Sunday, August 11, 2013

Time for World Heritage Site: Greater Blue Mountains - Day 6

တောင်ကြီး ဖဝါးအောက်...

မှတ်မှတ်ရရ အဲဒိနေ့က ၂၀၁၃ရဲ့ ချစ်သူများနေ့ပေါ့ရှင်။ သြစီရောက်ပြီးမှ Blue Mountain ကို မသွားခဲ့ရဘူးဆိုရင် သြစီရောက်ရကျိုး ဘယ်နပ်တော့မလဲနော်။ ရှေ့ပိုစ့်မှာရေးခဲ့တဲ့အတိုင်းပါပဲ Blue Mountain သွားဖို့အတွက် တိုးပက်ကေ့ရှ်တွေ ၀ယ်ဖို့ အချိန်မမှီတော့တဲ့အတွက် ကျွန်မရှာခဲ့တဲ့ research အတိုင်းပဲ ကိုယ့်ဘာသာကိုယ် ရထားစီးသွားဖို့ဖြစ်လာပါတယ်။ ကျွန်မက အဲဒိလိုပဲ သွားချင်ခဲ့တဲ့အတွက် စိတ်ထဲတော့ ကြိတ်ပြီး ၀မ်းသာမိနေပါတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ်သွားလို့ တစ်ခုခုအဆင်မပြေခဲ့ရင် အစ်မပြောတာခံရမှာစိုးလို့သာ တိုးနဲ့သွားချင်လဲသွားလို့ သဘောတူခဲ့တာဖြစ်ပါတယ်။ မနက် ၈နာရီလောက်မှာ ကျွန်မတို့ ညီအစ်မ ၂ယောက်နဲ့ သန္တာနဲ့ ဟော်တယ်ကထွက်လာဖြစ်ပါတယ်။ တောတောင်ထဲသွားမှာမို့ သက်တောင့်သက်သာရှိမယ်ထင်တဲ့အင်္ကျီရယ် ဖိနပ်ရယ်ပဲ ရွေးဝတ်ခဲ့ပါတယ်။ အင်တာနက်မှာရှာတုန်းက အနွေးထည်ယူဖို့ပါပြောတဲ့အတွက် အနွေးထည်ပါယူလာပါတယ်။ သန္တာကတော့ အလုပ်သွားရမှာမို့ မလိုက်ဖြစ်တော့ပါ။

ဘာကြောင့် Blue Mountain လို့ခေါ်တာလဲ

Blue Mountain ကိုသွားတဲ့အကြောင်းလေးရေးမယ်ဆိုတော့ Blue Mountain အကြောင်းလေးရှာဖွေမိတယ်... အဝေးကနေကြည့်ရင် တောတောင်တစ်ခုလုံးကို အပြာရောင်အခိုးအငွေ့တွေကာထားသလို (အထူးသဖြင့် ရာသီဥတု ပူတဲ့အခါမှာ ပိုမိုသိသာစွာမြင်ရတတ်တယ်) ဖြစ်နေတဲ့အတွက် Blue Mountain လို့ခေါ်တယ်... ရာသီဥတုပူလာတဲ့အခါ Blue Mountain ပေါ်မှာ အများဆုံး ပေါက်ရောက်နေတဲ့ Eucalyptus အမျိုးအစားအပင်တွေရဲ့ အဆီက အငွေ့ပြန်ပြီး နေရောင်ထဲမှာပါတဲ့ အပြာရောင်ကို တခြားအရောင်တွေထက် ပိုမိုအားကောင်းစေတယ်... Blue Mountain ထဲမှာ ရှားပါးတိရိစ္ဆာန်အမျိုးတွေအပါအ၀င် တိရိစ္ဆာန် အမျိုးပေါင်း ၄၀၀ကျော်နေထိုင်ကြတယ်... 

၂၉ရက် နိုဝင်ဘာ ၂၀၀၀ခုနှစ်မှာ Blue Mountain ကို ကမ္ဘာ့ အမွေအနှစ် နေရာတစ်ခုအနေနဲ့ (World Heritage Area) အဖြစ် စာရင်းသွင်းသတ်မှတ်ခံခဲ့ရတယ်...


မဗေဒါ မမှားဘူးဆိုရင် Eucalyptus အပင်ဆိုတာ ဒီအပင်မျိုးတွေကို ပြောတာထင်ပါတယ်...

ကျန်းမာရေးကောင်းတုန်း... ၀င်ငွေလေးအဆင်ပြေတုန်း... အခြေအနေလေးပေးတုန်း ခရီးသွားထားဖို့ တိုက်တွန်းချင်တယ်...
Day 6 စတင်ခြင်း.

ကျွန်မတို့ အားလုံး ဟော်တယ်ကနေထွက်လာကြပြီး ဘူတာရုံသွားဖို့လမ်းမှာ Pie Face ဆိုင်လေးကို ထပ်တွေ့တာနဲ့ အော်စီမှာ နေရာတကာတွေ့တဲ့ဆိုင်လေး စားဖူးတယ်ရှိအောင် ၀င်စားမယ်ဆိုပြီး အဲဒိမှာ မနက်စာစားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဆိုင်ထဲမှာ ကုလားတစ်ကောင်နဲ့ တရုတ်တစ်ကောင်အလုပ်လုပ်နေပါတယ်။ တရုတ်ကတော့ အသစ်ထင်ပါတယ်။ ကုလားကတော့ ဆရာလုပ်နေတာပေါ့။ ကျွန်မ မုန့်မှာပြီးတော့ သောက်ဖို့အတွက် Cappuccino မှာပါတယ်။ ကုလားက မုန့်မှာနေကတည်းက အချိုးမပြေတာပါ။ သောက်စရာမှာတော့ သူ့ဆိုင်လဲလူသိပ်များနေတာမှ မဟုတ်တာ။ ကိုယ်လဲစဉ်းစားမှာပေါ့။ သူက စိတ်မရှည်တဲ့ရုပ်နဲ့မို့ ကိုယ်က ဘာသောက်စရာရှိလဲမေးတော့လဲ စိတ်မရှည်တဲ့လေသံနဲ့ ပြန်ဖြေတယ်။ စာတမ်းရေးထားတာကိုလှမ်း ပြတယ်။ ရေးထားတာတောင် ကျွန်မက သူ့ကိုဘာလို့မေးသေးလဲဆိုတဲ့ပုံနဲ့။ အဲဒါ Cappuccino လဲမှာလိုက်ရော။ သကြားဘယ်လောက်ထည့်မှာလဲတဲ့။ ကျွန်မကလဲ နည်းနည်းကြောင်သွားပြီး နင်တို့ထည့်နေကျအတိုင်း ပုံမှန်ထည့်လို့ဖြေလိုက်တယ်။ ဒါကို ကုလားက နင်ထည့်ချင်သလောက်ပြောရမယ်တဲ့။ ပုံမှန်ဆိုတာ မရှိဘူးဆိုပြီး သူ့လုပ်စားထိုင်စားနေရတဲ့ရုပ်နဲ့ပြောတယ်။ ကျွန်မကလဲ အဲဒိနေ့ကမှ ဘယ်လိုကြောင်နေလဲမသိဘူး။ ဦးနှောက်က မနက်မို့ အလုပ်မြန်မြန်မလုပ်သေးတာလားမသိဘူး။ ဒီတော့ စင်္ကာပူက Bubble tea ဆိုင်တွေကလိုပဲ ရာခိုင်နှုန်းနဲ့ပြောဖို့ပဲ သတိသွားရတယ်။ ဒါနဲ့ သူ့ကို ရာခိုင်နှုန်းနဲ့ပြောလိုက်တယ်။ အဲဒါကို သူရုပ်က ကျွန်မကိုပဲ ဒုံးဝေးလှချည့်ရဲ့ဆိုပြီး စိတ်ပျက်တဲ့ပုံနဲ့။ ရာခိုင်နှုန်းနဲ့ မဟုတ်ဘူးဆိုပြီးပြန်ပြောတယ်။ ဒီတော့ ကျွန်မကလဲ Mac Donald က ပေးသလိုမျိုး သကြားအိတ်လေးတွေနဲ့ပေးသလားဆိုပြီး ဘယ်နှအိတ်ယူမယ်ပြောတယ်။ ဒါကိုလဲ သူက မဟုတ်ဘူးတဲ့။ ဒါနဲ့ကျွန်မကလဲ စိတ်တိုလာပြီး။ ဒါဆို နင်တို့က သကြားကိုဘာနဲ့တိုင်းလဲ ငါ့ကိုပြောပေါ့။ ၁ထုတ်၊ ၂ထုတ်လဲမဟုတ်၊ ရာခိုင်နှုန်းလဲမဟုတ်ရင် နင်ဘာနဲ့တိုင်းလဲပြောမှ ငါပြန်ဖြေလို့ရမှာပေါ့ဆိုတော့ ဒင်းက နိုင်ငံတကာ စံနှုန်းက သကြားကို လက်ဘက်ရည်ဇွန်းနဲ့တိုင်းတယ်တဲ့။ နင်မသိဘူးလားတဲ့။ အခွက်ရော လေသံရောက လုံးဝအချိုးမပြေစွာနဲ့ပြန်ပြောတယ်။ ဟုတ်ပါတယ် လဘက်ရည်ဇွန်းနဲ့ တိုင်းတာ ကျွန်မလဲ မေ့နေတာပါ။ စင်္ကာပူမှာတော့ ပုံမှန်အားဖြင့် အပေါ်က ကျွန်မပြောခဲ့သလိုပဲ တိုင်းတာပဲ။ လူက Tea spoon နဲ့တိုင်းတာကို ကိုယ်မေ့တာကိုလဲ စိတ်တို။ အဲဒိကုလား သြစီမှာ ဖင်ခေါင်းကျယ်နေတာကိုလဲ ပိုစိတ်တို။ ကာစတန်မာကို အဲလိုဆက်ဆံလို့လဲစိတ်တို။ သူများနိုင်ငံဆိုတော့လဲ သိပ်တော့ရန်မဖြစ်ချင်တော့ ကိုယ့်ကိုကိုယ် မနည်းပြန်ထိန်းရတယ်။ မှတ်မှတ်ရရ အဲဒိနေ့က ချစ်သူများနေ့ရယ်ပေါ့။ ၂၀၁၃ ချစ်သူများနေ့မနက်မှာ သြစီက Pie ကုလားနဲ့ ရန်ဖြစ်ရင်း နေ့ကို စခဲ့ရလေတယ်


