Monday, December 05, 2011

လီဒေါင်ဝုနဲ့ ကင်ဆွန်အ ကိုတွေ့ချင်တယ်...............



ဒီပိုစ့်ကို ရေးနေတဲ့ အချိန်မှာ ကျွန်မအတွက်တော့ သိပ်နောက်ကျသွားပြီဆိုတာသိတယ်... လီဒေါင်ဝု နဲ့ ကင်ဆွန်အ တို့ ၂ယောက် စလုံးကို Scent of Woman ဇာတ်လမ်းတွဲအတွက် ပရိတ်သတ်တွေနဲ့ တွေ့ဆုံဖို့လာမယ်ဆိုတာ သိတယ် ဘယ်နေ့မှန်း သေချာ မှတ်မထားလိုက်ဘူး... အလုပ်ရှိမှာပဲဆိုပြီးတော့...

ဒီနေ့သူတို့ပွဲစလုံးမှာရှိတယ် ဘယ်နေရာမှာလဲ မသိဘူး.. ဒါပေမဲ့ သူတို့ မနေ့က လေယာဉ်နဲ့ စလုံးကိုရောက်တယ်ကြားတယ်... အဟင့်... တွေ့ချင်လိုက်တာ... မနက်ဖြန် မနက် ၉နာရီ ၅၅ မိနစ်လေယာဉ်နဲ့ မလေးရှားပွဲအတွက် သွားမယ်ကြားတယ်... အဟင့်.... တွေ့ချင်တယ်ဗျို့.....

အဆိုတော် ငယ်ငယ်ချောချောလေးတွေထက်စာရင် မင်းသားမင်းသမီးတွေကို အပြင်မှာ ပိုတွေ့ချင်တယ်... အထူးသဖြင့် အဲဒိ မင်းသမီးရော မင်းသားရောကို သဘောကျလို့... မင်းသမီးက My lovely Samsoon ထဲက Hyun Bin နဲ့ တွဲခဲ့တဲ့ မင်းသမီးလေ.. အဲဒိကားထဲမှာ ဇာတ်ကောင်စရိုက်အရ သူ့ကိုယ်သူ တကယ်ဝအောင်လုပ်ခဲ့တာတဲ့... ခု Scent of Woman ကားမှာတော့ ပိန်ကပ်လှပနေတာပဲ... (မဗေဒါလဲ ၀ိတ်ကို အပီအပြင် ချချင်စိတ်ရှိအောင် မင်းသမီးလုပ်ရင်ကောင်းမလား.. ဟဲ... ဟဲ...)

မင်းသားကတော့ My Girl ကားထဲကလေ... မြန်မာပြည်မှာလဲ သူ့ကားတွေပြဖူးပါတယ်... အိမ်က အမေကတော့ မြန်မာပြည်မှာ ပြတဲ့ကားထဲက နာမည် စုန်ဖြိုး လို့ ပြောမှသိတယ်...

တော်ပြီ ပြောတော့ဘူး...

ဒါနဲ့ မဗေဒါ ကိုရီးယားကားတွေ ပြတ်နေတာ ၃ လလောက်ရှိပြီ... ခုပြန်ကြည့်နေတဲ့ ကား ၃ကား နဲ့ ဂျပန် Anime ၁ ကားရှိတယ်... ကိုရီးယားကား ၃ ကားက "Man of Honor" "Vampire Prosecutor" "Scent of Woman"... ဂျပန် anime ကတော့ "Vampire Knight Guilty (Vampire Knight Season 2)" ပေါ့...
ဇာတ်လမ်းတွေထဲမှာ ခု scent of woman ကို ဆွဲနေတယ်... ကျန်တဲ့ ၂ကားက Airing လုပ်နေတုန်းဆိုတော့ ၁ပတ် ၁ပတ် စောင့်ကြည့်နေရတယ်... Vampire တွေပဲကြည့်ဖြစ်နေတာ တိုက်ဆိုင်လို့ဖြစ်မှာပါ... ဒါပေမဲ့ ကြည့်နေတဲ့ ကိုရီးယားရော ဂျပန် ကာတွန်းရော အင်္ဂလိပ် Twilight အတွဲတွေရောမှာ သွေးစုပ်ဖုတ်ကောင်က မင်းသားတွေ ဖြစ်နေတော့ နောင်တစ်ခေတ် ကလေးတွေအတွက် သွေးစုတ်ဖုတ်ကောင်ဆိုတာ ကြောက်စရာလို့ မထင်တော့ပဲ ချစ်စရာလို့ထင်ပြီး သွေးစုတ်ဖုတ်ကောင်ဖြစ်ချင်တဲ့သူများလာတော့မယ်ထင်တယ်....

