Sunday, January 23, 2011

Wedding Emcee လုပ်မယ်ဆိုရင်...

Wedding Emcee ဆိုတာ ရှည်ရှည်ဝေးဝေးတွေ ဇာတ်လမ်းလုပ်ပြောနေစရာမလိုဘူး... ဒီလိုပဲ ဘာပြီးရင် ဘာလာမယ်ကြေငြာရုံပဲဆိုပြီး လွယ်တယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်... ပွဲတစ်ပွဲရဲ့ အောင်မြင်မှုက MC အထိန်းကောင်းမှုပေါ်လဲ အများကြီးမူတည်တယ်လို့ စာတွေဖတ်ရင်းရော... ကျောင်းက သင်္ကြန်ပွဲလုပ်တုန်းက မြင်ခဲ့သိခဲ့ရတဲ့ အတွေ့အကြုံတွေရောကြောင့် သိမှတ်မိပါတယ်..

Wedding Emcee တွေ အဓိက သိရမဲ့ အချက်သုံးချက်ကို အင်တာနက်မှာရှာလို့တွေ့တာကတော့...

1. Clearly Identify Your Duties As The Wedding MC
(ကိုယ့်တာဝန်ကိုယ် ကွဲကွဲပြားပြားသိရမယ်)

mc တစ်ယောက်ဟာ အစီအစဉ်တစ်ခု ပွဲတစ်ခုကို အစီအစဉ်အတိုင်း တစ်ခုပြီးတစ်ခု အဆင်လိုက်ဖြစ်အောင် ပြီးမြောက်ဖို့အတွက် သေချာအောင် ပြုလုပ်ရတဲ့သူပါ...

mc တစ်ယောက်ရဲ့တာဝန်ဟာ ပုံစံတစ်ခုတည်း set ထားလို့မရပါဘူး... သတို့သမီး သတို့သားက လိုချင်တဲ့ မင်္ဂလာဆောင်အစီအစဉ် ပေါ်မှာပဲ မူတည်ပါတယ်... မင်္ဂလာစုံတွဲနဲ့ အစီအစဉ် အသေးစိတ်ကို ဆွေးနွေးတိုင်ပင် အတည်ပြုပြီး ကိုယ့်တာဝန်ကို ကိုယ်လုပ်ရမှာဖြစ်တယ်...

2. Put Together A Running Sheet
(စာရွက်ထဲမှာ အားလုံးကို သေချာမှတ်ထားဖို့)

ကိုယ်လုပ်ရမဲ့ နေရာကို အောင်မြင်ချင်ရင်တော့ အစီအစဉ်ချထားဖို့လိုတယ်... စင်ပေါ်မှာ လူတွေအများကြီးရှေ့မှာ စိတ်လှုပ်ရှားမှုနည်းပြီး အမှားအယွင်းနည်းအောင် လုပ်နိုင်ဖို့က ဘယ်အချိန် ဘယ်နေရာမှာ ဘယ်သူက ဘာလုပ်မယ်ဆိုတာကို အတိအကျသိနေဖို့လိုအပ်တယ်...
အဲဒိအတွက် မိနစ်တိုင်း မိနစ်တိုင်းအတွက် ဘာပြီးရင် ဘာလာမယ် ဘယ်နေရာက ဘယ်သူနဲ့ဆိုတာကို အတိအကျရေးထားတဲ့ စာရွက်တစ်ရွက်လိုတယ်...
ပြီးတော့ ပါဝင်တဲ့သူတွေအားလုံးကိုလဲ သူတို့ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို သိအောင် သေချာပြောဆိုထားရမယ်...
ဥပမာ... speech ပြောတာပဲဖြစ်ဖြစ် toast လုပ်တာပဲဖြစ်ဖြစ် အချိန်ဘယ်လောက်ကြာကြာ ပြောရမယ်ဆိုတာကို သူတို့သိအောင် တိုင်ပင်ထားရမယ်...

Wedding mc တစ်ယောက်ရဲ့ အလုပ်ဟာ လွယ်ကူပြီး သဘာဝကျနေတဲ့ပုံစံမျိုးဖြစ်အောင် သင်ဟာ အတော်လေး ကြိုးစားအားထုတ်ဖို့လိုတယ်...

