Saturday, January 22, 2011

I'm so sorry... but I love you, my readers... ^_*

ဘလော့ကို အကြာကြီး ဘာမှ မတင်ဖြစ်တဲ့အတွက် မျှော်နေတဲ့သူအားလုံးကို စိတ်မကောင်းစွာပဲတောင်းပန်ပါတယ်... အလုပ်လေးတွေနည်းနည်းရှုပ်နေတာရော... ဘလော့က ရေးစပျက်သွားရင် ဆက်ရေးဖို့ အိုင်ဒီယာတွေ motivation တွေပါ ပျောက်ပျောက်သွားတတ်တော့ ပြန်မရေးဖြစ်ဖြစ်နေတာပါ... တန်ဖိုးမရှိတဲ့ ပိုစ့်တွေနဲ့ အချိန်ဖြုန်းမနေနဲ့လို့ မဗေဒါရဲ့ စာဖတ်သူတစ်ယောက်က ဝေဖန်သွားတော့ အဲဒါကိုလဲ ပြန်သုံးသပ်နေတာပါ... တခြား မလိုတမာတွေက J ၀င်ပြီးဆဲဆိုသွားတယ်ဆိုရင်တော့ ဂရုမစိုက်ပေမဲ့... ကိုယ့်စာဖတ်သူလို့ပဲထင်ရတဲ့သူက ပြောသွားတော့ စိတ်ထဲ ပြန်စဉ်းစားမိတယ်လေ... အဲဒိရက်ပိုင်းကလဲ ရုပ်ရှင်ထဲပဲစိတ်ရောက်နေတော့ ရုပ်ရှင်အကြောင်းတွေ ဆက်တိုက်တင်တာများသွားတယ်... ဒီတော့ တခြားအကြောင်းတင်နိုင်မှတင်မယ်ဆိုပြီး ထားလိုက်တာ... ၁လကျော်သွားတယ်...

Secret Garden ပြီးသွားတော့ အဲဒိကားအကြောင်းလေး နည်းနည်း လေပေါချင်ပင်မဲ့ ခုတော့ ကြာတောင်ကြာသွားပြီဆိုတော့ ဖတ်လို့ကောင်းပါတော့မလားတော့မသိဘူး... မဗေဒါကိုယ်တိုင်လဲ ပြန်အေးသွားတာပါပါတယ်... (ကိုယ့်ကိုကိုယ်လဲ ဘယ်အလုပ်မှ ပြီးဆုံးအောင်မလုပ်တဲ့အတွက် အတော်လေးအားမရပါဘူး)... တကယ်တော့ ဒီပိုစ့်ကိုရေးတာ secret garden အကြောင်းပြောမလို့တောမဟုတ်ပါဘူး... ဒါပေမဲ့ စကားကြုံလို့ မသိသေးတဲ့လူတွေအတွက် (သိပြီးသားလူကတောင် ခပ်များများဖြစ်မှာပါ) SBS Drama award မှာ Secret Garden ကရတဲ့ဆုလေးတွေပြောပြလိုက်ပါအုံးမယ်...



Top Excellence Award, Drama Special, Actor: Kwon Sang-woo (Daemul), Hyun Bin (Secret Garden)

Top Excellence Award, Drama Special, Actress: Ha Ji-won (Secret Garden)

Netizen Popularity Award: Hyun Bin, Ha Ji-won (Secret Garden)

Netizen Popularity Award, Drama: Secret Garden
Top 10 Stars: Lee Beom-soo, Jung Bo-seok (Giant), Go Hyun-jung, Kwon Sang-woo (Daemul), Hyun Bin, Ha Ji-won (Secret Garden), Lee Seung-gi, Shin Mina (My Girlfriend Is a Gumiho), Kim So-yeon (Prosecutor Princess, Dr. Champ)

Best Couple: Lee Seung-gi, Shin Mina (My Girlfriend Is a Gumiho), Joo Sang-wook, Hwang Jung-eum (Giant), Hyun Bin, Ha Ji-won (Secret Garden)


