Thursday, May 31, 2012

ဖူးစာဆုံလို့ ရင်ခုန်ခဲ့ပါလျှင် (၈)

တစ်ပိုင်းကိုလဲ ချစ်ကုတ်စဉ်းစားပြီး တင်လိုက်ပါပြီ... စောင့်မျှော်ဖတ်ရှုနေတဲ့သူတွေကို အနူးအညွတ်တောင်းပန်သလို... တင်တာကြာတဲ့အတွက် ဆက်မဖတ်ဖြစ်တော့တဲ့ သူများကိုလဲ အပြီးထိပြီးရင် အားပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုချင်ပါတယ်... (မတရားတောင်းဆိုတော့တာပဲနော်... အဟိ).... အထူးသဖြင့် မဗေဒါရဲ့ ရေးသားတဲ့ပုံစံက ၀တ္တုတွေထက် ဇာတ်လမ်းတွဲကားတွေအကြည့်များပြီး ကိုယ့်ဘာသာကိုယ် အစမ်းရေးကြည့်တာဖြစ်တဲ့အတွက် ၀တ္တုဆန်ဆန်ထက် ရုပ်ရှင်ကားဇာတ်ဝင်ခန်းဆန်ဆန်မျိုးတွေဖြစ်နေတာ မဗေဒါကိုယ်တိုင်လဲ သတိထားမိပါတယ်... ၀တ္တုလိုမျိုးမဟုတ်တော့ ရေးရတာလဲ တော်တော်လေးရေးမှ ရုပ်ရှင်ထဲက scene တစ်ခုစာလောက်ဖြစ်နေတော့ ခရီးက မရောက်ဘူးဖြစ်နေပါတယ်... ရေးထားသမျှကို ဇာတ်လမ်းတွဲရိုက်မယ်ဆိုရင်တောင် အပိုင်း ၂လောက်ပဲရအုံးမယ်ထင်တယ်... ဇာတ်လမ်းက ခုမှ စတုံးပါ... အလယ်တောင်မရောက်သေးပါဘူး.... စာဖတ်သူတွေ စိတ်ပျက်နေပြီလား.... မဗေဒါလဲ ကတိပေးပေးပြီး ဖြတ်သလိုတွေဖြစ်နေတော့ ကတိမပေးရဲပေမဲ့... ခုတော့ ၁လကို ၁ပိုင်းကြိုးစားပြီးရေးဖို့ မျှော်လင့်ပါတယ်... 

စာလုံးပေါင်း အမှားတွေရှိရင်လဲ ကွန်မန့်မှာပြင်ပေးသွားကြပါ...
ဇာတ်လမ်းအနေနဲ့ ဖတ်ပြီးရင်လဲ စာဖတ်သူရဲ့ ခံစားချက်လေးတွေ စာမူခ သဒ္ဒါသလောက်ပေးသွားကြပါ... (စာကျ မှန်မှန်မရေး စာမူခကျ ဇွတ်ကိုတောင်းဆိုတာ)


ဒီလိုမှ မဟုတ်လဲ ဘေးက Follower လေးကို နှိပ်ပြီး မဗေဒါဘလော့ကို Follow လုပ်ရင်ပဲဖြစ်ဖြစ်... 
ဟိုတစ်လောက တစ်ယောက် ဆီဗုံးမှာ တောင်းဆိုသွားတဲ့ Follow by email နဲ့ email ကနေအသစ်တင်တိုင်း ပို့ပေးတဲ့ service ပဲဖြစ်ဖြစ် ရနိုင်ပါပြီ...

နောက်ပြီး အက်ဒီတာတစ်ယောက်အမြင်နဲ့ ဘယ်အပိုင်းတွေက မလိုအပ်ပဲ ထည့်ထားသလဲ မထည့်လဲရသလဲကို ဝေဖန်ပေးပါအုံး.. 

ကိုယ့်ဝတ္တုက ဇာတ်ဝင်ခန်းကိုရေးချသလိုဖြစ်နေတော့ ၀တ္တုအနေနဲ့ ဘယ်လိုနေရာမျိုးတွေကို ဖြတ်သင့်သလဲ... ဘယ်လိုအရာမျိုးတွေကို အသားပေးသင့်သလဲ... ဒါမျိုးလေးတွေ အကြံပေးတာ သိချင်ပါတယ်... 

အမြဲ စိတ်ရှည်စွာ စောင့်မျှော် ဖတ်ရှု အားပေးတဲ့ သူကို ၀တ္တုပြီးရင် ကံစမ်းမဲ လက်ဆောင်ပစ္စည်းပို့ပေးရင်ကောင်းမလားမသိဘူးနော်... ဘယ်လိုသဘောရ? 

အရှေ့အပိုင်းတွေကို ဖတ်ချင်ရင် အခန်းဆက် ၀တ္တု ဆိုတဲ့နေရာကို နှိပ်ပြီး older post တွေက နေ အပိုင်း ၁မှ စတင်ဖတ်ရှုနိုင်ပါတယ်...