3. Don't Take Center Stage
(အဓိက ဇာတ်စင်ပေါ်က လူမဖြစ်ပါစေနဲ့)

သေချာအောင်တစ်ခုတော့ ပြောပရစေ... သင်ဟာ ဧည့်သည်တွေကို ဖျော်ဖြေတဲ့အထဲမှာ မပါပါဘူး... သင်ဟာ ပရိတ်သတ် စိတ်ဝင်စားအောင် ဂိမ်းတွေ ရီစရာ အသေးအဖွဲလေးတွေပြောရင် အဓိက Speech ပြောမဲ့သူနဲ့ ပရိတ်သတ်ကို မိတ်ဆက်ပေးလို့ရပင်မဲ့... သေချာတာတစ်ခုကတော့ သင်ဟာ ဒီပွဲရဲ့ ဟာသဖျော်ဖြေသူမဟုတ်သလို... ဒီပွဲရဲ့ Star လဲမဟုတ်ပါဘူး...
အောင်မြင်တဲ့ Emcee ဆိုတာ သတို့သားနဲ့ သတို့သမီး မီးရောင်အောက်မှာ ပိုပြီးတော့ ထင်ပေါ်အောင် ပံ့ပိုးပေးတဲ့သူတစ်ယောက်သာဖြစ်ပါတယ်...

Reference from http://ezinearticles.com/?Wedding-Emcee---3-Things-You-Must-Know-For-Success&id=957202

ပွဲထဲမှာ ပါဝင်တဲ့ အစီအစဉ်နဲ့ အရာမှန်သမျှကို မကျန်ရလေအောင် mc က စစ်ဆေးဖို့အတွက် Wedding MC Checklist တစ်ခုလိုပါတယ်... ပွဲမစမီ ဘာတွေလိုတယ်.. ပွဲအတွင်း ဘာလိုတယ်... နဲ့ ပွဲပြီးသွားရင် ဘာလိုတယ်ကအစ စစ်ဆေးဖို့ စာရင်းရှိနေရပါမယ်တဲ့...

အောက်ပါ အချက် ၉ ချက်ကတော့ Wedding MC တစ်ယောက်အတွက် ပြင်ဆင်သင့်တဲ့ ယေဘူယျ checklist ပါပဲ...

Wedding MC Checklist - Item #1 - Meet with the wedding planners
(မင်္ဂလာပွဲ အစီအစဉ်ဆွဲသူနဲ့ တွေ့ဆုံရပါမယ်)

မင်္ဂလာ အစီအစဉ်ဆွဲသူဟာ သတို့သမီး အမေလဲ ဖြစ်နိုင်တယ်... သတို့သမီးကိုယ်တိုင်လဲဖြစ်နိုင်တယ်.. ဒါမှမဟုတ်ရင် Professional Wedding planner လဲဖြစ်နိုင်ပါတယ်...

အစီအစဉ်ကြေငြာသူတစ်ယောက်အနေနဲ့ လုပ်ရမှာတွေထဲက ပထမဆုံးလုပ်ရမှာကတော့ အစီအစဉ်ရေးဆွဲသူနဲ့တွေ့ပြီး သင့်တာဝန်ကို သူတို့က ဘယ်လိုဖြစ်စေချင်လဲဆိုတာရယ်... မင်္ဂလာပွဲနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်ရယ်ကို ရယူရမှာဖြစ်ပါတယ်...

ဒီတော့မှ မင်္ဂလာပွဲ အစီအစဉ်အတွက် လိုအပ်တဲ့ စာရင်းတွေနဲ့ အစီအစဉ်စာရွက်ကို စတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်...
Wedding MC Checklist - Item #2 - Gather background information on the bride and groom
(သတို့သား သတို့သမီးရဲ့ အကြောင်းကို လေ့လာထားရပါမယ်...)

သတို့သား သတို့သမီးအကြောင်း အနည်းကို သိထားခြင်းအားဖြင့် စင်ပေါ်မှာ စကားပြောရင်း သူတို့အကြောင်း ကောက်နုတ်ချက်ချတဲ့အခါမှာ မှန်ကန်စွာပြောနိုင်မှာဖြစ်ပါတယ်...

