Wednesday, March 02, 2016

Yoo Jung Sunbae, We Love YOU!

မရေးပဲ နေမလို့ပဲ ခုတော့ Park Hae Jin ကို တမင်အနိုင်ကျင့်တယ်ထင်လို့ ဒရမ်မာလမ်းက စာဖတ်သူတွေသိအောင် ပြောပြရမယ်။

ဘာရှိမလဲ Cheese in the Trap ဇာတ်ကားပေါ့။ ကြည့်နေတဲ့ ပရိတ်သတ်တွေ ရိပ်မိကြလားတော့ မသိဘူး။ မင်းသားအခန်းက ပထမ မင်းသားသာဆိုတယ် အလည်လောက်ကစပြီး နည်းလာတာ အရမ်းပဲလေ။ သူ့ကို intern ဆင်းတယ်ဆိုပြီး ကျောင်းမှာမရှိတော့ဘူးဆိုပြီး နည်းနည်းလာတာ။ ဒုမင်းသားအခန်းတွေကတောင် များသေးတယ်။ ဇာတ်လမ်းအဆုံးခန်းတွေမှာဆိုရင် မင်းသားပြောရမဲ့ စာသားတွေကိုတောင် လျော့ချပစ်ခဲ့တယ်လို့ ကြားတယ်။



Koreaboo ရဲ့ ဆောင်းပါးကို ဘာသာပြန်ပေးမယ်နော်။
Cheese In the Trap ထုတ်လုပ်သူများအား မင်းသား Park Hae Jin နှင့် မူရင်း Webtoon ရေးဆရာကို မလေးမစားပြုလုပ်ဟု စွပ်စွဲခံရ

tVN’s ကပြတဲ့ Cheese in the Trap ဇာတ်ကားဟာ ပြပြချင်းမှာတင် ပရိတ်သတ်အသည်းစွဲကားတစ်ကားဖြစ်ခဲ့သော်လဲ ဇာတ်ကား ထုတ်လုပ်သူ အဖွဲ့ကတော့ လတ်တလောမှာ မင်းသား Park Hae Jin နဲ့ မူရင်း Webtoon ရေးဆရာ Sunkki တို့ကို မလေးမစား ဆက်ဆံတယ်လို့ ပြင်းပြင်ထန်းထန်စွပ်စွဲခံရပါတယ်။

အစပိုင်းမှာတော့ ပရိတ်သတ်တွေဟာ ဇာတ်လမ်းရဲ့ အရည်အသွေးကို ကျေနပ်သဘောကျခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဇာတ်အိမ်မြင့်လာတာနဲ့အမျှ Webtoon ဖတ်ဖူးတဲ့ ပရိတ်သတ်တွေက ဒီဇာတ်လမ်းဟာ မူရင်း ကာတွန်းနဲ့ အတော်လေးကို လွဲနေတယ်ဆိုတာကို သတိပြုမိခဲ့ကြပါတယ်။ တချို့သတင်းတွေအရ ဇာတ်ကားထုတ်လုပ်ရေးအဖွဲ့က မူရင်း Webtoon စာရေးဆရာ Sunkki ရဲ့ သူ့မူရင်း ဇာတ်လမ်းဇာတ်သိမ်းကို မဖြတ်စီးဖို့ တောင်းဆိုမှုကို ပေါ်ပေါ်တင်တင် ဂရုမစိုက်ပဲ ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒိထက်ဆိုးတာက မင်းသား Park Hae Jin ပြောရမဲ့ စကားပြောတွေကိုလဲ ရိုက်ပြီးထားရဲ့သားနဲ့ ဖြတ်တောက်ပြစ်ခဲ့ပြီး မင်းသားကိုလဲ ဇာတ်ကားအပြီး ပါဝင်သူတွေကို ဆုချတဲ့အနေနဲ့ လိုက်ပို့ပေးတဲ့ ခရီးစဉ်ရှိတယ်ဆိုတာကို အကြောင်းမကြားခဲ့ပါဘူးဆိုတာကို Netizens တွေ ပြန်ကြားတဲ့အခါ အလွန်အမင်း စိတ်ဆိုးခဲ့ကြပါတယ်။ ဒီလိုသတင်းကို ကြားအပြီးမှာ Netizens များစွာဟာ ဇာတ်ကားထုတ်လုပ်ရိုက်ကူးရေးအဖွဲ့ကို မင်းသားနဲ့ မူရင်း Webtoon ဆရာကို မလေးမစားပြုမှုကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းများပြုလုပ်ခဲ့ပါတယ်။


