Monday, December 19, 2011

ရောက်တက်ရာရာ (၂) ...

တစ်ခါတစ်လေ သေးသေးဖွဲဖွဲကိစ္စလေးတွေ လုပ်ဖြစ်သမျှ စားဖြစ်သမျှလေးတွေကိုရေးချင်စိတ်ဖြစ်တယ်... အကြောင်းအရာတစ်ခုကလဲ ပိုစ့်တစ်ခုဖြစ်ရလောက်အောင် မများဘူး... ဒီတော့ ရောက်တက်ရာရာပိုစ့်တွေဖြစ်လာရော...

ပြီးခဲ့တဲ့ သောကြာင်္နေ့ (၁၆ရက် ၁၂လ) က အလုပ်ထဲက ကျွန်မအင်တာဗျူးလာတုန်းက ဗျူးခဲ့တဲ့လူထဲက တစ်ယောက်ရဲ့ နောက်ဆုံးနေ့မို့ နှုတ်ဆက်ပွဲရယ်... အလုပ်အသစ်ဝင်တဲ့ ဗိသုကာ အင်ဂျင်နီယာကို ကြိုဆိုပွဲရယ်မို့ Macpherson Road ပေါ်က MingKee Seafoodမှာ ကျွန်မတို့ ဋ္ဌာနကလူတွေနဲ့ တခြားဋ္ဌာနက တစ်ယောက် ၂ယောက်ဖိတ်ပြီး သွားစားဖြစ်ကြတယ်...

ဆိုင်စားဖို့စီစဉ်ခိုင်းတော့ ကျွန်မကို ရွေးခိုင်းတယ်... ကိုယ်က အိမ်မှာစားနေကျဆိုတော့ အပြင်ဆိုင်တွေသိပ်မသိဘူး... ဒါနဲ့ အလုပ်ထွက်မဲ့လူကိုပဲ မေးလိုက်တော့ သူက ဆိုင် ၃ဆိုင်ပြောတယ်... Ming Kee Seafood Restaurant ၊ Potien Chinese restaurant ၊ Crystal Jade Restaurantရယ်... အဲဒိ ၃ဆိုင်ကို နောက်ထပ်လူကိုပြပြီးရွေးခိုင်းတော့ Ming Kee Restaurant ကိုရွေးတယ်... ကိုယ်လဲ ဒါနဲ့ အားလုံးကို အီးမေးလ်ပို့လိုက်တာပေါ့ နောက်မှ မန်နေဂျာက အဲဒိဆိုင်ဘယ်သူရွေးတာလဲလို့ တိတ်တိတ်လေးလာမေးတယ်... ဘာလို့လဲဆိုတော့ အဲဒိဆိုင်က ဈေးအရမ်းကြီးတယ်တဲ့... ဒွတ်ခ.... ကိုယ်က အီးမေးလ်ပို့လိုက်တော့ ကိုယ်ပဲရွေးသလိုလို... ဒါနဲ့ ပြန်ပြောင်းလိုက်ရမလားဆိုတော့ ရတယ် မပြောင်းနဲ့တော့တဲ့... ခါတိုင်းဆိုရင်တော့ သူဋ္ဌေးက ပေးနေကျလေ... ဒါပေမဲ့ ဒီတစ်ခေါက်က သူဋ္ဌေးက ဘူးစီးနက် ထရစ် (Business Trip) ရှိလို့လာချင်မှလာမယ်လေ... အဲဒိနေ့က သူဋ္ဌေးမလာနိုင်ဘူး... စားကောင်းခဲ့သမျှ ဘေလ်လာမှာ မျက်ခုံးလှုပ်နေတယ်... ကိုယ်က ဋ္ဌာနမှာရှိသမျှလူတွေထဲမှာ လစာအနည်းဆုံးနဲ့ ရာထူးအငယ်ဆုံး (ဋ္ဌာနမှာ ကျွန်မအထက်ကလူတွေမှန်သမျှက Senior Engineer ၊ Manager ၊ Senior Manager ၊ Vice president ၊ Senior Vice president တွေချည်းပဲလေ)... မိန်းကလေးကလဲ တစ်ယောက်တည်း... သောက်တတ်တဲ့သူလဲမဟုတ်တော့ ကိုယ့်ကို မကောက်ရင်ကောင်းမယ်... ခုထက်ထိတော့ ဘာမှမပြောဘူးဆိုတော့ သူဋ္ဌေးရှင်းတယ်ထင်တယ်... အဟိ...