မဆိုင်တာတွေပြောမိပြန်ပြီ... ဒါပဲ... မတွေ့ရလို့ စိတ်ထဲ အောင့်သက်သက်နဲ့ ဒီမှာဖွင့်ပြောလိုက်တယ်.. မနက်ဖြန်မနက် ၉နာရီ ၅၅ မိနစ်အားတဲ့သူ သွားတွေ့လို့ရတယ်နော်... မလေးရှားသွားမဲ့လေယာဉ်...

ဒါနဲ့ မဗေဒါရဲ့ အွန်လိုင်းပေါ်က အိမ် ဘလော့လေးကို ခရစ်စမတ် Theme ပြောင်းလိုက်တယ်... ဒန်တန်တန်...




6 comments :

မောင်သီဟ said...

ဟွန့် ကိုးရီးယားမင်းသား မင်းသမီးတွေကိုပဲတွေ့ချင်နေသကိုးလေ
မြန်မာမင်းသားစစ်စစ်ဖြစ်တဲ့ မောင်ဘကြိုင်လည်းမင်းသားပါဗျာ့း)း)
ကျွန်တော်ကတော့ ကိုးရီးယားမင်းသမီးတွေကိုသဘောကျသားဗျာ့ အဲ တခါတခါ သူတို့ခွဲစိတ်ပြုပြင်တာဖတ်ရသိရတော့ သူတို့အလှက အစစ်လားအတုလား ယောင်ဝါးဝါးဖြစ်မှာပဲတွေးရင်း သဘောကျရမှာကို ခပ်လန့်လန့်ရယ်လေး)


မင်းသားမောင်ဘကြိုင်
ဒန်တန်တန်...... (ဘရိတ်ဒန့်ကွေးအောင်ကသွားသည်)

သိင်္ဂါကျော် said...

မဗေဒါ ကြိုက်နေတယ် ဆိုတော့ ရှာကြည့်ဦးမှပဲ..
မကြည့်ရသေးဘူး

SZA said...

saw that you are watching that drama..I like that drama also. I have finished watching it. Now don't which drama to watch currently

mabaydar said...

You are watching flower boy Raman shop right? Is that nice? I thinking to watch after these dramas i am currently watching.

Unknown said...

i do i doကြည့်ပြီးပြီလား .ကင်ဆွန်အ အရမ်းလှတယ်.မင်သားကသူ့ထက်၁၁ နှစ်လောက်ငယ်တယ်.အဲဒီမင်းသားကမချောပေမဲ့ ကြိုက်တယ်.

mabaydar said...

@yati maung - အင်း... ကြည့်ပြီးပြီ အဆုံး ၂ပိုင်းလောက်တော့ မကြည့်ရသေးဘူး.. ရန်ကုန်ပြန်လိုက်တာ ပြန်ရောက်တော့ ဆက်မကြည့်ဖြစ်တော့ဘူး... ဇာတ်လမ်းကလဲ အရမ်းဆွဲဆောင်မှုမရှိလို့... လုံးလုံးမကောင်းတာတော့မဟုတ်ပါဘူး... ဒိလောက်တော်တဲ့မိန်းမက အဲလောက်ကြီးပြောင်းလဲသွားတယ်ဆိုတော့ မဖြစ်နိုင်ဘူးထင်လို့... သိဘူး... သူတော်တော်ချောတာတော့သိတယ်.. သူ့ ဖိနပ်တွေထားတဲ့အခန်းကြီးလိုချင်တယ်... အဟီး...