အားလုံးထဲမှာ အကောင်းဆုံး ဇာတ်ဆောင်ဆုကတော့ Daemul ထဲက မင်းသမီး Go Hyun-jung က ရရှိသွားပါတယ်... အဲဒိဆုက အားလုံး ယောကျာင်္းမိန်းမ ယှဉ်ပြီး အကောင်းဆုံး ၁ခုပဲပေးလို့ အားလုံးလိုချင်ကြတဲ့ဆုပါ.... အဲဒိမင်းသမီးက မနှစ်ကလဲ Queen Seon Duk နဲ့ ရရှိခဲ့ပါသေးတယ်... ရလဲရသင့်ပါတယ်... သူအဲဒိ ကား ၂ကားလုံးမှာ တကယ်ကောင်းတယ်... မဗေဒါ Daemul ကြည့်နေတာ တ၀က်ကျော်သွားပြီ ဒါပေမဲ့ သူက နိုင်ငံရေးကားဆိုတော့ နိုင်ငံရေး အသုံးအနှုန်းနဲ့ လှည့်ကွက် စကားပြောတွေများလို့ ခေါင်းမူးပြီး ဆက်မကြည့်ဖြစ်တော့ဘူး... အဲလိုကားမျိုးကြိုက်ရင်တော့ အတော်ကောင်းတဲ့ကားပါ... အဲဒိကားထဲက မင်းသမီးနဲ့ မင်းသားရဲ့ အချစ်ဇာတ်လမ်းလေးကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်.... ဒါပေမဲ့ မငြားဖို့တော့များတယ်... သေချာတော့မသိဘူး... အဆုံးထိမကြည့်ရသေးလို့...


KBS က ဆုပေးပွဲမှာလဲ SungKyunkwan Scandal က အဓိကသရုပ်ဆောင် အားလုံးရကြပါတယ်... Cinderella Sister နဲ့ Moon Geum Yoon ကတော့ အကောင်းဆု မင်းသမီးဆုရတယ်... MSOAN နဲ့ စုံတွဲဆုရတယ်... (မဗေဒါကတော့ အဲဒိဆု မရသင့်ဘူးထင်တယ်... သူတို့ ၂ယောက်မလိုက်သလိုပါပဲ)... JKS က netizen popularity ဆုရတယ်... Song Joong Ki နဲ့ Yoon Ah-in ကတော့ ယောကျာင်္းစုံတွဲဆုရတယ်... ကျန်တဲ့ စုံတွဲတွေက မိန်းမ ယောကျာင်္းဖြစ်ပြီး သူတို့ ၂ယောက်က ယောကျာင်္းစုံတွဲဆုကို ပရိတ်သတ်ပေးတဲ့ Vote မှာ နံပါတ်၁ ဖြစ်နေလို့ မပေးမဖြစ်ပေးလိုက်ရတယ်... (အမှန်တော့ ဇာတ်လမ်းအရ စာရေးသူရော... ဒါရိုက်တာရော... မင်းသားတွေရောက သူငယ်ချင်းအချစ်ကိုသာ ပြချင်ခဲ့တာဖြစ်ပြီး... Gay moment ကို ပြချင်ခဲ့တာမဟုတ်ကြောင်းရှင်းလင်းခဲ့တယ်...) သို့သော် ပရိတ်သတ်က သူတို့ ၂ယောက်အတွဲကို အလွန်အားပေးလို့ သူတို့ကို ပေးဖြစ်ခဲ့တာလဲဖြစ်တယ်တဲ့... Yoon Ah-in က နောက်တဲ့ပုံစံလေးနဲ့ စိတ်ဆိုးတဲ့လေသံနဲ့ "ကျွန်တော်တို့ ၂ယောက်ကို စုံတွဲလို့ ဘယ်သူ Vote တာလဲ" ဆိုပြီး ဆုပေးပွဲမှာ ပြောသွားတော့ မဗေဒါ ရီချင်မိတယ်... ဆုကလဲလိုချင် ရမဲ့ရတော့လဲ ယောကျာင်္းစုံတွဲအနေနဲ့ရတော့ အောင့်သက်သက်တော့ ဖြစ်မှာပေါ့နော်...