အဲဒိဆိုင်က သူတို့ စကာင်္ပူနိုင်ငံရဲ့ Prime Ministerတောင် ကြိုက်လို့ လာစားလေ့ရှိတယ်ဆိုပဲ... ဆိုင်ထဲရောက်တော့ သူလာစားတုန်းက ရိုက်ထားတဲ့ပုံကို ချိတ်ထားတယ်... ဆိုင်ကတော့ အရမ်းအကြီးကြီးလဲမဟုတ်ပါဘူး... ခပ်ကျဉ်းကျဉ်းပါပဲ... ၁၈ယောက်စာ booked ထားတော့ ၂၀ိုင်းရတယ်... စားလို့တော့ အတော်ကောင်းတယ်...ပထမပွဲ Scallop ကို တခြားနေရာတွေမှာ ညှီလို့မစားဘူး... အဲဒိမှာတော့ ကြက်သွန်ဖြူလေးတွေနဲ့ဆိုတော့ မွှေးနေတာပဲ... စားကြည့်တာကောင်းတယ် ဓာတ်ပုံရိုက်ဖို့မေ့သွားတယ်... Mushroom and Broccoli ကိုတော့ ဘယ်တော့စားစားကြိုက်တယ်... အရင်က Broccoli ကို မကြိုက်ဘူး... ဘယ်လိုကဘယ်လို ဘယ်အချိန်တဲက ကြိုက်သွားလဲ မသိလိုက်ဘူး... အဲဒါလဲ မရိုက်ခဲ့ရဘူး...

စားခဲ့တာတွေ သွားရည်ကျစေဖို့ ရိုက်လာသမျှ...


ဘဲကင်နဲ့ ၀က်နံရိုး


ပဲသီးကြော်နဲ့ ကျောက်ပုဇွန်


ဂဏန်းကြာဇံကြော်... အရမ်းကောင်း


Grouper with superior soya source

နောက်ရောက်တတ်ရာရာက အရင်က JVC ကမ်ကော်ဒါ ၂လုံးရှိမဗေဒါမှာရှိတယ်... HD တော့မဟုတ်ဘူး... ဟိုတစ်လောက Malaysia, Tioman Resort ကိုသွားလိုက်တာ ပိုကောင်းတဲ့တစ်လုံး ရေထဲကျပြီး Hard disk ပျက်သွားလားတော့မသိဘူး... ပါဝါတော့လာတယ် Hard disk initializing ဆိုပြီး hang နေတယ်... အဲဒါလဲ သွားမပြင်ဖြစ်ဘူး... မဗေဒါလဲ နောက်ထပ် ကင်မ်ကော်ဒါ HD တစ်လုံးလောက်လိုချင်နေလို့ အဲဒိအကြောင်းတွေ လိုက်ဖတ်နေတာကြာပြီ ဒါပေမဲ့လဲ ၀ယ်ဖို့ကျပြန်တော့လဲ မှားမှာစိုးလို့ မ၀ယ်ဖြစ်ဘူး... ဒီဇင်ဘာ၁ရက်နေ့က ဒီလိုပဲ ဟိုကြည့်ဒီကြည့်လိုက်လုပ်ရင်း Amazon.com မှာ Canon Vixia M41 ကို ဈေးတော်တော်သက်သက်သာသာနဲ့တွေ့တယ်... ပရိုမိုးရှင်းတဲ့နောက်နေ့ဆိုပရိုမိုးရှင်းပြီးပြီ...အောက်ကဝေဖန်ရေးတွေဖတ်ကြည့်တော့လဲ သုံးစွဲသူတော်တော်များများကကောင်းတယ်ပြောတယ်...ဖတ်နေကျ www.camcorderinfo.com မှာရှာကြည့်တော့လဲ သူကနောက်ဆုံးပေါ်မော်ဒယ်မို့ ရီဗျူးရေးထားတာမရှိဘူး... သူ့ရှေ့မော်ဒယ် M40 အတွက်ပဲရှိတယ်... ဒါပေမဲ့ ပြောပုံအရ Canon M series ၃ခုရှိတာမှာ အားလုံးနီးပါးတူတူပဲ မန်မိုရီအတွင်းမှာပါတာ မပါတာပဲကွာတယ်တဲ့... နောက်ဆုံးမော်ဒယ် M41 ကတော့ Internal Memory 32G နဲ့ EVF (Electronic View Finder) ပါတာပိုတယ်တဲ့...

