Monday, March 07, 2016

Descendants of the Sun ရိုက်ကွင်းနေရာများ


Behind the scene

ခုပြသနေတဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ရဲ့ Descendants of the Sun ဇာတ်ကားကို ကြည့်ရင်း မဗေဒါလို ခရီးသွား ဝါသနာအိုးအတွက် အဲ့ဒါဘယ်နေရာတွေမှာ ရိုက်တာလဲဆိုတဲ့ သိချင်စိတ်ကို တားမရခဲ့ဘူး။ ဒရမ်မာချစ်ပရိတ်တွေရော အဲ့လို သိချင်စိတ် မဖြစ်မိဘူးလားဟင်? ရုပ်ရှင်ဇာတ်လမ်းအရ သူတို့ဟာ အရှေ့အလည်ပိုင်းနိုင်ငံထဲက စိတ်ကူးယဉ်နိုင်ငံ Uruk မှာတာဝန်ထမ်းဆောင်တယ်လို့ ကြည့်ရပေမဲ့ တကယ်တန်း သူတို့ရုပ်ရှင်ရိုက်တဲ့ နေရာကတော့ ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ ဂရိနိုင်ငံမှာပါ။ ဂရိက Zakynthos, Archova နဲ့ Lemnos ဆိုတဲ့ ကမ်းခြေတွေနဲ့ မြို့တွေမှာရိုက်တာပါ။ ဒီဇာတ်ကားရဲ့ ၈၀ ရာခိုင်နှုန်းက ကိုရီးယားပြင်ပမှာ ရိုက်တာဖြစ်တဲ့အတွက် တခြားကားတွေလို အရှေ့ပိုင်းပြနေတုန်း အနောက်ပိုင်းတွေ ရိုက်နေတာ မဟုတ်ပဲ။ တစ်ကားလုံး အပြီးအစီးသေချာရိုက်ပြီးမှ ထုတ်လွှင့်တာဖြစ်ပါတယ်။ ဒီဇာတ်ကားကို မထုတ်လွှင့်မှီကတည်းက ပရိတ်သတ်တွေကို စိတ်ဝင်စားမှုတွေ မြင့်မားအောင် ရုပ်ရှင်အဖွဲ့သားတွေက လှို့ဝှက်ရိုက်ခဲ့ကြပေမဲ့။ ဂရိက သတင်းဋ္ဌာနတစ်ချို့နဲ့ အဲ့ဒိက ဘလော့ဂါတစ်ချို့က ရိုက်ကွင်းတွေအကြောင်းကို တင်ခဲ့ကြလို့ တစ်ချို့က ကြိုသိနေခဲ့ပါတယ်။

Zakynthos ကျွန်း (သင်္ဘောပျက်ကမ်းခြေ ခေါ် Navagio Beach)

Scene from Episode 3

Map showing Ionian Sea Islands in Greece

Zakynthos ကျွန်းက ဂရိနိုင်ငံရဲ့ အနောက်ဘက်ခြမ်း Ionian Sea ထဲမှာရှိတာပါ။ ဂရိဆိုရင် အရင်က ကျွန်မသိထားတာ Aegean Sea ဘက်က Santorini တို့ Mykonos တို့လောက်ပါပဲ။ အဲ့ဒိ အနောက်ဘက် Ionian ပင်လယ်ထဲက အဓိက ကျွန်း ၆ကျွန်းရှိတယ်ဆိုပါတယ်။ ဝီကီအရ အောက်က ၆ကျွန်းပါ။

၁) Kerkyra (Κέρκυρα) usually known as Corfu in English and Corfù in Italian
၂) Paxi (Παξοί) also known as Paxos in English
၃) Lefkada (Λευκάδα) also known as Lefkas in English
၄) Ithaki (Ιθάκη) usually known as Ithaca in English
၅) Kefalonia (Κεφαλλονιά) often known as Kefalonia, Cephalonia and Kefallinia in English
၆) Zakynthos (Ζάκυνθος) sometimes known as Zante in English and Italian