သူတို့ ငယ်ဘ၀၊ သူတို့ဘယ်လိုဆုံခဲ့ကြတယ်နဲ့ သူတို့ရဲ့ စေ့စပ်ပွဲ တွေအပြင် သူတို့ရဲ့ လာမဲ့ ပျားရည်စမ်းခရီးဟာ ဘယ်ကိုလဲဆိုတဲ့ အချက်အလက်မျိုးလေးတွေကို စုဆောင်းထားရပါမယ်...
(ဒီအချက်ကတော့ မဗေဒါလဲ အစီအစဉ်သာ ကြေငြာဖို့စိတ်ကူးထားပြီး တတ်နိုင်သမျှ အပိုမပြောဖို့ စဉ်းစားထားတဲ့အတွက် မဗေဒါအတွက်တော့ မလိုလောက်ဖူးထင်ပါတယ်... ဒါပေမဲ့ သတို့သား သတို့သမီး ဇာတ်လမ်းကိုတော့ အကြမ်းပျင်းတော့ သိထားပြီးပါပြီ)

Wedding MC Checklist - Item #3 - Gather background information on the speakers who will be making wedding speeches and toasts
(Wedding မှာ အမှာစကားပြောမဲ့သူပဲဖြစ်ဖြစ်... Toasts လုပ်မဲ့သူပဲဖြစ်ဖြစ်ရဲ့ အကြောင်းကိုလဲ သိထားသင့်ပါတယ်)

မင်္ဂလာစုံတွဲက သင့်ကို speech ပြောပါလို့ မတောင်းဆိုတာပဲဖြစ်ဖြစ်... ဒီပွဲမှာ MC က Toasts နဲ့ Speech ပြောဖို့ မလိုပါဘူးလို့ ပြောလာရင်ပဲဖြစ်ဖြစ်... သူတို့မှာ Wedding toasts နဲ့ Speech ကို ပြောမဲ့သူရှိပြီးသားလို့ ခန့်မှန်းရပါတယ်...

ယေဘူယျအားဖြင့် Wedding Speeches နဲ့ Toasts ကို သတို့သား အရင်းနှီးဆုံးသူငယ်ချင်း... သတို့သမီး အဖေ၊ သတို့သမီး အရင်းနှီးဆုံး သူငယ်ချင်း တို့က ပြောကြတာများပါတယ်... တခြား မိသားစုဝင်တွေဖြစ်တဲ့ သတို့သမီး အမေ၊ သတို့သား အဖေ၊ သတို့သား အမေ တို့လဲ Wedding speech နဲ့ toast ကို ပြောလို့ရပါတယ်...
သင်စုဆောင်းထားတဲ့ speakers ရဲ့ အကြောင်းအရာဟာ သူ့ကို စကားပြောဖို့ ပရိတ်သတ်နဲ့ မိတ်ဆက်ပေးပြီး ဖိတ်တဲ့ အချိန်မှာ အသုံးပြုရမှာဖြစ်ပါတယ်...
(မဗေဒါအတွက်ကတော့ Toasts ကို MC ကပဲ လုပ်ရမှာဖြစ်ပြီး... နောက်မှ သတို့သားက ကျေးဇူးတင်စကားလိုမျိုးပြောမယ်ထင်ပါတယ်...)

Wedding MC Checklist - Item #4 - Prepare the wedding reception agenda
(မင်္ဂလာ အစီအစဉ်တွေကို ပြင်ဆင်ထားဖို့ပါ)...

ဒီအစီအစဉ်ဟာ သင့်ရဲ့ ပွဲတစ်လျှောက် အသေးစိပ်အသုံးပြုရမဲ့ အချိန်ဇယားဖြစ်ပြီး Wedding planner နဲ့ တိုင်ပင်ပြီး ပြင်ဆင်ရမှာဖြစ်ပါတယ်...

ဧည့်သည်တွေလာတဲ့အချိန်က စပြီး ... Wedding speeches and Toasts အပါအ၀င် နောက်ဆုံး နှုတ်ဆက်အထိ ဒီ အစီအစဉ်စာရွက် အတိုင်း သတ်မှတ်ထားတဲ့ အချိန်အတွင်း အခန်းအနား ချောချောမွတ်မွတ် ပြီးစီးနိုင်အောင် လမ်းပြပေးမဲ့ စာရင်းပဲဖြစ်ပါတယ်...
(အဲဒါအရေးကြီးတယ်... သူတို့ အစီအစဉ်တော့ သိထားပြီးပြီ... ဒါပေမဲ့ အသေးစိတ်တော့ ထပ်သိပြီး တိုက်ချင်သေးတယ်... သတို့သမီးနဲ့တော့ အားတဲ့တစ်ရက်တွေ့ဖို့ရှိတယ်...)

