Friday, July 25, 2014

Song Seng Heon (ဂျွန်စော) Arrival to Singapore - 24/07/2014


His Facebook update photo at Korea Airport
အစကတော့ ခရီးသွားပိုစ့်တွေကြားမှာမို့ မရေးတော့ဘူးစဉ်းစားထားတာ… မနေ့ညက Song Seng Heon (ဂျွန်စော) ကိုလေဆိပ်မှာတွေ့ပြီး ရေးချင်လာလို့ ပိုစ့်အတိုလေးတစ်ပုဒ်တော့ ရေးပါရစေ… သူ စကာင်္ပူလာပြီး သူ့ရဲ့ နောက်ဆုံးထွက်ရုပ်ရှင် “Obsessed” Movie Screening ကို တက်ရောက်မှာပါ… Public အတွက်တော့ ရုပ်ရှင်က နောက်လမှာ ရုံတင်မှာပါ… ဒီကားက သူ့ရဲ့ ပထမဆုံး R21 ကားပါ… ဒီတော့ ၂၁ နှစ်အောက်တွေ ကြည့်လို့မရပါဘူး… အမှန်တော့ သူ့ကို Autumn Tale (ဆောင်းဦးရွက်ကြွေ ချစ်သက်သေ) ကြည့်တုန်းက Won Bin (ထယ်စောက်) လောက် မကြိုက်ပါဘူး… သူချောတာတော့ လက်ခံပါတယ်… အဲဒိတုန်းက ကိုရီးယား ကားပါး မ၀သေးတော့ ဒုတိယမင်းသားတွေ သနားစရာကောင်းရင် မခံစားနိုင်လို့ပါ… ပြီးတော့ Won Bin ကိုး… စဉ်းစားသာကြည့်တော့…

သူ့ကို ခု သူထွက်ထားတဲ့ “When a man loves” ဆိုတဲ့ကားမှာတော့ တော်တော်လေးကြိုက်မိပါတယ်… သူ့ကိုကြိုက်တာကျတော့ ၁၅၀၀ နဲ့မဟုတ်ဘူး… အစ်ကိုတော်ချင်တာ… ငါ့မှာသာ သူ့လို အကိုရှိရင်….. ဆိုပြီး အတွေးနဲ့ ပျော်နေတာ… (တော်တော် လာဘ်ရွှင်မှာပဲ) ဆိုပြီး… ခွိ… အိမ်မှာ မဗေဒါ့ အစ်မကတော့ သူ့ကို ကြိုက်တယ် ကြိုက်တယ်နဲ့ပြောနေတာ… အသက်ကြီးပေမဲ့ မပျက်စီးပဲ အရမ်းမိုက်တဲ့ မင်းသားကိုး…..

သူ့ကို ဒီနေ့ည City Square Mall မှာ Event ရှိတာကို သွားမယ်တော့ ဆုံးဖြတ်ထားတယ် ဒါပေမဲ့ သူ ဘယ်အချိန်လာမလဲဆိုတာတော့ မသိဘူး… ဒါပေမဲ့ သူ့ Facebook Official Page ကို Like လုပ်ထားတော့ သူတင်ထားတဲ့ “See you soon Singapore” ဆိုပြီး ကိုရီးယားလေဆိပ်မှာ Selfie ပုံရိုက်ထားတာတွေ့တော့ အချိန်တွက်ပြီး လေယာဉ်ကိုစစ်လိုက်တာပေါ့… သူတို့မင်းသားတွေက လာရင် Korean Air နဲ့ပဲ လာကြတာလေ… Korean Air တွေ ဆိုက်ချိန်က ရုံးချိန်တွင်းမဟုတ်လို့ ၀မ်းသားထှာ…