သူငယ်ချင်း သန္တာနဲ့ Pie Face မှာ အမှတ်တရ...


Blue Mountain ကို ဘယ်လိုသွားမလဲ

ဒီလိုင်းစီးရတာမဟုတ်ပါဘူး... blacktown ဆိုတဲ့နာမည်က စိတ်ထဲမှာ တစ်မျိုးကြီးခံစားရလို့ (စုန်းနိုင်ငံလိုလို) ရိုက်လာတာ...

စားသောက်ပြီးမှ Town Hall station ကို လမ်းလျှောက်သွားကြပြီး ကျွန်မတို့ ညီအစ်မ ၂ယောက်က Blue Mountain  ExplorerLink Tickets ကို ၀ယ်တယ်။ သန္တာကတော့ သူပြန်ဖို့ လက်မှတ်၀ယ်တယ်။ Blue Mountain ExplorerLink Tickets ဆိုတာက City Rail  ကပြေးဆွဲတဲ့ Blue Mountain လိုင်းက မှတ်တိုင် Katoomba မှတ်တိုင်အထိ အသွားအပြန် စီးလို့ရပြီး ဟိုရောက်ရင်လဲ Blue Mountain ရဲ့ Tourist Attraction တွေကို ပတ်ပို့ပေးတဲ့ Explorer Bus ကို ကြိုက်သလောက်စီးလို့ရတယ်တဲ့။ အဲဒိလက်မှတ်က သြစီဒေါ်လာ ၅၀ ကျပါတယ်။  Blue Mountaing Line ကို စစီးဖို့အတွက် Central Railway Station ကိုသွားရပါမယ်။ 


အဲဒိဘူတာရုံမှာ ပလက်ဖောင်းစုစုပေါင်း ၂၅ခုရှိပါတယ် ဒီတော့ ကိုယ်သွားမဲ့ပလက်ဖောင်းကို မှန်အောင်ရှာဖို့လိုပါတယ် ဘူတာရုံက ဟယ်ရီပေါ်တာထဲက ဟက်ဝေါ့တက္ကသိုလ်သွားတဲ့ ဘူတာရုံနဲ့တူနေပြီး ကိုယ်သွားရမဲ့ ပလက်ဖောင်းကို ပထမ ရှာမတွေ့သေးတော့ တိုင်ပဲပြေးစောင့်ရမလို လုပ်ကြည့်ချင်စိတ်ပေါ်မိတယ်ဒါပေမဲ့ နံပါတ်စဉ်အတိုင်း စိတ်ရှည်ရှည်လျှောက်ရင်တော့ တွေ့ပါတယ်ရထားကြီးစိုက်ထားတာတွေ့ပေမဲ့  စောပါသေးတယ်ဒီရထားက ငါတို့စီးရမဲ့ရထားမဟုတ်လောက်သေးဘူးဆိုပြီး ဓာတ်ပုံရိုက်နေကြပါသေးတယ်နောက်တော့ ပလက်ဖောင်းမှာလဲ ဘယ်သူမှ မရှိဘူး အချိန်လဲနီးလာလို့ အဲဒိက တာ၀န်ရှိသူကိုမေးကြည့်တောမှ ဒီရထားက Blue Mountain ကိုသွားတဲ့ရထားဟုတ်ပါတယ်တဲ့ ရထားပေါ်မှာ လူတွေတောင် အတော်ရောက်နေလို့ နေရာတောင် မနည်းရှာလိုက်ပါတယ် ရထားနဲ့သွားတဲ့ လမ်းတစ်လျှောက်မှာ မြို့ငယ်လေးတွေ ခြံ၀န်းလေးနဲ့ လုံးချင်းတိုက်လေးတွေကို တွေ့ရပါတယ် မြို့ပြင်ပိုင်းကျမှ အဖြူတွေနေတာပိုမြင်ရသလိုခံစားရပါတယ်.. ဆစ်ဒနီမြို့ထဲမှာတုန်းက ကုလားနဲ့ Asian တွေကတောင် ပိုများနေသလိုပါပဲ မြို့လေးတွေကိုဖြတ်ပြီး တောတောင်တွေ ထဲကနေ ရထားကြီးဖြတ်မောင်းတော့ မြင်ရတဲ့ ရှုခင်းတွေက အဆန်းတွေဖြစ်နေပါတယ် တစ်ခါတစ်ခါ ရေတံခွန်လေးခဏပေါ်လာလိုက် စမ်းချောင်းလေးပေါ်လာလိုက်နဲ့ ဓာတ်ပုံတောင် ရိုက်ဖို့ မမှီပါဘူး ကျွန်မအစ်မကတော့ ဘေးမှာ အိပ်မောကျနေလေရဲ့ ကျွန်မကတော့ ရထားစီးရတာပျော်နေတာ၁နာရီခွဲလောက် စီးပြီးမှ ဆင်းရမဲ့ Katoomba ဘူတာကိုရောက်ပါတယ် ဆင်လိုက်တာနဲ့ ထိတွေ့လိုက်ရတဲ့လေးက တောတောင် အငွေ့အသက်နဲ့ စိမ့်အေးပြီး လူကို လန်းသွားစေပါတယ် ဘူတာရုံလေးတွေကလဲ မြို့ထဲက ဘူတာရုံတွေနဲ့ မတူပါဘူး လက်မှတ်ထည့်ပြီး ဖြတ်၀င်ရတဲ့ နေရာလဲမရှိပါဘူး ကြည့်ရတာ အဲဒိကနေ အလကားတက်စီးလို့ရတယ်ထင်တယ် ဟုတ်တယ်လေ ဘာအတားအစီးမှမရှိ လက်မှတ်စစ်လဲမရှိမှတော့ အလကားတက်စီးလို့ရတာပေါ့ (ဒါပေမဲ့ မြို့ထဲသွားမဲ့လူကျတော့ အပြင်ဘယ်လိုပြန်ထွက်မလဲ လက်မှတ်မှ မပါတာ ခုထက်ထိ အဖြေမသိသေးပါဘူး) ဘူတာကထွက်တာနဲ့ အပြင်တန်းရောက်ပြီး ညာဘက်က အဆောက်အအုံးထဲမှာ မြို့ထဲက ၀ယ်လာတဲ့ လက်မှတ်ကိုပြပြီး အဲဒိမှာ မြေပုံရယ် ကားလက်မှတ်ရယ် ထုတ်ယူပါတယ် အဲဒိမှာ အမတ်ဆုံး ဟိုးအောက်ထိဆင်းတဲ့ ရထားစီးချင်တာ ခု under maintenance မို့ စီးလို့မရပါဘူးတဲ့ ဒါနဲ့ Sky train/cable car လက်မှတ်ပဲ ၀ယ်ဖြစ်ပါတယ် $24.00 ကျပါတယ် အဲဒါကိုတော့ Cash  က နည်းနေပြီမို့ Master card နဲ့ပဲရှင်းဖြစ်ခဲ့တယ် Blue Mountain  Explorer Bus နဲ့ ရထားလက်မှတ်အသွားအပြန် Package က $49.95 + ခု sky train က $24.00 ဆိုတော့ စုစုပေါင်း $79.95 ပဲကျပါသေးတယ် တိုးပတ်ကေ့ကတော့  AUD 150 လောက်ရှိပြီး နေ့လည်စာရယ် နောက်တော့ wildlife ပန်းခြံတစ်ခုရယ်ပါပါတယ် သူတို့ပေးတာနဲ့ တွက်ကြည့်ရင်တော့ နီးစပ်ပေမဲ့ ကျွန်မရဲ့ အကြိုက် ရထားလဲမစီးရ ပြီးတော့ ဘာလုပ်လုပ် အချိန်အကန့်အသတ်နဲ့ ကလေးတွေလိုပဲ မျက်လုံးလေး ကလယ်ကလယ်နဲ့ သူတို့ပို့တဲ့နေရာလေးပဲ လိုက်ရတာကို မကြိုက်တာပါ ကိုယ့်ဘာသာကိုယ်သွားတာ့ တိုးနဲ့သွားတာလောက် အဆင်ပြေချင်မှပြေမယ် သက်တောင့်သက်တာရှိချင်မှရှိမယ် ဒါပေမဲ့ ဘာဖြစ်မယ်ဆိုတာ သေချာမသိတာကို ရင်ခုန်ရတာက အရသာမို့လား နောက်တစ်ခုက ကိုယ်ကိုတိုင် ကိုယ်ဘာလုပ်နေတယ် ဘယ်သွားနေတယ်ဆိုတာကို သေသေချာချာသိတယ် သူငယ်ချင်းတွေပြန်မေးရင်လဲ ပြောပြနိုင်တယ်

