Tuesday, September 14, 2010

You can hope for the better service with "Cherry May"

သားသမီး မကောင်း မိဘခေါင်း၊ တပည့်မကောင်း ဆရာခေါင်းဆိုသလိုပဲ ချယ်ရီမေရဲ့ တာဝန်ရှိသူတွေဟာ ကျွန်မဘလော့ပေါ်ကတဆင့် ကျွန်မ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို ကြားနာပြီးနောက် လှိုက်လှဲတဲ့ တောင်းပန်မှုကို မနေ့က ညနေက ဖုန်းမှတဆင့်ပြုလုပ်ခဲ့ပါတယ်... တဖန် ချယ်ရီမေဆိုင်ရှင်တွေရဲ့ သူငယ်ချင်းကလဲ ဘလော့ကွန်မန့်မှာ မနေ့က ညက ရှင်းလင်းချက်နှင့်တကွ တောင်းပန်သွားတာကို အားလုံးလဲ မြင်နိုင်ကြပါတယ်...

အဖြစ်အပျက် အပြည့်အစုံလေးကတော့...
မနေ့ညက ကျွန်မအစ်မ အိမ်ပြန်ရောက်လာတော့ ကျွန်မကို ပြောပါတယ်... ချယ်ရီမေမှ တာဝန်ရှိသူ ကိုSteven ဖုန်းဆက်ကာ အဖြစ်အပျက်အတွက် ၀မ်းနည်းကြောင်းနဲ့ အကျိုးအကြောင်း ရှင်းပြတောင်းပန်ခဲ့ပါတယ်တဲ့... အဲဒါကို ကြားရတာနဲ့တင် ကျွန်မအတွက် အတော်လေး စိတ်ပြေနေပါပြီ... ကျွန်မလိုချင်ခဲ့တာလဲ Sincere Apology ပါပဲ... ဒါပေမဲ့ ကျွန်မ ဆိုင်မှာတုန်းက မရခဲ့လို့ စိတ်ထဲ အောင့်သက်သက်ဖြစ်နေတာလေးကို ကျွန်မအတွေးနဲ့တကွ ဘလော့ပေါ်မှာ ရင်ဖွင့်မိတာပါ... အဲဒိပိုစ့်ကို ရေးတုန်းက ကျွန်မဒီလို Apology ရလိမ့်မယ်လို့တောင် မမျှော်မှန်းခဲ့ပါဘူး... ခုလို တာဝန်ယူသိတတ်ပြီး လူကြီးလူကောင်းဆန်စွာ Customer ကို အလေးထား တောင်းပန်တဲ့အတွက် ချယ်ရီမေဟာ အားလုံးထက် ၁ဆင့်သာသွားပါပြီ...