ရုံးဆင်းတော့ အိမ်ပြန် ကင်မရာယူပြီး လစ်တာပေါ့… Flight info detail ကိုလဲ facebook ပေါ်တင်လိုက်ပါသေးတယ်… လာချင်တဲ့သူ လာလို့ရအောင်… ကျွန်မရောက်တဲ့အချိန်က ၆နာရီ ၅၀လောက်ရှိနေပြီ… အလုပ်က ကျွန်မနဲ့ ၀ါသနာတူ စလုံးမလေးကိုလဲ ခေါ်ထားတော့ သူက အလုပ်ကနေတန်းသွားတော့ ရောက်နှင့်နေပြီ… သူ့အတွက်ကတော့ ပထမဆုံး ဒါမျိုးလာဖူးတာပဲ… ကိုယ်က အတွေ့အကြုံအရဆိုတော့ ဆရာလုပ်ရတာပေါ့… ဒါပေမဲ့ လူသိပ်မများတော့ စိတ်တော့ သိပ်မပူရဘူး… ရဲတွေက အကာတွေ ကာလိုက်တော့ လူတွေက… “ဘယ်သူလာမှာလဲ … ဘယ်သူလာမှာလဲ” နဲ့ လာမေးကြတာ သိပ်စိတ်မရှည်ဘူး.. အဲ့မှာလဲ ပိုစတာအကြီးကြီး သူ့ Fan တွေ ယူလာတာ မတွေ့ကြဘူးလားမသိ… မပြောချင်တာက သူတို့က တကယ်ကြိုက်လို့လာတာမဟုတ်ပဲ ခရီးသွားဟန်လွှဲ ကြုံလို့ ၀င်ကြည့်မဲ့ဟာတွေလေ… လာရတဲ့လူတွေ နေရာ ၀င်ယူမဲ့ဟာတွေ…. မကြိုက်ရင်လဲ ကြည့်မနေနဲ့ပေါ့… တကတည်း… ၄ ခါလောက်မေးခံရတယ်…

Flight landed လို့ပြတဲ့အထိ Belt က မလည်သေးတော့ဘာများလဲလို့… ကျွန်မတို့က ဒီတစ်ခါကျတော့ မှန်နားမှာ မစောင့်ပဲ ကာထားတဲ့ လမ်းဘေးမှာ စောင့်တာလေ… ဒါမှ မှန်မခြားပဲ သူ့ကိုမြင်ရမှာပေါ့… ဒါပေမဲ့ လူတွေ အိတ်စောင့်နေပြီဆိုတော့ မသကာင်္တာနဲ့ ကျွန်မလဲ သူငယ်ချင်း စလုံးမကို နင်ဒီမှာ ခဏနေရာယူထား ငါသွားကြည့်လိုက်အုံးမယ်ဆိုပြီး မှန်နားသွားတော့ ထင်တဲ့အတိုင်းပဲ သူထွက်လာနေပြီ… သူ့ဆီလာတဲ့ သူ့ပရိတ်သတ်တွေက ဆယ်ကျော်သက်ကလေးတွေ နည်းတော့ သိပ်မအော်ကြဘူး… လူနည်းလို့ ဘယ်သူမှ မအော်လို့ တစ်ယောက်မှ စမအော်တာထင်တယ်… ကျွန်မလဲ အမိအရ Video ရိုက်တာပေါ့… ပြီးတော့သူက တခြားမင်းသားတွေလိုမဟုတ်ဘူး… Belt မှာ အိတ်စောင့်ရင် ငုတ်တုတ်လေးထိုင်နေတယ်… အတွင်းထဲမှာ သူ့ Fan တွေက သူ့ကို sign ထိုးခိုင်းတာ ထိုင်ထိုးပေးနေတယ်… ဒါနဲ့ ကျွန်မလဲ ကျွန်မသူငယ်ချင်းကို မတ်စေ့ အမြန်ပို့ပြီး ကျွန်မနားခေါ်လိုက်တယ်… “ရောက်နေပြီ” လို့… ဘယ်သူမှ မအော်တော့ အဲဒိနားက လူတွေက သိမှာမဟုတ်ဘူးလေ… သူငယ်ချင်းရောက်လာတော့လဲ အေးဆေးပဲ ကြည့်လို့ရတယ်… သူထွက်လာတော့ မှန်ခန်းထဲကနေ ပရိတ်သတ်တွေကို ပြုံးပြ တာ့တာ ပြတယ်… ထွက်လာပြီဆိုတော့ ကိုယ့်အရင်နေရာ ပြန်ပြေးရတာပေါ့… ဒါတောင် အပေါက်ဝက Fan တွေကို နှုတ်ဆက်နေတယ်ထင်တယ် တော်တော်နဲ့ ထွက်မလာဘူး…

