Friday, June 29, 2012

ပျော်တတ်တဲ့ Asia Prince JKS

သူ့ကို စစချင်းကြိုက်တုန်းကတော့ ချောလို့ကြိုက်တာပါ... နောက်ပိုင်းကျတော့ သရုပ်ဆောင်ကောင်းလို့... ခုနောက်ပိုင်းမှာ သူက မိန်းကလေးနဲ့ ပိုပိုတူလာပြီး ဆံပင်ရှည်ကြီးဖြစ်နေတော့ တော်တော်များများက ဂျန်ဂမ်ဆွတ် ဆိုရင် အခြောက်နဲ့တူတယ်ဘာညာလို့ပြောကြပင်မဲ့... ကျွန်မကြိုက်နေပါသေးတယ်... ဒါပေမဲ့ သူ့ရုပ်ရည်ကြောင့်တော့ မဟုတ်တော့ဘူး...


အချက် ၂ချက်ကြောင့်... ပထမတစ်ချက်က သူဟာ ကျွန်မ ပထမဆုံးအပြင်မှာမြင်ဖူးတဲ့ ကိုရီးယားမင်းသား ဖြစ်သလို Fan service လဲ အကောင်းဆုံးမင်းသားတစ်ယောက်


ဒုတိယအချက်က သူ့သတင်းတွေကြားလိုက်တိုင်း သူဟာ ပိတ်ကားနောက်ကွယ်က သူ့လုပ်ဖော်ကိုင်ဖက်တွေကို ညှာတာသလို... ငါဟဲ့ Celebrity ဆိုပြီး အထာကြီးနဲ့ နေလေ့မရှိပဲ သာမာန်လူတစ်ယောက်လိုပဲ သူ့ခံစားချက်အတိုင်း ဖော်ပြတတ်လို့... ခုလဲ ဒီသတင်းလေးတွေဖတ်ပြီး ကျွန်မရီမိပြန်တယ်... 


TV Chosun ရဲ့“Celeb in TV – the TREND” အစီအစဉ်ဟာ Celebrity တွေရဲ့ အများမသိတဲ့ လျှို့ဝှက်ချက်တွေကို သူတို့ ဘေးနားအသိုင်းအ၀ိုင်းကလူတွေဆီမှာ စုံစမ်းပြီး ပြန်တင်ပြတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်... ပြီးခဲ့တဲ့ စနေနေ့က ပြသွားတဲ့ အစီအစဉ်မှာ ဂျမ်ဂမ်ဆွတ်ဟာ သူနာမည်သိပ်မကြီးခင်တုန်းက ရိုက်ခဲ့တဲ့ “Baby & I” ကားထဲက သူ့သားအဖြစ် အတူ သရုပ်ဆောင်သွားတဲ့ ကလေးသရုပ်ဆောင် Mason Moon ကို သူ့ကို မှတ်မိစေချင်တဲ့ ဆန္ဒနဲ့ မတ်စေ့ပို့ပြီး သူ့ဓာတ်ပုံပါပို့လိုက်တယ်လို့ သိရပါတယ်... သူ့မတ်စေ့လေးကတော့


“It’s me, Jang Geun Suk. How are you??? kkk Mason, do you recognize me now??” သူ့ရဲ့ ဟာသဥာဏ်ရွှင်မှုနဲ့ အတူ သရုပ်ဆောင်ခဲ့တဲ့ ကလေးအပေါ် သံယောဇဉ်ရှိမှုက သူ့ပရိတ်သတ်တွေအတွက် စိတ်နှလုံးကြည်နူးစရာဖြစ်စေခဲ့ပါတယ်... (source: www.soompi.com) 