 
ဖူးစာဆုံလို့ ရင်ခုန်ခဲ့ပါလျှင် (၈)



မင်းထက်ပိုင် သူ့မေမေဆီမှ ဖုန်းရသော်လည်း စိတ်လုံးလုံးမချနိုင်သေးပါ… နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမည့် အရေးကြီးဧည့်သည်လာမည်ဖြစ်သောကြောင့် လိုက်သွား၍မရဖြစ်နေသည်… အမြဲစိတ်ချရသော မေမေ့အလိုက်ကို သိသော ရာဇာ့ကိုသာ အားကိုးရတော့မည်…


“ရာဇာရေ… ငါလဲ မင်းပဲ အကူအညီတောင်းရတော့မှာပဲကွာ…”


“ဟာ… မင်းကလဲ အချင်းချင်းပဲ စကားတွေဘာတွေ စမနေပါနဲ့... ပြောမဲ့သာပြောပါ… ဘာလဲ တီထားနောက် လိုက်ခိုင်းမလို့လား?” လူအကင်းပါးသော ရာဇာအတွက် ငယ်ငယ်ကတည်းက ပေါင်းလာသော မင်းထက်ပိုင်ကို ပိုနားလည်သလို သူ့မေမေ ကိစ္စတွင် ဆွေမျိုးလိုဖြစ်နေသော ရာဇာ့ကိုသာ အကူအညီတောင်းလိမ့်မည်ကို သိနေသည်…


“အေးကွာ… ငါခုပဲ ကားဂိတ်တွေကို စုံစမ်းပြီးပြီ... မေမေတို့ မန္တလေးကိုအရင်သွားကြလိမ့်မယ်... ကားသမားတွေကိုလဲ ပြောထားတယ်... မေမေတို့ကို ငါတို့ရဲ့ ထိပ်ထားဟိုတယ်ကို ပို့ပေးဖို့... အဲဒါ မင်း.. အဲဒိမှာ သွားစောင့်နေပေးပါကွာ... မင်းရောက်နေတာ မေမေတော့ မသိစေနဲ့... သိရင် သူက ဘာလုပ်မယ်ပြောနိုင်တာမဟုတ်ဘူး... သူလွတ်လွတ်လပ်လပ် နေချင်လို့သွားတာဆိုတော့ လွတ်လွတ်လပ်လပ်နေပါစေ... ဒါပေမဲ့ကွာ မေမေက အသက်ကြီးပြီ ငယ်ငယ်ကလို အပင်ပန်းခံနိုင်တော့တာမဟုတ်ဘူး... ဒီတော့ မင်းကြည့်ကျပ် အဆင်ပြေအောင်လုပ်ပေးကွာ... ဒီက မင်းအလုပ်တွေ ငါပဲ Run ထားလိုက်မယ်...”


လွတ်လွတ်လပ်လပ်နေချင်သော သူ့မေမေ့စိတ်ထားကို နားလည်သော်လည်း  အရင်လို မငယ်တော့တဲ့ ကိုယ့်ခန္ဓာကိုယ်ကို အရင်ကလုပ်နိုင်တာပဲ ခုလဲခံနိုင်ပါတယ်ဆိုတဲ့ အတွေးနဲ့ ဂရုမစိုက်မှာ၊ မေမေ့ကို ပင်ပင်ပန်းပန်း မဖြစ်စေချင်တာ မင်းထက်ပိုင်ရဲ့ ဆန္ဒဖြစ်သည်...

“အေးပါကွာ... ဟိုက လုပ်ငန်းတွေလဲ ငါတို့ လွှတ်ထားတာကြာနေပြီ... တခါတည်းစစ်ဆေးရတာပေါ့... ငါဘာလုပ်ရမလဲ ငါသိတယ်... စိတ်သာချ... မင်းနဲ့ မင်းအမေနဲ့ကတော့ တကယ်လိုက်လဲလိုက်တဲ့ သားအမိတွေ...”


------------------------ || ------------------------------


photo credit to http://newsoutsidemywindow.wordpress.com/tag/mandalay-palace/



ရာဇာ မန္တလေးသို့လာမည့်သတင်းကို မနေ့ညက ဖုန်းကြိုဆက်ထားသောကြောင့် သိနေသဖြင့် အိမ့်မှူးတစ်ယောက် အပျော်လွန်နေခဲ့သည်... ဘာကိစ္စဖြင့် ညတွင်းချင်း ရုတ်တရက်လာသည်ကိုတော့ အိမ့်မှူးမသိချေ...


“ငါ့ကို သတိရလို့များလာတာလား?” ဒီလိုတွေးမိတော့ အိမ့်မှူးရင်ထဲ သိမ့်ခနဲအေးသွားသည်... 


ဒီနေ့မနက် စောစောထကာ အလှဆုံးနဲ့ အသင့်တော်ဆုံး အကျီင်္ကို ၀တ်ဆင်ခဲ့သည်ပဲ... ရာဇာ့ကားလေး ထိပ်ထားဟိုတယ်ရှေ့ကို ထိုးဆိုက်လိုက်တော့... ထိပ်ထားဟိုတယ်မန်နေဂျာ အိမ့်မှူး ပြုံးရွှင်သွားသည်... အိမ်က ဆွတ်လာပြီးသားဖြစ်သော်လည်း စားပွဲပေါ်က ရေမွှေးပုလင်းကို အမြန်ကောက်ယူပြီး ထပ်မံဆွတ်ဖြန်းလိုက်သည်... ပြီးနောက် ကနွဲ့ကလျ ယဉ်တဲ့ အမူအရာဖြင့် ရာဇာ့ကို ပြုံးပြဆီးကြိုလိုက်သည်...