ပြီးတော့ ဘေးဘီ လမ်းတစ်လျှောက်က ဟိုဘက် ဒီဘက် Fan တွေအားလုံးကို လိုက်နှုတ်ဆက်တယ်… စာအုပ်ပေးရင် လက်မှတ်ထိုးပေးတယ်… အစက ဘေးမှာ အလွတ်ကြီးက အဲ့ဒိတော့မှ ပြောင်းကိုင်ထားတဲ့ ကကြီးကောင်တစ်ကောင်က လာတိုးသေး… သူကလဲ ကိုယ်တွေထက်တောင်ဆိုးသေး… သူ့သူငယ်ချင်းဆီက စာအုပ်ယူပြီး လက်မှတ်ထိုးခိုင်းနေတာ… သူလုပ်တော့လဲ ကောင်းတာပေါ့… Song Seng Heon အိုပါးက ကျွန်မ ရှေ့မှာ ကြာကြာရပ်နေတာပေါ့… ကျွန်မလဲ ပေးစရာ စာအုပ်မရှိတော့ ဘာလုပ်ရင်ကောင်းမလဲ ကြံရာမရဖြစ်နေတာ… ဒါနဲ့ ကင်မရာကိုင်ထားတဲ့ ညာလက်ကို အမြန်အားအောင်လုပ်…. ဘယ်လက်နဲ့ ကင်မရာကိုင်ပြီး… သူလာတော့ လက်ပဲ ထုတ်ပေးလိုက်တာ ကျွန်မလက်ကို (အိုမိုင်ရှိသမျှ ဘုရားသခင်….) လက်ဆွဲနှုတ်ဆက်သွားတာ… ဓာတ်လိုက်သွားတဲ့အတိုင်းပဲ…
ဦးနှောက်က Blank ဖြစ်သွားတယ်… ဒူးတွေလဲ တုန်… သူ့လက်က ယောကျာင်္းပီပီသသ ခပ်ကြမ်းကြမ်းပဲ (အလုပ်ကြမ်းလုပ်တဲ့ လက်လောက်တော့ ဘယ်ကြမ်းမလဲ) ဒါပေမဲ့ ခပ် နွေးနွေးလေး... ခြွေးတွေဘာတွေလဲ မရှိဘူး… ချောက်ချောက်လေး… အချိန်ယန္ဒယား (စာလုံးပေါင်းသည်းခံပါ) ကြီး ခဏလောက် ရပ်ထားပေးလို့ရမလား… ဒါမှမဟုတ် ပြန်ရစ်လို့ရမလဲဟင်?

He is right in front of me. (photo credit to my friend Leng Leng)

