(photo soruce: google)
တခါတလေကျတော့လဲ ကိုယ့်ကိုကိုယ် ပြန်သတိပေးမိပါတယ်.. ကိုယ်ဘလော့ ရေးတာဘာအတွက်လဲဆိုတာ.. ဒါပေမဲ့လဲ စာချရေးဖို့ ကိုယ့်ကိုကိုယ်ယုံကြည့်မှုမရှိတဲ့ ရောဂါက ခုတလောမှ ပိုတက်လာတယ်.. ခြောက်ကပ်ကပ်ဖြစ်နေတဲ့ ကိုယ့်ဘလော့လေးကို ကိုယ့်ဟာကိုယ်ပြန်ကြည့်တိုင်း ဘလော့စရေးတုန်းက စိတ်ဓာတ်လေးမျိုးပြန်လိုချင်တယ်.. ဘာကိုမှ ဂရုမစိုက်.. မမျှော်လင့်ပဲ.. ဘာကိုမှ စိုးရိမ်စရာမရှိပဲ ချရေးတတ်တာမျိုးလေ.. ခုကျတော့ ကိုယ့်ဘလော့ကိုလာလို့မှ စာဖတ်သူကို သူများတွေလို တစ်ခုခုပြန်မပေးနိုင်ရကောင်းလားဆိုပြီး ရေးချင်စိတ်မရှိတော့တာ...
အဓိက ကတော့ ကိုယ့်ကိုကိုယ်အားမရတာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည့်မှု မရှိတာပဲ.. နောက်တစ်ခုကတော့ ကိုယ့်ကို အပြင်ပတ်ဝန်းကျင်က ချုပ်နှောင်ထားတဲ့ စည်းတွေကြောင့်ပေါ့...
တခါတလေတော့လဲ ဘာမှ တွေဝေ စဉ်းစားမနေပဲ ခေါင်းထဲ ရှိသမျှ.. ထင်ရာတွေပဲ ရေးပစ်လိုက်ချင်တယ်.. ၂ခါ စဉ်းစားလိုက်ရင် မရေးဖြစ်တော့လွန်းလို့... ကဲ.. ဒီတော့ ဘယ်လိုလုပ်ရပါ့.. ၂ ခါစဉ်းစားသင့်လား.. ရှိသမျှ ရင်ဘတ်ထဲ ခေါင်းထဲကဟာတွေကို ဆင်ဆာ မတင်ပဲ ရေးချသင့်သလား.......
ပျောက်နေတဲ့ ကွန်ဖိဒန့် (confidence) ကိုပဲ သတင်းစာမှာ လူပျောက်ကြော်ငြာသွားထည့်သင့်ပြီလားတော့ မသိတော့ပြီ..................
မှတ်ချက် ။ ။ ဤပိုစ့်ကို မည်သူ့ကိုမှ ထိခိုက်စေလိုသော ဆန္ဒမရှိသော်ညား ၂ခါ မစဉ်းစားတော့ပဲ စိတ်ထဲရှိရာ ရေးလိုက်သည်..
ခုတလော ဘလော့ရေးမယ်လို့ ကြံလိုက်တိုင်း ဘယ်အရာက တားဆီးထားမှန်းမသိဘူး.. လက်က တွန့်တွန့်နေတယ်... ခေါင်းထဲရောက်တာ ရေးမချခင် ၂ခါပြန်စဉ်းစားလိုက်တိုင်း မရေးဖြစ်တော့တာက များတယ်.. အရင်ကဆို ရေးချင်တာ စိတ်ထဲပေါ်လာတာနဲ့ ကောက်ရေးလိုက်တာပဲ... ခုကျတော့ ရေးလို့သင့်တော်ပါ့မလား... ဖြစ်ပါ့မလား... ကောင်းပါ့မလား.. ငါရေးချင်တာကတခြား.. စာဖတ်သူ နားလည်တာက တခြားဖြစ်နေမလား.. ကိုယ်ရေးတဲ့စာက မတော်တဆများ တစ်စုံတစ်ယောက်သွားထိခိုက်သွားမလား... ကိုယ့်အကြောင်းကိုယ်ရေးမယ်ဆိုတော့လဲ တချို့ကိုယ့်အကြောင်းတွေက အပြင်က မဗေဒါကို မနာလိုဖြစ်နေတဲ့ သူတွေဖတ်ပြီး တိုက်ခိုက်တာခံရမလား... ကိုယ်မြင်တာတွေ့တာ အမြင်မတော်တာလေးတွေ ရေးမလားစဉ်းစားပြန်တော့လဲ ကိုယ့်ကိုကိုယ်ပြန်ပြောမိတယ်... "ညဉ်းကဘာမို့လို့လဲ"တဲ့...