Arriving to Katoomba


Katoomba ဘူတာက ထွက်လိုက်ရင် Hop on Hop off bus လက်မှတ်၀င်လဲရတဲ့ နေရာ...

လက်မှတ်လဲပေးတဲ့မိန်းမကြီးက တော်တော်လေးသဘောကောင်းပြီး ဖော်ရွေတဲ့ အဖြူအန်တီကြီးပေါ့ မြန်မာနိုင်ငံကလာတာဆိုတော့လဲ (ဒီကစလုံးတစ်ချို့လို အထင်သေးတဲ့ပုံမျိုးမပြတဲ့အပြင်) အိုး ဟုတ်လား မြန်မာနိုင်ငံကို သိတယ် ဆိုပြီးတောင် မြန်မာပြည်အကြောင်းစကားပြောဖြစ်သေးတယ် နောက် လူတွေအရမ်းများလာတော့လဲ ကျွန်မတို့ကို ဦးစားပေးပြီးလုပ်ပေးတယ် ဘတ်စ်ကားစီးရမဲ့နေရာရှာမတွေ့လို့ သူ့ဆီထပ်သွားတော့ သူလူတွေများနေတာတောင် မျက်နှာတစ်ချက်မပျက်ပဲ သေချာပြန်ပြောပြတယ် အဲဒိတော့ ကျွန်မတို့လို သူတို့နိုင်ငံသွားလည်တဲ့ ခရီးသွားတွေအတွက် သြစတေးလျကလူတွေ သိပ်သဘောကောင်းတာပဲလို့ ခြုံငုံ သုံးသပ်မိသွားတာပေါ့ အဲဒါကိုပြောတာ နိုင်ငံခြားသားနဲ့ ဆက်ဆံနေတဲ့ ခုလို လုပ်ငန်းလုပ်သူတွေက ကိုယ့်နိုင်ငံကို အများကြီးကိုယ်စားပြုတယ်


ကားစီးရမဲ့ နေရာကို သွားတဲ့လမ်းမှာ ထိုင်းထမင်းဆိုင်လေးတွေ့ခဲ့လို့ စားချင်ခဲ့တယ် ဒါပေမဲ့ မဖွင့်သေးတာရော ကားလွတ်သွားမှာကြောက်တာရောကြောင့် ဘာမှ မစားပဲ ကားဂိတ်မှာစောင့်နေလိုက်တယ် အာခြောက်ပြီး ချောင်းဆိုးမှာစိုးလို့ ရေတော့ ပြေး၀ယ်ဖြစ်လိုက်သေးတယ် ကားရောက်လာတော့ ကားသမား အဖြူအဖိုးကြီးက ကားပေါ်တက်လာသမျှ လူတွေကို ဘယ်နိုင်ငံကလာတာလဲလို့ မေးပြီး သူ့စာအုပ်လေးထဲ ရေးမှတ်နေတာတွေ့တယ် ကားက ၂ထပ်ကားဆိုတော့ အပေါ်ထပ်မှာ ထိုင်ဖြစ်တယ် ကားထွက်တော့ ကားသမားကြီးက မိုက်နဲ့ ဟိုရှင်းဒီရှင်းလုပ်ရင်း ကားပေါ်မှာပါလာသမျှ တိုးရစ်နိုင်ငံတွေရဲ့ နှုတ်ဆက်တဲ့ပုံစံနဲ့ အားလုံးကို နှုတ်ဆက်တယ် မြန်မာနှုတ်ဆက်ပုံကို သူသိပါ့မလားလို့တွေးမိတယ် And we have friends from Myanmar “ Min galar par” ဆိုပြီး သူနှုတ်ဆက်သွားတော့ သဘောကျပြီး ပြုံးမိသလို အချိန်တိုတိုလေးအတွင်းမှာ ပါလာသမျှ နိုင်ငံကလူတွေနှုတ်ဆက်ပုံကို သူပြောနိုင်တာကို ချီးကျူးမိတယ် သူ့မှာအစကတည်းက စုစည်းထားတာရှိကောင်းရှိမယ် ဒါပေမဲ့ ကားလဲမောင်းရင်း သူဘယ်လိုဘယ်အချိန်မှာ ပြန်ရှာလိုက်တာလဲ ဒါမှမဟုတ် အားလုံးကိုပဲ သူတကယ်သိနေတာလား ဘယ်လိုပဲဖြစ်ဖြစ် ချီးကျူးထိုက်ပါတယ်


တောလမ်းလျှောက်မယ်ဆို မြေပုံကြည့်ပြီး သေချာ Plan ပါတဲ့... မြေပုံတော့ ဓာတ်ပုံရိုက်လာတယ်... ပြီးတော့ Plan ကျမလုပ်မိဘူး...