Netizens တချို့ရဲ့ ကွန်မန့်တွေကတော့…

“အဖွဲ့သားများသို့။ ။ Park Hae Jin ကို ဒီဇာတ်ကားအတွက် ရွေးလိုက်တယ်ဆိုတုန်းက အရမ်းပျော်လွန်းလို့ ထ က ခဲ့မိတယ်။ Kim Go Eun နဲ့ Seo Kang Joon ကို ထည့်မယ်ဆိုတော့ Pare Hae Jin မပါလောက်တော့ဘူးလို့ ထင်ခဲ့ပေမဲ့ ထုတ်လုပ်ရေးအဖွဲ့သားတွေက မူရင်းဇာတ်လမ်းအတိုင်းရိုက်ခဲ့တဲ့အပြင် သရုပ်ဆောင်တွေအားလုံးကလဲ ကောင်းကြတယ်။ ဒါပေမဲ့ ဇာတ်လမ်း အလည်လောက်ကစပြီး Baek In Ho ဇာတ်ကောင်ကို အရမ်း ဦးစားပေးလာတယ်။ ပြောရမဲ့ စကားတွေက ပြောင်းလာပြီး သူ့ဇာတ်ကောင်က ဇာတ်လမ်းမှာ အထင်ကရ အရမ်းဖြစ်လာတယ်။ နောက်ပိုင်း ပိုပြီး စုတ်ပျက်လာတယ်။ Park Hae Jin ကတော့ သူ့တတ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့တယ်။ နောက်ဆို ဒီထုတ်လုပ်ရေးက ရိုက်တဲ့ ကားတွေ ဘယ်တော့မှ မကြည့်တော့ဘူးလို့ ငါရဲရဲပြောရဲတယ်။”

နောက်တစ်ယောက်က… “ဒီဇာတ်ကောင်ကို Park Hae Jin လက်ခံဖို့ ထုတ်လုပ်သူအဖွဲ့တွေ အတော်လေး တောင်းပန်ကြိုးစားခဲ့ရတယ်ဆိုတာ ငါတို့ အားလုံးသိတယ်။ အဲ့ဒါကြောင့် ခုလို လက်စားပြန်ချေကြတာလား? သူ့ဇာတ်ကောင်က တဖြည်းဖြည်း မှေးမှိန်လာပြီး သူ့ရိုက်ပြီးသား အခန်းတွေကိုတောင် ပြန် ဖျက်ပြစ်တယ်။ သူ့ဇာတ်ကောင်ကို အရူးတစ်ယောက်လို ဖြစ်အောင် လမ်းကြောင်းပို့လိုက်တယ်။ ဇာတ်ကားရိုက်ပြီးတဲ့နေ့ After party အတွက် အဲ့ဒိနေ့ကျမှ နောက်ဆုံးအချိန်ကျမှ လာပြောတယ်။ အဖွဲ့သားတွေအားလုံး ခရီးသွားရမဲ့အကြောင်းဆိုရင် သိတောင် မသိခဲ့ဘူး။ ဒီလိုအပြုအမူမျိုး Park Hae Jin မရသင့်ဘူး။ ဒီလို ထုတ်လုပ်သူအဖွဲ့နဲ့ Park Hae Jin နဲ့ မတန်ဘူး။”
Source: http://www.koreaboo.com/trending/these-4-female-k-pop-idols-are-living-proof-that-monolids-can-be-beautiful-too/