ရသစာပေလေးတွေ သူများလို ရေးမလားဆိုတော့လဲ ဖြစ်ဖြစ်မည်အောင် ဖွဲ့နွဲ့မရေးတတ်.. ဒီလိုနဲ့ စာဖတ်အားနည်းနေလို့ဖြစ်မှာပါလေဆိုပြီး.. သူများတွေရေးထားတာ တတ်နိုင်သလောက်လိုက်ဖတ်.. လိုက်လေ့လာကြည့်တော့.. ပိုပို အားကျလာသလို.. ပိုပိုပြီး ရေးရမှာလက်တွန့်လာတယ်.. သူများတွေများ ကောင်းလိုက်တဲ့ အိုင်ဒီယာတွေ.. ကောင်းလိုက်တဲ့ အရေးအသားတွေ...
တကယ်ပါ.. ဘလော့ အကောင့်စဖွင့်တုန်းက ဒီလိုပဲ အွန်လိုင်းပေါ်ကိုယ်ရေးချင်တာလေးတွေရေးမယ်.. စိတ်ထဲရှိတာတွေ တစ်ယောက်ထဲပေါက်ကွဲမယ်.. မကျေနပ်တာတွေ ဒီလျှို့ဝှက်ချက်ထဲမှာ သိုမှီးထားရင် မျိုသိပ်မယ်.. ကိုယ်ကြိုက်တဲ့ အရာတွေ ဥပမာ ရုပ်ရှင် အကြောင်းတွေ အပြင်မှာ ကိုယ်ပြောရင် လူနားမထောင်ချင်တဲ့အရာတွေ အွန်လိုင်းမှာ တစ်ယောက်ထဲပြောမယ်ပေါ့.... နောက်တော့... ရမ်ဘိုရုပ်ရှင်ကားအကြောင်းတင်တဲ့ ပိုစ့်လေးတွေက စပြီး ကွန်မန့်လေးတွေရလာတယ်.. ဘယ်လို ဘယ်လို မဗေဒါ ဘလော့လေးကို ရောက်လာကြတာလဲ မဗေဒါမသိဘူး.. ကိုယ်မသိတဲ့လူတွေက ကိုယ်ရေးထားတာလေးကို စိတ်တူကိုယ်တူ ကောင်းတယ်ဘာညာပြောလာတော့ သဘောကျတယ်.. ပီတိဖြစ်တယ်.. အဲဒိအချိန်တုန်းက မြန်မာဘလော့ဂါက ခုလောက်မများသေးပဲကိုး....
နောက်ပိုင်း တစ်စ တစ်စ.. ကျမ လောဘ တက်လာမိတယ်ထင်ပါတယ်... ကွန်မန့်တွေကို ပိုပိုလိုချင်လာတယ်.. သူများတွေ ကွန်မန့်ရတာကြည့်ရင် အားကျတယ်... ကိုယ်လဲ သူများလို ကောင်းကောင်းရေးချင်တယ်... ခက်တာက မရေးတတ်ဘူး.. အဲ ကွန်မန့်ရတယ်ဆိုတဲ့နေရာမှာတော့ တကယ်အရေးကောင်းလို့ ရတာတွေရှိသလို.. ချစ်သူ ခင်သူ မိတ်ဆွေပေါလို့ ရတဲ့သူ ဆိုပြီး ၂မျိုးရှိတယ်.. ဘယ်လိုပဲဖြစ်ဖြစ် ကျမကတော့ ပထမအုပ်စုထဲပဲ ပါချင်တာပဲ... ဘာလို့လဲ ဆိုတော့ ကျမဘလော့စဖွင့်ထဲက ကျမသိခဲ့တာက စာရေးဖို့လေ... ကိုယ့်စာလေးကို အမြင်တူ စိတ်တူလို့ ကြိုက်တယ်ဆို ပျော်ရတာပေါ့.. မိတ်ဆွေ သူငယ်ချင်းရတတ်တယ်ဆိုတာက နောက်မှ သိလာရတဲ့ အသိ.. ပြောရရင်တော့ အပိုဆုလေးပေါ့..
ဒီလိုနဲ့ စိတ်ထဲရှိတာတွေ... ကိုယ့်အကြောင်းတွေ ကိုယ်ထင်ရာတွေ ပျော်ပျော်ကြီး ဆက်ရေးခဲ့တယ်... တဖြည်းဖြည်းနဲ့ ကျမဘလော့ကို ကျမအပြင်က ကျမကိုသိတဲ့သူတွေသိလာခဲ့တယ်.. တချို့သိတာ ကျမအတွက် ကိစ္စမရှိပေမဲ့.. တချို့ကိုကျတော့ ကျမလေ တကယ်ကို မသိစေချင်တာပါ... တချို့က ကျမဘလော့ကို အကောင်းမြင်နဲ့ဖတ်ပင်မဲ့ တချို့ကျတော့ အဆိုးမြင်နဲ့ဖတ်ကြတယ်.. တချို့ဆီက အကြံဥာဏ်ရပေမဲ့.. တချို့ဆီက လှောင်ပြုံးတွေပဲပြန်ရတယ်... ဒီလိုနဲ့ ကျမဘလော့လေးအပေါ်ထားတဲ့ ကျမရဲ့စိတ်ကို သူတို့ အကြံဥာဏ်တွေ.. သူတို့ တန်ပြန်မှုတွေ စွက်ဖက်လာခဲ့တယ်...