အော်.... ငါ့နှယ်... စလိုက်တုန်းကတော့ ဘာလို့ စာမရေးဖြစ်ကြောင်းပြောမလို့... ခုတော့ အကယ်ဒမီပေးပွဲ အကြောင်းရောက်သွားတယ်... အင်း... ဆက်ပြောရရင်... မဗေဒါ ခုတစ်လော အလုပ်များနေတဲ့အထဲမှာ ပရောဂျက် ၂ခုလက်ခံထားလို့ လို့ ပြောရမလားပဲ... ဟဲ.. ဟဲ...
ငယ်ငယ်တုန်းကဆိုရင် သူငယ်ချင်းတွေကြားမှာ ဘာတမ်းကစားမလဲ... ဘာစာကျက်ပြီးပြီလဲ...
နည်းနည်းကြီးလာတော့... ဘယ်အကျီင်္က ဘယ်လိုလှတယ်... ဘယ်သူနဲ့ ဘယ်သူကတော့ ကြိုက်လို့ ရုံးခန်းရောက်သွားကြပြီ...
ဟော ၁၀ တန်းအောင်ပြီးတော့... ဘယ် ၂ဘာသာဂုဏ်ထူးလဲ... ဘာကျောင်းလျှောက်မှာလဲ... future plan က ဘာလဲ...
နောက်တော့... စကာင်္ပူရောက်လာတော့... ဘယ်မှာ part time လုပ်လဲ... ဘာ major လဲ... ဘယ်သူနဲ့ ဘယ်သူကတော့ ကြိုက်နေကြတယ်... ဘယ်သူတွေကတော့ အတူတူနေတယ်...
ကျောင်းပြီးတော့... ဘယ်မှာ အလုပ်လုပ်နေလဲ... အလုပ်အကိုင် အဆင်ပြေတယ်မှတ်လား...

ခုတော့ လူတွေက တွေ့ရင်... ဘယ်လိုလဲ အပျိုကြီးလုပ်တော့မှာလား ဆိုတဲ့ ရွှတ်နောက်နောက်လေသံနဲ့ ကိုယ့်ဘာကိုယ်နေနေတာတောင် တွဲနေတဲ့သူမရှိတာပဲ မျက်နှာငယ်ရမဲ့ပုံမျိုးအပြောခံနေရတယ်... ပြောလဲပြောချင်စရာပဲ... ခုတလော သတိထားမိတယ်လေ... ကိုယ်နဲ့ ရွယ်တူတွေ အနီးနားကလူတွေ တစ်ယောက်ပြီးတစ်ယောက် ယူကုန်ကြပြီ... ငယ်ငယ်က ဖေဖေမေမေတို့ အသိတွေရဲ့ မင်္ဂလာဆောင်တွေမှာပဲ ထမင်းသိုးဟင်းသိုး အနေနဲ့ လိုက်ခဲ့ရတာ... ခုတော့ ကိုယ်နဲ့ သိတဲ့သူရဲ့ မင်္ဂလာဆောင်ကို တက်နေရပြီလေ... တခါတစ်လေဆို သတို့သမီးလေးတွေက ကိုယ့်ထက်တောင် ငယ်တာတွေ့ရတော့... ကိုယ်များ သိပ်နောက်ကျနေပြီလားလို့ အိုးမလုံတော့ ဖြစ်မိတယ်... ဟား... ဟား... ဒါပေမဲ့ ကိုယ်ကလဲ ခုထက်ထိ Single life ကို enjoy နေတုန်းပါပဲ... no regret at all...

 

အစောကပြောတဲ့ ပရောဂျက် ၂ခုဆိုတာလဲ အဲဒါပဲ... ၁ခုက အလုပ်က အစ်မကြီးတစ်ယောက် မင်္ဂလာဆောင်အတွက် ဆလိုက်ရှိုးအပြင် MTV လို ဗွီဒီယိုလေးတစ်ခုလုပ်ပေးနေတယ်... ကိုယ့်ပထမဆုံး VCD ပုံစံ ဗွီဒီယိုလေးကို လိုလိုချင်ချင် လုပ်ပေးဖို့ အခွင့်ပေးတဲ့ အဲဒိ မင်္ဂလာစုံတွဲကိုလဲ မဗေဒါက ကျေးဇူးတင်တယ်... ပထမဆုံးမို့ တက်နိုင်သလောက် အကောင်းဆုံးလုပ်ပေးချင်တယ်... ခု အက်ဒစ်လုပ်နေတာ ကိုယ့်ကင်မရာ quality ကို စိတ်တိုင်းမကျတာနဲ့ ဗွီဒီယို ကင်မရာ တစ်လုံး အသစ်လိုချင်စိတ်တွေ တဖွားဖွားဖြစ်နေတယ်...