ဟုတ်ပါ့။ စဉ်းစားလေ။ သတင်းတွေဖတ်လေ စိတ်တိုလေပါပဲ။ ဒီကားကို တကယ်တန်းစကြည့်ဖြစ်တာ Park Hae Jin ကြောင့်ပါ။ ဇာတ်လမ်းကြောအရလဲ ဒီဇာတ်လမ်းဟာ Yoo Jung နဲ့ Seol ရဲ့ ချစ်ဇာတ်လမ်းပါ။ အမှန်ဆို Baek In Ho အတွက် ချစ်ဇာတ်လမ်းမှာ နေရာတောင် သိပ်မရှိပါဘူး။ ဘာလို့လဲဆိုတော့ အပြိုင်လုတာတောင်မဟုတ်ဘူးလေ။ ကား အပိုင်း ၃ကတည်းက မင်းသားနဲ့ မင်းသမီးက စုံတွဲပဲ။ ဒုတိယမင်းသားကို မမုန်းပါဘူး။ ဒါပေမဲ့ ဇာတ်လမ်းအရ သူ့ဇာတ်ကောင် အဲ့လောက် အထင်ကရ ထားစရာမလိုဘူး။ ဒါရိုက်တာက အမျိုးသမီးလို့ကြားတယ်။ Seo Kang Jun ကိုများ ကြိတ်ကြိုက်နေလားမသိ။ (ဟွန်း… မကျေနပ်လို့ စွပ်စွဲသည်။ အမှန်မဟုတ်)။

ဇာတ်လမ်း ဇာတ်သိမ်းကို မကြိုက်တာမဟုတ်ဘူး။ ဇာတ်သိမ်းမှာ သူတို့ ၂ယောက် ပြန်ညားတဲ့အဓိပ္ပါယ်ပါပဲ။ ဒါပေမဲ့ အဲ့ဒါကို တင်ဆက်ပုံ မကြိုက်တာ။ မင်းသားအခန်းတွေကို ဖြတ်ချင်တာများ ပြန်တွေ့တဲ့အခန်းတောင် လူကောင်လုံးမပြချင်ဘူး။ ဖုန်းလေးနဲ့ voice massage ထားပြီး လှန်းခေါ်တဲ့ပုံမျိုးလုပ်ထားတယ်။ သူတို့ဖာသာ သူတို့ မင်းသားကို personally ကြည့်မရဘူးထားအုံး။ ကြည့်နေတဲ့ ပရိတ်သတ်ကိုတော့ လေးစားသင့်ပါတယ်။ မင်းသားလဲ ရိုက်နေတုန်းက သူ့ဇာတ်ကောင်ကို ခုလို လျော့ချလိုက်တာတွေအတွက် ဘယ်လောက် စိတ်အနှောက်အယှက်ဖြစ် ခံစားရမလဲ။ ဥပမာ office politic play သလိုပေါ့။ ရုံးမှာ ဝိုင်းအနိုင်ကျင့်ကြတာ။ သူ့ခမျာ အောက်သက်သက်နဲ့ သရုပ်ဆောင်နေရတာနေမှာ။ ဘယ်နှဲ့ Park Hae Jin က ချိုင်းနားမှာ အရမ်းနာမည်ကြီးလို့ ချိုင်းနားက အဲ့ကားကို airing မပြီးခင်တောင် သူတို့ဆီမှာပြဖို့ ဝယ်သတဲ့။ Park Hae Jin ကြောင့် သူတို့ ပိုက်ဆံရပြီး မင်းသားကိုကျတော့ အနိုင်ကျင့်ကြတယ်။ စိတ်တိုတာ ဘယ်လိုစကားလုံးနဲ့တောင် ပြောရမလဲ မသိဘူး။ နေမထိထိုင်မသာပဲ။
ဟိုနေ့က Seo Kung Joon စလုံးလာတုန်းက သူက “Yoo Jung Sunbae ကိုချည်း အားမပေးကြပဲ။ သူ့ဇာတ်ကောင် Baek In Ho ကိုလဲ အားပေးကြပါလို့ ပရိတ်သတ်ကိုပြောချင်ပါတယ်” ဆိုတုန်းက သူ့ကို သွားကြည့်ရင်း ကိုယ်နည်းနည်း အပြစ်ရှိသလိုခံစားသွားရတာ။ ခုတော့ Sorry ပါ။ Yoo Jung ကို ဝိုင်းအနိုင်ကျင့်ကြလို့ (ဒုမင်းသားနဲ့ ဘာမှ မဆိုင်ပေမဲ့လဲ) Yoo Jung ဇာတ်ကောင်ကို အားပေးဖို့ ပိုလိုအပ်လို့။ Park Hae Jin ကို အဆပေါင်းများစွာ ပိုကြိုက်လို့။ Yoo Jung ကိုပဲ ၁၀၀ ရာခိုင်နှုန်းအားပေးပါမယ်။ ဒါပါပဲ။

Don't be Sad, Sunbae. Because we love you and You have me.

5 comments :

Anonymous said...

၁၀၀% သဘူတောပါကြောင်း

Anonymous said...

