Tuesday, July 30, 2013

I Hear Your Voice ဇာတ်လမ်းတွဲကို ခိုးချမှုဟု စွတ်စွဲခံရ ...


ခု လတ်တလောမှာပြနေတဲ့ နာမည်ကြီး ကိုရီးယားဇာတ်လမ်းတွဲ "I Hear Your Voice" ဟာ "Evidence of the Devil" လို့ခေါ်တဲ့ ၀တ္ထုကို ခွင့်ပြုချက်မရပဲ ခိုးယူတယ်လို့ ကိုရီးယား လျှို့ဝှက်သဲထိပ်ရင်ဖိုစုံထောက်ဇာတ်လမ်းရေး စာရေးဆရာများအဖွဲ့ (KMWA) က စွတ်စွဲကာ SBS အသံလွှင့်ဋ္ဌာနကို တရား၀င်တောင်းပန်ဖို့   တောင်းဆိုလိုက်ပါတယ်... 
(KMWA)မှ တစ်ဦးက eNEWS ကို ဂျူလိုင် ၂၅မှာ ပြောသည်က "Evidence of the Devil ကိုရေးသားတဲ့ စာရေးဆရာ Do Jin Ki ကိုယ်စား ကျွန်တော်တို့ စာထုတ်ပြန်ပြီးပါပြီ၊ ကျွန်တော်တို့တွေ တရားဥပဒေကြောင်းအရထက် SBS နဲ့ ပြေပြေလည်လည်ပဲ အဖြေထုတ်ချင်ပါတယ်။ Do Jin Ki ကို ထောက်ခံပေးကြဖို့ ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်"...

ဦးဆုံးမှာ၊ KMWA က I Hear Your Voice ရဲ့ အပိုင်း ၅နဲ့ ၆မှာပါတဲ့ အမွှာညီအစ်ကို လူသတ်မှုနဲ့ပတ်သတ်တဲ့ ဇာတ်လမ်းကို ခိုးယူသုံးဆွဲမှုကြောင့် SBS ကို တောင်းပန်ဖို့တောင်းဆိုပါတယ်... KMWA က ဒီဇာတ်လမ်းဟာ နို၀င်ဘာ ၂၀၁၂ က Do Jin Ki ထုတ်လုပ်ခဲ့တဲ့ Evidence of Devil ကဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်...
သူတို့တောင်းဆိုချက်ထဲမှာ အသံလွှင့်ဋ္ဌာန SBS နဲ့ ထုတ်လုပ်သူက တောင်းပန်ဖို့နဲ့ ဇာတ်လမ်းရဲ့ အစအဆုံးနဲ့ ဒရမ်မာ ၀က်ပေ့ချ်ပေါ်မှာ မူရင်းစာရေးသူ Do Jin Ki ရဲ့ နာမည်နဲ့ သူ့မူရင်း ၀တ္တုနာမည်ကို ထည့်သွင်းဖော်ပြပေးဖို့ ပါ၀င်ပါတယ်...

Evidence of the Devil ကို ထုတ်ဝေသူကလဲ ဒီကိစ္စကြောင့် ဒီဝတ္တုကို ရုပ်ရှင်ပြန်ရိုက်မဲ့ကိစ္စကိုလဲ ရပ်တန့်လိုက်ရပါတယ်လို့ပြောပါတယ်... OSEN သတင်းဋ္ဌာနကို စာအုပ်ထုတ်ဝေသူ Golden Bough ကုမ္ဗဏီက "ဒီဝတ္ထုကို Good Choice Pictures နဲ့စာချုပ်ချုပ်ပြီး ငွေပေးချေပြီးပါပြီ... ဒါပေမဲ့၊ I Hear Your Voice မှာ ပြသပြီးတဲ့အခါမှာတော့ ရုပ်ရှင်ရိုက်ဖို့ကို ရပ်ပစ်လိုက်ရပါတယ်"ပြောကြားပါတယ်... သတင်းရရှိချက်အရ ရုပ်ရှင်ထုတ်လုပ်သူ ကုမ္ဗဏီကလဲ I Hear Your voice ထဲကနဲ့ ဇာတ်လမ်းထဲက ပါ၀င်တဲ့ အခန်းတစ်ချို့တူနေတဲ့အတွက် ရုပ်ရှင်ဆက်ရိုက်လို့ မရတော့ပါဘူးလို့ ကြေငြာခဲ့ပါတယ်...
စာအုပ်ထုတ်ဝေသူ Golden Bough မှ "ကျွန်တော်တို့ ဒီ ခိုးယူမှုနဲ့ပတ်သတ်တဲ့ကိစ္စကို SBS ကို ဟိုးအရင်ကတည်းက အကြောင်းကြားပြီးသော်လည် SBS က ငြင်းပယ်တဲ့အတွက် နောက်ထပ် ကြေငြာချက်တစ်ခု ထပ်ထုတ်ခဲ့ပါတယ်... သို့သော် SBS ဘက်က ဘာမှ အကြောင်းမပြန်တဲ့အပြင် ဇာတ်လမ်းတွဲက ပြီးဆုံးခါနီးပြီမို့ ဒီကိစ္စက တဖြည်းဖြည်း ပါဝါကျဆင်းနေပါတယ်" လို့ပြောပါတယ်...