ကားထွက်ပြီးသိပ်မကြာပါဘူး ခြံလေးတွေနဲ့တိုက်လေးတွေကိုဖြတ် တောင်ကုန်းလေးဆင်းလိုက်တယ်ဆိုရင်ပဲ stop no. 9 Scenic Skyway ကို ရောက်ပါတယ် Sky way  ပေါ်ကနေကြည့်ရင် နာမည်ကျော် 3 sisters လို့ခေါ်တဲ့ သြစတေးလျကိုယ်စားပြု ကျောက်ဆောင်ကြီး ၃ခုကို လှလှပပမြင်ရပါတယ် Sky way ရဲ့ အလယ်မှာ ဖန်နဲ့ပြုလုပ်ထားတဲ့နေရာရှိတဲ့အတွက် အောက်က တောထဲကို ထိုးဖောက်ပြီး မြင်ရစေပါတယ် အသွားတုန်းက Scenic Sky wayပေါ်မှာ အနောက်တိုင်းသားအချို့နဲ့ ဂျပန်နည်းနည်းပဲပါတော့ သွားရလာရတာ အဆင်ပြေပါတယ် အရမ်းလဲမကျပ်ပဲ အနှောင့်အယှက်လဲသိပ်မဖြစ်ပါဘူး ကိုယ့်ဟာနဲ့ကိုယ်ပါပဲ Sky way လမ်းဆုံးရောက်တော့ တစ်ခါ ထပ်ပြီး Cable car စီးဖို့နေရာကိုရောက်ပါတယ် သြစတေးလျမှာ အမတ်ဆုံးနဲ့ အကြီးဆုံး Cable car ဖြစ်ပါတယ် Cable car က Skyway စီးရတာနဲ့ပုံစံမတူပါဘူး သူက ရုပ်ရှင်ရုံလို လှေကားထစ်ပုံစံယာဉ်ပါ အဲဒိမှာ Cable car ထပ်စောင့်ရင်းပဲ ချစ်လှစွာသော Asia Disgraced ပြည်ကြီးတရုတ်များနဲ့တွေ့ပါတော့တယ် သူတို့အနီးအနားမှာရှိပြီဆို သင်မအေးချမ်းတော့ဘူးသာမှတ် သင့်ဘာသာသင် အေးအေးနေလဲ သူတို့ကလာပတ်သတ်နေမှာပါပဲ ကျော်တက်ကြ အော်ကြီးဟစ်ကျယ်စကားတွေပြောပြီး လူနားအသေကပ် သူတို့ပါလာတဲ့ကလေးတွေကိုသုံးပြီး ကြားဖြတ်ကြ (အစက ကိုယ့်နောက်မှာ ပြီးတော့ ကလေးကို အရင်အရှေ့ကို ခိုးချောင်ခိုးဝှက်သွားခိုင်းတယ်.. ပြီးရင် အဲကလေး လိုက်ခေါ်သလိုလိုနဲ့ သူတို့ ပါရှေ့၀င်လိုက်ရော ၁ခါရပါတယ်လေလို့ စိတ်ထားလိုက်ရင်တောင် နောက်ထပ်ခါထပ်ခါဖြစ်လာရင် သင်ဘယ်တော့မှ Cablecar ပေါ်ရောက်မှာမဟုတ်ဘူး တစ်ခုခုကြည့်စရာရှိလာရင်လဲ တိုးဝှေ့ပြီး သူတို့မှ သူတို့ပဲ အသက်ကြီးတဲ့ အဖွားကြီးတွေကလဲ အသက်ကြီးတဲ့အလျှောက် လူကြီးမို့အလျော့ပေးလို့မရဘူး ပေးလိုက်တာနဲ့ တစ်မိသားစုလုံးရှေ့ရောက်သွားရော မဗေဒါ အစ်မဆိုစိတ်တွေတိုရော မဗေဒါကတော့ ဟောင်ကောင်မှာကတည်းကအတော်လေးကို သင်ခန်းစာရထားတော့ သူတို့ကြောင့် ကိုယ့် စိတ်အညစ်မခံနိုင်ဘူး အင်း ဒါပေမဲ့ ကျော်တက်မယ်တော့မကြံနဲ့ လွယ်လာတဲ့ ကင်မရာကျောပိုးအိတ်က ကင်မရာဒေါက်တံစာမိမယ် အဆင်းမှာတော့ ကျွန်မတို့လဲ ဘယ်နေရာက ကောင်းမှန်းမသေချာတာရော သူတို့နဲ့ပြိုင်မလုချင်တာရောကြောင့် နေရာကောင်းမရလိုက်ပါဘူး တော်ရုံတန်ရုံလဲ သိပ်မမြင်ရလိုက်ပါဘူး စိတ်ထဲတော့ ကသိကအောင့်ဖြစ်မိပါတယ်… Cable car ပေါ်ကနေ Katoomba Fall (ရေတံခွန်) ပေါ်ကနေလဲ ဖြတ်မောင်းသွားတဲ့အတွက် ရေတံခွန်ကိုလဲ အပေါ်စီးကနေမြင်ရပါတယ် ရေတံခွန်နားမှာ ရေဆော့နေတဲ့သူတွေကိုလဲ သေးသေးလေးမြင်ရပါတယ် ...


Skyway ပေါ်ကရိုက်လာတာ...

Cable car အဆုံးမှာ Jurassic တောထဲကို ပတ်ဖောက်ထားတဲ့ Scenic Walkway  ဆိုတဲ့နေရာကိုရောက်ပါတယ် ယခင်က ကျောက်မီးသွေးမိုင်းကျင်းလုပ်ငန်းလုပ်ခဲ့တဲ့နေရာဖြစ်ပြီး သဘာ၀ကိုမထိခိုက်စေပဲ တောထဲကို သစ်သားပတ်လမ်းလေးလုပ်ထားပါတယ်။ ပတ်လမ်းက ၂.၄ ကီလိုမီတာ ရှိတယ်လို့သိရပါတယ်… အဲဒိလမ်းကတော့ ၁၀မိနစ်လျှောက်စာပါပဲ... (မိနစ် ၃၀လမ်းလျှောက်မလား ၁၀မိနစ်လမ်းလျှောက်မလား ၂မျိုးရွေးလို့ရပါတယ်... ဒါပေမဲ့ မဗေဒါမသိခဲ့တာက မိနစ်၃၀လမ်းက ရေတံခွန်ဘက်ကိုရောက်တယ်ဆိုတာပါ) ၁၀မိနစ် လမ်းတစ်လျှောက်မှာလဲ အပင်စိတ်၀င်စားသူတွေအတွက်တော့ အမျိုးစုံလင်လှတဲ့ အပင်တွေကိုလေ့လာနိုင်ပြီး၊ သမိုင်းစိတ်၀င်စားသူတွေကတော့ အရင်ခေတ်က ကျောက်မီးသွေးတွင်းအသုံးအဆောင်တွေ ပြန်လည်တူးဖော်တွေ့ရှိသမျှကို ယခင်ပုံစံအတိုင်း ထားထားပြီး သမိုင်းကြောင်း ရှင်းလင်းချက်လေးတွေဘေးကရေးထားပါတယ်မဗေဒါက တောရိပ်တောင်ရိပ်ကိုခံစားပြီး အပင်တွေအကြောင်းထက် အရင်တုန်းကလူတွေအကြောင်းကို ပိုစိတ်၀င်စားမိပါတယ် တောလမ်းစစ်စစ်မဟုတ်ပဲ သစ်သားပတ်လမ်းပုံမျိုးမို့ သိပ်တော့ သဘောမတွေ့လှပါဘူး တောထဲမို့ ဓာတ်ပုံကလဲ ဘယ်နေရာရိုက်ရိုက် ရှုခင်းတူတူပါပဲ ကိုယ်ကလဲ ဓာတ်ပုံဆရာစစ်စစ်မဟုတ်တာတစ်ကြောင်း အချိန်သိပ်မရတာတစ်ကြောင်းကြောင့် ဓာတ်ပုံ ၁ပုံ ၂ပုံလောက်ပဲရိုက်ဖြစ်ပါတယ်


Scenic Broadway 10 mins walk... 