Wedding MC Checklist - Item #5 - Prepare the wedding mc’s run sheet
(Wedding mc အစီအစဉ်စာရွက်)

The wedding mc’s run sheet ဟာ စောစောက နံပါတ ၄က မင်္ဂလာအစီအစဉ်ထပ် ပိုပြီး အသေးစိပ်ကျပါတယ်...

ဥပမာ မင်္ဂလာ အစီအစဉ် စာရွက်ထဲမှာ "“wedding speeches and toasts,” လို့ပဲရေးထားတဲ့အချိန်မှာ... Mc စာရွက်ထဲမှာတော့ ဘယ်သူ့အတွက် ဘယ်သူက ပြောပေးမယ်ဆိုတာရယ်... ပြောပေးမဲ့သူရဲ့ အကြောင်း အနည်းငယ်ရယ်ကို ရေးသားထားမှာဖြစ်ပါတယ်...
(မဗေဒါအတွက်တော့ Wedding Mc run sheet ပဲလုပ်လိုက်ရင် လုံလောက်မလား... ဟီး... ဟီး.. စာရွက်တွေများရင် ရောကုန်လိမ့်မယ်)

Wedding MC Checklist - Item #6 - Prepare your material
(လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ပါ)

ခု သင့်မှာ မင်္ဂလာမောင်နှံရယ်၊ မင်္ဂလာစကားပြောမဲ့သူရယ်၊ လိုအပ်တဲ့ ပစ္စည်းတွေရယ်ရှိပြီဆိုတော့ အားလုံးကို ပေါင်းရမဲ့ အချိန်ရောက်လာပါပြီ...

သင့်ရဲ့ MC speech, အဖွင့် MC စကားပြော၊ မိတ်ဆက်၊ ပရိတ်သတ်တွေအတွက် ဂိမ်းအစီအစဉ်၊ ဟာသ အဖြစ်အပျက်လေးတွေ၊ နဲ့ မင်္ဂလာပွဲအတွက် လိုအပ်မဲ့ ဖျော်ဖြေမှုလေးတွေကို ပြင်ဆင်ရမှာဖြစ်ပါတယ်...
(မဗေဒါကလဲ Professional မဟုတ်တာက တစ်ကြောင်း မင်္ဂလာမောင်နှံကလဲ အပိုတွေမလိုအပ်ပဲ ရိုးရိုး အစီအစဉ်ကြေငြာလျှင်သာ လုံလောက်တယ်လို့ပြောထားလို့ ဂိမ်းတို့ ဟာသတို့ကတော့ မဗေဒါအတွက် မလိုအပ်လောက်ဖူးထင်တာပဲ.... )

Wedding MC Checklist - Item #7 - Prepare the Wedding MC Speech
(Wedding Mc ပြောရမဲ့ စကားကိုပြင်ဆင်ပါ)

မင်္ဂလာပွဲ အထမြောက်ဖို့ အစီအစဉ်ပြောသူတစ်ယောက်အနေဖြင့် မင်္ဂလာစကားချီးမြှင့်ဖို့ တောင်းဆိုခံရကောင်း ခံရပါလိမ့်မယ်...

ဒါမှမဟုတ်.. အကြောင်းတစ်ခုခုကြောင့် အရင်က လျာထားတဲ့ မင်္ဂလာစကားချီးမြှင့်မဲ့သူမရှိလို့ နောက်ဆုံး အခြေအနေအရ MC က စကားဝင်ပြောဖို့လိုအပ်လာတတ်ပါတယ်...

(ဒီလိုဆိုရင်တော့ မဗေဒါသေပြီပေါ့ကွယ်... ဘာပြဿနာမှ မဖြစ်ပဲ စီစဉ်ထားတဲ့အတိုင်းပဲ ဖြစ်ပါစေလို့ဆုတောင်းပါတယ်... အင်္ဂလိပ်လိုပြောရမှာဆိုတော့ တော်တာတွေပေါ်ကုန်မှဖြင့်...)