နောက်တစ်ခုကတော့ မဗေဒါဘလော့ရဲ့ စာဖတ်သူလို့လဲ ပြောလို့ရ... ဘလော့ကနေ ခင်တဲ့ သူငယ်ချင်းလို့လဲ ပြောလို့ရတဲ့ သူတစ်ယောက်က သူတို့ မင်္ဂလာဆောင်မှာ Emcee လုပ်ပေးဖို့ မေးလ်နဲ့ တဆင့် request လုပ်တာနဲ့ မဗေဒါလဲ လိုလိုချင်ချင် လက်ခံခဲ့တယ်... မဗေဒါ တစ်ခါမှ Emcee မလုပ်ဖူးပါဘူး... ဒါပေမဲ့ Emcee အလုပ် ဘယ်လောက်ခက်လဲဆိုတာတော့ သိပါတယ်... သတို့သား သတို့သမီးကတော့ ပြောပါတယ်... သူတို့ မင်္ဂလာဆောင်အတွက်နဲ့ အရမ်း စိတ်မဖိစီးဖို့နဲ့... ပုံမှန်အစီအစဉ်ကို ကြေငြာပေးဖို့ပဲ ပြောထားပါတယ်... ပွဲတစ်ခုမှာ Emcee ကြေငြာလိုက်တာနဲ့ အားလုံး အဆင်ပြေချောမောလာတယ်ဆိုတာရှားပါတယ်... ပရိတ်သတ်အမြင်မှာပဲ ချောမောမှာပါ... ဇာတ်ဆင်နောက်မှာတော့ ၀ရုန်းသုံးကားဖြစ်ချင်လဲ ဖြစ်ခဲ့ပမှာ... မထင်မှတ်ထားတဲ့ အမှားတွေ... ပြဿနာတွေဆိုတာ ကြိုတင်ပြင်ဆင်ထားရင် နည်းအောင် လုပ်နိုင်တယ်ဆိုပင်မဲ့ ရှိတာတော့ ရှိတာပါပဲ... လူတွေအရှေ့မှာ အရှက်မကွဲအောင်ရယ် ပြီးတော့ မဗေဒါ လုပ်ပေးမယ်လို့ လက်ခံထားတဲ့အလုပ်ကို အောင်အောင်မြင်မြင်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ချင်တဲ့ စိတ်ဓာတ်လေးလဲ မဗေဒါမှာရှိတယ်... ပြီးတော့ သတို့သား သတို့သမီးကိုလဲ စိတ်ထဲက အမှန်တကယ် Congratulate လုပ်ရင်း ကိုယ်တက်နိုင်တာလေးနဲ့ ချီးမြှင့်ချင်လို့ပါ... Wedding Emcee လုပ်ဖို့ research ရှာရင်း တွေ့တာလေးတွေကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါသေးတယ်... အဲဒိပိုစ့်တွေကိုရေးရင် အချိန်ဖြုန်းတဲ့ ပိုစ့်တွေမဖြစ်လောက်ပါဘူးလို့တော့ တွေးမိပါတယ်...

4 comments :

Anonymous said...

waiting your post ma baydar.pls carry on.

Rita said...

ပြီးရင်တော့ mc လုပ်တဲ့အတွေ့အကြုံလေး ရေးပါ။

Vista said...

ဘာရေးရေး ရေးသာရေးပါ။ စိတ်ဝင်စားသူတွေဖတ်မှာပေါ့ ။ ကိုယ်တို့ လို ကိုရီးယားကားတွေ မကြည့်ဖြစ်တဲ့သူတောင် မဗေဒါရေးတာ ဖတ်လိုက်ပီးရင် သိရတာပေါ့ တကူးတက ကြည့်တာ ထက်တောင်အသေးစိတ်သေးတယ် ရေးတာက ဟိ ။ သတင်းတွေလည်းလိုက်ရှာနေစရာ မလိုတော့ဘူးလေ။

Anonymous said...

Bravo Ma bay dar,

I am ur regular reader. Carry on

Ur haters :P