သူ့ရဲ့ တွစ်တာပေါ်က ပုံနဲ့ စာနဲ့ကိုကြည့်ပြီး သူ့ရဲ့ ပျော်တတ်တဲ့အကျင့်နဲ့ (ရွဲ့တတ်တဲ့အကျင့်ပဲပြောရမလား... ရွှတ်နောက်တတ်တယ်ပဲပြောရမလား) ပရိတ်သတ်နဲ့ ဆက်သွယ်ပုံက တခြားမင်းသားတွေနဲ့ ကွဲလွဲတယ်လို့ ကျွန်မထင်မိပါတယ်... ပုံထဲမှာသူဟာ လေယာဉ်ကွင်းတစ်ခုရဲ့ duty free ဆိုင်ရှေ့မှာထောင်ထားတဲ့ သူ့ရဲ့ ပင်ကိုယ်အရွယ် ဓာတ်ပုံကြီးနဲ့ ဓာတ်ပုံတွဲရိုက်ထားပြီး ခုလို ရေးထားပါတယ်... 


“Now people look at me as if what I’m doing is a natural thing. Ah~ There is a kind prince in this world who uploads his own airport fashion proof shot~ Bye” (Jang Geun Seok ကို Asia Prince လို့ တင်စားခေါ်ဝေါ်ကြတယ်လေ)... 






သူ့ရဲ့ လေယာဉ်ကွင်းမှာ ၀တ်စားပုံကို Fans တွေနဲ့ Paparazzi တွေ ဓာတ်ပုံရိုက်ပြီး တင်မဲ့အစား သူကိုယ်တိုင်ပဲ သူ့ဖာသာသူ ဓာတ်ပုံရိုက်ပြီးတင်တာ ပိုကောင်းပါတယ်လို့ ယခင်ကလဲ သူပြောခဲ့ဖူးပါတယ်... ဟိုးအရင်က သူပထမဆုံး စကာင်္ပူလာပြီးတော့လဲ သူအွန်လိုင်းမှာပြောတဲ့ စကားကို ကျွန်မအမှတ်သွားရမိတယ်... သူ စကာင်္ပူကိုရောက်တာ လူတွေက မျက်လုံးတွေထက် ကင်မရာတွေကိုပဲ ပိုရင်ဆိုင်ခဲ့ရတယ်တဲ့… လူတွေရဲ့ မျက်လုံးနဲ့ ကြည့်တာကို ပိုခံချင်ပါတယ်တဲ့… (သူ့စိတ်ထဲမှာ အထီးကျန်သလိုခံစားခဲ့ရပုံရတယ် ) သူက ပရိတ်သတ်တွေကို celebrity တစ်ယောက်လိုထက် မိတ်ဆွေတစ်ယောက်လို ပိုဆက်ဆံခံချင်သူလို့တွေးမိတယ်… ဒါပေမဲ့ Celebrity က celebrity ပဲလေ… ကိုယ်ကောင်းတိုင်း လူတိုင်းကမှမကောင်းတာ… celebrity life ကို ခုတော့ သူနေသားတကျဖြစ်နေလောက်ပြီထင်ပါတယ်… 


“ဖူးစာစုံလို့ရင်ခုန်ခဲ့ပါလျှင်” နောက်အပိုင်းက ၂ကြောင်းပဲရေးရသေးတယ်… ဘာဆက်ရေးရမှန်းသိတော့လို့… ၁ပတ် ၂ပတ်လောက်တော့ အချိန်ပေးပါနော်… ဒီနေ့တော့ ဒီပိုစ့်လေးနဲ့ပဲ… အဟီး…

5 comments :

Anonymous said...

ရဘူး ဗြဲ...........
sweet sweet

NSA said...

Baby and I ကြည့်ချင်သား..၇ှာကြည့်အုံးမှ

misan said...

ဟင်..
နှစ်ကြောင်း.. :))
(နောက်ထာ)
ရတယ်အစ်မအေးအေးနဲ့ဆေးဆေးဘဲရေး..

Anonymous said...

သူ စကာင်္ပူကိုရောက်တာ လူတွေက မျက်လုံးတွေထက် ကင်မရာတွေကိုပဲ ပိုရင်ဆိုင်ခဲ့ရတယ်တဲ့… လူတွေရဲ့ မျက်လုံးနဲ့ ကြည့်တာကို ပိုခံချင်ပါတယ်တဲ့…..

meemee said...

သူ့ကို မီလည်း ကြိုက်တယ်:)