Thursday, July 26, 2012

ပိတ်ကားနောက်ကွယ်က Kristen Steward နဲ့ ပရိတ်သတ်များရဲ့ တုံ့ပြန်မှု




အားလုံးသိကြတဲ့အတိုင်း "Twilight" ရုပ်ရှင်ဇာတ်ကားနဲ့ နာမည်ကြီး လူကြိုက်များခဲ့တဲ့ မင်းသားချော Robert Pattinson (အသက် ၂၆) နဲ့ မင်းသမီးချော Kristen Steward (အသက် ၂၂) တို့ဟာ ဖန်သားပြင်ပေါ်မှာသာမက အပြင်မှာပါ လိုက်ဖက်တဲ့ ချစ်သူ ၂ယောက်ဖြစ်တယ်ဆိုတာကို ၂၀၁၁ခုနှစ် အောက်တိုဘာ အင်တာဗျူးတစ်ခုမှာ မင်းသမီးက ၀န်ခံလုနည်းပါးကြေငြာခဲ့ပါတယ်... "Snow White & the Huntsman" ရိုက်ဖို့ အင်္ဂလန်ကိုရောက်တုန်း သူမချစ်သူရဲ့ နိုင်ငံဖြစ်တဲ့အတွက် လေ့လာလျှောက်လည်ဖို့ စိတ်လှုပ်ရှားကြောင်းလဲ ပြောခဲ့ပါတယ်...


မင်းသမီး Kristen ရဲ့ "Snow White & the Huntsman" ဇာတ်လမ်းကိုလဲ လတ်တလောကမှ ရုံတင်ပြသသွားတာ သိလိုက်ကြမှာပါ... ဂျူလိုင် ၂၂ ရက်နေ့မှာ US Weekly မဂ္ဂဇင်းမှ မင်းသမီး Kristen နဲ့ "Snow White & the Huntsman" ဒါရိုက်တာ Rupert Sanders (အသက် ၄၁) တို့ ၂ယောက်ရဲ့ သာမာန်ရင်းနှီးမှု ထက်ကျော်လွန်တဲ့ အပြုအမူများပါဝင်တဲ့ ဓာတ်ပုံတွေကို ခေါင်းစဉ် "Kristen, Rob ကို ညာနေသည်" ဆိုသည့် မျက်နှာဖုံး သတင်းအကြီးနဲ့ကို ထုတ်ဝေလိုက်ပါတယ်... ဓာတ်ပုံတွေထဲမှာ Sanders က Kristen ရဲ့ လည်ပင်းကို နောက်မှ ဖက်ပြီး နမ်းနေသည်ကို Kristen ကပြုံးလျက်ရှိသည့်ပုံကို မျက်နှာဖုံးတွေဖော်ပြခဲ့ပါသည်... 


ဂျူလိုင် ၂၄ ရက်တွင် ဒါရိုက်တာ Sanders ရဲ့ တရားဝင် ဇနီးဖြစ်သူ၊ "Snow White & The Huntsman" ဇာတ်ကားထဲတွင် Snow White ၏ အမေအဖြစ် သရုပ်ဆောင်ခဲ့သော မင်းသမီး Liberty Ross ၏ တွစ်တာပေါ်တွင် "WoW" ဆိုသော စာလုံးတစ်လုံးတည်းကို နောက်ဆုံးတင်ခဲ့ပြီး သူမရဲ့ အကောင့်ကို ဖျက်သိမ်းခဲ့တယ်လို့ သတင်းတွေထဲမှာ ရေးသားထားပါတယ်... သို့သော် သူမ၏ Instagram အကောင့်တွင် Snow White ငိုကာ အရက်သောက် နေသော ကာတွန်းပုံကို တင်ကာ "Not so pretty or so pure after all..." (နောက်ဆုံးတော့လဲ ဒီလောက်လဲ မချောသလို ဒီလောက်လဲ မဖြူစင်ပါလား...) လို့ အဓိပ္ပါယ်ရတဲ့ စာသားကို ဓာတ်ပုံခေါင်းစဉ်အဖြစ် ရေးသားတင်ခဲ့ပါတယ်... ထို့နောက် သူမရဲ့ Privacy Setting ကို only followers တွေကိုပဲ မြင်ရအောင် ကန့်သန့်လိုက်တာ တွေ့ရပါတယ်လို့ Eonline.com မှာ ရေးသားထားပါတယ်... 