အဲလိုကြီးလား အပိုင်းတစ် ကြည့်သေးတယ် ကြည့်ရင်းကြည့်ရင်း မင်းသမီး မျက်နှာပုံပန်းက Baker King မင်းသား Kim Takgu နဲ့တူတူလာလို့ ကြည့်လိုက် အလုပ်ရှုပ်လိုက် အကြောင်းအမျိုးမျိုးကြောင့် ရပ်လိုက်နဲ့ဆက်မကြည့်ဖြစ်တော့ ပဲထားထားတာ။ နောက်မှပဲဆက်ကြည့်တော့မယ်။

Yum

Anonymous said...

ပရိတ်သတ်တွေကို ထုတ်လုပ်တဲ့သူ နဲ့ဒါရိုက်တာက misleadingလုပ်တာ
ကားအစမှာ မင်းသားနဲ့ မင်းသမီး အရမ်းတွေchemistryရှိတာများ ကိုယ်တောင်ရင်ခုန်တယ်
အဲ့လိုနဲ့ နာမည်လဲကြီးရော အစတည်းက ဇာတ်ပို့နေရာမှာ နေရမဲ့သူတွေကို မင်းသားအစားနေရာပေးတယ်

mabaydar said...

@Annonymous - သဘူတောတယ်ဆိုတာဖတ်ပြီး ခွိခနဲ ရီမိသွားတယ်။

@Yum - Park Hae Jin လေးကို အားပေးပါ။ သူ့ကိုအားမပေးသူများ နိုင်ငံထဲက ထွက်သွား။ (လတ်တလော့ ဖေ့ဘွတ်မှာ ခေတ်စားနေတဲ့ စကားလေးသုံးပြစေ)

@Annonymous - ဘာလို့ အဲ့လိုလုပ်သလဲ နားကို မလည်နိုင်တာ။ တကယ်ပဲ။ ဇာတ်လမ်းအရလဲ Baek In Ho က အဲ့လောက်ကြီး အထင်ကရ ဖြစ်စရာကိုမလိုတာ။ ပရိတ်သတ်အားပေးမှုအရလဲ Yoo Jung ကို အဲ့လောက် Cut off လုပ်စရာမလိုဘူး။ Sung Chul တောင် မင်းသားထက် ပိုပါသလိုဖြစ်နေတယ်။ ပြီးတော့ Sung Chul က Seol ကို တွန်းလိုက်တဲ့ အခန်းမှာလဲ ကာတွန်းမှာ တကယ်တန်းက မင်းသားနဲ့ တွေ့တာတဲ့။ ခု ရုပ်ရှင်ကျတော့ Baek In ho နဲ့ တွေ့တာဖြစ်နေတယ်။ ဘာအညိုးတွေနဲ့များ Hae Jin Oppa ကို ရက်စက်ကြတာလဲ မသိဘူး။

Anonymous said...

(Inho looks on as Jung is asking Sul if she's hurt anywhere, but Sul is freaking out asking if he hit his head. She then notices his hurt hand and panics, repeating his name, but Jung is staring at Sangchul. "Why would you do that to Sul?" he tightens his grip, "There's a degree to everything, why...why can't you moderately..." Sul immediately covers jung's angry eyes, glancing back at Sangchul (pretty much saving his ass at the moment). She remembers how Jung brutally beat up the Panty Thief guy and how scared and disturbed she was by his look. Sangchul starts stuttering "jjjung, you ok? that's why you shouldn't have...ah shi... sorry, y..you didn't get hurt alot, right?" at which Jung flinches. Jung tells Sul to let go (of his eyes)(freaking out sangchul) but Sul stops him, and I think looking at helps subside him.
Jung's hand starts to bleed, Sul wants to take him to the hospital. Sangchul panicky tries to interject concern and help, but Sul's like "later!" (this isn't the time for you). kyun hawn and Jae come over, and bora euntaek join in the freak out and rebuke on Sangchul. Bora lashes out on sangchul but euntaek drags her away from sangchul (in case he reacts the same way he did with sul?) and basically Sangchul looks on Sul and Jung walking away, thinking "I'm fu**ed".)
ဖိုရမ်မှာဖတ်တုန်းကနားမလည်ဘူး ဘာဖြစ်တာလဲလို့ ခုမဗေဒါပြောမှ ဆက်စပ်မိတယ်