“ရာဇာ ဗြုံးစားကြီးရောက်လာတာ ဘာကိစ္စတွေများ အရေးကြီးလို့လဲ”


“ဟောဗျာ... အရေးကြီးမှ လာရမှာလားဗျာ... စိမ်းကားလိုက်တာ... မန္တလေးတမြို့လုံးမှာ အလှဆုံး ဟိုတယ်မန်နေဂျာ ဒီက မမအိမ့်ကို သတိရလို့ လာတယ်ဆိုရင် မမအိမ့်က ယုံမှာလား”


ပြောနေကျ စကားချိုများဖြင့် အပျိုကြီးမမ ကို နှစ်သိမ့်လိုက်လျှင် မန္တလေးမှာ ရာဇာလိုချင်သမျှ လွယ်ကူနိုင်တော့သည်... ရာဇာ့စကားတွင် လိမ်ညာခြင်း တစ်ခုမပါ.. ယုံမှာလား မယုံဘူးလား မေးလိုက်ခြင်းမှာ မမအိမ့်ကို သတိရလို့ လာပါတယ်လို့ ညာပြောခြင်းမဟုတ်ပါ... တချို့သော မိန်းမများသည် အမှန်ကိုသိသော်လည်း သူတို့ရဲ့ စိတ်ကူးကမ္ဘာအတွက် အထောက်အကူပေးသော အတွေးမျိုးပေးနိုင်သည့် အခြေအနေဆိုပါက ကျေနပ်နေတတ်ကြသည်ပဲ... ဘာပဲပြောပြော အပျိုကြီးမမအတွက် ဒီစကားဟာ အားဆေးဖြစ်နိုင်သလို၊ ဟိုတယ်ဝန်ထမ်းတွေအတွက်လဲ ရာသီဥတုသာယာသော နေ့တစ်နေ့ဖြစ်ပေလိမ့်မည်... သူ့စကားတစ်ခွန်းကြောင့် လူတော်တော်များများရဲ့ နေ့လှပသွားအောင် ကူညီလိုက်ခြင်းဖြစ်သည်ဟု ရာဇာယူဆသည်... 


“ဟယ်... သိပါတယ်နော်... ဟုတ်ပဲနဲ့... ခစ်ခစ်...” မဟုတ်မှန်းသိသော်လည်း ဒီအပြောအတွက် ရာဇာ့ကို ကျေးဇူးတင်သည်... ရာဇာပုခုံးကိုပုတ်လျှက် ရင်ခုန်သံတွေကို ၀ှက်ကာ အိမ့်မှူးရီမိလိုက်သည်... 

“အော်... ဒါနဲ့ မမအိမ့်  ဒီနေ့ ကျွန်တော့ဧည့်သည်တွေ ရန်ကုန်ကရောက်လိမ့်မယ်ဗျ... အသက်ခပ်ကြီးကြီး အဒေါ်ကြီးတွေဗျာ... ကားဂိတ်ကနေ လိုက်ပို့ပေးလိမ့်မယ်... သူတို့လာရင် အခန်းကောင်းကောင်း ပေးလိုက်ပါဗျာ.. …..နောက်ပြီး $%^*  ဗျာ ….  ကျွန်တော်ပြောတာ သဘောပေါက်တယ်မှတ်လားဗျာ...”

ရာဇာမှာစရာရှိတာတွေ ပြောနေတုန်းမှာပဲ ဟိုတယ်ရှေ့သို့ ကားတစ်စီးဆိုက်လာသည်... သူကြည့်လိုက်တော့ အန်တီထားတို့ ဖြစ်နေသည်... သူ အမြန် Reception ခုံနောက်သို့ ငုံ့ဝင်လိုက်သည်... 

“သူတို့ပဲ မမအိမ့် ကျွန်တော်ပြောတဲ့အတိုင်း လုပ်လိုက်နော်...” ရာဇာ လေသံဖြင့် အောက်မှ ပြောသည်...

အိမ့်မှူး ရာဇာ့ကိုခေါင်းညိမ့်ပြလိုက်ကာ... “မင်္ဂလာပါရှင်...” ဟုဆိုကာ ၀င်လာသော အန်တီကြီး ၄ယောက်နှင့် မိန်းကလေး ၂ယောက်ကို ဧည့်ကြိုပြုလိုက်သည်...

ဘယ်ဟောတယ် ရဲ့ lobby ပုံလဲ ဖြေနိုင်လား... google ကနေရှာပါတယ်..



ဟိုကြည့်ဒီကြည့်ဖြင့် အံ့သြနေပုံရသော အန်တီကြီးများနှင့်... ၀မ်းလဲသာ နားလည်းမလည်နိုင်သလို မိန်းကလေး ၂ယောက် ကောင်တာသို့ရောက်လာသည်... မိန်းကလေးတစ်ယောက်က စပြောသည်...