ဟော.. တချို့ရှိသေးတယ်.. သူတို့ကို ကျမဘယ်သူမှန်းမသိဘူး.. ဒါပေမဲ့ မဗေဒါ ဘလော့နောက်ကွယ်က ကျမကို သိနေကြတယ်.. ကွန်မန့်တို့ ဆီဗုံးတို့မှာ ကျမကို အပြင်မှာ သူတို့ သိပါတယ်ဆိုတဲ့ပုံမျိုးတွေ လာပြောသွားကြတယ်.. ဒါပေမဲ့ သူတို့ဘယ်သူလဲဆိုတာ ကျမကို အသိမပေးကြဘူး.. တကယ်ဆိုရင် ကျမသိလောက်တဲ့ သူတို့ သုံးနေကျ ID နဲ့ပဲဖြစ်ဖြစ် ရေးသွားတာတို့.. အပြင်မှာ တွေ့ရင်ပဲဖြစ်ဖြစ်.. အွန်လိုင်း ဂျီတော့မှာပဲဖြစ်ဖြစ်.. "နင့်ဘလော့ကိုတော့ ငါရောက်တယ်ဟာ.. --- နာမည်နဲ့ ကွန်မန့်ရေးသွားတာ.. ဆီဗုံးမှာ အော်သွားတာ ငါပေါ့" .. ဒါမျိုးလေး အသိအမှတ်ပြုတဲ့ အနေနဲ့ ပြောပြသင့်ပါတယ်.. ကျမ ဘလော့ကို အစထဲက ကျမ ဘယ်သူလဲဆိုတာကို လူသိမခံရဲ ရေးနေတာလဲ ဟုတ်ပါဘူး... အဲဒါကြောင့် ဓာတ်ပုံတွေ ဗွီဒီယိုတွေလဲ ရဲရဲတင်းတင်း တင်နေတာပါ.. ကိုယ်နဲ့ သိတဲ့သူတွေကို ကျမဘလော့ရှိတယ်ဆိုတာ မပြောပြခဲ့တာပဲရှိပါတယ်.. သူတို့တွေ သိသွားဦးတော့ ကျမ စိတ်ထဲဘာမှ မဖြစ်ပါဘူး.. ကျမကို ခင်တဲ့ သူငယ်ချင်းတွေဆို အားပေးပါတယ်.. တခါတလေ.. ကျမသိတဲ့ သူတို့ နစ် တွေနဲ့ ကွန်မန့်လေးတွေ ပေးသွားတတ်ပါတယ်.. ဂျီတော့တွေမှာ သူတို့ကတော့ ဘယ်ပိုစ့်တွေကြိုက်တယ်.. ဘာညာပြောကြပါတယ်.. အဲဒိအတွက်လဲ ကျမ ၀မ်းသာရပါတယ်.. ဒါပေမဲ့... နင့်ကိုတော့ ငါကသိနေတယ်ဟေ့.. ငါဘယ်သူလဲဆိုတာတော့ မပြောပြဘူး ဆိုပြီး.. နေတာကတော့ ခြိမ်းခြောက်ခံနေရတဲ့ ခံစားမှုမျိုးကြီးပါ.. အဲလို လူမျိုးတွေက သူတို့ ဘယ်သူလဲဆိုတာကို ကိုယ်က သိချင်လေလေ.. သူတို့က ဟုတ်လှပြီဆိုပြီး ပျော်နေလေလေပါ.. အဲဒါကြောင့်လဲ မဗေဒါ တစ်ခါမှ သူတို့ကို ဘယ်သူ ဘယ်ဝါ ဆိုတာ ပြန်မမေးခဲ့ပါဘူး.. သူတို့ပြောချင်တယ်ဆိုရင် သူ့ဟာသူပြောမှာပါ.. ဒါပေမဲ့ပေါ့လေ...... အဲဒိလူတွေကြောင့် ကျမ တချို့ရေးချင်တဲ့ ကျမအကြောင်းတွေ မရေးဖြစ်တော့ဘူး.. ကျမကို မှောင်ရိပ်ခိုပြီး စောင့် ကြည့်နေတဲ့ မျက်လုံးတွေ ရှိနေတယ်လို့ခံစားရတယ်..