ဒီလိုပြောတဲ့အတွက် SBS ဘက်က ပြန်ပြောတာကတော့ " ဒီဝတ္ထုနဲ့ ဆင်တူနေတဲ့ အချက်တစ်ချက်ကတော့ ဇာတ်ကောင်တွေဟာ အမွာဖြစ်တယ်ဆိုတာပဲ ဖြစ်ပါတယ်... အမှုကို ကိုင်တွယ်ပုံနဲ့ ဖြေရှင်းပုံက လုံး၀ကွဲပြားပါတယ်" လို့ ပြန်လည် ဖြေကြားလိုက်ပါတယ်....
ဒီပို့စ်လေးကို မဗေဒါ Page မှ Yamaung တောင်းဆိုချက်အရ Soompi ရဲ့ သတင်းကို ဘာသာပြန်ပေးလိုက်ပါတယ်...

အောက်မှာတော့ ဒီကားလေးထဲက မဗေဒါ သဘောကျတဲ့ စာသားလေးတွေနဲ့ ခံစားခဲ့ရတဲ့ အခန်းလေးတွေကို Screen Cap လုပ်ထားတာလေးတွေ ပြန်မျှဝေလိုက်ပါတယ်...
ဆူဟနဲ့ ရှေ့နေ ကျန်းကိုလဲ သဘောတူတယ်... ဒါပေမဲ့ ရှေ့နေချတစ်ယောက် သူချစ်တဲ့ ကောင်မလေး ငိုနေတာကို ကြည့်ပြီး တိတ်တိတ်လေးကြေကွဲနေတော့လဲ ကျွန်မအသည်းကွဲရတယ်...


ဒီစာသားက မြန်မာနိုင်ငံအတွက်လဲ မှန်တယ်လို့ထင်တယ်...


ကိုရီးယားကားတွေလဲ ယူတတ်ရင်ရပါတယ်... ကိုယ်အမှားလုပ်ခဲ့တာကို ခုလို အေးအေးဆေးဆေး တကယ်စိတ်ရင်းထဲကနေ တောင်းပန်လိုက်တော့လဲ ၁၁နှစ်လုံးလုံး စိတ်ထဲက ၀န်ထုတ်၀န်ပိုးကြီးကျသွားပြီး ကိုယ့်ကိုကိုယ်လေးစားယုံကြည်မှုပိုရှိလာတယ်...


အောက်က MV လေးကတော့ အဲဒိကားထဲက မင်းသားဇာတ်ကောင် Park Soo Ha နဲ့ မင်းသမီး ဇာတ်ကောင် Jang Hye Song အတွဲကို သဘောကျလွန်းလို့  နတ်သမီးလေးလို လှနေလို့ ဆိုတဲ့ အဲလက်စ်သီချင်းကို သူတို့ဇာတ်လမ်းနဲ့ လိုက်ဖက်မယ်ထင်တာနဲ့ မဗေဒါ  MV လေးလုပ်ဖြစ်ပါတယ်... ဒီ MV ထဲက ဇာတ်ကွက်တွေကတော့ အပိုင်း ၁ရယ်၊ အပိုင်း ၇ နဲ့ ၈ ရယ်က အခန်းတွေပါ... နောက်ပိုင်းအပိုင်းတွေထပ်ထည့်ချင်ပေမဲ့ သီချင်းက တိုနေတော့ မရပါဘူး... နောက်မှ အချိန်ရရင် နောက်တစ်ခုထပ်လုပ်ပါအုံးမယ်... သူတို့ပြောတဲ့ စကားပြောလေးတွေကိုပါ ခံစားလို့ရအောင် အောက်က မြန်မာစာတမ်းထိုးနဲ့လဲ ဘာသာပြန်ပေးထားပါတယ်.... အားပေးကြည့်ရှုရင်း ခံစားချက်လေးတွေကိုလဲ မဗေဒါနဲ့ ပြန်လည် မျှဝေသွားပါအုံးနော်.... :D 

4 comments :

Lorem Ipsum said...

ကိုးရီးယားကားတွေနဲ့အဆက်ပြတ်နေတာ ကြာပြီမဗေဒါရယ်း) အမ်ဗွီလေးကိုအားပေးသွားပါတယ်နော်း)

ချစ်တဲ့
ဆုမြတ်

ဆွေလေးမွန် said...

လာလည်သွားပြီ။ ခုတစ်လော ကိုးရီးယားဇာတ်လမ်းတွေ ကြည့်နေတာဆိုတော့ ကွက်တိပဲ။
၇ှာဖွေပြီး ကြည့်လိုက်အုန်းမယ် ။

mabaydar said...

@ဆုမြတ်မိုး @ဆွေလေးမွန် - ဒီကားလေးကောင်းတယ်... သေချာကြည့်ဖြစ်အောင်ကြည့်လိုက်နော်... လောလောဆယ်တော့ မဗေဒါ ဒီကားကို ရူးသွပ်နေတယ်... အဟိ...

Anonymous said...

အိုမို အိုမို ခုလေးတင်မှ rating သွားကြည့်တာ rating တော်တော်ကောင်းတာဘဲ ကိုရီးယားမှာဒီလောက်ပေါက်မယ်တောင်မထင်ထားဘူး
တချို့ကားတွေက ကိုယ်ကြိုက်တိုင်း ကိုရီးယားမှာပေါက်တာမဟုတ်ဘူးလေ
ဒရာမာ တွေ plot တူတာလောက်တော့ မထူးဆန်းတော့ပါဘူး Timeline ရာသီတုန်းကလည်း ထွက်လာသမျှ ၄/၅ ကား လုံး Timeline ကြီးဘဲ
ခုနောက်ထွက်မဲ့ကားတွေထဲမှာလဲ ၂ကားလောက်က ပရလောကနဲ့ ပတ်သတ်တာခြင်း တူနေတယ်

AP