“ကျွန်မတို့ကို ဒီမှာတည်းဖို့ “အနှိုင်းမဲ့” အဝေးပြေးကားက ကံစမ်းမဲလက်ဆောင်ပေးတယ်ဆိုလို့... အဲဒါ...”


“ဟုတ်ပါတယ်ရှင်... ကျွန်မတို့ ဟိုတယ်ပရိုမိုးရှင်းအတွက် ကားဂိတ်နဲ့ ဆက်ပြီး လက်ဆောင်ပေးတာပါရှင်... Premier Club Room ကို တစ်ယောက်ကို တစ်ည ၂၀၀၀ နဲ့ နေခွင့်ရမှာပါရှင်...”


"နွေနှင်းရေ... တကယ်တော့... ၁ယောက်ကို တစ်ည ၂၀၀၀ တည်းတဲ့... ငါတို့တော့ ကံကောင်းတာပဲ...” 

သီရိ နောက်လှည့်ကာ နွေနှင်းကို လှည့်ပြောလိုက်သည်...

“အဒေါ်တို့အတွက်တော့ ၂၀၀၀ လဲ ဈေးကြီးသေးတာပါပဲ... ဘုန်းကြီးကျောင်းပဲ သွားတည်းတာကောင်းပါတယ်ကွယ်...” သူ့သား လက်ချက်မှန်းသိသော ဒေါ်ထိပ်ထားခင် တမင်ရွဲ့ပြောလိုက်ခြင်းဖြစ်သည်... 


ရာဇာ စားပွဲအောက်မှ မျက်လုံးပြူးသွားပြီး... အိမ့်မှူးကို အရိပ်အခြေပြလိုက်သည်... 


“အော်... အသက် ၅၅နှစ် အထက်လူကြီးတွေကိုတော့ အခမဲ့ပေးတည်းပါတယ်ရှင်...” အရိပ်ပြလျှင် အကောင်ထင် နားလည်သော မမအိမ့်က အမြန်ပြင်ပြောလိုက်သည်...


“ဒေါ်ဒေါ်ရယ် သမီးတို့နဲ့ပဲ အတူတည်းလိုက်ပါနော်... လူကြီးတွေနဲ့ နေရသွားရတာ သမီးတို့လဲ အားရှိတယ်... ဒေါ်ဒေါ်တို့ လူကြီးတွေလဲ ဒီမှာဆို အဆင်ပြေပြေ ကောင်းကောင်းအနားယူလို့ရတာပေါ့...” နွေနှင်း ဒေါ်ထိပ်ထားခင်ကို ဖြောင့်ဖြလိုက်သည်...


“ဟုတ်ပါ့အေ... ကျုပ်တို့လဲ ဒါမျိုး တစ်ခါမှ မနေဖူးလို့ ခုလဲ အလကားဆိုတော့ ဒီမှာပဲ ကလေးတွေနဲ့ အတူနေကြရအောင်အေ...” အဖွဲ့ထဲမှ အန်တီကြီးတစ်ယောက်က ၀င်ရောက်ထောက်ခံလိုက်သည်...


သူမ၏သား စီစဉ်မှန်းသိသော်ငြား နွေနှင်းတို့ ဖြင့်လဲ အတူနေချင်သည်... ခုလို ကောင်းမွန်ပြီး လူသန့်တဲ့ ကိုယ့်ဟိုတယ်မှာပဲ မိန်းကလေးတွေကို  စိတ်ချသည်... ဒီလိုဖြင့်ပင် ဒေါ်ထိပ်ထားခင် လိုက်လျောလိုက်သည်...

ကောင်တာအောက်မှ ရာဇာ ခုမှ သက်ပြင်းကို ဟူးကနဲ မှုတ်ထုတ် နိုင်တော့သည်...


“အထုတ်တွေ အခန်းထဲလာပို့ပေးလိုက်မယ်နော်...” ဟုပြောကာ သူတို့ထွက်သွားပြီဟု မမအိမ့် အချက်ပြလိုက်တော့မှ ရာဇာ မတ်တပ်ရပ်လိုက်သည်... 


“ကျေးဇူးပါ မမအိမ့်ရေ... ဒါနဲ့ ကျွန်တော့ကို အဲဒိ အဒေါ်ကြီးတွေနဲ့ ဘေးချင်းကပ်အခန်းမှာထားပေးဗျာ... ပြီးတော့ ဟော်တယ်နဲ့ပတ်သတ်တဲ့ စာရင်းအင်းတွေနဲ့ တခြားထပ်တိုးမဲ့ Service တွေအတွက်လဲ မမအိမ့်တို့လုပ်ထားတဲ့ Proposal တွေလဲ ဆွေးနွေးရအုံးမယ်... ခုလောလောဆယ်တော့ တစ်ညလုံးကားမောင်းလာတာ လန်းသွားအောင် ရေသွားချိုးလိုက်အုံးမယ်...”


ထိုစဉ်...