ဒါနဲ့ ဒီလောက်ဈေးသက်သာတာ အသစ်ရောဟုတ်ရဲ့လား... Amazon.com က US ကိုပဲရောင်းတာ အာရှကိုရောင်းရဲ့လား ... Shipping ကြေးကဘယ်လောက်လဲ စတာတွေကို သိချင်လာတော့ သူငယ်ချင်းက Add to cart ကိုနှိပ်ပြီးကြည့်ရင် ပေါ်ရင်ပေါ်မှာပေါ့တဲ့... ဒါနဲ့ အင်း... ၀ယ်တော့မ၀ယ်ဘူး သိချင်လို့ လုပ်ကြည့်မယ်ဆိုပြီး နှိပ်တယ်... ဒီတော့ Register လုပ်ခိုင်းတယ်...ဒါနဲ့လုပ်လိုက်တယ်..ရက်ဂျစ်စတာလုပ်တော့ခရက်ဒစ်ကဒ်အင်ဖိုတောင်းတယ်... ၀ယ်သေးတာမှမဟုတ်တာ Gmarket လိုပဲနောက်ဆုံးကျရင်ထပ်မေးမှာပဲဆိုပြီး ခရက်ဒစ်ကဒ်ကိုဖြည့်လိုက်တယ်... အဲဒိထိလဲ ကိုယ်သိချင်တာကို မသိသေးတော့ နောက်ဆုံးတစ်ချက်လဲ နှိပ်လိုက်ရော "your ordered has been successful" ဆိုပြီးပြရော...

"ဘုရားကြီးငုတ်တုတ်... ဒုက္ခပဲ...၀ယ်မိသွားပြီ..." ဒါပေမဲ့ စိတ်ထဲမတော့ ၀မ်းသာဝမ်းနည်းပဲ... ၀မ်းသာတာက လိုချင်နေတဲ့ ကမ်ကော်ဒါကို ၀ယ်ဖြစ်သွားလို့... ၀မ်းနည်းတာက ဟုတ်မှဟုတ်ပါ့မလားဆိုပြီးကြောက်တာ...မလိုချင်ရင်တော့ orderပြန် cancel လိုက်လို့ရပါတယ်...ဒါပေမဲ့ဈေးကကမ်နူးဆိုဒ်ပေါ်မှာရေးထားတာထက်တောင် တကယ်သက်သာတာ... ဒါပေမဲ့ ပစ္စည်းက 2nd hand မဟုတ်ဘူး အသစ်ပဲ... ခရစ်စမတ်မတိုင်ခင်ရမယ်လို့ပြောပင်မဲ့ စောရခဲ့ပါတယ် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၁၄ရက်နေ့)ကရောက်တယ်... မြန်တော့မြန်တယ်... မြန်ဆို Express Delivery က USD 16.50 ပေးထားရတယ်လေ... (အဲဒါလဲ နှိပ်ရင်းနဲ့ အော်တိုဖြစ်နေတာ).....

ပြီးခဲ့တဲ့ စနေ တနင်္ဂနွေကို အပြင်ထွက်ပြီး အဲဒိကင်မရာစမ်းကြည့်တယ်... သိပ်တော့ မကျွမ်းကျင်သေးဘူး ဒါပေမဲ့ပုံအရည်အသွေးရော Focus လုပ်တာရော အထူးသဖြင့် မှောင်တဲ့အချိန်မှာရိုက်တဲ့အခါမှာ ပုံအရည်အသွေးတခြားကင်မရာတွေထက် ကောင်းတာကို သဘောကျတယ်...