အခုလိုရေးလို့.. "နင်က ဘာမို့လို့.. ငါတို့က အရေးတယူလုပ်ပြီး စောင့်ကြည့်နေရမှာလဲ" လို့ ထင်ချင်ထင်မယ်.. ကျမဘာမှ မဟုတ်ပါဘူး.. ခုရေးခဲ့တာလဲ ကျမခံစားချက်သက်သက်ပါ.. ဒီအကြောင်းကို ရေးဖို့လဲ ရေးသင့်မရေးသင့် တော်တော်စဉ်းစားရပါတယ်... ဘာလို့လဲဆိုတော့ အခုလို့.. ကျမကို သိနေပြီး ကျမက မသိတဲ့ သူတွေက ကျမအဲလိုခံစားရမယ်ဆိုတာကို မတွေးမိလို့.. မရည်ရွယ်ပဲ ဖြစ်သွားတာလဲဖြစ်နိုင်ပါတယ်.. အဲဒိ အတွက်ကြောင့် လောလောဆယ် အချိန်ထိ အဲဒိ လူတွေရဲ့ အပြစ်လဲ မဟုတ်ပြန်ပါဘူး.. ကျမရဲ့ မပြောပဲနဲ့ သိပေါ့ဆိုတဲ့ အကျင့်ကို ဖျောက်ပြီး ဒီတစ်ခါတော့ ထုတ်ပြောလိုက်မိပါပြီ... ခုလို ထုတ်ပြောတာကလဲ ကျမ ပိုစ့်တွေ ဆက်တင်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပျောက်နေတဲ့ အထဲမှာ ဒါကလဲ အချက်တစ်ချက် အနေနဲ့ ပါဝင်နေလို့ပါ... ဒီတော့ ကျမကို သိနေပြီး ကျမက ခုချိန်ထိ ဘယ်သူမှန်းမသိသေးတဲ့သူများ.. ဘယ်သူ ဘယ်ဝါများဆိုတာ.. အမြန်ဆုံးဆက်သွယ် အကြောင်းစေချင်ပါတယ်..

အဲဒါကြောင့် ခုနောက်ပိုင်း ခရီးသွားပိုစ့်ရယ်.. ရုပ်ရှင် အကြောင်းရယ်လောက်ပဲ ရေးချင်စိတ်ရှိတယ်.. ဒါပေမဲ့ အဲဒါတွေကလဲ သိပ်ပြီး လူစိတ်မ၀င်စားသလိုပဲ.. ရုပ်ရှင် အကြောင်းက ၀ါသနာတူလောက်ပဲ စိတ်ဝင်စားတာ.. ခရီးသွားပိုစ့်ကျပြန်တော့လဲ ရေးလိုက်ရင် ရှည်ရှည်သွားတယ်.. ဖတ်ရတဲ့သူက ပျင်းမှာပေါ့နော်.. ဒါပေမဲ့လဲ.. ကိုယ့်မှတ်တမ်းတစ်ခုအနေနဲ့တော့ ကိုယ့်အတွက်ကိုယ် ရေးသင့်တယ်လို့ထင်တယ်လေ..
တခါတလေကျတော့လဲ ကိုယ့်ကိုကိုယ် ပြန်သတိပေးမိပါတယ်.. ကိုယ်ဘလော့ ရေးတာဘာအတွက်လဲဆိုတာ.. ဒါပေမဲ့လဲ စာချရေးဖို့ ကိုယ့်ကိုကိုယ်ယုံကြည့်မှုမရှိတဲ့ ရောဂါက ခုတလောမှ ပိုတက်လာတယ်.. ခြောက်ကပ်ကပ်ဖြစ်နေတဲ့ ကိုယ့်ဘလော့လေးကို ကိုယ့်ဟာကိုယ်ပြန်ကြည့်တိုင်း ဘလော့စရေးတုန်းက စိတ်ဓာတ်လေးမျိုးပြန်လိုချင်တယ်.. ဘာကိုမှ ဂရုမစိုက်.. မမျှော်လင့်ပဲ.. ဘာကိုမှ စိုးရိမ်စရာမရှိပဲ ချရေးတတ်တာမျိုးလေ.. ခုကျတော့ ကိုယ့်ဘလော့ကိုလာလို့မှ စာဖတ်သူကို သူများတွေလို တစ်ခုခုပြန်မပေးနိုင်ရကောင်းလားဆိုပြီး ရေးချင်စိတ်မရှိတော့တာ...
အဓိက ကတော့ ကိုယ့်ကိုကိုယ်အားမရတာနဲ့ ကိုယ့်ကိုကိုယ် ယုံကြည့်မှု မရှိတာပဲ.. နောက်တစ်ခုကတော့ ကိုယ့်ကို အပြင်ပတ်ဝန်းကျင်က ချုပ်နှောင်ထားတဲ့ စည်းတွေကြောင့်ပေါ့...
တခါတလေတော့လဲ ဘာမှ တွေဝေ စဉ်းစားမနေပဲ ခေါင်းထဲ ရှိသမျှ.. ထင်ရာတွေပဲ ရေးပစ်လိုက်ချင်တယ်.. ၂ခါ စဉ်းစားလိုက်ရင် မရေးဖြစ်တော့လွန်းလို့... ကဲ.. ဒီတော့ ဘယ်လိုလုပ်ရပါ့.. ၂ ခါစဉ်းစားသင့်လား.. ရှိသမျှ ရင်ဘတ်ထဲ ခေါင်းထဲကဟာတွေကို ဆင်ဆာ မတင်ပဲ ရေးချသင့်သလား.......
ပျောက်နေတဲ့ ကွန်ဖိဒန့် (confidence) ကိုပဲ သတင်းစာမှာ လူပျောက်ကြော်ငြာသွားထည့်သင့်ပြီလားတော့ မသိတော့ပြီ..................