Wedding MC Checklist - Item #8 - Check reception venue set up
(ကျင်းပမဲ့ မင်္ဂလာနေရာရဲ့ အပြင်အဆင်ကို စစ်ဆေးရပါမယ်)

မင်္ဂလာအခန်းအနား အပြင်အဆင်တွေဟာ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာအတွင်း ဧည့်သည်တွေ မရောက်မှီ ပြင်ဆင်ပြီးစီးမှု ရှိမရှိစစ်ဆေးရပါမယ်...
ဒါဟာ အလွန်မှ အရေးကြီးပါတယ်... ထိုင်ခုံ စီရီမှုမှ အစ မီးအလင်းအမှောင်နဲ့ အစားအသောက်၊ ပါဝင်ဖျော်ဖြေသူ အားလုံးကို စစ်ဆေးပြီး အခန်းအနားမှာ ချောမွေ့ဖို့ သေချာအောင် ပြုလုပ်ထားရပါမယ်...

(ဒါကလဲ မဗေဒါက Emcee လုပ်ဖို့ခေါ်ခံရတယ်ဆိုပင်မဲ့... အတန်အသင့် ခင်မင်ပင်မဲ့ တကယ်တမ်းတော့ လည်ပင်းဖတ်ပေါင်းသင်းနေတဲ့ သူငယ်ချင်းအဆင့်လဲ မဟုတ်သေးတာကတစ်ကြောင်း... ဒီကိစ္စတွေကို MC တစ်ယောက်အနေနဲ့ အတင်းကြီး လိုက်စွက်ဖက်နေဖို့ မသင့်တာကတစ်ကြောင်းကြောင့် အစီအစဉ်ရေးဆွဲသူပဲဖြစ်ဖြစ် အဲဒိနေ့မှာ တာဝန်ကျသူတွေကိုပဲ မဗေဒါ စုံလုံးမှိတ် အားကိုးပါတော့မယ်)

Wedding MC Checklist - Item #9 - Ensure your clothing is ready
(အဲဒိနေ့ ၀တ်မဲ့ အ၀တ်အစား အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်)

မင်္ဂလာ အခမ်းအနားဟာ အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်တဲ့အတွက် ဒီပွဲရဲ့ အစီအစဉ်ကြေငြာသူတစ်ဦးအနေနဲ့ ပွဲနဲ့ လိုက်ဖက်အောင် ၀တ်စားဆင်ယင်ဖို့လိုအပ်ပါတယ်...

ကုတ်အကျီင်္,Tuxedo, ဒါမှမဟုတ် ဂါဝန်, အကျီင်္၊ ဘောင်းဘီတွေဟာ သန့်ရှင်း ကျော့ကော့ပြီး ဖိနပ်ကလဲ တောက်ပနေရပါမယ်...
(အမလေး... စိတ်ထဲမှာတော့ လျာထားတာ ၂ ခုရှိတယ်... ဘာဝတ်ရမှန်းတော့ မသိသေးဘူး... အတတ်နိုင်ဆုံးတော့ သန့်ရှင်းကျော့ကော့အောင်သွားရမှာပေါ့... မုန့်မစားရရင်ဒုက္ခ... MC က မစားရဖို့များလားမသိ... ဟိဟိ... ဗိုက်က ဆာရင် အသံမြည်လိမ့်မယ်... ဟဲ... ဟဲ... သတို့သမီးလေး ဒီပိုစ့်ကို ဖတ်မိရင်တော့ မဗေဒါဘာတွေပူတယ်ဆိုတာ သိလောက်ပြီထင်တယ်... နောက်မှစားလို့ရအောင် ဟိုတယ်ဝန်ထမ်းတွေကို သပ်သပ်ဖယ်ခိုင်းထားလိုက်နော်... ဟတ်ဟတ်...)

