Tuesday, July 03, 2012

Kang Ji-Hwan movie "Detective Cha"

မင်းသား Kang Ji-Hwan အကြောင်းတောင်းဆိုလာတဲ့ Su အတွက် သတင်းကောင်းလေးရှိပါတယ်… 


သူ့ရဲ့ ဇာတ်ကားသစ် “Detective Cha” ဆိုတဲ့ ရုပ်ရှင် (ဇာတ်လမ်းတွဲမဟုတ်) အကြောင်း သိပြီးပြီလာတော့ မသိဘူး… မဗေဒါတော့ ခုမှ သိပါတယ်… မေလကမှ ထွက်ထားတဲ့ကားပါ…


Hong Gil Dong ကားမှာ သူနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Sung Yuri (Snow Queen ထဲက မင်းသမီး) နဲ့ ပြန်လည်တွဲဖက်သရုပ်ဆောင်မှာဖြစ်ပါတယ်… သူတို့ ၂ယောက်က Hong Gil Dong ကားမှာကတည်းက လိုက်ဖက်တဲ့ မင်းသား မင်းသမီးအနေနဲ့ ပရိတ်သတ်အကြိုက်များခဲ့ပါတယ်… Detective Cha ဇာတ်လမ်းလေးကတော့ ဟာသစုံထောက်အချစ်ဇာတ်လမ်းလေးဖြစ်မယ်ထင်ပါတယ်…


ပိုစတာမှာမြင်တဲ့အတိုင်းပဲ Kang Ji-Hwan မှ ဟုတ်ရဲ့လားလို့ ထင်စရာပါ… ဒီကားမှာ သူဟာ စုံထောက် ချား အနေနဲ့ သရုပ်ဆောင်မှာဖြစ်ပါတယ်… သူ့ရဲ့ ဇာတ်ကောင်ဟာ အရည်အချင်းထက် အရာတစ်ခုကို စွဲစွဲမြဲမြဲလုပ်တတ်တဲ့ အကျင့်ရှိတဲ့ အ၀လွန် စုံထောက်တစ်ဦးဖြစ်ပါတယ်… အပေါ်ပုံမှာ သူရဲ့ ဘီယာဗိုက်ပူနေတဲ့ D-line ကို ပေါ်လွင်အောင် အိုက်တင်ပေးနေတာဖြစ်ပါတယ်… (ပိုစတာကြည့်တာနဲ့ ရီချင်မိပါတယ်)… မင်းသမီး Sung Yuri ကတော့ မင်းသားကို ပုံပြောင်းပေးမဲ့ ဖက်ရှင် ဒီဇိုင်နာအဖြစ်သရုပ်ဆောင်ထားပါတယ်… အမှုစုံစမ်းဖို့အတွက် ပုံပျက်ပြီး ၀နေတဲ့ စုံထောက် ချား တစ်ယောက် အသွင်ပြောင်းပြီး ဖက်ရှင်လောကကို ၀င်ရောက်ပြီး Runway ဘယ်လိုလျှောက်မလဲဆိုတာကို ကြည့်ရှုရင်း ရီစရာလေးတွေ ခံစားနိုင်မှာပါ… အပြင်မှာ မော်ဒယ်လိုင်းကနေ သရုပ်ဆောင်လိုင်းကို ကူးပြောင်းနေတဲ့ မင်းသားငယ် အသစ်တွေဖြစ်တဲ့ White Christmas ထဲက Lee Soo-hyuk နဲ့ Bachelor’s Vegetable Store ထဲက Kim Young-kwang ဟာ ဒီကားထဲမှာ မော်ဒယ်ဘွိုင်းတွေအဖြစ် ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်… 


ကဲ… Su ရေ… ဒီကားလေး ကြည့်ပြီးဘီလား… မဗေဒါတော့ မကြည့်ရသေးလို့ ရှာကြည့်လိုက်အုံးမယ်…





Source : Dramabeans 

Photo taken from Dramabeans & Neversearch

8 comments :

Sandi said...

can u tell me which web site i can watch this movie. i m trying to look for it at http://www.mysoju.com/ but unable to find it.
Thanks.

mabaydar said...

Let me check.. I'll get back to you when I found it.

Anonymous said...

http://www.dramastyle.com/movie/Runway-Cop/

Anonymous said...

I found out on Dramajoy site and they changed the moive name as usual.

ATP

mabaydar said...

Thanks for sharing... I know another name is Runway Cop. I just couldn't find in the websites i know... Thanks

mabaydar said...

Hi.. I just check out the link and only trailer versions there. Not whole movie... :(

Anonymous said...

opps really? I didn't check the movie since i was at office at that time... so sad :(od

Sandi said...

yeah unable to find at mysoju also