“ဟောတော့... ငါ့ပုဝါလေး ကောင်တာမှာကျန်ခဲ့ပြီ...” သီရိတစ်ယောက် ခုမှ သတိထားမိပြီး ကောင်တာသို့ အမြန်ပြန်လာခဲ့သည်...


“ကျွန်တော်ရေချိုးပြီးလို့ အဆင်သင့်ဖြစ်ရင် မမအိမ့်ကို ဖုန်းခေါ်လိုက်မယ်... ကျွန်တော့ အခန်းထဲလာခဲ့လိုက်နော်...”


“ရှင်.... ရှင်က... ဟို.... ဆေးရုံက.. သူနာပြုဆရာမလေး.. အဲလေ....”


ရာဇာ အသံလာရာကြည့်လိုက်တော့ မထင်မှတ်ထားတဲ့ သူတစ်ယောက်...


“ခင်ဗျား... ခင်ဗျားက မသီရိဖြူ မဟုတ်လား?... ဟား... ဟား... ခုလိုပြန်တွေ့ရတာ ၀မ်းသာပါတယ်ဗျာ... ကံစုံလို့ဖြစ်ရမယ်...” ဟုဆိုကာ လက်ကမ်းပေးလိုက်သည်...


သူ့ကို မျက်လုံးအပြူးသားကြည့်နေသော သီရိဆိုသည့်မိန်းကလေး၏ နှုတ်ခမ်းလေးများရှုံ့မဲ့သွားပြီး သူ့ကို မျက်စောင်းထိုး ကောင်တာပေါ်ရှိ သူမ ပုဝါကို ဇောင့်ကနဲ ယူကာ ပါးစပ်မှ “ဘယ်လိုလူလဲ မသိဘူး” ဟု တိုးတိုးလေး မြည်တွန်လျက် ချာကနဲ လှည့်ထွက်သွားလေတော့သည်... 


လက်ကမ်းလျက် ကျန်ခဲ့သော ရာဇာသာ လက်ရှက်ကာ ခေါင်းတကုတ်ကုတ်ဖြင့် အရှက်ပြေရီနေရတော့သည်...

“ဟဲ... ဟဲ... ကျွန်တော့ကို မမှတ်မိဘူးထင်တယ်... ဟဲ...”

------------------------ || -------------------------------- 

မိန်းကလေးဆိုလျှင် အသက်အရွယ်... အတန်းအစားမရွေး ရာဇာ့ကို ခင်မင်ကြသည်...  သီရိဖြူဆိုသော မိန်းကလေးကတော့ ဘာကြောင့်များ....

“ငါ့ကို မမှတ်မိတာတော့ မဖြင်နိုင်ဘူး... မှတ်မိလို့တောင် ဆေးရုံလို့ပြောတာ... ဘာလို့ပါလိမ့်...”


“အော်... သူ အခန်းထဲလာခဲ့ဆိုတဲ့ စကားများ အထင်လွဲသွားတာလား?...  ဟူး...”... နှုတ်ခမ်းတစ်ဖက်ကို ရွဲ့ကာ ခေါင်းတစ်ခါခါဖြင့် ရာဇာ ဆက်မစဉ်းစားချင်တော့ပေ.... တစ်ချို့သောမိန်းမများသည်လဲ ပြဿနာအရင်းခံကို မသိချင် အမြင်ဖြင့်သာ ဦးစွာဆုံးဖြတ်တတ်ကြသည်ပဲ...


ရာဇာ ကော်ရစ်ဒါအတိုင်း အခန်းသို့လျှောက်အလာ... လှေကားကွေ့တစ်ခုမှ …


“မောင်ရာဇာ...!”


“ဗျာ...?”


ရင်းနှီးသောအသံတစ်ခုမှ ရုတ်တရက်ခေါ်လိုက်သံကြားသဖြင့်  ပြန်ဖြေပြီးသားဖြစ်သွားတော့သည်... နောက်မှ  အသံရှင် မည်သူဖြစ်သည်ကို အသိဝင်လာပြီး လှည့်မကြည့်တော့ပဲ ဆက်သွားတော့မည်ပြင်လိုက်သော်လည်း သိပ်နောက်ကျသွားခဲ့ပြီ...


ရာဇာအကျီင်္ကို တင်းတင်းကျပ်ကျပ် စုတ်ယူဆွဲထားသော ဒေါ်ထိပ်ထားခင်လက်မှ ရာဇာမလွတ်ပါလေ...


“ဟင်... မောင်ရာဇာ ဘယ်ပြေးမလဲ... သားလေး လွှတ်လိုက်တာမှတ်လား... ပြောစမ်း... ဒီဟိုတယ်လဲ မင်းတို့ စီစဉ်ထားတာမှတ်လား”


ရာဇာ ပြေးမလွတ်မှန်း သိတော့မှ... မျက်နှာချိုသက်ရုံသာ ရှိတော့သည်...


“ဟီး... စိတ်မဆိုးပါနဲ့ တီထားရယ်... တီထား သားက စိတ်ပူလို့ပါ... ဘယ်မှတော့ မသွားပါနဲ့ဗျာ... ကျွန်တော် တီထားစိတ်တိုင်းကျ အနှောင့်အယှက်မပေးပါဘူး... ဒါပေမဲ့ အရမ်းတော့ အပင်ပန်းမခံပါနဲ့ဗျာ... မင်းထက်ပိုင်က တီထားမသိအောင် ကြည့်ခိုင်းလိုက်ရုံပဲရှိပါတယ်...”