Reference from http://hubpages.com/hub/Checklist-for-Wedding-MC

သတို့သမီးလေးကတော့ မဗေဒါဘလော့ကိုလဲ အမြဲလာဖတ်တယ်... အမြဲလဲအားပေးတယ်... သတို့သားကလဲ မဗေဒါဘလော့ကို အရင်ကတည်းက လာဖတ်လေ့ရှိတယ်... သူတို့ ၂ယောက်လုံးကို လူတွေကို မသိခင်ကတည်းက ကွန်မန့်လေးတွေနဲ့ အားပေးမှုကို ခံစားပြီး ခင်မင်ခဲ့တယ်... သူတို့က ခုလိုမျိုး ကိုယ့်ကို အရေးတယူ မင်္ဂလာ အစီအစဉ်ပြောကြားသူအဖြစ် ဖိတ်ခေါ်တဲ့အတွက် အတိုင်းထက်အလွန်ဝမ်းသာတယ်... ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်တာကတော့ ကိုယ့်ဆန္ဒ အစစ်အမှန်ပါပဲ... ဒါပေမဲ့ ၁ ယောက်တည်း အတွေ့အကြုံမရှိတဲ့ သူက MC လုပ်ရမှာဖြစ်လို့ အမှားအယွင်းများရှိခဲ့ရင်တော့ ဗွေမယူကြဖို့ ကြိုတောင်းပန်ထားချင်တယ်... (ဖြစ်လို့ကတော့ စင်ပေါ်မှာ ငိုမှာနော်.... ကြေငြာလို့ ထွက်မလာရင်.. ပြေးပြီးလာဆွဲထုတ်မှာ... ဒါပဲ... အဟိ)
သူတို့က အဲဒိနေ့မှာပဲ လက်မှတ်ထိုးပွဲလုပ်မှာဆိုတော့ အဲဒိအတွက်လဲ ကြိုပြင်ဆင်ရမယ်... သူငယ်ချင်းထဲမှာ wedding mc လုပ်ဖူးတဲ့ အတွေ့အကြုံရှိတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ ပြောတယ်... ထင်မထားတဲ့ ပြဿနာတွေ အများကြီးဖြစ်တတ်တယ်... သေချာပြင်ဆင်ထားတဲ့... ဥပမာ... အခန်းအနားကစတော့မယ်... လူတွေက နေရာတကျမထိုင်လို့ ပြောရတာ... ဆေးလိပ်သောက်နေလို့ သတိပေးရတာ... ဟမ်းဖုန်းတွေကို အသံတိတ်ဖို့ ပြောရတာ... စုံလို့ပဲတဲ့... အဲဒါတွေက အသေးအဖွဲပြဿနာတဲ့... ကိုယ်ကြေငြာပြီးမှ နောက်ကလူက အဆင်သင့်မဖြစ်သေးတာတို့ ဘာတို့ဆိုရင်တော့ ရွာလည်မှာ... ပထမဆုံးအတွေ့အကြုံမို့ စိတ်လဲလှုပ်ရှားတယ်... ကောင်းကောင်းလဲဖြစ်ချင်တယ်... မင်္ဂလာစုံတွဲကိုလဲ စေတနာရှိတယ်... ကဲ.... စိတ်ထဲက စေတနာအားကောင်းရင် နတ်ကောင်းနတ်မြတ်တွေမစမယ်ထင်ပါတယ်.... အားလုံးပဲ မဗေဒါအတွက် ဆုတောင်းပေးကြပါ...


မင်္ဂလာ သတို့သားနဲ့ သတို့သမီးက အရင်ကဘလော့လဲရေးပါတယ်... ရင်းနှီးတဲ့သူနဲ့လဲရင်းနှီးမှာပါ... သူတို့တွေက ဖေဖော်ဝါရီလလည်လောက်မှာ အခမ်းအနားကျင်းပမှာပါ... ဘယ်သူလဲဆိုတာတော့ သူတို့ရဲ့ privacy အရရော ခွင့်ပြုချက်မရသေးလို့ ပြောပြတော့ဘူးနော်... အိုကေတယ်ဆိုရင် သတို့သမီး ကွန်မန့်မှာ လာရေးမယ်လို့ထင်ပါတယ်... သူတို့မင်္ဂလာဆောင်ပြီး နောက် ၆ ရက်နေရင် မဗေဒါ အလုပ်က အစ်မကြီးရဲ့ ဗွီဒီယိုအပ်ထားတဲ့ မင်္ဂလာဆောင်လာမှာပါ... ကိုယ်လုပ်ထားတဲ့ဗွီဒီယိုပြတဲ့အချိန်မှာ လူတွေ စိတ်ဝင်စားမှုရှိပါ့မလား... ကောင်းမှ ကောင်းပါ့မလား လို့ပူပါတယ်... ဒါလေးကလဲ မဗေဒါရဲ့ ပထမဆုံး ပရောဂျက်မို့ ရှေ့ဆက်ဖို့ ခွန်အားက ဧည့်သည်တွေအားပေးမှုပေါ် အများကြီးမူတည်ပါတယ်... အဲဒိနေ့ကျရင်တော့ ဧည့်သည်တွေကြား ရောထိုင်ပြီး သူတို့တွေ ဗွီဒီယိုအပေါ် ကွန်မန့်ဘယ်လိုပေးနေသလဲဆိုတာ ရင်ခုန်စွာနားစွင့်နေပါ့မယ်... (မဗေဒါ ဗွီဒီယိုကို သေချာမကြည့်ပဲ စကားများနေတာပဲဖြစ်ဖြစ်.. မုန့်ကုံးစားနေတာပဲဖြစ်ဖြစ်.... "ရှူး... တိုးတိုး... ဗွီဒီယိုကြည့်နေတယ်"ဆိုပြီး ငေါက်ပစ်မိမယ်ထင်တယ်.... ဟိဟိ....)