အဲဒိမှာလမ်းလျှောက်ပြီး အပြန် Cable car နဲ့ ပြန်တက်ဖို့ စောင့်နေခိုက်မှာလဲ သူတို့အပြုအမူရိုင်းစိုင်းတယ်ဆိုတာကိုပင် သူတို့ကိုသူတို့မသိရှာတဲ့ ပြည်ကြီးတရုတ်များနဲ့ ထပ်ရင်ဆိုင်ရပြန်ပါတယ် Cable car စောင့်တဲ့နေရာကို ကျွန်မတို့ညီအစ်မနဲ့အတူ အဖြူကောင်လေး ၂ယောက်တူတူရောက်ပါတယ် ဒါပေမဲ့ သူတို့က ခပ်လှမ်းလှမ်းမှာပဲရပ်နေပါတယ် ကျွန်မတို့ ၂ယောက်ကတော့ မျဉ်းဝါလိုင်းရဲ့နောက်တည့်တည့်မှာရပ်ပါတယ် ရှေ့မှာလူတစ်ယောက်စာလောက် နေရာလွတ်ပေမဲ့ အန္တရာယ်ရှိသည်ဆိုတဲ့ စာတမ်းကြီး ကြောင့် မျဉ်းဝါနောက်မှာပဲရပ်တာပါ ခဏကြာတော့ ပြည်ကြီးတရုတ်တွေရောက်လာပြီး တန်းစီနေမှန်းသိရက်နဲ့လား (တကယ်ပဲမသိတာလား) တော့မသိဘူး ကျွန်မတို့ရှေ့က လွတ်နေတဲ့နေရာကို ၀င်ရပ်တဲ့အပြင် တန်းစီတဲ့လိုင်းပါ မရှိတော့ပါဘူး ဘေးတွေကနေ ၀င်တိုးပြီး Cable car တောင်မလာသေးဘူး အဲဒိနေရာမှာ ပြွတ်ညပ်နေတော့တာပါပဲ ကျွန်မအစ်မကတော့ သူပိုက်ဆံအကုန်ခံပြီးလာတာ သူလဲ ရထိုက်တယ် အဲဒိပြည်ကြီးတွေနဲ့ယှဉ်ပြီး ရအောင် တိုးမှာပဲဆိုပြီး စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့အချိန် ခပ်လှမ်းလှမ်းက တန်းမစီပဲ အဝေးမှာပဲရပ်နေတဲ့ အဖြူကောင်လေး ၂ယောက်ကတော့ အေးချမ်းနေလေရဲ့ အဲဒိမှာ ကျွန်မစဉ်းစာမိတယ် ဘယ် logic ကမှန်သလဲလို့ ကျွန်မအစ်မပြောတဲ့ ကိုယ်က ပိုက်ဆံအကုန်ခံပြီး အချိန်ပေးလာရတာ သူတို့ကိုအလျော့ပေးနေရမယ်ဆိုရင် အလကားဖြစ်ကုန်မယ်ဆိုတာလဲ သူ့ logic နဲ့ မှန်တယ် ဒါပေမဲ့ အဲဒိလို အဆင့်မရှိတဲ့ ကမ္ဘာ့အော့ကျောလန်လူမျိုးတွေနဲ့ ပြိုင်ဖြစ်ပြီး တစ်နေကုန် ကိုယ့်စိတ်ညစ်ညမ်းပြီး မနေပဲ ကိုယ့်အချိန်လေးနဲ့ကိုယ် ရသလောက်လေ ခံစားပြီးအေးဆေးနေမယ် သိပ်လုပ်ချင်နေတဲ့သူတွေကို ပေးလုပ်လိုက်တာကောင်းမလား (ဒါပေမဲ့ ကျွန်မတို့က ဒီကို နောက်တစ်ခေါက်လာဖြစ် မလာဖြစ် အခြေအနေအခွင့်အလန်း ပေးဖို့ မသေချာဘူး ဟိုအဖြူကောင်တွေက ဖြစ်နိုင်သေးတယ်) ပြီးတော့ ကိုယ်လဲ လူအုပ်ထဲရောက်နေပြီ ပြန်ထွက်လို့လဲမရဘူး အဆင့်မရှိတဲ့လူတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ဘူးကွာဆိုပြီး အတတ်နိုင်ဆုံး စိမ်ခေါ်ထားတယ်… အဲဒါကြောင့် နိုင်ငံခြားသားတွေရေးတဲ့ ခရီးသွားပိုစ့်တွေမှာ Tourist route ကနေထွက်ပြီးသွားရတာ ကြိုက်တယ်ဆိုတာ ဒီလိုလူမျိုးတွေရှိနေလို့ဖြစ်မယ်... 
သိချင် ဖတ်ကြည့်... နဲနဲတော့ ဝါးတယ်...

ယခင်က မီးသွေးကျင်းမိုင်းဖြစ်ခဲ့တဲ့ နေရာလေးပါ...

Cable car နဲ့ အပေါ်ပြန်ရောက်တော့ တစ်ခါ Skyway အပြန်အတွက် ထပ်တန်းစီတဲ့နေရာမှာ လက်ဆောင်ပစ္စည်းနဲ့ သားရေစာမုန့်ဆိုင်လေးတွေ့တာနဲ့ ကျွန်မအစ်မ အမြဲစားချင်တဲ့ သြစီကထွက်တဲ့ Yogurt bar ကို ၁ချောင်း AUD 4 နဲ့ ၂ချောင်း ၃ချောင်း၀ယ်လာဖြစ်ပါသေးတယ် (၀ယ်လာတုန်းကတော့ အဲဒါဟာ ကိုယ့်အတွက်နေ့လည်စာဖြစ်ခဲ့မယ်လို့ မသိခဲ့ဖူးရယ်)... အဲဒိမှာလဲ တန်းစီရတာ ပြည်ကြီးတစ်ရုတ်တွေနဲ့ပဲပေါ့... ဒါပေမဲ့ skyway ကို အလာတုန်းက အေးအေးဆေးဆေးစီးခဲ့ရတယ်ဆိုတော့ စိတ်လဲ မတိုချင်တော့ဘူး... ဒီလိုနဲ့ Scenic world ဘက်ကို ပြန်ရောက်လာတယ်... Hop on Hop off bus စီးဖို့ အချိန်ကြည့်လိုက်တော့ နေ့လည် ၁၂ခွဲနေပြီ... သူတို့ ထမင်းစားနားတဲ့အချိန်ဆိုတော့ ကားမလာလောက်သေးဘူးလေ... အဲဒိအနီးနားတဝိုက်မှာလဲ မဗေဒါတို့ နေ့လည်စာစားဖို့ စားသောက်ဆိုင်မရှိဘူး...ဗိုက်လဲ သိပ်မဆာသေးတာနဲ့ အဲဒိ ဘေးနားမှာ Blue Mountain National Park ဆိုတဲ့ မြေကြီးတောလမ်းလေးတွေ့တာနဲ့ လျှောက်ရအောင်ဆိုပြီး ညီအစ်မ ၂ယောက်သွားဖြစ်ခဲ့ပါတယ်... အဲဒိတောလမ်းကို လျှောက်ခဲ့တဲ့အတွက် ခုထက်ထိကျေနပ်နေဆဲပါပဲ... ဒါပေမဲ့ အဲဒိတောလမ်းထဲ၀င်ခဲ့တဲ့အတွက် နေ့လည်စာထမင်းငတ်ပြီဆိုတာ သတိမထားခဲ့မိပါဘူး...

ပြန်ရောက်ပြီ...


Echo Point နှင့် Three sisters ဆီသို့ 


ဒီတောလမ်း ဒီမှာစတာပဲ... နေ့လည်စာ ငတ်မယ်မသိခင် တပြုံးပြုံးပေါ့... :D

Blue Mountain National Park ဆိုတဲ့ ဆိုင်းဘုတ်လမ်းလေးဘေးက တောလမ်းလေးမျိုးကမှ မဗေဒါလျှောက်ချင်တဲ့ မြေကြီးလမ်းမျိုးလေးပါ... မြေကြီးပေါ်ကို နင်းလိုက်ရင် မြည်တဲ့ခြေသံကို ကျိုက်ထီးရိုး ငယ်ငယ်ကတည်းက ခြေကျင်တက်နေကျဆိုတော့ တစ်ခုခုကို သတိရသလိုလိုမို့ ကြားရတာ သဘောကျပါတယ်... ဓာတ်ပုံလဲအေးအေးဆေးဆေးရိုက်လို့ရပါတယ်... ဒီလိုတောလမ်းကျတော့ Annoying လူမျိုးများက မလျှောက်ကြဘူး... အဖြူတွေတွေ့တာများတယ်... တစ်နေရာအရောက် ကျွန်မတို့ညီအစ်မ ဓာတ်ပုံတူတူရိုက်ချင်လို့ စတန်းထောင်နေတုန်း တရုတ်သားအမိ ၂ယောက် (အမေနဲ့သား) ရောက်လာပြီး ဘေးမှာလာစောင့်နေလို့ ကျွန်မတို့က သူတို့ကို အရင်ပေးရိုက်လိုက်ပါတယ်... နောက်တော့ သူတို့ ၂ယောက် တူတူရိုက်မယ်ဆို ရိုက်ပေးမယ်လို့ပြောတော့ သူတို့လဲ ၀မ်းသာအားရ (အားမနာလျှာမကျိုး) ကို ရိုက်ခိုင်းတော့တာပဲ... ဒါပေမဲ့ သူတို့က ဓာတ်ပုံရိုက်ဖို့ ၀င်မလုတာရော ကျေးဇူးတင်ပါတယ်ပြောတာရော... အင်္ဂလိပ်လို လိမ့်ပတ်လည်အောင်ပြောတတ်တော့ ပြည်ကြီးတရုတ်တော့ မဟုတ်လောက်ဖူးဆိုပြီး ဘယ်ကလဲ မေးကြည့်တော့ ထင်တဲ့အတိုင်းပါပဲ... သူတို့က ထိုင်၀မ်ကပါတဲ့... တွေ့ဖူးတဲ့သူတချို့ကြောင့် တစ်နိုင်ငံလုံးကို မ Judge ချင်ပေမဲ့လဲ... တခြားနိုင်ငံသားတွေနဲ့ အဲဒိ တွေ့ဖူးသမျှ အများစု ပြည်ကြီးက ဟာတွေနဲ့ စရိုက်က တူကိုမတူတာ...