ကျွန်မကိုလက်နှုတ်ဆက်ပြီးတော့ ဘေးက ကောင်မလေးက ဇွတ်တိုးပြီး သူ့ကို စာအုပ်ထိုးပေးတော့ သူက ယူပြီး လက်မှတ်ထိုးတယ်… ဒီတော့ ကျွန်မနားမှာ သူတော်တော်ကြာတယ်ပြောရမယ်… သူထွက်သွားမယ်လုပ်ပြီးမှ ဘေးက လူဆီက သူ့ ပိုစ့်စကဒ်ပုံလေးတွေယူပြီး စောစောက စာအုပ်ထိုးပေးတဲ့ကောင်မလေးကို ပြန်လှည့်လာပေးတယ်… ကိုယ်ကတော့ မရလိုက်ဘူး… သူလဲ Random ပေးသွားတာဆိုတော့… သူကျော်သွားပြီဆိုတော့ ကိုယ်လဲ ဘေးကနေ လိုက်ပြေးတာပေါ့… လူက တခြားလူငယ်မင်းသားတွေလောက် မများဘူးဆိုတော့ နေရာတွေက ကျန်တယ်လေ… ရှေ့ရောက်တော့လဲ ဘာမှ ပေးစရာမရှိတော့ လက်ပဲ ထပ်ထုတ်ပေးတော့ သူလဲ ထပ်နှုတ်ဆက်သွားပြန်ရော… သူကလဲ မှတ်မိပုံမရပါဘူး… လက်မထုတ်ပေးလို့ နှဖူးလှန်ပြပြီး ဒီမှာ အော်တိုထိုးပေးပါပြောလို့မှ မရတာ… ဒီလိုနဲ့ သူ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပဲ ကားနဲ့ထွက်သွားတယ်… အသက်ကြီးတဲ့ မင်းသားတွေက ပရိတ်သတ်ကို မကြောက်သလို လုံခြုံရေးနဲ့ သူ့ အေးဂျင့်တွေကိုလဲ သိပ်မကြောက်ဘူး… သူ့ဟာသူ တည်တည်ငြိမ်ငြိမ်လေး အားလုံးကို လုပ်ပေးသွားတယ်… Hyun Bin ကတော့ VIP ပေါက်က ပြန်တယ်ဆိုပေမဲ့ သူ့ Fan meeting တုန်းကလဲ သူက သိပ်ပြီး ပရိတ်သတ်ကို ကြောက်နေတာတို့ မာန်တက်နေတဲ့ပုံတို့မရှိဘူး… သိပ်ချစ်ပြနေတာတော့ မဟုတ်ဘူးပေါ့… ပုံမှန်ပဲ… Song Seng Heon ကတော့ Hyun Bin ထက် အများကြီး ပိုပြီး Fan Service ကောင်းတယ်… ခုမှ Youtube က တခြားဗွီဒီယိုတွေကြည့်တော့ သူက ဘယ်နိုင်ငံသွားသွားလေဆိပ်မှာ အဲလို ဆိုင်းထိုးပေးနေကျ… ကိုယ်မသိခဲ့တာ နောက်ကျ… ကိစ္စမရှိဘူး ဒီနေ့ည City Square Mall 7:30PM မှာ ထပ်သွားမယ်… ကံကောင်းရင်တော့ အိုပါးနဲ့ ထပ်နီးစပ်ရမှာပေါ့…

သူဘယ်အချိန်ပြန်မလဲ ခန့်မှန်းနေတယ်… သာမာန်တော့ သူတို့ မင်းသားတွေက အစီအစဉ်ပြီးတာနဲ့ ည ၁နာရီလေယာဉ်နဲ့ပြန်တတ်တယ်… သူလဲ အဲဒါနဲ့ ပြန်မလားမသိဘူး… ဒါပေမဲ့ သူက ခုတောင်စောလာတာဆိုတော့ ၁ရက်လောက်တော့ အေးဆေးနေအုံးမလားမသိဘူး… ဒီနေ့ပြန်မယ်ဆိုရင်တော့ ည ၁၀နာရီခွဲ လေယာဉ်တစ်စီးရှိတယ်.. နောက် ည ၁နာရီ တစ်စီးရှိတယ်… ၁၀နာရီခွဲကတော့ မပြန်လောက်ဘူးထင်တယ်… သူ့ Movie Screening ကမှ ၉နာရီခွဲစမှာဆိုတော့… ၁နာရီပဲ လေဆိပ်သွားစောင့်ရကောင်းမလား… ခွိ…. (ရောဂါတက်နေတာ)…
ဒါပဲနော်… မနေ့က ရိုက်လာတဲ့ Video ကို အက်ဒစ်လုပ်၊ Upload လုပ်နေတာနဲ့ မနက် ၂နာရီကမှ အိပ်ဖြစ်တယ်… အိပ်ရေးမ၀လို့ ခေါင်းမူးပြီး စိတ်မကြည်ဘူး… ရေးချင်လွန်းလို့သာရေးရတာ… မဗေဒါ ပထမဆုံး လက်ဆွဲနှုတ်ဆက်ဖူးတဲ့ ကိုရီးယားမင်းသား OPPA Song Seng Heon ကို မဗေဒါ ဘယ်တော့မှ မမေ့တော့ဘူး အမြဲလဲ အားပေးတော့မယ်….


20 comments :

ZuZu said...