အဲဒိ မင်္ဂလာစုံတွဲဆီကတော့ သူတို့ဗွီဒီယိုကို Youtube ပေါ်ရော... မဗေဒါ ဘလော့မှာရော တင်ဖို့အတွက် ခွင့်ပြုချက်ရပြီးသားဖြစ်တယ်...
ကဲ... ဒီတော့ ဖေဖော်ဝါရီလမှာ ဘ၀ ၂ခုကိုပျော်ရွှင်စွာပေါင်းပြီး ဘ၀လက်တွဲဖော်ကိုယ်စီနဲ့အတူ ဘ၀လမ်းကို အခက်အခဲမရှိဖြတ်ကျော်ပြီး အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေလို့ မဗေဒါက ဒီပိုစ့်လေးနဲ့ ကြိုတင်ပြီးဆုတောင်းပေးလိုက်ပါတယ်...


7 comments :

Unknown said...

Thanks for sharing with your knowledge.Very useful.
Thanks so much for your effort at my wedding video montage.I am excited to watch your video clip. I know that will be fantastic..

ချော(အစိမ်းရောင်လွင်ပြင်) said...

MC လုပ်မဲ့လူတွေအတွက် အသုံးဝင်မဲ့ အချက်အလက်လေးတွေပါဘဲ
စိတ်ရှည်လက်ရှည်နဲ့ ရေးသားဖော်ပြပေးတာ ကျေးဇူးအထူးပါ။ တစ်ချိန်ချိန်တော့ လိုအပ်မယ်ထင်ပါတယ်..
တို့လဲ ၀ါသနာပါတယ်..း)

Anonymous said...

Thanks for sharing, ur so smart

Anonymous said...

မဗေဒါ
မနေ့က post ကိုဖျက်လိုက်တာလား။
လူတွေရဲ့ အမြင်အမျိုးမျိုး ကိုဖတ်ရတာ စိတ်ဝင်စားစရာကောင်းတယ်။

blog walker

Anonymous said...

movie reviewေ​တွ​ထ​ပ်ေ​ရး​ပါ​အု​န်း။ဘာ​ဘဲ​ေ​ရး​ေ​ရး
အြ​မဲ​ဖတ်ပါ​တယ်။

မြူးမြူး said...

ဒီက tips လေးတွေအားကိုးနဲ့ မနေ့ကသူငယ်ချင်းမင်္ဂလာဆောင်တော့ အောင်မြင်သွားတယ်.. ကျေးဇူးမဗေဒါ.. MC လဲ စားရပါတယ်.. ကိုယ်ပြောရတဲ့အချိန်တွေက ဟင်းပွဲမချပဲ နားထားတဲ့အချိန်တွေချည်းဆိုတော့ ဟင်းတမျိုးမှမလွန်လိုက်ဘူး.. မပူနဲ့.. :)

mabaydar said...

1st anonymous

မနေ့ကပိုစ့်ဆိုတာ ဘယ်ပိုစ့်ကိုပြောတာလဲ မသိဘူး... ဘယ်ပိုစ့်မှ မဖျက်ထားပါဘူး..

2nd anonymous

ဟုတ်ကဲ့.. ရေးပါမယ်... movie review တွေရေးရင် ရှည်ပြီး ဟိုရှာဒီရှာနဲ့ ပင်ပန်းအချိန်ကုန်လို့ အပျင်းကြီးနေတာပါ...

မြူးမြူး

ဒီလိုဆိုရင်တော့ တော်သေးတာပေါ့ကွယ်...