မှတ်ချက် ။ ။ ဤပိုစ့်ကို မည်သူ့ကိုမှ ထိခိုက်စေလိုသော ဆန္ဒမရှိသော်ညား ၂ခါ မစဉ်းစားတော့ပဲ စိတ်ထဲရှိရာ ရေးလိုက်သည်..
17 comments :
"ကွန်မန့်ရတယ်ဆိုတဲ့နေရာမှာတော့ တကယ်အရေးကောင်းလို့ ရတာတွေရှိသလို.. ချစ်သူ ခင်သူ မိတ်ဆွေပေါလို့ ရတဲ့သူ ဆိုပြီး ၂မျိုးရှိတယ်." ဆိုတာလေးကို ထပ်စဉ်းစားကြည့်တယ်။ Controversial ဖြစ်တဲ့ Post တွေမှာလည်း ကွန်မန့်တွေ များတာ သတိထားတယ်။ ဘလော့ရှင်နဲ့ပဲဖြစ်ဖြစ် ကွန်မန့် ရေးသွားတဲ့ တခြားသူနဲ့ပဲဖြစ်ဖြစ် အပြိုင်အဆိုင် ငြင်းခုံ ဆွေးနွေးကြတာ ဖတ်လို့တော့ အကောင်းသား။ ပွဲစည်တယ် ပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ကွန်မန့်ရတာ အတော်များများမှာတော့ ကောင်းတယ် ပြောလို့ ရတာပဲ။
အင်း.. အဲလိုမျိုးဆိုရင်လဲ ပထမ အုပ်စုထဲပဲဝင်မှာပေါ့.. ရေးတဲ့သူက သူများတွေ ငြင်းခုန်ချင်စိတ်ဖြစ်အောင်.. ငြင်းခုံနိုင်လောက်တဲ့ အကြောင်းအရာကို တင်ပြနိုင်လို့ပဲပေါ့.. ဒါဆိုလဲ သူရေးတာ နဲသည်ဖြစ်စေ.. များသည်ပဲဖြစ်စေ.. ကောင်းလို့ပေါ့.. တာယာမင်းဝေ ၀တ္တုအဆုံးတွေဆိုရင် ကျမနဲ့ ကျမသူငယ်ချင်းနဲ့ အမြဲငြင်းခုံစဉ်းစားရတယ်.. အဖြေကတစ်ယောက်တစ်မျိုး ထွက်ချင်တိုင်း ထွက်လို့ရနေတတ်လို့လေ.. အဲလိုမျိုးပေါ့.. ထင်တာပဲ..
..
Hey...
It's Good To Read....
Yr' writing is So Cute..!!!
Nice day...
Too long and boring
Thanks for reading my long and boring Post. No one force you to read. I am glad that u still write comment to attack me. Coz it show that my post still good enough to attract you to write comment. :)
ဖတ်နေရင်းနဲ့ကို ..အတွေးပွားရလို့ ကော့မဲင့် ပါ ချန်သွားပါသည်။ ဖတ်ရသူ ကျနော့်အဖို့ မြင်သာတဲ့ အရေးအသား ..ဖတ်ရတာမှာ အတွေးပွား .. စာရေးသူရဲ့ ဆန္ဒ .. ထိမိပါသည်။
မိုက်တယ် .. ။
ဆက်ရေးပါ ..sis ။
မဗေဒါဘယ်သူလဲဆိုတာ ကျနော်သိတယ်နော်… (မလန့်ပါနဲ့)… လင်းလက်မင်္ဂလာဆောင်မှာ တွေ့လိုက်တာကို ပြောမလို့ပါ။း-)
ကျနော်ဟိုတနေ့က ဆရာဖေမြင့်စာအုပ် (နာမည်တလုံးမရခင်တုန်းက ဆိုတဲ့စာအုပ်)ကို ဖတ်ရင်း တနေရာမှာ ဒီလိုရေးထားတာကို တွေ့တယ်။
စာရေးတဲ့အခါ…. ပညာရှိလိုတွေးပြီး သာမန်လူလို ရေးပါ…….တဲ့။
နောက်တချက်က……. စာရေးဆရာဖြစ်ချင်ရင် စာများများရေးပါတဲ့။
အဲဒီနှစ်ချက်လုံးကို ကျနော်တော့ သဘောကျပါတယ်။
ပညာရှိလိုတွေးဆိုတာ….ထောင့်စေ့အောင်တွေးခိုင်းတာဖြစ်မယ်လို့ ကျနော်ယူဆမိပါတယ်။ သာမန်လူလိုရေးပါဆိုတာကတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ ကိုယ့်ဆိုလိုရင်းကိုပေါ်လွင်အောင် ရေးခိုင်းတာလို့ သဘောပေါက်ပါတယ်။
