Wednesday, December 07, 2011

Branded ရေမွှေး sale, L'oreal Sale


Friend။ ။ ရေမွှေးတွေ အများကြီး ဘယ်က ၀ယ်လာတာလဲ?

မဗေဒါ။ ။
No.6 Jalan Kilang က warehouse မှာ ရေမွှေးတွေ ၈၀% အထိချနေတယ်... Brand ရေမွှေးတွေလဲရှိတယ်... Guess, Fcuk, Givenchy, Paris Hilton, GAP စတာတွေနဲ့ မိတ်ကပ်အနည်းငယ်ကိုရောင်းတယ်... လာဝယ်နေတဲ့သူတွေတိုးကြိတ်နေတာပဲ...

Friend။ ။ ဘယ်လောက်တောင် သက်သာလို့လဲဟ...

မဗေဒါ။ ။ အပြင်မှာ ဒေါ်လာ၁၂၀ လောက်နဲ့ရောင်းတာကို အဲဒိမှာ ၃၀ ကျော် ၄၀ လောက်နဲ့ ၀ယ်လို့ရတယ်... ဒီမှာ ငါ ရိုက်လာတဲ့ ဓာတ်ပုံတွေမှာကြည့်ကြည့် နင်လိုချင်တာ ရှိမရှိ... လူတွေကများတော့ အားလုံးတော့ ရိုက်မလာနိုင်ဘူး..




























Friend။ ။ ဟင် အဲလောက်သက်သာတာ အစစ်တွေမှ ဟုတ်ပါ့မလား..

မဗေဒါ။ ။ အဲဒိနေရာက Wholesale ပဲရောင်းတာ... ၁နှစ်မှာ ၂ကြိမ် ဂျွန်လတစ်ကြိမ် ဒီဇင်ဘာတစ်ကြိမ် warehouse ရှင်းတဲ့အချိန်မှာ လက်ကျန်တွေကို ထုတ်ရောင်းတာ... တစ်ချို့ ပုလင်းခွံတွေဘာတွေမှာ ချို့ယွင်းမှုတွေရှိတာတို့ ဗူးမရှိတဲ့ ရေမွှေးတို့ကိုဆိုရင် ၄ဒေါ်လာ ၅ဒေါ်လာလောက်နဲ့ရတယ်... အထဲက ရေမွှေးကတော့ branded အစစ်ပဲ ဗူးခွံမလှတာပဲရှိတယ်... ကိုယ်စွတ်ဖို့က ဗူးခွံမှ မလိုတာ ပြီးလဲ လွှတ်ပစ်မှာပဲဟာ... တစ်ခါတစ်လေ sample ဗူးသေးသေးလေးတွေကို ၁ဒေါ်လာလောက်နဲ့ရောင်းတယ်... လက်ဆောင်ပေးလို့ကောင်းတယ်...
GAP ရေမွှေး တံဆိပ်တပ်ဗူးမပါ တစ်ပုလင်း ၄ဒေါ်လာ တည်း...

Friend။ ။ အဲဒါက ဘယ်အချိန်ထိ ချမှာလဲ...

မဗေဒါ။ ။
မနက်ဖြန် ညနေ ၇နာရီနောက်ဆုံးပဲ... မြန်မြန်သွားဝယ်လိုက်...

Friend။ ။ ဟင်... ငါက မနက်ဖြန်မအားဘူး... ဘယ်လိုလုပ်ရပါ့...

မဗေဒါ။ ။ ဒါဆိုလဲ မပူနဲ့...
၈ ရက် ဒီဇင်ဘာကနေ ၁၈ရက် ဒီဇင်ဘာ အထိ မနက် ၁၀ခွဲကနေ ည၁၀နာရီအထိ Expo Hall 5 မှာ Robinson sale ရှိတယ်... ငါခုဝယ်လာတဲ့ ရေမွှေးဆိုင်က ပြောတော့ အဲဒိမှာရောင်းမဲ့ရေမွှေးတွေက သူတို့ဆိုင်ထက် ၂ဒေါ်လာလောက်ပဲ ပိုမယ်တဲ့... ကြည့်ရတာ သူတို့ဆီကပဲ လက်ကားပြန်ရောင်းထားတယ်ထင်ပါ့...


Friend။ ။ အဲဒိမှာ ရေမွှေးပဲရောင်းတာလား... တခြား မိတ်ကပ်တို့ နှုတ်ခမ်းနီတို့ skin care တို့ shampoo တို့ ရော မရောင်းဘူးလား... ငါက အဲဒါတွေလဲ လိုချင်တာ...

မဗေဒါ။ ။ အဲဒိမှာတော့ ရေမွှေးနဲ့ eyeshadow နည်းနည်းပါးပါးရယ် Body lotion ကို ၇ဒေါ်လာနဲ့ရောင်းတယ်... ဒါပေမဲ့ နင်
မိတ်ကပ်တွေ skin care တွေကို ၀ယ်ချင်တယ်ဆိုရင် L'Oreal Christmas Beauty sale ရှိတယ်... နေ့ရက် အချိန်နဲ့ ကျင်းပမဲ့နေရာက...

Event Details

Event : L’Oreal Christmas Beauty Sale 2011
Location: *SCAPE Level 5 (Gallery Room)၊ Cathay Cineleisure Orchard ဘေးမှာတဲ့...
Date : 9 – 11 Dec 2011
Time : 10.00AM – 8.00PM




5 comments :

SZA said...

i wanna go..i want to get paris hilton 'just me' perfume..

Candy said...

မဗေဒါရေ... ဒီဇင်ဘာလက ကန်ဒီပိုက်ပိုက်အကုန်ဆုံးလလား မသိဘူး.. ဟိုကချ ဒီကချ.. ဈေးပေါတယ်ဆိုပြီး ၀ယ်တာတော်တော်များနေပြီ.. ဟီး.. ခုလည်း ဒီပိုစ့်လေးက မြူဆွယ်ပြန်ပြီ :P :P :P

Anonymous said...

ဝိုး..ပါသမျှကုန်မယ့်.
ဈေးနှုန်းတွေပဲအစ်မရေး)
များများဝယ်ထားပြီး
ဒစ်စကောင့်.ကာလပြီးမှ
ဝယ်ချင်သူတွေရှိရင်.
ပြန်ရောင်းလို့အဆင်ပြေနိုင်တယ်နော် :P

ချစ်ခင်စွာဖြင့်
မိစံ

မြူးမြူး said...

မဗေဒါရဲ့ ဒီပို့စ်လေးက စီးတီးအက်ဖ်အမ်က ကြော်ငြာလေး နားထောင်ရသလိုပဲ.. မိုက်တယ်.. ရေမွှေးတွေကလဲ တန်မှတန်နော်..

မောင်သီဟ said...

ရေမွှေးမသုံးတတ်ပေမယ့် ကျနော် ပို့စ်ဖတ်ဖြစ်တယ် ကောင်မလေးကိုဝယ်ပေးချင်သား ဟီး လက်ဆုပ်လက်ကိုင်ရှိလာရင် ဝယ်ပေးအုံးမှာာာာာာ