ရပါပြီ... သူရောက်ပါပြီ... ပျော်တယ်ဟေ့...






ပိုက်ဆံကို လက်ချောင်းလေးမှားနှိပ်မိတာနဲ့ကုန်သွားလို့ အောင့်သက်သက်ဖြစ်နေပင်မဲ့ ကံကောင်းထောက်မစွာပဲ မထင်မှတ်ထားမိတဲ့အချိန်မှာ အလုပ်အသစ်က Bonus ရတယ်... ဘောနက်စ်ဆိုတဲ့ အရာကြီးကို အလုပ်လုပ်လာတဲ့သက်တမ်းတစ်လျှောက်မှာ ဘယ်ကုမ္ဗဏီမှာမှ မရခဲ့ဖူးဘူး... ၁၃လဘောနက်စ်ကိုပြောတာမဟုတ်ဘူးနော်... ၀င်တာမှ ၄လပဲရှိတဲ့သူတစ်ယောက်ကို ခုလိုပေးတဲ့အတွက် အရမ်းကျေနပ်မိသလို အလုပ်ကိုကြိုးစားချင်စိတ် လုပ်ပေးချင်စိတ်ဖြစ်မိတယ်... (မနက်ဖက်အိမ်ကနေ အလုပ်သွားရမှာ ပျင်းတာကလွဲလို့)... ဘောနက်စ်ဝင်တာနဲ့ ၀င်တဲ့ငွေလက်မှာ ပူအောင်တောင် မကိုင်ခင်ပဲ... ခရီးထွက်ဖို့ ဟိုဝက်ဆိုဒ်ဝင်ကြည့် လေယာဉ်လက်မှတ်ဈေးတွေလျှောက်ကြည့်... ဘယ်နိုင်ငံသွားရင်ကောင်းမလဲ စဉ်းစားနေမိတယ်... လောလောဆယ်စိတ်ထဲရောက်ပြီး သွားဖို့ထိ ကြံရွယ်မိတာက... ဘေဂျင်း ၊ ထိုင်ဝမ် နဲ့ သြစီ... ဘေဂျင်းက ပရိုမိုးရှင်းတွေ့လို့ ဒါပေမဲ့ ၁ယောက်တည်းလဲမသွားချင်ဘူး ဖေဖေနဲ့ မေမေ ၂ယောက်လုံးစားရိတ်ကျတော့လဲ ကျွန်မတစ်ယောက်တည်းမတတ်နိုင်ဘူး ဒီတော့ မေမေက ဟိုတစ်ခေါက်က ကိုရီးယား ရှန်ဟိုင်းပို့ပြီးပြီဆိုတော့ ဖေဖေ့ကို ဘေဂျင်းပို့ပေးမလားလို့ စဉ်းစားဖြစ်တယ်... ဒါပေမဲ့ ပရိုမိုးရှင်းက ပြီးသွားတာရော... ခုလောလောဆယ်မှာ ဘေဂျင်းက ရေခဲမှတ်ဖြစ်နေလို့ ဈေးချတာဆိုတာကြားတော့ မသွားတော့ပါဘူး...

ထိုင်ဝမ်သွားဖို့ကြည့်ဖြစ်တယ်... သူငယ်ချင်းဟိုမှာရှိတယ်... ဒါပေမဲ့ အားလားမအားလားမသိ ဒုက္ခပေးဖို့ စိုးရွံ့နေတယ်... သူ့အိမ်မှာတည်းလို့ရတယ်တော့ပြောတယ်... တစ်ယောက်တည်း ဟိုတယ်မှာမနေရဲပင်မဲ့ သူ့အိမ်မှာတည်းဖို့လဲ အားနာတယ်... သူ့အိမ်နဲ့နီးနီးလောက်က ဈေးခပ်ပေါပေါ ဟိုတယ်ဖြစ်ဖြစ် Guest House ဖြစ်ဖြစ်ရှိရင်ကောင်းမယ်... ဈေးသက်သာရင်တော့ ဖေဖေရော မေမေရောကို ခေါ်သွားမယ်... ဒါနဲ့ ထိုင်ဝမ်မှာ ဈေးသက်သက်သာသာ တည်းလို့ရတဲ့နေရာရှိရင် အကြံပေးကြပါအုံး... သိချင်ပါတယ်... ကျေးဇူးမမေ့...