ဂျူလိုင် ၂၅ ၂၀၁၂ ရက်နေ့မှာတော့ မင်းသမီးက Magazine's website ပေါ်တွင် လူထုကို သူမကိုယ်တိုင် အောက်ပါအတိုင်း ၀န်ချတောင်းပန်ခဲ့ပါတယ်...
"I'm deeply sorry for the hurt and embarrassment I've caused to those close to me and everyone this has affected. This momentary indiscretion has jeopardized the most important thing in my life, the person I love and respect the most, Rob. I love him, I love him, I'm so sorry."
ဒီကိစ္စမှာပါဝင်ပါတ်သတ်နေတဲ့သူတွေရော သူမရဲ့ပတ်ဝန်းကျင်က ရင်းနှီးသူတွေရောကို နာကျင်အောင် အရှက်ရအောင် လုပ်မိတဲ့အတွက် အလွန်မှစိတ်မကောင်းဖြစ်ရပါကြောင်း.... ယခုလို ခေတ္တ စိတ်လွတ်ပြီး မဆင်ချင်မိတဲ့အတွက် ခုဆိုရင် သူမဘ၀ရဲ့ အရေးကြီးဆုံးအရာတွေ၊ သူမချစ်ရ လေးစားရတဲ့ ချစ်သူ Robert, ကို ဆုံးရှုံးဖို့ အလားအလာတွေဖြစ်ရကြောင်းနဲ့ သူမ Robert ကို အရမ်း အရမ်းချစ်ပြီး ခုကိစ္စအတွက် စိတ်မကောင်းကြောင်း လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်... 


ထို့အတူပဲ ကလေး၂ယောက်အဖေ မင်းသမီးနဲ့ မော်ဒယ် Ross ရဲ့ ခင်ပွန်း ဒါရိုက်တာ Sanders ကလဲ သူ့မိသားစု၊ သူ့မိန်းမချောနဲ့ သူ့ကလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စရာတွေလုပ်ခဲ့မိတဲ့အတွက် တောင်းပန်ကြောင်း၊ သူ့မှာ ဒီမိသားစုလေးပဲရှိပြီး သူတို့ကိုလဲ အသက်တမျှချစ်ကြောင်း၊ သူ့မိသားစုနဲ့အတူ ဒီပြဿနာကို ကျော်ဖြတ်မယ်ဖြစ်ကြောင်းပြောသွားပါတယ်... 


သို့သော် ဂျူလိုင် ၂၁ရက်နေ့ BlackBook posts ရဲ့ Robert နဲ့ အင်တာဗျူးမှာ သူတို့ ၂ယောက်ရဲ့ စေ့စပ်ထားတဲ့ဆိုတဲ့ သတင်းက မမှန်ကန်ကြောင်း "အနည်းဆုံး၊ မစီစဉ်ရသေးကြောင်း" Robert ကပြောကြားသွားပါတယ်...


ဂျူလိုင် ၂၂ ရက်နေ့ The 2012 Teen Choice Awards မှာ Kristen၊ Robert နဲ့ Taylor Lautner, Iron Man တို့ ဆုတက်ယူကြပင်မဲ့ ချစ်သူ၂ဦးဖြစ်တဲ့ Kristen နဲ့ Robert တို့ ပွဲတက်ရောက်သော်လည်း အတူတူမထိုင်ကြပါဘူး... 







New Source from http://www.eonline.com/news/333148/kristen-stewart-cheating-on-robert-pattinson-everything-we-know 


Photo credits to http://www.fotogramas.es/Noticias/Kristen-Stewart-arrepentida http://www.usmagazine.com/celebrity-news/news/kristen-stewart-robert-pattinson-rupert-sanders-2012247 
http://gossiponthis.com/2012/07/25/kristen-stewart-apologizes-for-cheating-on-robert-pattinson-photos/kstew-cheating-3/


ဒီသတင်းကြောင့် တချို့ fan တွေကလဲ တွစ်တာမှာ


Kristen စိတ်မကောင်းဖြစ်ရတာ ခု ဓာတ်ပုံနဲ့ မိလို့ပေါ့ မမိရင် ဘယ်လောက်ဖြစ်နေမလဲ မသိ... 


တော်တော်ဆိုးတဲ့ Kristen၊ ဒီလောက် ချောတဲ့ မိုက်တဲ့ဘဲရတာတောင် သစ္စာဖောက်ချင်သေးတယ်? ဘာကြောင့်လဲ? ၊


ရူးနေလား? ဒီလောက်ပြောစရာမရှိလောက်အောင် ကောင်းတဲ့ ဘဲကိုရထားပြီးရင် ဘာလို့ သစ္စာဖောက်သေးလဲ? OMFG.... 