They are having fun behind the scene of Descendants of the Sun

With the background of Crystal clear blue water in Ionian Sea

ရုပ်ရှင်ထဲက Zakynthos ကျွန်းဟာ သူ့ရဲ့ လှပတဲ့ တောင်နံရံတွေ၊ ဂူတွေ၊ ပြာလဲကြည်လင်နေတဲ့ ပင်လယ်ကမ်းခြေကြောင့် လူသိများနာမည်ကြီးတယ်လို့ဆိုပါတယ်။ 1980 လောက်က အရက်တွေ၊ ဆေးလိပ်တွေ ခိုးသွင်းတဲ့ သင်္ဘောတစ်စီးမှောက်ပြီး အဲ့ဒိ ကမ်းခြေပေါ်ရောက်ခဲ့တာကို အကြောင်းပြုပြီး Navagio ကမ်းခြေ (သင်္ဘောပျက် ကမ်းခြေ) လို့ ခေါ်တွင်ကြပါတယ်။ ကိုရီးယား သတင်းဋ္ဌာနတစ်ခုအရ စာရေးဆရာ Kim Kun Sook ဟာ အဲ့ဒိ ကမ်းခြေကို သွားရောက်လည်ပတ်ခဲ့ပြီးနောက် လှပပြီးပုံထွက်အလွန်ကောင်းတဲ့ ရှုခင်းတွေကို အရမ်းနှစ်သက်ခဲ့လို့ ဒီဇာတ်ကားအတွက် နေရာအဖြစ် ရွေးခဲ့တယ်ဆိုပါတယ်။ ဒီဇာတ်ကားရိုက်ဖို့ Zakynthos မြို့တော်ဝန် Pavlos Kolokotsas ရဲ့ ရုပ်ရှင်အဖွဲ့သားတွေအပေါ် ပါဝင်ထောက်ပံ့ပေးမှုတွေ အများကြီးရရှိခဲ့တယ်ဆိုပါတယ်။

He is helping her to block the Sun (So sweet)

Song Joong Ki wrote (Joong Ki loves Kwan Soo to show his friendship with Lee Kwang Soo of Running man) at Navagio Beach, shipwreck

A nice view of Navagio beach

With full of visitors

Blue Cave

Arachova မြို့

With the background of the city

Arachova မြို့က ဂရိရဲ့ကုန်းတွင်းပိုင်းကျွန်းမှာရှိတဲ့ တောင်ပေါ်မြို့လေးပါ။ မြို့တော် အာသန်နဲ့ နီးပြီး Parnassos Ski Center ဝန်းကျင်မှာရှိတဲ့အတွက် ဆောင်းရာသီဆိုရင် လာလည်သူတွေအရမ်းများတယ်လို့ သိရပါတယ်။ သူက နာမည်ကြီး ရှေးဟောင်းသုတေသန နယ်မြေဖြစ်တဲ့ Delphi နဲ့ ၁၀ကီလိုမီတာပဲ ဝေးတယ်ဆိုပါတယ်။ Delphi ဆိုတာ ဂရိ သမိုင်းတွေအရ ဟိုးအရင်ခေတ်က God Apollo ကို စည်းကပ်ကန်တော့ရာ နေရာလို့ ဆိုပါတယ်။ အဲ့ဒိ Arachova မြို့လေးမှာ ၂၀၁၅ အောက်တိုဘာ ၅ရက်နဲ့ ၆ရက်တွေမှာ Descendants of the Sun ကို လာရိုက်သွားတယ်လို့ အဲ့ဒိက ဘလော့ဂါတစ်ယောက်က သူ့ဘလော့ပေါ်ရေးခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာ အဲ့ဒိ ဂရိနယ်ခံ သရုပ်ဆောင်တွေလဲ ပါဝင်သရုပ်ဆောင်တယ်လို့ ဆိုပါတယ်။