စာရေးဆရာဖြစ်ချင်တာ မဖြစ်ချင်တာ အပထားလို့ ဘလော့ဂါဖြစ်ချင်ရင်လည်း စာများများတော့ မှန်မှန်ရေးသင့်တယ်ထင်တာပဲ။ စာရေးရင် အနည်းဆုံးတော့ ဦးနှောက်က တွေးရပြီကိုး။ တွေးတောတဲ့အလေ့အကျင့်လည်း ရလာနိုင်တယ်လို့ ထင်မိပါတယ်။
နောက်ပြီးတော့ ကိုယ်ရေးတဲ့စာက အကျိုးအကြောင်း ညီညွတ်နေဘို့ ၊ ယုတ္တိယုတ္တာရှိနေဘို့လည်း ကြိုးစားရတယ်။ ကိုယ့်စိတ်ထဲမှာ ရှင်းနေတဲ့အရာတခုကို ရေးနိုင်မှ စာဖတ်သူကလည်း ကိုယ်ဘာဆိုလိုသလဲဆိုတာ သိမှာဖြစ်တဲ့အတွက် တချို့အရာတွေမှာ ကိုယ့်စိတ်ထဲမှာ မရှင်းမရှင်းဖြစ်နေရင် ရှင်းလင်းအောင် အရင် ဖတ်ရှုလေ့လာရတဲ့အတွက် ဗဟုသုတလည်း တိုးပွား၊ ပညာလည်း ရနိုင်တယ်လို့ ထင်မြင်ယူဆမိပါတယ်။
အဲ… မဗေဒါရဲ့ ကွန်မင့် များချင်ပုံ များချင်နည်းကို ကျနော်လည်း သဘောတူပါတယ်။ ဒါပေမယ့် အပေါ်မှာ ကိုအင်ဒီပြောသလိုပါပဲ……. Controversial ဖြစ်တဲ့ ပို့စ်တွေမှာလည်း ကွန်မင့်များတတ်ပါတယ်။ နောက်တခုက ပေါ်ပင် လတ်တလောဖြစ်ပျက်နေတာတွေကို ကိုယ်က ဦးဦးဖျားဖျား တင်ပြတာဆိုရင်လည်း ရတတ်ပါတယ်။ (ဒါပေမယ့် အဲဒါက ကြာရင် သတင်းသမားတော့ ဆန်သွားတတ်ပါတယ်။)
နောက်တခုက သူများတွေ ဘယ်လိုမြင်မယ်ဆိုတာထက် ကိုယ်ဘယ်လိုမြင်သလဲဆိုတာကို ကိုယ့်ပိုစ်မှာ ပွင့်ပွင့်လင်းလင်း ရေးချလိုက်ရင် စာဖတ်သူက ရှုထောင့်အသစ်က မြင်ခွင့်ရသွားတတ်တာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် အများနဲ့ မတူညီတဲ့အမြင်ကဆိုရင် တခါတရံမှာ ဝေဖန်ခံရကိန်းရှိတာမို့ နည်းနည်းတော့ သတ္တိရှိဘို့ လိုမယ်ထင်ပါတယ်။
ဘာရယ်…မဟုတ်။ မဗေဒါရဲ့ ပို့စ်ကို ဖတ်ရင်း စိတ်ထဲမှာ ပေါ်လာတာကို ကွန့်မင့်အနေနဲ့ ချရေးလိုက်တာပါ။ သဘောတူချင်မှ တူပါ။
အမရေ ကျနော် လာဖတ်သွားတယ် .. အမလိုပဲ စာရေးမယ် လုပ်လိုက် သူများတွေရေးထားတာကြည့်ပီး အားငယ်လိုက်နဲ့ မရေးဖြစ်တာ များပါတယ် .. ဒါပေမဲ့ တခါတခါမှာတော့လည်း ကိုယ့်စာ ကိုယ်ရေးတာ ဘာဖြစ်ဖြစ်ဆိုပီး ရေး ဖြစ်တယ်။ ခရီးသွားပို့စ်တွေကတော့ ကျနော်လည်း ကြိုက်တယ် တော်တော်များ များလည်း ကြိုက်မယ် ထင်ပါတယ်။ ဘာလို့ဆိုတော့ ကျနော်တို့ရှင်သန်နေချိန်မှာ နေရာအစုံရောက်ဖို့ဆိုတာ မလွယ်ဖူးလေ ဒီတော့ သူများရောက်ဖူးတာတွေ လိုက်ဖတ်ရင်း ကိုယ်နဲ့ရင်းနှီးသွားမယ်ဆိုရင် မဆိုးဖူးပေါ့ ဆက်ရေးပါ အမရေ :)
ဘာမှ မတွေးပဲ ရေးသာရေး ညီမရေ ကွန်မန့်ဆိုတာမျိုးကလဲ ခက်သားလား ဥပမာ စေတန်ဂေါ့ တို့ ချမ်းမြစိုးတို့ ညီလင်းဆက် တို့ လာဖတ်သူတွေကို တစ်ခုခုတော့ပေးနေတာပဲ ဒါပေမယ့် သူတို့ ဆီမှာ ကွန်မန့်ဆိုတာ ဒီလောက် မရှိဘူး ဒါပေမယ့် ဟစ်ကတော့ အများကြီးပဲ အဲဒီတော့ ကွန်မန့်ကို သိပ်ခံစားချက် မထားပါနဲ့ ညီမရေ..