သူသရုပ်ဆောင်တဲ့ အရည်အချင်းက သိပ်မရှိပဲ ခေါင်းဆောင် role တွေရနေတာ ဒါ့ကြောင့်ကိုး...
စသည်ဖြင့် တုံ့ပြန်ထားကြတာကို တွေ့ရမှာပါ...


ဒီလိုအပြုအမူကြောင့် သူမရဲ့ Relationship တင်မကပဲ သူမရဲ့ အနုပညာလုပ်ငန်းကိုပါအတော်လေး ထိခိုက်သွားပါတယ်... ဒါတောင် သူမက တရားဝင် လူသိရှင်ကြား ၀န်ချတောင်းပန်ခဲ့တာကိုတော့ ကျွန်မ ချီမွှမ်းပါတယ်...


ဒီသတင်းကြားတော့ ကျွန်မခေါင်းထဲကို မြန်မာအနုပညာလောကက မိန်းကလေးတွေကို သွားသတိရတယ်... မြန်မာပြည်မှာ မိုးဟေကို လိုးရှင်းလိမ်းပြလိုက်တာ အောင်မြင်လိုက်တာ သောက်သောက်လဲ... မြန်မာတစ်နိုင်ငံလုံးမှာ sexy ဆိုတဲ့ စကားလုံးကို ပိုင်ဆိုင်တဲ့ မင်းသမီးကိုဖြစ်ရော... သင်ဇာဝင့်ကျော် ပရိတ်သတ်ကိုပစ်ပြီး Skypark ပေါ်က ရေကူးကန်ကြီးကိုရောက်နေတာလဲ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး တောင်းပန်စရာမလိုဘူး... ပိုက်ဆံရှိလို့ မင်းသမီးတက်လုပ်နေတာနော်... သူ့ရဲ့ Enhancement လုပ်ထားတဲ့ ခန္ဓာကိုယ်အလှကိုပဲ ခံစားလို့ မဆုံးနိုင်ဘူး... ခုတစ်လောကမှ ဗွီဒီယို ၃ပိုင်းတောင် ထွက်ထားတဲ့ တော်ဝင်ပန်းနာမည်နဲ့အဆိုတော်မလေးဆိုလဲ သူ့ခင်ပွန်းက Robert Pattinson ထက် ပိုချစ် ပိုနားလည် ပိုဂရုစိုက်တတ်တဲ့ တကယ့် Ideal Husband နော်...


မြန်မာပရိတ်သတ်တွေက အသံဖမ်းညံ့၊ ဇာတ်လမ်း၊ စတိုင်၊ အိုင်ဒီယာ အားလုံးသူများဆီက ခိုးချ၊ ခိုးချပြီး မူရင်းကိုလဲ မှီအောင်မလုပ်နိုင်၊ ပေါ့ပျက်ပျက်သရုပ်ဆောင်ချက်တွေနဲ့ နားညီးအောင် တစ်ယောက်တစ်ပေါက်ပြောပြီးရန်ဖြစ်မှ ဟာသမြောက်တယ်လို့ ယူဆတဲ့ မြန်မာရုပ်ရှင်ကားတွေကို စိတ်ရှည် ဇွဲသန် သည်းညည်းခံပြီး ဘယ်တော့ ကောင်းလာနိုး ဘယ်တော့ တိုးတက်လာနိုးနဲ့ကြည့်ရှုအားပေးနေတာပဲ မဟုတ်လား... ဒီလိုဆိုတော့လဲ ကျွန်မကောက်ချက်ချမိတာက မြန်မာ ပရိတ်သတ်ကြီးက နိုင်ငံတကာက ကျဉ်မြောင်းတဲ့ မျက်လုံးနဲ့ ကြည့်တတ်တဲ့ ပရိတ်သတ်တွေနဲ့ ယှဉ်ရင် အတော်သဘောထားကြီး နားလည်တတ်တဲ့ လူထုတွေပါပဲလို့ ကြံဖန် ဂုဏ်ယူမိပြန်ပါတော့တယ်..

2 comments :

Anonymous said...

ဒီပို့စ်လေးအတွက် ကျေးဇူးပါ မဗေဒါရေ။
မနေ့ကကိုယ့်ဘာသာဖတ်ပြီး မဗေဒါရေးရင်ကောင်းမှာပဲလို့စဉ်းစားနေတာ။

Regards
KPS

ဝိ၀ိ said...

မြန်မာကားတွေကတော့..ပြောမနေပါနဲ့ တော့..
အစ်မရေ....