မ" ရေးတင်ထားလို့ ညနေလာမှာ သိပေမယ့် ယောကျာ်းကိုလေသံလေးဟတော့ .. မဗိုက်ရေ ကိုယ့်ဗိုက်ကိုယ်ငုံကြည့်အုံးတဲ့။
တသက်နဲ့တကိုယ် စွဲစွဲလမ်းလမ်းကြိုက်ဖူးတဲ့မင်းသားဆိုလို့ အိုပါးဂျွန်စောလေးရှိတာ အပြင်မှာ မမြင်ဖူးလိုက်ရလို့ စိတ်တောင်မကောင်းဘူး။ ဒီနေ့မနက်မှ ဗီဒီယိုဖိုင်လေး ကြည့်လိုက်ရတာ ပျော်လိုက်တာ ဆိုတာ .. မျှဝေပေးတဲ့ မ”ကို ကျေးဇူးအထူးပါလို့...

Anonymous said...

ဖတ်ရင်းနဲ့တောင်ရင်ခုန်တယ် :D

mabaydar said...

အမှန်တော့ မဗိုက်လဲ လာလို့ရပါတယ်... မနေ့ညက လူမများဘူး... ဗိုက်ကို မစိုးရိမ်ရဘူး... အမှန်ဆို ခုချိန် ချောချောလေးတွေ ကြည့်ပေးမှ ကလေးလေးက ပိုပြီး ချောချောလေးမွေးမှာလို့ ဆင်ခြေပေးလိုက်... ခွိ.... ဒီနေ့ည City Square Mall လာခဲ့လေ... ဂျွန်စော ကြည့်မယ်မပြောနဲ့ ရှော့ပင်းထွက်မို့ပြောပြီး ကြုံသွားတဲ့ ပုံစံလုပ်လိုက်.... မဗေဒါ အရင်က အဖေဆူမှာကြောက်လို့ အဲလို လုပ်နေကျ.... :P

mabaydar said...

hee hee... အပြင်မှာတော့ ဒူးပါတုန်တာ.... :D

ZuZu said...

အိုပါးနဲ့တွေ့ဖို့ ကံမပါပုံများ .. မပြန်ခင်သူငယ်ချင်းတွေနဲ့ဆုံဖို့ချိန်းထားပီးသားဖြစ်နေပြန်ရော မ”ရယ် .. မ”ရှယ်ပေးမယ့် ပုံလေးတွေပဲ မျှော်နေတော့မယ်

Lorem Ipsum said...

ဆောင်းဦးရွက်ကြွေထဲက သေအောင်ကြိုက်ခဲ့ရတဲ့မင်းသား အဲတုန်းက ရှစ်တန်းလား ကိုးတန်းလားပဲရှိသေးတာ...သူ့တစ်ယောက်ကိုပဲအသည်းစွဲကြိုက်ခဲ့တာ..မဗေဒါပိုစ့်ဖတ် ၊ ဗီဒီယိုကြည့်ပြီးဆုမြတ် အချစ်ဆိပ်တွေတက်နေပြီ....သူ့မျက်နှာရယ်..နဖူးလေးရယ်...။ ပုံကျနေတဲ့နဖူးစပ်လေးရယ်..။ နားသယ်စပ်က ဆံပင်ကောက်လေးတွေရယ်...။

အချစ်ဦးပါကွယ်... ။ ဘ၀ရဲ့တစ်ဦးတည်းသောအချစ်ဦးပါ..။ခစ်ခစ်..။

ကျေးဇူးပါ မဗေဒါ...။ ဒီပိုစ့်လေးကိုတင်ပေးတဲ့အတွက် ဗီဒီယိုလေးရှဲတဲ့အတွက်.... ချစ်တယ်နော်... ။ ခွိ...။

Anonymous said...

ညီမက တကယ့်ခရေဇီပဲ ဟဟား i really love the way you write :) လက်ဆွဲနုတ်ဆတ်ခံရတဲ့အချိန် ဖြစ်သွားတဲ့ ခံစားချက်ကိုပြန်ရေးပြတာ တကယ်ကိုချစ်ဖို့ ကောင်းတယ် fb status ကို ကြည့်ပြီး ဘယ်လောက် စိတ်လှုပ်ရှားသွားလဲဆိုတာ သိသာတယ် အစ်မတော့ ၀မ်းသာတယ် ကိုယ်ကြိုက်တဲ့ မင်းသားကို အခုလို အားတက်သရော လေးလေးနက်နက်အားပေးတဲညီမကို ကျေးဇူး....
Lotus Phyu

Anonymous said...