“အေး... အစကတော့ ငါက အေးအေးဆေးဆေး ခရီးထွက်ချင်ရုံတင်ပါ... ခုတော့ ငါ့ရည်ရွယ်ချက်က နည်းနည်းပြောင်းသွားပြီ ဆိုတော့ ကိစ္စမရှိပါဘူး... ဒါပေမဲ့ ငါဘယ်သူလဲဆိုတာ တခြားလူတွေ မသိပါစေနဲ့နော်...”

“အိုကေ တီထား... စိတ်သာချ... တီထားက ထိပ်ထား ကော်ပိုရေးရှင်းကြီးရဲ့ ပိုင်ရှင်ဆိုတာ ဘယ်သူမှ မသိစေရဘူး...”


“ ဒီကောင်လေး ဘယ်လိုဖြစ်... သူများတွေကြားသွားအုံးမယ်... ဟုတ်ပြီ... ဒါဆို ငါပြောတဲ့အတိုင်းလုပ်... သားလေးလဲ ငါ့ကို စိတ်မပူရအောင်... ငါတို့လဲ သွားရလာရ အဆင်ပြေအောင်... မင်းလဲ ခုလို ခိုးကြောင် ခိုးဝှက် ငါတို့နောက် လိုက်နေစရာမလိုအောင်....ငါပြောပြမယ်... ဒီလိုလုပ်.....  ….........”



------------------------------------------- || ------------------------------------



အခန်းထဲကို မျက်နှာဆူအောင့်အောင့်ဖြင့် ၀င်လာသော သီရိကိုကြည့်ကာ...


“သီရိ ဘာဖြစ်လာတာလဲ... ပုဝါမရခဲ့လို့လား?”


“မဟုတ်ပါဘူးဟယ်... ဘယ်လိုလူစားမှန်းမသိ အမ ဆိုရင် သူ့ဘေးဖြတ်ပျံသွားတဲ့ ယင်မတောင် စိတ်နဲ့ ပြစ်မှား မလားမသိဘူး....”


“ဟဲ့... ဘာတွေလဲ.... ဘယ်သူ့ကိုပြောနေတာလဲ”


နွေနှင်း အမေးကို လိမ့်ပတ်လည်အောင် မရှင်းပြနိုင်သေးချေ... သီရိ စိတ်ထဲတွင်တော့ ဘာကြောင့် တစ်နုံ့နုံ့နှင့် စိတ်တိုနေမှန်းမသိ...


“ယောကျာင်္းတွေဟာလေ တစ်ယောက်မှ ကောင်းတဲ့သူမရှိဘူး သူငယ်ချင်းရေ... အိုင်တွေ့ရင် ခြေ၀င်ဆေးလိုက်ရမှ... တွေ့သမျှ မိန်းကလေးတွေနဲ့ ပတ်သတ်နေရတာ သူတို့အတွက် ဘယ်လောက်များ ပိုပျော်စရာကောင်းသွားလို့လဲ မသိပါဘူး... အဲလို ယောကျာင်္းတွေ မျက်စိရှေ့မြင်လေ ယောကျာင်္းယူဖို့ စိတ်ကုန်လေပဲ... သူ့ချစ်သူ သူ့မိန်းမများရှိခဲ့ရင် ကမ္ဘာပေါ်မှာ သနားစရာအကောင်းဆုံး အမျိုးသမီးဖြစ်လိမ့်မယ်... ဒီခေတ်မှာလေ ယောကျာင်္းယူမယ်ဆိုရင်တောင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ့်လုပ်စားကိုယ်စားရမှတော့ အားကိုးရှာတယ်ဆိုတဲ့ စကားလဲ အလကားပဲ... အေး... ကိုယ့်မှာ အပူအပင်မရှိလို့  ဒုက္ခလိုချင်တယ်ဆိုရင်တော့ ယောကျာင်္းသာကောက်ယူလိုက် အထုတ်နဲ့အထည်နဲ့ကို ပါလာမှာ...”


တော်ရုံတန်ရုံ ဒေါသမကြီးတတ်သော်လည်း အပျိုကြီးဝါဒီ သီရိဖြူတစ်ယောက်ရဲ့ ပေါက်ကွဲသံစဉ်တွေဖြစ်လာရခြင်း အကြောင်းအရာကို နွေနှင်း စဉ်းစားမရဖြစ်ရင်း သီရိ ဆက်ပြောမှာကိုသာ စောင့်နေလိုက်သည်...


“ဒီလိုဟာ... နင်နဲ့ ကားတိုက်မလိုဖြစ်တဲ့လူတွေလေ...” 


သီရိစကားမဆက်ခင်ပင်...


“အဲဒိလူနဲ့ ပြန်တွေ့ခဲ့လို့လား... သူတို့ကားနဲ့လဲ မတိုက်ပဲနဲ့ ဆေးခန်းခပေးသွားတာ ကျေးဇူးတင်စကားတောင် မပြောရသေးဘူး...”