လင်းထက်
နာမည်ထားခဲ့တယ်နော် သိလား မသိဘူး ဟီး ဟီး
မဗေဒါ ဘလော့ ကို အရင်တစ်ခေါက် တည်းကရောက်ဖူးပါတယ်။ မဗေဒါက စာရေးတဲ့  talent ရှိပြီးသားဘဲ။ ရဲရဲသာ ဆက်ရေးပါဗျာ။ အနော် ဆိုရေးတာဘဲ။ ရေးဖို့ က အဓိက ဘဲလေ။ :)
http://shwedream.com/society/Personal--Life/%E1%80%80%E1%80%BA%E1%80%99%E1%80%E1%80%B2%E1%82-%E1%80%B1%E1%80%95%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%86%E1%80%B6%E1%80%AF%E1%80%B8%E1%80%B1%E1%80%E1%80%B1%E1%80%9E%E1%80%AC-confidence/
မဗေဒါ shwedream သွားကလိရင်းနဲ့ရောက်လာပါတယ။် ဟုတ်တယ် မဗေဒါ အခုတလောငြိမ်တယ်။ မဗေဒါ ကိုလာဖတ်နေတာ ကြာပါပြီ။ Manama font ဖတ်မရသူတွေ အတွက် box ကလေးတောင်ထည့်ပေးထားတယ်။ထင်တယ။် အဲဒီတုံးက တို့ခဏခဏ လာပြီး paste လုပ်တယ်။ နောက်ပိုင်း မတွေ့ရတော့ဘူး။
မဗေဒါ တွေးတာတွေ မှန်ပါတယ်။ တို့မှာ ကွန်မက်များတာ ခင်သူပေါလို့ထင်ပါတယ်။ တို့တောင် ရေးထားသေးတယ။် တို့ကွန်မက်တွေ သွားပေးလွန်းလို့ အပြန်အလှန်လာပေးနေကြတာထင်တယ် အားငယ်လိုက်တာလို့တောင်ပြောဘူးတယ်။
တစ်ခါတလေ ရေးစရာအတွေးတွေ ရ. သို့သော်လည်း မဗေဒါပြောသလိုဘဲ လက်က တွန့်တွန့်နေတယယ် တို့ဆီမှာ anomonyous တော့သိတ်မများဘူး။
တို့ကတော့ တို့ဘယ်သူလဲ ဆိုတာ ကို hide ချင်တဲ့ ဆန္ဒလေး ရှိပါတယ။် ကိုယ်က ဘလော့မှာ ပေါလွန်း အားကြီးတော့ အပြင်မှာ တွေ့ရင် ဟာ ဒီအစ်မပေါ့ သိတ်ပေါတာ လို့များ အကြည့်ခံရရင် ဆိုပြီး ရှက်လို့။ အဲလိုဆိုရင်ဘလော့မှာ မပေါဘဲ နေပါလား ဆိုတော့လဲ မနေနိုင်။
ကွန်မက်နည်းပေမဲ့လည်း တစ်ကယ် ပေးချင်လို့ပေးသွားတဲ့ကွန်မက်လေးတွေမို့လို့ အားရှိသင့်ပါတယ်။ hit တွေတက်ရင် မဆိုးပါဘူးလေ. ဒါပေမဲ့ တို့ဆီမှာ ဆိုရင် ကိုယ့် hit နဲ့တင် အတော်တက်မှာပါ။
အမည်မဖော်လို သူပါဆိုမှ အစကတည်းက အမည်မဖော်လိုသူမို့လို့ပေါ့ညီမရယ်။ တောင်းဆိုလဲ ရမှာ မဟုတ်။ ဒါပေမဲ့ ကိုယ် ကတော့ကိုယ့်လမ်းကို ကိုယ်ဆက်လျှောက်ပါ။ မှန်မှန်လျောက်နေတာဘဲ။ လမ်းကြောင်းလဲ မှားတာမဟုတ်. ရဲရဲသာ ဆက်လျောက်စေချင်ပါတယ။်
ချစ်ခင်စွဖြင့်
Mr.SilverMoon ရေ ခုလို အားပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်..
