Friday, March 04, 2016

Park Hae Jin ဇာတ်ကားသစ်နဲ့ ချက်ချင်းပြန်လာပြီ


Cheese in the Trap ဇာတ်ကားနောက်ကွယ်က ကိစ္စတွေနဲ့ပတ်သတ်ပြီး ပရိတ်သတ်ရဲ့ သနားခြင်းနဲ့ အားပေးခြင်းကို လက်တလောမှာ ရရှိနေတဲ့ Park Hae Jin တစ်ယောက် မနားတမ်းပဲ နောက်ထပ် ဇာတ်လမ်းတွဲတစ်ခုကို ရိုက်ဖို့ လက်ခံလိုက်ပါပြီ။ ဇာတ်ကားနာမည်က လတ်တလောမှာ Man to Man လို့ အမည်ပေးထားပါပြီး JTBC က ထုတ်လွှင့်မှာဖြစ်ပါတယ်။ တခြား သရုပ်ဆောင်တွေ ဘယ်သူဖြစ်မလဲ မသိသေးပါဘူး။ ဇာတ်လမ်းက လောလောဆယ်မှာတော့ သူက နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ရဲ့ ကိုယ်ရံတော်အဖြစ် သရုပ်ဆောင်ရမှာပါ။ (ကိုယ်ရံတော်ဝတ်စုံ ကျော့ကျော့ကော့ကော့လေးနဲ့ ကြည့်ကောင်းမှာ)။ အားလုံးက ကိုယ်ရံတော်နဲ့ ရုပ်ရှင်သရုပ်ဆောင်ဆိုရင် တခြားကားတွေလို့ပဲ သူ့စောင့်ရှောက်ရတဲ့ မင်းသမီးနဲ့ ပြန်ကြိုက်တဲ့ ဇာတ်လမ်းလို့ထင်ချင်စရာပါ။ ဒါပေမဲ့ ဇာတ်ကားနာမည်က Man to Man ဆိုတော့ သူစောင့်ရှောက်ရတဲ့ သူက ရုပ်ရှင်မင်းသားဖြစ်ပြီး Bromance ကို ဦးစားပေးဖို့များမယ်လို့ မီဒီယာတွေက ယူဆကြပါတယ်။ Bromance ဆိုရင်တော့ ကိုယ့်အကြိုက်ပါပဲ။ (အခြောက်ကားတော့ မဟုတ်လောက်ပါဘူး။ အခြောက်ကားဆိုလဲ ကောင်းရင် ကြည့်မှာပဲ)

လတ်တလော Cheese in the trap ဇာတ်ကားမှာ မတရာဆက်ဆံခံခဲ့ရတယ်လို့ နာမည်ထွက်နေတဲ့ မင်းသား Park Hae Jin ကို ပရိတ်သတ်နဲ့ အများပြည်သူတွေရဲ့ ဂရုနာပိုနေချိန်ဖြစ်ပြီး မင်းသားဘက်ကနေ အပြည့်အဝကာကွယ် ရပ်တည်မှုတွေ ရှိနေပါတယ်။ ဒီဇာတ်ကားသစ် Man to man မှာ သူ့ရဲ့ ပါဝင်မှုကို အရင်ကထက် ပိုစိတ်ဝင်စားနေကြတဲ့အတွက် သူ့ရဲ့ ဇာတ်ကားသစ်မှာ ပရိတ်သတ်ရဲ့ အချစ်တွေကို သိမ်းကြုံးရယူဖို့ အခွင့်အရေးတစ်ခုပါပဲ။
Man to Man ကို ဒီနှစ်ကုန်ပိုင်းလောက် ပြဖို့ ယာထားပါတယ်။ (ခုမှ လူရှာနေတုန်းဆိုတော့ တော်တော်စောင့်ရအုံးမယ်)။
Source: Osen

3 comments :

Anonymous said...

သူကဒရာမာတွေမှာ ဒီကားမတိုင်ခင်ထိက ပထမ မင်းသား မဟုတ်တော့ လုပ်လို့ရမလားဆိုပြီးလုပ်တာ မထင်မှတ်ထားပဲ ဖန်တွေအရမ်းအားပေးကြမှ အခက်တွေ့ကုန်တာနေမယ်
ဒီတခါတော့ သူ့ကို မတရားလုပ်ရဲမယ်မထင်ပါ
မန်းတူမန်းမှာတော့ မင်းသားလုပ်မဲ့တယောက်ကလည်း ခပ်ချောချောထဲကပဲဖြစ်ဖို့များမှာဆိုတော့ ကိုယ်တွေအတွက်က မနစ်နာပါဘူးလေ

Marketplace said...

မင်္ဂလာပါ

mabaydar said...

အဲလိုလဲ ဖြစ်နိုင်တယ်။ တချို့ကပြောတော့ သူက အမြဲတမ်းအေးဆေးပဲ နေတတ်တဲ့မင်းသားဆိုတော့ ခုလိုလုပ်လဲ ဘာမှ မပြောလောက်ပါဘူးထင်ပြီး လုပ်လိုက်တာဖြစ်နိုင်တယ်တဲ့။ ဒါပေမဲ့ တချို့တွေကျတော့လဲ သူက Real life Yoo Jung အစစ်ဖြစ်မယ်တဲ့။ သူ့ကို လူတွေအားလုံးက သနားပြီး သူ့ဘက်က ရပ်တည်အောင် တမင်လုပ်တာဖြစ်မှာတဲ့။ မသိပါဘူး။ သူ့ဟာသူ Real life Yoo Jung ဖြစ်လဲ ကြိုက်မှာပဲ။ Yoo Jung က သူ့ကိုဘာမှ လာမလုပ်ရင် သူလဲ ဘာမှ ပြန်မလုပ်ဘူး။ ခု သူ့ကို အနိုင်ကျင့်ခံရတာ ဒီရုပ်ရှင်ကြီးက သက်သေပဲဟာ။ Looking forward to Man to Man.