Wednesday, January 25, 2012

Ep 1 of Hong Kong trip - Preparation for trip

ကျွန်မရဲ့ ခရီးသွား ဗွီဒီယိုမှတ်တမ်းလေးရဲ့ အစ ဗီဇာလျှောက်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အထုတ်အပိုးပြင်ခြင်း ဗွီဒီယိုလေးပါ... ခရီးမသွားခင် ရိုက်ထားခဲ့တာပါ... ခုမှ အက်ဒစ်လုပ်ပြီးတင်ဖြစ်ပါတယ်... youtube မှာတင်တာ သီချင်းက copyright ငြိလို့ အသံ ဖျောက်ခံထားရပါတယ်... အဲဒါကြောင့် Vimeo ကနေတင်လိုက်ပါတယ်...


Untitled from mabaydar on Vimeo.

အပေါ်ကဗွီဒီယို ကြည့်မရသူများအတွက်... ဘလော့မှာ တင်လိုက်တယ်...


9 comments :

Anonymous said...

ဒို့ မရေ About me က ပုံလေးက ငယ်ပုံလာဟင်..ဟိဟိ ဗီဒီယိုလေးကြည့်သွားပါတယ်...


ခင်မင်စွာဖြင့် မောင်(စွယ်စုံကျမ်း)

mabaydar said...

:( ဟုတ်ပါတယ်... လူကလဲ ၀နေတော့ ပြောခံရဘီပေါ့... အဟင့်...

Anonymous said...

I like how you edited your video✩ hope you had a great trip

နွေးနေခြည် said...

မိတ်ကပ်လေး ကြိုက်တယ်။ အချိန်ရရင် ဘာပစ္စည်းတွေသုံးပြီး ဘယ်လိုလိမ်းတယ်ဆိုတာလေးလည်း ဗီဒီယိုတင်ပေးပါလား (အားမှပါ)း)

Candy said...

ပျော်စရာကြီး.. မမ Edit လုပ်ထားတာ အရမ်းမိုက်တယ်။ ဘာဆော့ဝဲသုံးထားတာလဲဟင်..

ပြောလို့ ပြောတာမဟုတ်ဘူး။ မမနဲ့ ကန်ဒီနဲ့က ၀ါသနာတော်တော်တူတယ်နော်။ လုပ်ရဲတာချင်းလည်း တူတယ်။ ကင်မရာရှေ့မှာ ပြောပါတယ်။ ကန်ဒီ့ ရုံးပတီသီးဟင်း ဗွီဒီယိုကို ကြည့်ပြီး သူငယ်ချင်းတယောက်က ထိုင်ရီတာတဲ့။ လုပ်ရဲလို့တဲ့ ခုဆို ပြောမဆုံးပေါင်ဖြစ်နေဘီ လူကိုတချိန်လုံးစနေတယ် >.<

mabaydar said...

ဆော့ဝဲလ်က Window movie maker ပဲ ညီမ... Version 6 for Vista ဒါပေမဲ့ ၀င်းဒိုး 7 မှာလဲ အင်စတောလုပ်လို့ရတယ်... တချို့ Effect တွေကတော့ Add on တွေနဲ့ သုံးတာ... ၁၄ ရက်ပဲ Free... ပြီးရင်ဝယ်ရမှာ....

ကန်ဒီ့ရုံးပတေသီး ဗွီဒီယိုမှာ ကြည့်ကောင်းပါတယ်... ဘာမှ မရှက်နဲ့... အားပေးနေတယ်...

mabaydar said...

@နွေးနေခြည်...

မဗေဒါလဲ မိတ်ကပ်ကို ဒီတစ်ပုံစံပဲလိမ်းတတ်တာပါ... ထွေထွေထူးထူးတော့ ဟုတ်ပါဘူး.. BB cream လိမ်းတယ်... ပေါင်ဒါအုပ်တယ်.. ပါးနီဆိုးတယ်...
မျက်လုံးကိုတော့ youtube က မိတ်ကပ် Tutorial တွေကြည့်ပြီးလိုက်လုပ်တာ...

Anonymous said...

ဝ.လာတဲ့အကြောင်းတော့
ထည့်မရေးတော့ဘူးနော်..အစ်မး))
ဗွီဒီယိုက ရယ်လည်းရယ်ရတယ်
ပျော်ဖို့လည်းကောင်းတယ်။
ကလေးတွေ..အတော်မျက်နှာပြောင်ကြတာပဲး)

ချစ်ခင်လျှက်
မိစံ

mabaydar said...

ဒီကင်မရာ အသစ်ဝယ်လိုက်တာ မှားပြီထင်တယ်.... နောက်ဆို အဟောင်းနဲ့ပဲရိုက်မှ...
အမှန်တော့ အစ်မ ၀လာတာထက် ကင်မရာက lens က အနီးရိုက်ဖြစ်နေတာကြောင့်လို့ထင်တယ်... အရင် ကင်မရာနဲ့ ရိုက်နေတာ မျက်နှာအဲလောက်မပြဲဘူး.. ဒီကင်မရာက အဲလိုဖြစ်တယ်...
ဝလာတာကို ၀င်မခံချင်လို့ မဟုတ်ဘူးနော်... ဒါပေမဲ့ ကင်မရာထဲမှာ မြင်ရသလောက် သိသိသာသာ ၀မလာဘူးလို့ဆိုလိုတာပါ...