“ကားမောင်းလာတဲ့ လူမဟုတ်ပါဘူးဟာ... သူ့တပည့်နေမှာပေါ့... သူဋ္ဌေးပိုက်ဆံနဲ့ သူဋ္ဌေးယောင်ဆောင်နေလား မသိပါဘူး... ကားမောင်းတဲ့ သူကတော့ သူ့သူဋ္ဌေးထင်တာပဲ... အေးအေးဆေးဆေး တည်တည်တန့်တန့်ပုံပါပဲ... သူပဲ အားလုံးစီစဉ်ပေးပြီး အဲကောင်ကို လိုအပ်တာတွေ ကူဖို့ထားခဲ့တာ... တကယ်ကျေးဇူးတင်ရမှာက အဲလူကို...”


သီရိက ဆက်ပြောသည်..

“နင် သတိမေ့နေတဲ့အချိန် ဆေးရုံမှာကတည်းက အဲဒိ ရာဇာဆိုတဲ့လူ... သူနာပြုဆရာမတွေနဲ့ ဇာတ်လမ်းလုပ်နေတာ ငါကိုယ်တိုင်တွေ့ခဲ့တာ... ခုလဲ ဟော်တယ်က မိန်းမတွေနဲ့ ရှုပ်ရှုပ်ရှက်ရှက်လုပ်နေပြန်ပြီ... ဒါတောင် ငါနဲ့ ကံဆုံလို့ လုပ်လိုက်သေးတယ်”



“ဟုတ်ပါပြီ... သူငယ်ချင်းကြီးကလဲ စိတ်မတိုစဖူးတိုနေတာ... ကိုယ်နဲ့လဲ ဆိုင်တာမဟုတ်ဘူး... ဘာတွေဒီလောက် စိတ်ဆိုးစရာရှိလဲ...? တကယ်ပဲ ကံဆုံနေလား မသိဘူးနော်”


နွေနှင်း၏ စနောက်နောက်မေးလိုက်သော မေးခွန်းကြောင့် သီရိ မခံချင်သလိုလို အိုးမလုံသလိုလိုဖြင့် ကိုယ့်ကိုကိုယ်လဲ နားလည်ရခက်ဖြစ်သွားသည်...


“ဟာ... နင်ကလဲ.. သိပါတယ် ငါနဲ့လဲ ဘာမှ မဆိုင်ပါဘူး... အဲလို လူစားမျိုးတွေကို ကြည့်မရလို့ပြောတာပါ...”


သီရိမျက်လုံးပုတ်ခတ်ကာ ငြင်းဆန်လိုက်သည်... 

“အဲလိုပဲဖြစ်မှာ သေချာပါတယ်... အဲလိုလူမျိုးကို ကြည့်မရဘူး...”

-------------------------------------- || ------------------------


နောက်နေ့ မနက် …




ဟော်တယ်မှ ကျွေးမွေးသော ဘူဖေး မနက်စာ စားသုံးရင်း...



“သမီးတို့ကိုပြောရအုံးမယ်... ခရီးသွား လူငယ်တစ်ယောက်ကကွယ် သူလဲ မန္တလေး ပတ်ဝန်းကျင်နဲ့ စစ်ကိုင်းတောင်က ဘုရားတွေအပါအ၀င် ဟိုဟိုဒီဒီ လျှောက်သွားဖို့ တစ်ယောက်တည်းဖြစ်နေတာရော...  ဒေါ်ဒေါ်တို့လို လူကြီးတွေကို တပါတည်း သူနဲ့အတူ ခေါ်ပြီး ဘုရားဖူးပို့ ကုသိုလ်ယူချင်ကြောင်း ပြောလာလို့ အဲဒါ သဘောတူလိုက်တယ်ကွယ်... သူငယ်လေးပုံကလဲ  စိတ်ကောင်းရှိမဲ့ပုံလေးပါပဲ... သူကုသိုလ်ယူချင်တယ်ဆိုတော့လဲ လူကြီးတွေက ဖြည့်ဆည်းပေးရတာပေါ့... သမီးတို့ပါ လိုက်ခဲ့နော်...”


“ဟုတ်ကဲ့...” ဟု ၂ယောက်လုံးဖြည်လိုက်သော်လည်း... စိတ်ထဲတွင်တော့ အားလဲနာသည်... ၀မ်းလဲသာသည်... တမျိုးပဲဟု တွေးမိကြသော်လည်း... မြန်မာလူမျိုးတို့၏ ကူညီရိုင်းပင်းမှုနှင့် လူကြီးသူမအပေါ် လေးစားတတ်မှု ယဉ်ကျေးမှုလေးတွေကြောင့် ခုလို စေတနာကောင်းတဲ့သူနဲ့တွေ့ရတာ ကံကောင်းတာပဲဟုသာ ကောက်ချက်ချမိတော့သည်...


ဟိုတယ်ရှေ့တွင်ရပ်ထားသော ကားကို မှီကာ နောက်ကျောပေး ရပ်နေသော အရပ်မြင့်မြင့်နှင့်လူတစ်ယောက်...