အလုပ်သစ်မစခင် အားတဲ့ ၂ပတ်လောက် သြစီသွားလည်မယ်လို့ ဖေ့ဘွတ်မှာအော်တယ်... အဲဒိမှာ ငယ်သူငယ်ချင်းတွေများကြီးရှိတယ်... ၁ယောက်မှစီကမှ အသံပြန်မကြားဘူး... ၁ရက်လောက်နေတော့ နောက်ဆုံးမှရောက်တဲ့သူဆီက ပြန်စာလာတယ်... လာလည်တဲ့... ကိုယ့်ဘာသာကိုယ်လာလည်ချင်တာပါ ဒါပေမဲ့ မတွေ့ရတာကြာတဲ့သူငယ်ချင်းတွေနဲ့ လျှောက်သွားချင်တယ်... သူတို့ ကိုယ့်အတွက် ၁ပတ်လောက်အားပေးရင်တော့ အတိုင်းထက်အလွန်ပေါ့... အိမ်မှာတည်းလို့ မပြောလဲစိတ်မဆိုးဘူး နားလည်တယ်... ဒါပေမဲ့ သြစီမှာ တည်းခိုဖို့သက်သာတဲ့ သန့်တဲ့ဟိုတယ်တော့ သိချင်တယ်...


နောက်ဆုံးကတော့ ခရစ်စမတ်Mode အတွက် လက်သည်းနီ အဖြူနဲ့ အနီမှာ အစိမ်းအလက်လက်လိုင်းလေးတွေနဲ့ ဆိုးထားတာ....




My Birthday is coming in 2 months ... လတ်တလော My Birthday wish List... (နီးမှထပ်တိုးမယ်... ဟဲ... ဟဲ)


11 comments :

Anonymous said...

အောင်ညလေးနော်..
wish list ကလည်း.
နည်းလှချေလား.အမတော်း)
ပြောကြည့်ပေါ့..ဘာဝယ်ပေးရမလဲဆိုတာ
ပြီးရင်.ခရက်ဒစ်ကတ်.ခဏပေးသုံးနော်းP
ဂဏန်းဆို.အမုန်းကြိုက်တာမို့
အကောင်လိုက်.မ.သွားပါတယ်း)

ချမ်းမြေ့ပါစေရှင်
ချစ်ခင်စွာဖြင့်
မိစံ

Candy said...

ဟုတ်တယ် မဗေဒါရေ.. တခါတလေ ဟိုစပ်စပ်ဒီစပ်စပ်ရေးချင်သေးတာ.. အဲ့လိုရေးချင်ရင် ဒီလိုမျိုးပိုစ့် ဖြစ်သွားရော အဟိ..
Camcorder လေး သဘောကျတယ်.. အဲ့ဒါလေးက ဗွီဒီယိုအတွက် ပိုကောင်းတာလား.. ဓာတ်ပုံရိုက်ရင်ရော ရလား.. ကောင်းလား ဟင်..
ပိုက်ဆံရှိရင်တော့ ၀ယ်ဖို့စဉ်းစားထားတယ် မမ
ဂဏန်းကြီးကို သရေယိုသွားတယ်.. အရမ်းကြိုက်တာ :D :D

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂဏန်းကြာဇံကြော်မိုက်တယ်
ဟင်းတွေက စားချင်စရာတွေချည်းဘဲ အရောင်ကလည်း လှတာကိုး
ကမ်ကော်ဒါကြီးကလည်း မိုက်မှမိုက်
အဲဒါနဲ့ ရိုက်ထားတာလား
ပုံတွေ အရောင်အသွေး ရေလည်လှတယ်
အားတောင် ကျသွားပြီး တစ်လုံးလောက် လိုချင်လာမိတယ်။ နောက် လက်သည်းဆိုးထားတာလေးလည်း လှတယ် ခရစ္စမတ် ကာလာပေါ့း)

မောင်သီဟ said...

