Tuesday, March 31, 2015

Queen Elsa အသွင်ပြောင်းသွားတဲ့ Kim So Yeon

ဆည်းဆာရင်ခုန်သံ (All about eve) က ယွန်မီ၊ Prosecutor Princess စတဲ့ကားတွေထဲက မင်းသမီးချော Kim So Yeon တစ်ယောက် နောက်ထွက်မဲ့ ဇာတ်လမ်းတွဲ "Falling For Innocence" မှာ Frozen ထဲက Elsa အသွင် ဝတ်ဆင်ထားတာကို အစမ်းပြတဲ့ ဗွီဒီယိုမှာ မြင်ပြီးသကာလာ ပရိတ်သတ်ရဲ့ စိတ်ဝင်စားမှုတွေ ရနေခဲ့ပါတယ်။

“Falling for Innocence” ဇာတ်လမ်းလေးကတော့ အေးစက်တဲ့ နှလုံးသားပိုင်ရှင် ကောင်လေးတစ်ယောက်ဟာ နှလုံးအစားထိုးကုသမှုကို ခံယူပြီးသကာလ သူ့အမူအကျင့်တွေ လုံးဝပြောင်းလဲသွားခဲ့တဲ့ အကြောင်းလေးပါ။ သူဟာ ရိုးသားဖြူစင်တဲ့ နှလုံးသား ပိုင်ရှင်တစ်ယောက်ဖြစ်လာပြီး မိန်းကလေးတစ်ယောက်ကို အချစ်စစ်နဲ့ မြတ်မြတ်နိုးနိုး ချစ်မိတဲ့ အကြောင်းလေးပါ။

မတ်လ ၃၁ ရက်နေ့မှာ အစမ်းပြတဲ့ ဗွီဒီယိုထဲမှာ မင်းသမီး Kim So Yeon ဟာ ဆံပင်အဖြူ၊ သရဖူ နဲ့ မိုးပြာရောင် ဂါဝန်ကို ကာတွန်းကားထဲက ဘုရင်မ Elsa ပုံစံအတိုင်း ဝတ်ဆင်ထားတာတွေ့ရပါတယ်။ အဲဒိ အစမ်းပြ ကြော်ငြာ ဗွီဒီယိုကြောင့် ပရိတ်သတ်ရဲ့ သတိထားမှုကို ပထမအပိုင်း မလွှင့်ခင်မှာတင် ရရှိနေခဲ့ပါပြီ။
မင်းသမီး Kim So Yeon ဟာ သူမရဲ့ အလှနဲ့ အနုပညာအရည်အချင်းကြောင့် ပရိတ်သတ်အများစုရဲ့ ရင်ကို အရေပျော်စေခဲ့သူပါ။ ဒီတော့ ဧပြီလ ၃ရက်မှာ စပြမဲ့ ဒီ ဇာတ်ကားကို ကြည့်လိုက်ကြရအောင်ပါ။


(အထက်ပါသတင်းက Soompi မှ ဘာသာပြန်သည်)

မဗေဒါကတော့ ၁၄ ပိုင်းလောက် ပြပြီးမှပဲ ဇာတ်တိုက်ကြည့်တော့မယ်။ မင်းသမီးကို သဘောကျလို့ ကြည့်မဲ့ စာရင်းထဲ ထည့်လိုက်တာ။…
မင်းသားတွေ ဘယ်သူလဲ ရှာလိုက်တော့ KYUNG HO JUNG နဲ့ Yoon Hyun Min ဖြစ်နေတယ်။ ပထမ မင်းသားကိုတော့ သူ့ကားတွေ ဟုတ်တိပတ်တိ မကြည့်ဖူးတော့ မသိဘူး။ ဒုတိယမင်းသားကိုတော့ Finding Romance နဲ့ Witch’s romance မှာ မင်းသား သူငယ်ချင်းဇာတ်ပို့အနေနဲ့ပဲကြည့်ဖူးတယ်။ ကြည့်ဖူးတဲ့ ၂ကားလုံးသူက သူငယ်ချင်းအခန်းကဆိုတော့ ခုလို ဒုတိယမင်းသားအနေနဲ့ ဘယ်လိုလာမလဲတော့ မခန့်မှန်းတတ်ဘူး။

မဗေဒါကတော့ မင်းသမီးလဲ သဘောကျတယ် မင်းသားတွေလဲ အခွင့်ရေးပေးတဲ့အနေနဲ့ရော အဲ့ Elsa ပုံစံ ဝတ်တဲ့အခန်းက ဘာအတွက်လဲဆိုတာ စပ်စုချင်တဲ့အတွက်ရော၊ ကြည့်ဖို့စာရင်းထဲ ထည့်ထားလိုက်အုံးမယ်လေ။

သူငယ်ချင်းတို့ရော ဘယ်လို သဘောရလဲ? မင်းသားတွေက အရမ်းနာမည်ကြီးတွေမဟုတ်တော့ သိပ်တော့ ဖီးလ်မလာကြဘူးလား? ဒါမှ မဟုတ် အခွင့်ရေး ပေးတဲ့အနေနဲ့ ကြည့်ကြည့်မလား?

3 comments :

Anonymous said...

ပထမ မင်းသားကို SMILE,YOU (family drama) မှာကြည့်ဘူးတယ် မင်းသမီး လီမင်ဂျောင် နဲ့
မင်းသားက ရုပ်ရော သရုပ်ဆောင်ရောမဆိုးဘူး မင်းသမီး ကိုအဲ့ကားကြည့်ပြီး ကြိုက်သွားတာ
နောက်ပိုင်းတော့ နဲနဲ အိုဗာ လုပ်သလိုပဲ

lotusphyu said...

i will definately give them a chance :P :D thanks nyima.

mabaydar said...

Anonymous- အဲ့မင်းသားကို မြင်ဖူးသလိုရှိပေမဲ့ သူ့ကားတွေက ကိုယ်မကြည့်ဖူးတဲ့ကားတွေချည်းပဲ SMILE You ရှေ့ပိုင်းတွေ နည်းနည်းကြည့်ဖူးတာကြောင့်ဖြစ်မယ်ထင်တယ်

Lotusphyu - sure... let's wait and see how it turn out. :D