“လာ... သမီးတို့... ဟိုမှာစောင့်နေတယ်... မောင်ရာဇာရေ... ဒီမှာ အန်တီထား.. အဲ ဒေါ်ဒေါ်တို့ရောက်ပြီ”..


ဒေါ်ဒေါ်ကြီး အသံကြားလို့ ထိုသူ လှည့်ကြည့်ကာ...

“ဟုတ်ကဲ့... လာပါ... သွားဖို့ အဆင်သင့်ပါပဲ..”


“ဟင်... ရှင်... ရှင်... ရှင်ဘာလို့ ကျွန်မတို့နောက်လိုက်နေတာလဲ...?”


“ခင်ဗျာ?? ခင်ဗျားက ဒီက အဒေါ်ကြီးပြောတဲ့ မိန်းကလေး ၂ယောက်ထဲက တစ်ယောက်??”


နှစ်ဦးနှစ်ဖက်လုံး အံ့သြခြင်း မျက်လုံးများဖြင့် တစ်ယောက်ကို တစ်ယောက် မေးခွန်းတွေမေးမိကြသည်...
သို့သော် ဆုံတွေ့ရတဲ့အတွက် ခံစားချက်ချင်းတော့ တူညီနိုင်မည်လား....





11 comments :

Anonymous said...

ဖတ်စ်ဝေါ ဟိုတယ်ကြီးပါကွယ် ဂျန်းတင်းက

Anonymous said...

comment ပေးမယ်ပေမယ်နဲ့ သေသေချာချာပြန်ဖတ်ပြီးမှ ပေးချင်လို့ ဒီနေ့မှပြန်ဖတ်ဖြစ်တယ်။ သိပ်တော့ မဝေဖန်တတ်ဘူးနော် အခုထိဇာတ်လဲမအီဘူး။ တပိုင်းဖြတ်လိုက်တဲ့ နေရာလေးလဲကောင်းတယ်။ အဟီး ဒီလောက်ပဲပြောတတ်တယ် မဗေဒါ။ အားပေးလျက်ပါ။

sweet sweet

Anonymous said...

လကုန်တော့မယ်ဗျို့

mabaydar said...

အပေါ်ကတစ်ယောက်ရေးတဲ့ ဖောင့်က မမြင်ရဘူးနော်... ဒါပေမဲ့ မှန်းပြီးဖတ်ထားပါတယ်...

ဒီလကုန်တော့ နောက်အပိုင်းတက်ဖြစ်မယ်မထင်ဘူး... ၁ပတ်လောက်တော့ အချိန်ပိုပေးပါလား... ဟီး..

Anonymous said...

မဗေဒါရဲ့နောက်ဆုံးပို့စ်ကို ဖတ်ပြီး ဒီဇာတ်လမ်းကို ၁ကနေ ၈ထိ ဖတ်ဖြစ်ပါတယ်။

မဗေဒါပြောသလိုပဲ ဇာတ်လမ်းက ရုပ်ရှင်တအားဆန်နေတယ်။ စကားပြောတွေနဲ့ ဇာတ်လမ်းကို သရုပ်ဖော်တာများတော့ ဇာတ်လမ်းက တအားသွက်နေတယ်။

အပိုင်း (၂) အဖြတ် ၄လောက်မှာတွေ့ရတဲ့ စကားလုံးအသားပေးတဲ့ ခံစားမှု သရုပ်ဖော်ရေးသားပုံမျိုးလေးတွေ ထည့်ပေးသင့်တယ်လို့ ထင်မိပါတယ်။

မဗေဒါပြောသလိုပဲ စာဆိုတာ တကယ်ရေးကြည့်မှ ၏ သုံးမလား၊ သည် သုံးမလား၊ မည်သုံးမလား၊ ပါမည် သုံးရမလားဆိုတာလေးက အစ မလွယ်ကူလှပါဘူး။

ထုံးစံအတိုင်းပဲ အားပေးလျှက် Fighting!! :)

P.S မနေ့က ကောမန့်က ဘာလို့လဲ မသိ.. ပေါ်မလာလို့ မှတ်မိသလောက် ထပ်ရေးလိုက်တာပါ မဗေဒါ

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?

utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

mabaydar said...

ခုလို သေသေချာချာပြောပြ ဝေဖန်သွားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်... အတတ်နိုင်ဆုံး ဆက်လက်ကြိုးစားပါအုံးမယ်...

Anonymous said...

ma,i am waiting for episode(9),if u have been written this ,can u show me it is?

may moe kha said...

lol,show where is episode (9) ????

may moe kha said...

plz,tell me where is episode(9)???

mabaydar said...

Dear May Moe Kha,

Very sorry for my late reply. Actually I haven't finished writing (to be honest, i have stopped writing) this fiction. Hee hee... I know I am guilty for that. I just lost confident in myself. ကိုယ့်ကိုကိုယ် ၀တ္ထုရေးတာ မကောင်းဘူးလို့ ခံစားရလို့။ ဖွဲ့ကာနွဲ့ကာ သိပ်မရေးတတ်ဘူးထင်လို့ မဆက်ဖြစ်တော့တာ။
ဖတ်တဲ့သူ မရှိဘူးလဲ ထင်လို့။