အစားသောက်တွေနဲ့ ပို့စ်က ကျွန်တော့်ကိုနှိပ့်စက်သလို ခံစားရတယ်
ဂလုအု သွားရည်တွေကျတယ် တံတွေးမျိုချမိတယ်
တိန်

ငတ်ကြီးကျသူ
မောင်ဘကြိုင်

Thinzar said...

amazon ကနေ electronic ပစ္စည်းမှာရင် ရောက်လာတဲ့အခါ tax ပေးရလား သိချင်တာ.. shipping အပြင် tax သပ်သပ် ထပ်ပေးရသေးလား..

mabaydar said...

ပစ္စည်း အမျိုးအစားပေါ်မူတည်ပြီး ပေးရတာရှိသလို မပေးရတာလဲရှိပါတယ်... ခု ဒီကင်မရာက မပေးရပါဘူး... ဘယ်ပစ္စည်းတွေပေးရလဲ သိချင်ရင် amazon ၀က်ဆိုဒ်မှာ အတိအလင်းရှင်းထားတာရှိပါတယ်... မဗေဒါလဲ အားလုံးမမှတ်မိလို့ အဲဒိမှာ စစ်ကြည့်လိုက်နော်..

Thinzar said...

thanks :) online မှာ လိုက်ရှာကြည့်တာလည်း အဖြေမတွေ့ဘူးဖြစ်နေတာ.. tax က custom က စိတ်ကူးပေါက်ရင် ကောက်တယ်.. အများအားဖြင့် လွတ်ပေးတယ်လို့တော့ ပြောတယ်.. မလေးရှား custom တော့ နည်းနည်းရစ်တယ်ပြောတယ်.. tax မပေးရရင် electronics ပစ္စည်းတွေ amazon ကမှာရင် ရေလည်တန်မှာ.. စမ်းကြည့်လိုက်ဦးမယ် :)

Anonymous said...

I think you sign in as "1-click ordering" option. You should turn it off. Here is the information.
http://www.amazon.com/gp/help/customer/display.html?nodeId=468628

"You can change or modify your default payment method or address by clicking "Your Account" at the top right-hand side of any page and choosing "1-Click Settings" in the list of options. You can turn 1-Click ordering on or off from this page, too."

One of the default setting in payment is to save your credit (debit) card information. You can also delete that information if you want to make sure. It is kind of annoying.

And if you are cautious about the quality of your product, make sure the one you are looking for is "Ships from and sold by Amazon.com.". In some cases, even when you change the color or the size of the item you are buying, it could change the dealer.

Cheer!!

thiri_aquarius said...

hello my dear,

pl come and visit to oz in this december if you r free. the better way is take Scoot (very cheap air line. it arrives only to sydney and gold coast. so come to gold coast first, we can go around gold coast. then lets go to melbourne (i m living there). then if you wish, you can go to sydney and can meet with MMG and Thandar win (as you know if we arrange our trip plan very early, we can buy tickets with very cheap price). pl send msg to me if you r interested in it. the most important thing is i can afford only budget airlines and cheap hotels as i quit from my job and just studying these days :)

mabaydar said...

Of course... must be budget if not traveling is not exciting.. But unfortunately, i am planning to visit back MM this December. So this year I wouldn't make it. Probably next year I'll try to come. Be ready for it. :D

thiri_aquarius said...

how about this september, yesterday i checked the ticket price (there is a promotion only $100 ++ for sg to sydn) i will be in sg from 7 to 12 (for my exam on 11)if you can take a leave, you can come to oz with me. (i m staying in syd for about 3 or 4 days, then will b back to melbourne). you can visit in sydney and can meet with other frds. then if you have more time, you can also come to melb (in melb you can stay at my home, you dont need to worry for accommodation). syd to mel ticket is only about $75(still very cheap). the problem is there is no direct scoot flight from mel to sg (scoot goes between syd to sg and gold coast to sg). you can still find the other budget airline from mel to sg or if you can take two more days, we can go to Goldcoast and then fly back to sg from there with scoot.