လမ်းမှာတွေ့တဲ့ ပြန်လျှောက်လာတဲ့ လူတွေကို နှုတ်ဆက်ရင်း မေးကြည့်တော့... အဆုံးကို ရောက်ဖို့ထက် လမ်းတစ်လျှောက် ကိုယ့်ဘာသာကိုယ် တောတောင်သဘာ၀ကို ခံစားသွားတာက ကောင်းပါတယ်တဲ့... ကျွန်မတို့လဲ တကယ်ပဲ အေးအေးဆေးဆေးကို သွားကြတာ... လမ်းလေးက ကျဉ်းပြီး တစ်ခါတစ်လေ ဗွက်အိုင်လေးတွေရှိတာကလွဲလို့ ကျိုက်ထီးရိုးက ရွှေရင်ဆို့စခန်းတို့ဘာတို့ကလို ကျောက်တုံးကြီးတွေကျော်လွှားတက်ရတာမျိုးမရှိပါဘူး... ကျွန်မအစ်မကို ညှပ်ဖိနပ်နဲ့ တောလမ်းလျှောက်လို့ တအံ့တသြဖြစ်တဲ့သူတွေလဲတွေ့ခဲ့ပါတယ်... :D ... တောလမ်းတစ်လျှောက်ဘာဆိုင်မှ မရှိတာနဲ့ စောစောက ၀ယ်ခဲ့တဲ့ Yogurt bar တွေကိုပဲ အစာပြေစားခဲ့တယ်။ လူက တောတောင်တွေကြည့်နေတာနဲ့ ဗိုက်ဆာတာလဲ ကိုယ့်ကိုကိုယ်မသိဘူး...


ဒီလမ်းလေး လှတယ်နော်...

၃ လေးခါလောက် ဒီပုံရိုက်ဖို့ကြိုးစားပြီးမှ ဒီလောက်ရတာပဲ ကျေနပ်လိုက်ပါတယ်... နေကပူ ပြုတ်ကျမှာက ကြောက်ရသေးတယ်...


တောတန်းလေး...

Echo Point 

ဒီလိုနဲ့ တောလမ်းအဆုံးဖြစ်တဲ့ 3 sisters နဲ့ နီးတဲ့ ရှုခင်းသာလိုမျိုးနေရာ Echo Point ကို ရောက်သွားတယ်... ဟိုရောက်တော့မှ သိလိုက်တာက Echo Point ကို Hop On Hop Off bus နဲ့လဲ လာလို့ရတယ်... ကျွန်မတို့က တောလမ်းကို မသိပဲလျှောက်လိုက်တော့ အချိန်တွေတော်တော်ကုန်သွားပင်မဲ့လဲ... ခုလိုလျှောက်ခဲ့ရတာကို ကျေနပ်တယ်... Blue mountain ရဲ့ တောတောင်ရေမြေ အရသာကို ခံစားဖြစ်သွားလို့... Tourist car တွေနဲ့ အဖွဲ့လိုက် အဖွဲ့လိုက်ရောက်လာတဲ့အထဲမှာ ကိုရီးယားတွေများတယ်... ချိုင်းနားတွေလဲရှိတယ်... ချိုင်းနားတွေကတော့ သိတဲ့အတိုင်းပဲ annoying တွေပေါ့...(လူထိုင်နေတာသိရက်နဲ့လဲ ဘေးမှာ ကပ်သပ်ပြီး၀င်ထိုင်... သူများထိုင်နေတဲ့ ထိုင်ခုံတန်းဘေးက လွတ်နေတဲ့ပေါ်ကို ဖိနပ်ကြီးတွေနဲ့ နင်းလိုနင်း... ဒီပိုစ့်လဲ ခရီးသွားပိုစ့်ကနေ ချိုင်းနားခရီးသွားများဆိုတဲ့ ပိုစ့်ဖြစ်တော့မယ်... လူမျိုးအားလုံးကို သိမ်းကြုံးပြီး စော်ကား Judge တာမဟုတ်ပါဘူး... ချိုင်းနားသူငယ်ချင်းတွေလဲ ရှိပါတယ်... ဒါပေမဲ့သူတို့လဲ သူတို့နိုင်ငံရဲ့ စနစ်အောက်မှာကြီးပြင်းလာတော့ အလိုက်မသိတတ်တဲ့ အကျင့်လေးတွေရှိတာကို သုံးသပ်နိုင်အောင်ပြောပြတာပါ)... အဲဒိမှာ အေးအေးဆေးဆေးထိုင်ပြီး ညီအစ်မ ၂ယောက် အချိန်ကိုမေ့နေကြတာပေါ့...


အဲဒိမှာ ရိုက်ပြီး Facebook ပေါ် တင်ဖြစ်လိုက်တဲ့ ပုံလေးပါ... တောကြီးမျက်မဲထဲတောင် အင်တာနက်လိုင်းက ဓာတ်ပုံတင်လို့ရသေးလို့ ချီးကျူးအားကျမိပါတယ်...
Echo Point မှာ Viewing လုပ်တဲ့ ၀ရံတာလိုနေရာက ၂ထပ်ရှိတော့ အပေါ်တက်သွားတဲ့အခါမှာ 3 sisters သို့ ဆိုတဲ့ ဆိုင်းပုတ်ကို ထပ်တွေ့ပါတယ်... ဒီလိုနဲ့ တောလမ်းလျှောက်ရတာ ကြိုက်တဲ့ ကျွန်မတို့ ညီအစ်မ စိတ်တူကိုယ်တူပဲ ဆက်လျှောက်ကြပါတယ်... ဒီလမ်းကတော့ တိုပါတယ်... ဒါပေမဲ့ 3 sisters ကျောက်ဆောင်ကြီးတွေကိုဆင့်တဲ့ Giant Stairway ဆိုတဲ့နေရာကတော့ တော်တော်လေးမတ်ပါတယ်... ဆစ်ဒနီတာဝါပေါ်တက်တုန်းက အသည်းမအေးခဲ့ပေမဲ့ Giant Stairway ကနေ 3 sisters ကျောက်ဆောင်အစွန်းကိုလှမ်းကြည့်မိရင် အသည်းအေးခနဲဖြစ်သွားတတ်ပါတယ်... လက်ထဲမှာ ကင်မရာတွေကိုင်ထားတာပါလို့ စိတ်ကလွတ်ကျမှာ စိုးတာလဲ ပါမယ်ထင်ပါတယ်...


ခြေမသန်ရင် မဆင်းတာ အကောင်းဆုံးပဲ...
မတ်စောက်တဲ့ လှေကားထစ်ကြီးတွေပါ... (ကိုယ်တိုင်တော့ ဓာတ်ပုံမရိုက်ဖြစ်ခဲ့ဘူး)


ဒါ၀င်က ဦးလေးကြီးပါ... 3 sisters ကျောက်ဆောင်ကြီးထဲ ရောက်ခဲ့တဲ့ အမှတ်တရ....

အဲဒိဘက်မှာတိုက်တဲ့လေက စိမ့်စိမ့်လေးပါ... တောင်ကြားလိုဖြစ်နေလို့လားတော့ မပြောတတ်ပါ... အဲဒိ 3 sisters ထဲမှာ ထိုင်နေတဲ့ အဖြူ ဦးလေးကြီးက လာသမျှလူနဲ့ စကားတွေပြောနေပါတယ်... ကျွန်မတို့ ညီအစ်မရောက်တော့လဲ သူစကားတွေလာပြောပါတယ်... ကျွန်မတို့ ညီအစ်မကိုတူတူဓာတ်ပုံရိုက်ပေးမယ်လို့လဲ ပြောပါတယ်... ဒါပေမဲ့ သူရိုက်တာ သိပ်မကောင်းပါဘူး... (ဟီး... ဟီး)... သူက ဒါ၀င်ကလို့ပြောပါတယ်...ခရီးထွက်နေတာ နှစ်ချီနေပြီလို့ပြောပါတယ်... မြန်မာကိုလဲ သိပါတယ်တဲ့... အဲဒိမှာ စင်္ကာပူက မလေး မောင်နှမ ၂ယောက်နဲ့လဲ စုံပါတယ်... သူတို့နဲ့ကိုယ်နဲ့တွေ့တော့ သူတို့ကလဲ ကိုယ့်ကို သူတို့ local တွေ့သလို ၀မ်းသာအားရနှုတ်ဆက်သလို... ကိုယ်လဲ စင်္ကာပူမှာ အနေကြာခဲ့ပြီး စလုံးတွေ တစ်ခါတစ်ရံမှာ အမြင်ကပ်ပေမဲ့ ဟိုမှာတွေ့တော့ စိတ်ထဲ ရင်းနှီးနေသလိုလို ၀မ်းသာအားရ စကားပြောဖြစ်ခဲ့တယ်... တကယ်တော့ စင်္ကာပူဆိုတာ ကျွန်မအတွက် ဒုတိယအိမ်ပဲလေ... (နောက် ၆နှစ် စင်္ကာပူမှာပဲ ဆက်နေဖြစ်မယ်ဆိုရင် မဗေဒါအတွက် မြန်မာပြည်မှာ နေခဲ့တဲ့ ကာလနဲ့ စင်္ကာပူမှာ နေခဲ့တဲ့ ကာလ တူတူဖြစ်ပြီ)... 