ချယ်ရီမေကို မနေ့က booking လုပ်တုန်းက ကျွန်မအစ်မဖုန်းနဲ့ ခေါ်ခဲ့တဲ့အတွက်... အဲဒိအချိန်ပိုင်း စားသောက်တဲ့စာရင်းနဲ့ လာသွားတဲ့ လူအုပ်စုတွေအားလုံးရဲ့ ဖုန်းနံပါတ်တွေကို ခန့်မှန်းခြေနဲ့ ခက်ခက်ခဲခဲ ပြန်ရှာပြီး ခုလို တကူးတကတောင်းပန်တဲ့အတွက် တောင်းပန်သူရဲ့ စိတ်ထား Sincere ဖြစ်မဖြစ်ဆိုတာကို ကျွန်မ သံသယမဖြစ်ပါဘူး... အဲဒိမတိုင်ခင်လဲ သူ့ Staff တွေကို မနေ့က ဘာတွေဖြစ်သွားလဲဆိုတာ သေချာမေးမြန်းပြီး ပြဿနာကို ရှင်းပြခဲ့ပါတယ်... ခုတော့ ကျွန်မအနေနဲ့ Staff တွေကိုလဲ သိပ်အပြစ်မပြောချင်တော့ပါဘူး... ဒါပေမဲ့ နောက်တစ်ခါ ထပ်မဖြစ်အောင် ယခုကိစ္စကနေ သင်ခန်းစာယူသင့်ပါတယ်... အမှန်အတိုင်းပြောရရင် ကိုယ်ကိုတိုင်လဲ ကျောင်းသူဘ၀တုန်းက Part time လုပ်ခဲ့တော့ Staff တွေရဲ့ ဘ၀ကို ခက်ခဲသွားပါစေတော့ဆိုပြီး နိုင့်ထက်စီးနင်း Complain လုပ်တဲ့လူစားမျိုး မဖြစ်ချင်ပါဘူး... ဒါကြောင့်လဲ အဲဒိနေ့က အကျယ်အကျယ် ထပ်ပြောမနေတော့ပဲ ပိုကောက်တာကို မယူရင်ပဲလုံလောက်ပြီဆိုပြီး စိတ်လျော့ပြီး ပြန်လာခဲ့တာပါ... ကျွန်မရဲ့ Part Time အတွေ့အကြုံကြောင့်ပဲ Service လိုင်းမှာ ဒီလို ပြဿနာကို ဘယ်လို Handle လုပ်သင့်တယ်ဆိုတာကို မျှော်လင့်မိတာပါ...

ဒါပေမဲ့ ဘယ်လိုပဲ စဉ်းစား စဉ်းစား Common Sense ရှိတဲ့ Staff တစ်ယောက်အနေနဲ့ အဲဒိတုန်းက အားနာတဲ့ အပြုံးလေးနဲ့တောင် ကျွန်မတို့ကို မတောင်းပန်ခဲ့ဘူးဆိုတာကို တွေးမိတော့ ဘလော့ပေါ်မှာ ဒီ Issue ကို ချရေးပြီး ရင်ဖွင့်လိုက်တာပါ... ဟုတ်ပါတယ်... Common Sense ပါ... ဘယ်သူမဆို ကိုယ်အမှားလုပ်မိရင် အထိုက်အလျောက် ၀န်ခံရဲရတယ်... တောင်းပန်ရဲရတယ်... အဲဒါမှ တိုးတက်မှုရှိတာ... ကျွန်မလဲ အဲဒိအကျင့်ကိုရှိအောင် ကြိုးစားပြီးကျင့်သုံးနေတယ်... ချယ်ရီမေက ၀န်ထမ်းတွေလဲ ကျင့်သုံးမယ်လို့ မျှော်လင့်တယ်...

နောက်တော့ ကိုSteven က ကျွန်မအစ်မဆီက Apology အတွက်မေးလ်ပို့မှာမို့ မေးလ်လိပ်စာတောင်းတော့ ကျွန်မအစ်မက ကျွန်မမေးလ်လိပ်စာကိုပါ ထည့်သွင်း CC လုပ်ဖို့ ပြန်လိုက်ပါတယ်... အဲဒိမေလ်းကို စောင့်နေခဲ့လို ဒီပိုစ့်တင်တာ အနည်းငယ်နောက်ကျသွားပါတယ်... ဒါပေမဲ့ မေလ်းအစား ကိုSteven ဆီက နောက်ထပ် SMS တစ်စောင်ရရှိခဲ့ပါတယ်...


နောက်ထပ် SMS ထဲမှာတော့ ကျွန်မနဲ့တကွ ကျွန်မမိဘတွေကိုလဲ ခုလို မိသားစုအပြင်သွားတဲ့နေ့မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်အတွက် တောင်းပန်ကြောင်း၊ သူ့ ၀န်ထမ်းအတွက် သူတာဝန်ယူကြောင်းပြောခဲ့တဲ့အပြင် နောင်မှာလဲ သူတို့ ၀န်ဆောင်မှုကို ဒိထက်ကောင်းအောင် ပေးမည်ဖြစ်ကြောင်းနဲ့ ခုလို ဝေဖန်မှုကြောင့် သူတို့အတွက်လဲ သင်ခန်းစာရကြောင်းပြောကြားခဲ့ပါတယ်...



