကားပဲ ။
ကြည့်ရတာ စိတ်ချမ်းသာတယ် ...း)

khin oo may said...

အစ်မက လဲ အဲလိုဘဲ ခံစားရတယ် အဆင်ပြေရင်တော့ ရုံမှာ ပိုကြည့်ချင်တယ်။ ပိုပြီး ခံစားလို့ကောင်းတယ်လို့ထင်မိတယ်။ မတတ်နိုင်ရင်တော့အိမ်မှာပေါ့ အခုောတ့ဘလော့ကိုက်လို့သိတ်မကြည့်ဖြစ်တော့ဘူး။

Anonymous said...

ကျနော်လည်း ရုပ်ရှင်ကြိုက်တယ် မဗေဒါ ရေ့ ဒီပို့စ်ထဲက အချက်တော်တော်များများ တိုက်ဆိုင်တယ် ။

၈) နိုင်ငံအလိုက် ဘာသာစကားများ ယဉ်ကျေးမှုများ နှင့် လူနေမှု စရိုက်များ နှင့် အနုပညာ အဆင့်အတန်းများကို လေ့လာနိုင်ခြင်း...

ဒီအချက်ကိုတော့ လုံးဝ ထောက်ခံပါတယ် ။

ရွှန်းမီ said...

ရုပ်ရှင်မကြည့်ဖြစ်ပေမယ့် ရုပ်ရှင်အကြောင်း ရေးထားတာ ကြည့်ပြီး ရယ်သွားတယ်။
း-)

Unknown said...

အဓိကက အဓိကပါ :P ငါကြည့်တဲ့ရုပ်ရှင်တွေအကြောင်းပြောလိုက်ရင် ၀က်ဝက်ကွဲသွားမယ် :P

SZA said...

မဗေဒါရေ..ရေးထားတာတွေ သိပ်ကောင်းပြီး သိပ်မှန်တာပဲ..

လင်းထက် said...

ဘဲစာ လေးရေ ဒီနေရာ တော့ ကိုယ်နဲ့တူသကွယ့် ကိုယ်လဲ ရုပ်ရှင် အရမ်းကြိုက်တယ် ဒါပေမယ့် အချစ်ကားတွေတော့ သိပ်မကြည့်ပါဘူး မခံစားချင်လို့ ...