ကိုပေါရေ.. မဗေဒါလဲ ကိုပေါ ဘယ်သူလဲဆိုတာကို သိပါတယ်.. အဟီး.. လင်းလက်မင်္ဂလာဆောင်မှာ မြင်ဖူးလိုက်တာပါပဲ.. ကိုပေါပြောခဲ့တာတွေကို လက်ခံပါတယ်.. မဗေဒါလဲ စာရေးဆရာတစ်ယောက်ဖြစ်ဖို့ အထိတော့ မမှန်းပါဘူး.. ရိုးရိုး ကိုယ်စိတ်ဝင်စားတာကို စိတ်ထွက်ပေါက်အနေနဲ့ အပျော်ရေးတဲ့ ဘလော့ဂါလောက်ပါပဲ.. အကိုပြောသလို ဘလော့ဂါဖြစ်ဖို့ စာများများရေးရမယ်ဆိုရင်တော့ နောက်ဆို ရောက်လာတာတွေကို ရေးဖြစ်အောင် ကြိုးစားပါ့မယ်.. ကွန်မန့်များချင်လို့ အငြင်းအခုံပိုစ့်မျိုးတို့.. နောက်ဆုံးပေါ် ပေါ်ပင်သတင်းတို့ တင်နိုင်တာလဲ အရည်အချင်းတစ်မျိုးပါပဲ.. ဒါပေမဲ့ မဗေဒါမှာတော့ အဲဒိ အရည်အချင်းမရှိဘူးထင်တယ်..
သူများတွေနဲ့ အမြင်မတူလို့ ဝေဖန်ခံရတာတွေကိုတော့ သတ္တိရှိအောင် ကြိုးစားပါ့မယ်.. ကိုယ်ကသာ ဝေဖန်နေတာ.. ကိုယ့်လာ ဝေဖန်တော့ သိပ်မကြိုက်ချင်လှဘူး.. မဗေဒါက မရင့်ကျက်သေးဘူးလေ.. ဒီတော့ တခါတလေ အပြောအဆိုဆင်ချင်သင့်တယ်ဆိုပြီး မရေးရင်း မရေးရင်းက မရေးဖြစ်တော့တာပဲ.. အကြံဥာဏ်အတွက် ကျေးဇူးပါ...
မိုးသောက်ယံ ရေ.. ခရီးသွားပိုစ့်တွေကို ခုလို အားပေးတဲ့ အတွက် ဆက်ရေးဖို့ တကယ်ကို အားရှိသွားပြီ.. ကျေးဇူးပါ.. ဒီလအတွက် ၁ပုဒ်ရေးရအုံးမယ်...
ကိုလင်းထက်ဆိုတာ အသားညိုညို မျက်မှန်နဲ့ ခန့်ခန့်ကြီးသဘောကောင်းကောင်းပုံနဲ့ သရဲအကြောင်းတွေ အဖောကောင်းတဲ့ အကိုကြီးလား.. အဟီး.. ကိုလင်းထက်ကို မမြင်ဘူးပင်မဲ့ မျက်လုံးထဲ ပေါ်တဲ့ ပုံပြောတာ...
မောင်bee ဟုတ်ပါပြီ.. အားရှိသွားပြီ.. ကြိုးစားပါ့မယ်..
မခင်ဦးမေရေ.. ပိုစ့်ကို ခုလို သေသေချာချာဖတ်ပြီး.. သေသေချာချာ ကွန်မန့်လာပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်.. အမရယ်.. ကိုယ်က ပျော်ပျော်နေတတ်တာပဲ.. ပျော်ပျော်နေတတ်တဲ့သူကို လူတိုင်းခင်ပါတယ်.. မစိုးရိမ်ပါနဲ့.. မဗေဒါကို လမ်းတွေ့ရင်တော့ နှုတ်ဆက်လိုက်နော်.. အမပြောတဲ့ myanmar font generator လေး ပြန်လုပ်ပေးထားပါ့မယ်.. ဟိုတစ်လောက template ပြဿနာတက်ပြီးထဲက ပြန်မလုပ်ဖြစ်တော့တာ.. ကျေးဇူးနော်..
မဗေဒါ.. မနေ့ကတည်းက ဖတ်ပြီး ဘာပြောရမှန်းမသိလို့ ပြန်လှည့်သွားတာ
မဗေဒါက အရေးအသားကောင်းပါတယ်။ ကြိုက်တယ်။ အားမငယ်ပါနဲ့ ညီမထက်စာရင် အများကြီးကောင်းပါတယ်း)
ကွန်းမန့်များများလိုချင်တဲ့ လောဘ၊ စာဖတ်သူကို အများကြီးပေးချင်တဲ့လောဘလေးတွေ လျှော့ကြည့်ပါလား..
မတောက်တခေါက်နဲ့ ဆရာလုပ်ကြည့်တာပါ
တီပီ သင်္ကြန်လာမယ်... သုံရောင်ခြယ်ကပဲဝယ်လိုက်မယ်
မဗေဒါကို မသိဘူး၊ အပြင်မှာတော့ တွေ့ဖူးချင်သား...
နာလည်း တူတူပဲ။ ယုံကြည်ချက်ပျောက်နေတာကြာပေါ့။ ကိုယ့်ကိုကိုယ်တောင် မနည်းအားပေးနေရတယ်။ ဟင့် ဟင့်။ နင့်ကို အားမပေးနိုင်တာ ဆောရီး။
မင်္ဂလာပါ
ဝတ္ထုတိုတွေထပ်ရေးပါအုံး
မောင်မော ဘယ် ကလဲ ဆိုတာ သိလား မဗေဒါ.?
Post a Comment