ကင်မရာခွန် ကောက်မဲ့သူမရှိတော့လဲ အများကြီးလွှတ်ရိုက်လာတာပေါ့.... 


ကျောက်ဆောင်ထိပ်က အပင်လေး...

အဲဒိ ချောက်ဆပ်နားကို ကြည့်ရင် အသဲယားတယ်...

Echo Point ကနေ Laura Cascade ဘက် ဆက်လျှောက်လို့ရသေးတယ်... ဒါပေမဲ့ ထမင်းလဲ မစားရသေးတာကြောင့် ဘတ်စ်ကားနဲ့ပဲ အေးဆေးပတ်တော့မယ်လို့ စိတ်ကူးပြီးပြန်လာဖြစ်တယ်... လမ်းမှာ ဆွစ်ဇလန်က လင်မယားနဲ့ ဓာတ်ပုံအပြန်အလှန်ရိုက်ပေးရင်း ခင်လာတယ်... သူတို့က သြစီဒေါ်လာတွေဈေးတက်နေတဲ့ အချိန်မှာ Euro ဒေါ်လာက ဈေးကျနေတော့ Europe ကို ခရီးသွားသင့်တယ်လို့ပြောတယ်... သြစီကိုလာဖို့ ရွေးခဲ့လို့ အံ့သြနေကြသေးတယ်... Echo Point ကိုပြန်ရောက်တော့ လူတွေသိပ်မရှိတော့ဘူး... နာရီကိုကြည့်လိုက်တော့ ညနေ ၅နာရီလောက်ဖြစ်နေပြီ... ဟိုလင်မယားရော ကျွန်မတို့ရောက ဘတ်စ်ကားစီးဖို့စောင့်နေတာ... ဒါနဲ့ ကျွန်မ မသင်္ကာလို့ bus map ကိုကြည့်လိုက်တော့ နောက်ဆုံးကားက ၄နာရီခွဲတဲ့... အဲဒိလင်မယားကို သေချာအောင် ထပ်သွားမေးကြည့်တော့ သူတို့လဲ ကိုယ့်လိုပဲ ဘတ်စ်လွတ်သွားပြီဆိုတာ ခုမှ သိတော့တယ်... သူတို့ဘယ်လိုပြန်မလဲမေးကြည့်တော့... ခုဆိုရင်တော့ သူတို့ Laura Cascade ကို လမ်းဆက်လျှောက်မယ်... အဲဒိကနေ ရထားစီးမယ်တဲ့... အဲဒိကို လမ်းညွှန်အရက 45 မိနစ် ၁နာရီလောက်လျှောက်ရမှာ... လျှောက်နေရင်း မှောင်သွားမှာလဲ ကြောက်တယ် (ဒါတောင် မဗေဒါက လိုရမယ်ရ ဓာတ်မီးထည့်လာတယ်...) သူတို့ကို နေ့လည်စာစားပြီးပြီလားဆိုတော့... "ဒါပေါ့ ဘယ်အချိန်ရှိပြီလဲ စားပြီးပြီပေါ့" တဲ့... ကျွန်မတို့ ညီအစ်မက မစားရသေးဘူဆိုတော့... "Oh... poor girls" တဲ့... ခုအချိန်ကို သတိထားမိတော့မှ ခေါင်းကမူးသလိုလို ဒူးတွေက တုန်သလိုလိုဖြစ်လာတယ်... ကိုယ်က ညနေ ၃နာရီလောက်ပဲရှိသေးတယ်မှတ်နေတာ... ဒါနဲ့ အဲဒိနားက information ကောင်တာကိုသွားမေးတော့ Blue Mountain ကိုပတ်တဲ့ (Tourist bus မဟုတ်တဲ့) ကားရှိတယ်တဲ့... နောက်ဆုံးကားမှီလောက်သေးတယ်တဲ့... ဒါနဲ့ အဲဒါကို ပဲစောင့်ဖို့ ဆုံးဖြတ်လိုက်တယ်... ကိုယ်လိုပဲ အဲဒိဘတ်စ်ကိုစောင့်နေတဲ့ ခရီးသွားတွေလဲရှိတယ်... အဲဒိနားက မုန့်ဆိုင်မှာ ဘာများ ဗိုက်၀၀စားလို့ရတာရှိမလဲ သွားရှာဖြစ်သေးတယ်... အာသာပြေနိုင်မဲ့ မုန့်မတွေ့ဘူး... ဆိုင်ကလဲ ပိတ်နေပြီ... စိတ်ထဲမှာ "ခုမှ ဘယ်အချိန်ရှိသေးလို့လဲ.." ဆိုပြီး စလုံး ဆိုင်ပိတ်ချိန်တွေ နဲ့ယှဉ်ပြီး ကွန်ပလိမ်းတက်ချင်နေတယ်... 


ဘတ်စ်ကားစောင့်ရင်း ရိုက်ဖြစ်တာ... ရီချင်ယောင်ဆောင်နေတာ...

ရီဖို့ တောင်တော်တော်လေး အားယူခဲ့ရတယ်...

ဘတ်စ်ကားက တော်တော်နဲ့မလာလို့ Katoomba အထိကို လမ်းလျှောက်ပဲပြန်ရင်ကောင်းမလား တွေးမိတယ်... ဗိုက်ကဆာလာတော့ စိတ်ကမရှည်တော့ဘူး...ဘတ်စ်ကားရောက်လာတော့ ညီအစ်မ ၂ယောက် ပိုက်ဆံထည့်စီးပြီး မတ်တပ်နဲ့ Katoomba ပြန်ရောက်လာတယ်... အမြန်ဆုံး စားသောက်ဆိုင်၀င်မှဖြစ်မယ်... တော်ကြာမှ ပိတ်သွားရင် ညစာပါထပ်ငတ်နေမှာ စိုးရတယ်... ဘယ်ဆိုင်သွားမယ်ထင်လဲ... သိတဲ့အတိုင်းပဲ အလာတုန်းကတွေ့ခဲ့တဲ့ ယိုးဒယားဆိုင်ကိုပေါ့... ဆိုင်နာမည်က "A-ROON THAI KITCHEN" တဲ့... ဆိုင်ထဲမှာ စားနေတဲ့သူ တစ်ယောက်မှ မတွေ့လို့ ဆိုင်ပိတ်နေတယ်ထင်ပြီး စိုးရိမ်သွားသေးတယ်... နောက်မှ သူတို့က ခုမှ ဆိုင်စဖွင့်တာဖြစ်နေတယ်... ရောင်းတဲ့သူတွေက ထိုင်းစစ်စစ်တွေပဲ... စားလို့ကောင်းတယ်... ဈေးလဲ သိပ်မကြီးဘူး... ၂ယောက်စားတာ AUD 22 ပဲကျတယ်... ဆိုင်ပြင်ပြန်ထွက်လာတော့ ရာသီဥတုက အေးအေးလေးမို့ ဖြစ်နိုင်ရင် Blue Mountain က ဟော်တယ်မှာ တစ်ညလောက်အိပ်ပြီး သေချာ Explore လုပ်သင့်တယ်... (တကယ်လို့များ နောက်တစ်ခေါက် ထပ်ရောက်ဖြစ်မယ်ဆိုရင် အဲလိုသေချာပေါက်လုပ်မယ်)... 


နေ့လည်စာ ညစာ...

Katoomba ဘူတာရုံ...


လမ်းတလျှောက် ဘူတာရုံ...

ဒီလိုနဲ့ Blue Mountain line ကို ပြန်စီးပြီး ဆစ်ဒနီကို ပြန်ခဲ့ကြတယ်... အပြန်ရထားက စီးရတာ ပိုကြာတယ်လို့ ခံစားရတယ်... ရထားပေါ်မှာ ၁ရေးရပြီး ပြန်နိုးတာတောင် အတော်လေးစီးရသေးတယ်... Central station ကိုရောက်တော့ ဟယ်ရီပေါ်တာထဲက ဘူတာရုံကြီးနဲ့တူလို့ လူက စုတ်ပြတ်နေပင်မဲ့ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်... အဲဒိနေ့ကဟော်တယ်ပြန်ရောက်တော့ သူငယ်ချင်းတွေနဲ့ နောက်နေ့အတွက် ချိန်းဖြစ်တယ်... နောက်နေ့က သောကြာညဆိုတော့ သူတို့ အားပြီလေ... သန္တာကတော့ မနက်ဖြန် အလုပ်ကခွင့်ယူပြီး ကျွန်မတို့နဲ့ လိုက်မယ်တဲ့... ဘယ်သွားဖို့ဆုံးဖြတ်လိုက်လဲဆိုတော့ Darling harbour နားက Sydney Wildlife park နဲ့ Sea Aquarium သွားဖို့ အွန်လိုင်းကနေ ခရက်ဒစ်ကဒ်နဲ့၀ယ်လိုက်တယ်... လက်ထဲမှာ ရှိတဲ့ ပိုက်ဆံက အဲဒိနေ့မှာ ကုန်သွားပြီ... တစ်ရက်ပဲကျန်တော့လဲ ထပ်မလဲချင်တော့ပြန်ဘူး... 