Arachova city

Drama Crew members preparing for to shoot

Beautiful Arachova city

Delphi, Arachova

Lemnos ကျွန်း

Lemnos ကျွန်းဟာ Aegean Sea ရဲ့ မြောက်ပိုင်းမှာ တည်ရှိပါတယ်။ မြေပြန့်ပြီး မီးတောင်တွေ စတင်ရာနေရာဖြစ်လို့ ကမ်းခြေတွေကို သွားရလာရလွယ်ကူသလို မြေသြဇာကောင်းမွန်တဲ့အတွက် ဒေသခံ ထုတ်ကုန်ပစ္စည်းပေါများတယ်လို့ သိရပါတယ်။ Lemnos မှာ အဓိကကျတဲ့ ရှေးဟောင်းနယ်မြေတစ်ခုဖြစ်တဲ့ the ruins of Poliochne ရှိပါတယ်။ အဲ့ဒိ ရှေးဟောင်းနယ်မြေဟာ ယူရိုတ် နိုင်ငံတွေထဲမှာ ရှေးအကျဆုံး လူစုလူဝေးနဲ့ အခြေချတဲ့နေရာလို့ တွေ့ရှိချက်တွေအရ သမိုင်းပညာရှင်တွေက ယူဆပါတယ်။ Lemnos မှာ အများနဲ့ မတူတဲ့ နေရာတွေကတော့ Flamingos (ပန်းရောင် ဗျိုင်းလိုလို၊ ငှက်ကြီးဝံဘိုလိုလိုငှက်) နဲ့ တခြားငှက်ပေါင်းများစွာ ကျက်စားတဲ့ ရေငံကန် (Salt Lake) ရှိပါတယ်။ Gomati လို့ခေါ်တဲ့ သဲဂန္တာရကိုလဲ Lemnos ရဲ့ ဆဟာရလို့ တင်စားခေါ်ဆိုကြပါတယ်။ သတင်းတွေအရ Descendants of the Sun ကို အဲ့ဒိ မှာလဲ ရိုက်မှာဖြစ်ပြီး အဲ့ဒိကျွန်းပေါ်က ဆိပ်ကမ်းမြို့ Myrina အပါအဝင် တခြားနေရာတွေမှာလဲ ရိုက်မယ်ဆိုပါတယ်။ အဲ့ဒိမြို့က မြို့တော်စည်ပင်အဖွဲ့နဲ့ အိမ်ပိုင်ရှင်တွေဟာ ရုပ်ရှင်အဖွဲ့နဲ့ အတူတွဲ ကူညီခဲ့တယ်လို့ သိရပါတယ်။

Lemnos

Beautiful Lemnos Island

အဲ့ဒိကျွန်းမှာ ၂၀၁၅ အောက်တိုဘာ လကုန်လောက်က အဖွဲ့သားပေါင်း ၅၀-၆၀ လောက် ကင်မရာတွေကို ထောင့်ပေါင်းစုံက တပ်ဆင်နေတယ်လို့ တချို့ သတင်းတွေအရ သိရပါတယ်။ ဒီဇာတ်ကားဟာ အာရှပရိတ်သတ်ကိုပါမက ဂရိ သတင်းဋ္ဌာနတွေမှာလဲ ကိုရီးယားရုပ်ရှင်အဖွဲ့ လာရောက် ရုပ်ရှင်ရိုက်တဲ့အကြောင်း သတင်းပို့တာတွေ့ရတဲ့အတွက် European public ကိုပါ စိတ်ဝင်တစားဖြစ်အောင် လုပ်ခဲ့ပါတယ်။

မဗေဒါကတော့ ကိုရီးယားကားကြည့်ပြီး ကိုယ်မသိခဲ့တဲ့ နေရာတွေအကြောင်းကို သိခွင့်ရတဲ့အတွက် ကိုရီးယားကားဆိုတာလဲ ယူတတ်ရင်ရပါတယ်ဆိုပြီး ကိုယ့်ကိုကိုယ်ကျေနပ်နေမိသလို၊ တနေ့ကျရင် ဂရိကိုသွားဖို့ စိတ်ကလဲ ပိုပြီး ပြင်းပြလာပါတယ်။ ခုတော့ Mr.Right ကို အဲ့ကို သွားကြရအောင်ဆိုပြီး မျက်နှာချိုသွေးနေပါပြီ။

The sand dunes of Gomati

Descendants of the Suns filming crews in Gomati

Source: Hancinema

6 comments :

Anonymous said...

တောင်စောင်းတွေကအိမ်တွေနဲ့ မြင်ကွင်းတွေမြင်ထဲက ဂရိလို့ထင်မိတာ ဒါဆို ကိုယ့်အထင်မှန်တာပေါ့နော် (သူငယ်ချင်းတယောက် ဖဘမှာမြင်ထားဘူးလို့)
ခုလို ရှာရှာဖွေဖွေ ရေးပေးတာ ကျေးဇူးပါ မဗေဒါရေ

Anonymous said...

ဟိုးငယ်ငယ်လေးကတည်းက ကမ္ဘာပေါ်မှာ အသွားချင်ဆုံးနိုင်ငံတွေထဲမှာ အီဂျစ်ပြီးရင် ဒုတိယက ဂရိနိုင်ငံပဲ။ ဂရိနိုင်ငံကို သွားချင်တာက Greek myths တွေဖတ်ပြီး Athens တို့ဘာတို့ကို သွားချင်ခဲ့တာ။ ငယ်ငယ်တုန်းက ဂရိမှာနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ penpal ဖြစ်ဖူးတယ်။ သူက ဂရိကပုံတွေကို postcard လား တယ်လီဖုန်းကတ်လား မသိဘူး ပို့ပေးဖူးတယ်။