ပြောဖို့ တခုကျန်ခဲ့လို့  i love him, i love him, i love himဆိုတဲ့ သီချင်းကို ထည့်တဲ့နေရာ ရှေ့ ကကောင်းမလေးတယောက် ပြေးလိုက်နေချိန် အိုးးးးး ကွက်တိ love all your video ညီမ :)

Lotus Phyu

Anonymous said...

very lovely to watch your movie and thank u very much.

poe poe

Anonymous said...

I love the way you wrote your feeling. :)

Anonymous said...

downloaded aldy. i'll watch again at home. not so crowed naw. I 'll definitely go airport if he comes again :-)

ATMW

mabaydar said...

ဒီနေ့ ညနေ သွားတွေ့လေ... ကြိုက်တယ်ဆိုရင်... အမြဲ အားပေးတဲ့အတွက် ကျေးဇူး... :D

mabaydar said...

အစ်မကသာ ချစ်ဖို့ကောင်းတယ် ပြောတာ.... အမြင်ကပ်တဲ့ သူတွေကလဲ အမြင်ကပ်နေမှာ... ဒူးတွေ တုန်တာကတော့ တကယ်ပါ... ရင်ထဲမှာ ဟာတာတာကြီးနဲ့ ဒီတစ်ခန်းရပ် ဇာတ်လမ်း ဒီမှာတင် ရပ်ပြီဆိုတာ လက်မခံချင်ပေမဲ့ လက်ခံရမှာပဲ... အရူးအမူး အကျယကြီး စိတ်ရှိတိုင်းအော်လိုက်လို့ အိုပါး လန့်သွားမှာလဲ စိုးလို့ ထိန်းနေတာ... အစ်မလဲ အမြဲအားပေးတဲ့အတွက် ကျေးဇူး...

mabaydar said...

အဲဒိထဲက သီချင်းစာသားတွေက ကိုယ်ပြောချင်တာလေးတွေနဲ့ အနီးစပ်ဆုံး ကိုက်တာလေးတွေ ရွေးထားတာ... အဲဒိ နောက်ဆုံးသီချင်းကတော့ အကိုက်ဆုံးပေါ့... သီချင်းတွေက အဟောင်းတွေတော့ဖြစ်နေတယ်... ကိုယ်လဲ သီချင်းတွေ သိပ်မသိလို့...

mabaydar said...

Finally, I see your comment poe poe... Thank you... :D

mabaydar said...

haha.. Thank you... I still couldn't portrayed my feeling 100%. My writing still need improvement.

mabaydar said...

Download? for youtube, you download and watch? or you just let youtube timeline load it first and watch later? Yes... compare to other younger idols, the crowd is lesser. But I like it that way, so that I can shake hand with him.. :D ...

Anonymous said...

ချစ်လိုက်တာ ချောလိုက်တာ အဲစကားလုံးကိုပဲ ထပ်ကာထပ်ကာ ပြောချင်နေမိတယ် .... ဟုတ်ပါ့ ညီမလေးပြောသလို ( အမတော့ ပိုကြီးတာပေါ့နော် :P ) အကို အရင်းပဲ တော်လိုက်ချင်တော့တယ်.... ချစ်လိုက်မယ့် ဖြစ်ချင်း

Anonymous said...

မဗေဒါရဲ့ ဒီပို့စ်လေးဖတ်ပြီးတော့ ကိုရီးယားက စကြည့်ဖြစ်တဲ့အချိန် ထယ်စောက် ခရေစီဖြစ်ခဲ့တာလဲ ပြန်သတိရ။ မဗေဒါရဲ့ ဘလော့စခါစ ကိုရီးယားပို့စ်လေးတွေရော အမနာပလာပြောတဲ့လူတွေအကြောင်းလဲ ပြန်သတိရမိတယ်။ မဗေဒါရဲ့ အမာခံပရိတ်သတ်တယောက်ပေါ့နော် ဟီးဟီး။

Anonymous said...

မသိလိုက်တာနာတယ်အမရယ် ဂလု ဂလု

စိန်စိန်တင်