Thursday, July 25, 2013

သူလို Tourist



ဒီလို ခရီးသွားဧည့်သည်မျိုးကို ဘယ်လိုသဘောရပါသလဲ?

ကျွန်မအတွက်ကတော့....
ဧည့်သည်ဆိုတာ အိမ်ရှင်ဆီအလည်လာရင် အိမ်ရှင် စည်းကမ်းအတိုင်း လေးစားလိုက်နာသင့်တယ်လို့ထင်တယ်...

ဘာသာတရားယုံကြည်တာ မကြည်တာ အပထားအုံး နိုင်ငံတစ်နိုင်ငံရဲ့ အထွတ်အမြတ်ထားတဲ့နေရာကို မထေမဲ့မြင် မပြုသင့်ဘူးလို့ထင်တယ်...

ငယ်ပါဖုံးရုံလောက် အ၀တ်အစားနဲ့ နယ်ခံ မိန်းမသားတွေရှေ့မှာ ယခုလို ပြုမူတာဟာလဲ ယိုသူမရှက် မြင်သူရှက်တဲ့ လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ပေးခြင်းတစ်မျိုးပါပဲ...

နယ်ခံတွေက ဧည့်သည်ပဲလေဆိုပြီး ခွင့်လွှတ်ပေးထားတာဖြစ်စေ၊ သူတို့ ယဉ်ကျေးမှုလို့ မှားယွင်းစွာလက်ခံထားကြလို့ပဲဖြစ်စေ ဘာမှ မပြောတာကိုတောင် သူတို့ဘလော့မှာ "Most of them was really exited about our ideas!" လို့ ထင်သွားကြတယ်.... အဲဒါကို သူတို့ က အနုပညာတဲ့....

ဒီလို ခရီးသွားမျိုးကို အမှန်တော့ သက်ဆိုင်ရာက Fine ကောက်ပြီးတောင် အရေးယူသင့်တယ်... မြန်မာပြည် အလည်လာသူများလာတာနဲ့ အမျှ ဒီလိုမျိုး သရုပ်ပျက် tourist တွေကိုလဲ ထိမ်းချုပ်ဖို့ စည်းကမ်းတွေထားသင့်တယ်... အဖြူဖြစ်တာနဲ့ မလွှတ်ပေးသင့်ဘူး..




7 comments :

ပိုးပိုးရဲ့ရိုက်ချက် said...

ဟုတ်တယ် ဖိုင်းကောက်ယုံတင်မကဘူး အရေးပါယူသင့်တယ် သူ့ နိုင်ငံ သူ့ ယဉ်ကျေးမှုကိုတော့ အနည်းငယ် လေးစားရမှာပေါ့ အခုက အတော်ရုပ်ဆိုးတယ် အနုပညာကို ဒီလိုမျိုးပုံဖော်တဲ့သူမျိုးဆိုရင်တော့ စိတ်တဇ အနုပညာသမားပဲလို့ ပြောရမယ်

Anonymous said...

သူ့လင့်ကိုသွားကြည့်မှ ပုံတွေကပိုတောင်စိတ်ပျက်စရာကောင်းတယ်

mabaydar said...

ရုပ်ကလေး သနားကမားနဲ့ တဏှာကြီးလိုက်ပုံများ... အဲဒါမျိုးကိုယ့်ပစ္စည်းကိုယ်လိုက်ပြတာလဲ Pervert တစ်မျိုးပဲ...

mabaydar said...

ဟုတ်တယ် အကုန်မတင်ချင်လို့... လင့်ခ်ပဲ ပေးလိုက်တာ...

Anonymous said...

ဒီတင်ထားတဲ့စာကိုသေချာမဖတ်တတ်တာ မြန်မာစာပဲ မတတ်လို့ လား ဖဘမျက်နှာတခုမှာ ပြောထားလိုက်တာ ငါဝင်ရေးလို့ မရလို့ ဒီမှာပြောတာ သေချာဖတ်ပီးမှ ဝေဖန်သင့်တယ် အခုက ဘာမှသေချာမဖတ်ပဲ ဘလိုင်းကြီးစော်ကားထားတာ

ပိုးပိုး

mabaydar said...

မဗေဒါကို ဒီကျပ်မပြည့်တဲ့ ဘိုကောင်နဲ့တောင် ပေးစားတဲ့အပြင်... ဓာတ်ပုံကတောင် မဗေဒါရိုက်ပေးတာဆိုပဲ... ဘာကို အခြေခံပြီး ပြောလဲမသိ... စွတ်စွဲချက်က ပြင်းထန်တယ်... :D ... တွေ့ရင် ပါးရိုက်အုံးမှာတဲ့... အောက်က မြှောက်ပေးတဲ့လူတွေကလဲ မဗေဒါ ကြောက်ပြီး ပြာကျသွားလောက်ပြီတဲ့.... ခိခိ... တစ်ခုပဲ... မိဘတွေကိုပါထည့်ပြီး စော်ကားထားတာကိုတော့ တော်တော်လေး စိတ်မကောင်းဘူး....

ပိုးပိုးရဲ့ရိုက်ချက် said...

စာဖတ်မရဘူးပဲ ထား ပုံအလည်မှာ ဒေါသထွက်နေတဲ့ အနီရောင်အရုပ်ကလေးကြည့်ရင်ကို ဒါ ကြိုက်လို့ တင်တာလား ဒေါသထွက်ပီး တင်တာလားဆိုတာ လူပြိန်းတောင်သိပါတယ် အခုက မြန်မာလူမျိုးရဲ့ အခြေခံအားနည်းတဲ့စိတ်ဓါတ်ပီပီ မဲမဲမြင်ရာ ၀ိုင်းအော်ကြမယ်ဆိုတဲ့ စိတ်နဲ့  အကြောင်းအရင်း သေချာ မဆန်းစစ်ပဲ ၀ိုင်းတိုက်ခိုက်တာကတော့ လုပ်ရပ်က အရမ်းကို သေးသိမ်ဦးဏှောက်နည်းရာရောက်ပါတယ် ဘာပဲဖြစ်ဖြစ် အားတင်းထားပါမဗေဒါ