ဂရိမှာ အရင်က ဇာတ်လမ်းတွဲရိုက်တာဆိုလို့ Love at Aegean Sea ပဲ ကြည့်ဖူးတယ်။ အဲဒီ့တုန်းကတော့ မင်းသမီး Chae Rim ပြောပုံအရတော့ အဲဒီ့က လူတွေက နည်းနည်းရိုင်းတယ်လို့ပြောတယ်။ အာရှသားတွေကို သိပ်မကူညီကြဘူးပြောတယ်။ အခုတော့ မသိဘူးပေါ့။

အခု ဒီကားကြည့်ပြီးတော့ လူသိများတဲ့နေရာတွေအပြင် တခြားနေရာတွေပါ သွားလည်ချင်စိတ်ပေါ်လာတယ်။ တစ်နေ့နေ့တစ်ချိန်ချိန်တော့ သွားနိုင်အောင် ကြိုးစားရမှာပဲ။

mabaydar said...

အင်း... ကိုယ်ကတော့ လှလိုက်တာဆိုတာကလွဲလို့ ဘယ်မှာရိုက်မှန်း မခန့်မှန်းခဲ့ဘူး။ သူတို့ နိုင်ငံခြားမှာ တကယ်ရော သွားရိုက်တာ ဟုတ်ရဲ့လားဆိုပြီး ရှာကြည့်တာ။ ခုလိုဆိုတော့ တော်တော်လေး အကုန်အကျများမယ်ထင်တယ်။ ကျွန်းတစ်ကျွန်းနဲ့ တစ်ကျွန်းကလဲ နီးနီးလေးမဟုတ်ဘူးဆိုတော့ တစ်ဖွဲ့လုံးရဲ့၊ သွားစားရိတ်၊ နေစရိတ်နဲ့တင်မလွယ်ဘူး။

mabaydar said...

ငယ်ငယ်ကတော့ အီဂျစ်သွားချင်တယ်။ ရုပ်ရှင်တွေကြောင့်။ ခုတော့ မသွားချင်တော့ဘူး။ နိုင်ငံရေး မတည်ငြိမ်တာကြောင့်ရော၊ သွားဖူးတဲ့ သူငယ်ချင်းတွေပြောသလို ပူကျစ်တောက် ဂန္တာရပဲဆိုလို့။ ရုပ်ရှင်တွေကသာ မာမီတွေ ရွှေတွေနဲ့ စိတ်ကူးယဉ်ကောင်းရိုက်ပြတာ အပြင်မှာကျ ပစ်ရမစ်ဆိုတာလဲ အဆောက်အဦးဟောင်းကြီးတွေလိုပါပဲတဲ့။

ဂရိကတော့ Love at Aegean Sea ကတည်းက Santorini ကို သဘောကျခဲ့တာ။ ခုထိလဲ သွားချင်တုန်းပဲ။ အဲ့ကလူတွေရိုင်းတယ်ဆိုတာ မင်းသမီးကသာ ကိုရီးယားဖြစ်နေတာ တရုတ်ရုပ်ရှင်အဖွဲ့မို့ ဖြစ်မှာပေါ့ (အထင်ပြောတာပါ) သူတို့ကလဲ manner မှ သိပ်မရှိကြတာ။ ခိခိ...

ဒီကားက အဲ့ဒိ အရမ်း လူများတဲ့ Santorini တို့ဘက်မှာ ရိုက်တာမဟုတ်ပဲ။ လူသိပ်မသိသေးတဲ့ နေရာတွေမှာရိုက်တော့ အဆင်ပြေတယ်။ ပြီးတော့ သူတို့က နယ်ခံ သက်ဆိုင်ရာတွေ အကူအညီနဲ့ ပူးပေါင်းပြီး အသေအချာရိုက်တာဆိုတော့ ရှယ်ပဲ။ ကိုယ်လဲ ခုတော့ ဂရိပိုးထသွားပြီ။

lovely prelude said...

တို့ကSantorini ပဲသိတာတနေ့တော့ရောက်အောင်သွားချင်ပါတယ်

mabaydar said...

အတူတူပါပဲ။ ဒီ ကမ်းခြေတွေက သူတို့ ဥရောပ အနောက်တိုင်းသားတွေကြားသာ ခေတ်စားပြီး အာရှက လူတွေကတော့ သိပ်မသိကြဘူးထင်တယ်။ (ကိုယ်မသိတိုင်း သူများပါ မသိဘူးထင်လို့ ရမ်းတုတ်သည်)။ ခုတော့ ကိုရီးယားကားကြည့်ရင်း ဗဟုသုတလဲ တိုးလို့ ကျေနပ်ပါသည်။