ဒီလိုနဲ့ ၂၀၁၃ရဲ့ ချစ်သူများနေ့ကို သြစတေးလျမှာ Pie face က ကုလားနဲ့စကားများတာက စခဲ့ပြီး... Blue Mountain မှာ အချိန်မေ့တဲ့ ခရီးသည်အဖြစ် နေ့ထမင်းငတ်ခဲ့သော်လည်း... အဲဒိနေ့က တွေ့ကြုံခံစား ဖြစ်ပျက်ခဲ့တာတွေအားလုံးကို ကျေနပ်ရင်း ခရီးသွား အတွေ့အကြုံ နဲ့ အမှတ်တရတွေအတွက် ရင်းနှီးခဲ့ရတဲ့ အချိန်နဲ့ ပိုက်ဆံကို ကျွန်မ ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး...

15 comments :

thandar win said...

My Fri Yay
Ah yan kg par tal shin read ya tar :)

ပိုးပိုးရဲ့ရိုက်ချက် said...

မဗေဒါခရီးသွားပိုစ့်ရေးတာ အဲ့လိုအသေးစိတ်လေးတွေ ကိုယ်တွေ့ လေးတွေကို အခြေခံပီး ဆောင်ရန်ရှောင်ရန်လေးတွေရေးလို့  သဘောကျတာ သွားမယ့်သူရှိရင်တောင် မဗေဒါရေးတာလေး ပြန်၂ဖတ်ပီး လမ်းကြောင်းလည်း အဆင်သင့်မှတ်လို့ လွယ် အချိန်လည်းတွက်ရလွယ် စားစရာသောက်စရာလည်း အဆင်သင့်ယူသွားလို့ ရတယ် တကယ်က ခရီးသွားပိုစ့်ဆိုတာ မဗေဒါရေးသလိုရေးမှ ဗဟုသုတကော အတွေ့ အကြုံရော မှတ်သားစရာကောရတာ ကိုယ်တိုင်သွားတာကို တိုးနဲ့ သွားတာထက်ပိုသဘောကျတာတော့ မဗေဒါနဲ့ တူတယ် အခုပိုစ့်ကိုပိုသဘောကျတယ် သဘာဝတောတောင်ပုံတွေနဲ့  တကူးတကသွားပီး ဒါ့ပုံရိုက်ခဲ့ အတွေ့ အကြုံကို သေချာရေးပြထားလို့  တို့ အလိုသာဆို အဲ့လို အစွန်အဖျားတွေနားမသွားရဲဘူးထင်တယ် မဗေဒါပုံတွေကြည့်ပီး အသည်းတယား၂နဲ့  ရှုခင်းပုံတွေကော ညီမ၃ယောက်တောင်ပုံရော တကယ်သဘောကျတယ် ဘယ်လောက်ပဲ မဗေဒါစာထဲမှာ စိတ်တိုရလိုအဖြစ်အပျက်ကြုံရ ကြုံ့ရ ဒါ့ပုံထဲက မဗေဒါမျက်နှာလေးကတော့ အမြဲကိုပြုံးနေတာကို ချီးကျူးမိတယ် တို့ သာဆို အဲ့လိုတောင်ပြုံးနိုင်မှာမဟုတ်ဘူး ထပ်ပီးရေးပါမဗေဒါ အခုလို အသေးစိတ် ကိုယ့်အတွေ့ အကြုံ အခက်အခဲလေးတွေနဲ့  ကြုံရတဲ့ လူတချို့ ရဲ့ စရိုက်ကလေးတွေနဲ့ ယှဉ်ရေးပြတော့ နောက်လူအတွက် သင်ခန်းစာလည်းရ မှတ်သားစရာလည်းဖြစ်ပါတယ် ကျေးဇူးလည်းတင်ပါတယ် မအားတဲ့ကြားက ခုလို ရေးလို့ 

Anonymous said...

မဗေဒါ ရဲ. ခရီးသွားပိုစ့်လေးတွေဆိုအမြဲဖတ်ဖြစ်တယ် ။ စိတ်ဝင်စားစရာလဲကောင်း ဗဟုသုတလဲရ ဖတ်လို.လဲကောင်းတယ်။ မအားတဲ့ကြားက ရေးလို.ကျေးဇူးပါ ။ အဆင်ပြေမယ်ဆို ထပ်ပီးရေးပါ အုန်းနော်။ :)

mabaydar said...

ဒီ Anonymous လေးက မဗေဒါ ဖေ့ဘွတ်ထဲက သူငယ်ချင်း တစ်ယောက်ယောက်များလား တိဝူးနော်... ဒါပေမဲ့ ကွန်မန့်လာပေးသွားတဲ့အတွက် thanks a million.... :D

Lotus Phyu said...

Thanks for taking me to Blue Mountains and sharing your experience. I didn't know this is one of the World Heritages.I enjoyed reading the whole post. Will keep an eye your blog for next posts. :)

ဆုမြတ်မိုး said...

မဗေဒါရဲ့ခရီးသွားပိုစ့်လေးတွေကိုဖတ်တိုင်း ကိုယ်ပါလိုက်ရသလိုပဲ ။ အော်ဇီကိုတောင်သွားချင်လာပြီ ။ ဆက်ရေးပါဦးမဗေဒါး)

ဝိ၀ိ said...

တောင်တန်းကို အလည်တစ်ခေါက်ရောက်ခဲ့ပါတယ်
ခရီးသွားဗပာုသုတတွေကို အခုလိုမျှဝေပေးတဲ့ အတွက်လည်း ကျေးဇူးပါလို့ ဆိုခြင်ပါတယ်

mabaydar said...

သွားချင်ရင် Target ထားပြီး လုပ်သာလုပ် ညီမရေ... တကယ်ဖြစ်နိုင်ပါတယ်... အားပေးလို့ကျေးဇူးပါ... နောက်ဆုံးတစ်ရက်ရေးဖို့ကျန်သေးတယ်...

mabaydar said...

အမြဲလာဖတ်ပြီး ကွန်မန့်ချန်သွားတတ်တဲ့ မောင်လေးဝိ၀ိကိုလဲ အစ်မက မှတ်မှတ်ရရကို ကျေးဇူးတင်ပါတယ်...

so gyi said...

ဒါလည်းဖတ်မရဘူး ဒါနဲ့ ရီစရာတခုပြောလိုက်အုံးမယ် ခေါင်စဉ်ကိုက ကျန်တော့်ဖုန်းထဲမှာ မဗဒေါရဲ့ 
ဗဒေါလမျး တဲ့ဓါတ်ပုံနဲ့နေရာတွေရေးထားတာအရမ်ဖတ်ချင်လို့ ပါ

mabaydar said...

မောင်စိုးကြီး... ဖုန်းနဲ့ဖတ်လို့မရလောက်ဘူးထင်တယ်.... အင်း အချိန်ရရင်တော့ ဇော်ဂျီပြန်ပြောင်းထားပေမယ်နော်... :D .. အားပေးတဲ့အတွက် ကျေးဇူးပါ...

Mg Yin Nge Twe said...

ဖုန်း နဲ့ ဖတ်လို့ မရဘူးနော်...

mabaydar said...

ခုပြန်ပြင်ထားတယ်... ဖတ်လို့ရပြီလား မသိဘူး..

so gyi said...

အမအပေါ်ကတောင်ကြီးဖဝါးအောက် ဘာကြောင့် Blue Moutain လို့ခေါ်ရတာလဲ 6 dayမတိုင်မီ အဲဒါဖတ်လို့ရတာအောက်ကဟာကမရဘူးအမ

so gyi said...

အပေါ်ကတောင်ကြီးဖဝါးအောက် ဘာကြောင့် Blue Mountain ဖြစ်ရတာ 6day မတိုင်မှီအဲဒါပဲဖတ်လို့ရတာအောက်ကဟာကမရဘူး