ကဲ... ဒီလိုဆိုရင် ကျွန်မတို့ မြန်မာ Customer တွေအနေနဲ့ ဆက်ဆံရေးပြေပြစ်တဲ့ ၀န်ဆောင်မှုကောင်းမွန်တဲ့ Customer ကို Customer လို ဆက်ဆံတဲ့ Service မျိုးကို ပေးနိုင်တဲ့ မြန်မာဆိုင် "ချယ်ရီမေ" ဆိုတာကို မျှော်လင့်လို့ရပြီလို့ မှတ်ချက်ချမိပါတယ်... ခုလိုမျိုး Customer feedback ကို ကောင်းမွန်စွာ Handle လုပ်နိုင်တဲ့အတွက် ကိုSteven နှင့်တကွ တာဝန်ရှိသူများအားလုံးကို ကျွန်မ မဗေဒါက ကျေးဇူးတင်ရှိပါတယ်...

အကြံပေးချင်တာက (ဆရာလုပ်တယ်လို့ မထင်စေလိုပါ... ဆိုင်ဖွင့်ထားတဲ့သူတွေက ကိုယ့်ထက် ပိုသိတယ်ဆိုတာကို သဘောပေါက်ပါတယ်)
အခန်း ၁ခန်းဆို ၁ခန်း... ၂ခန်းဆို ၂ခန်း... Staff နာမည်တပ်ပြီးတစ်ယောက်ချင်းစီကို Assign လုပ်ထားမယ်ဆိုရင် ဟိုလူလိုလို ဒီလူလိုလိုမဖြစ်တော့ပဲ ပိုပြီး organized ဖြစ်ဖြစ် serve နိုင်မယ်ထင်ပါတယ်... သူတို့အတွက်လဲ သူတို့ တာဝန်ယူရတဲ့ အခန်းအတွက် Responsibility စိတ်ဓာတ်လေးလဲရှိလာနိုင်ပါတယ်... ပြီးတော့ အော်ဒါယူတာက တစ်ယောက်... ပိုက်ဆံလာယူတာက တစ်ယောက်... ကီးအင်လုပ်တာက တစ်ယောက်နဲ့ Misunderstanding ဖြစ်ဖို့ အခွင့်အရေးနည်းသွားပါလိမ့်မယ်... အဲလို တစ်ယောက်စီ Assign လုပ်ထားပြီးမှ သိပ်အလုပ်မများတဲ့သူက အလုပ်များတဲ့သူကို လိုအပ်သလို ကူညီပေးလို့လဲရပါတယ်... (ဒီလိုကူညီပေးမှတော့ ဘာထူးမှာလဲ အရင်ကလိုပဲ တစ်ခန်းကို ဗျောက်သောက် serve နေတာနဲ့ အတူတူပဲပေါ့လို့ မထင်လိုက်ပါနဲ့)... ဘာလို့လဲဆိုတော့ တစ်ခြားလူက လာကူတဲ့သူဆိုပေမဲ့ Assign လုပ်ခံထားရတဲ့သူက ဒီအခန်းနဲ့ ပတ်သတ်ပြီး တာဝန်ရှိနေတဲ့သူမို့ပါပဲ... အဲဒိအတွက် ကူပေးတဲ့ သူကလဲ အခန်းတာဝန်ရှိ Staff ကို အပြောင်းအလဲရှိရင် အသိပေးလိုက်ရုံပါပဲ... ကျွန်မတို့ Customer တွေ အနေနဲ့လဲ တစ်ခုခုဖြစ်ရင် ဘယ်သူ့ကို ရှာရမယ်ဆိုတာ တိတိကျကျ သိနိုင်ပါတယ်... တစ်စုံ တစ်ခုဖြစ်လို့မှ "ဘယ်လိုဖြစ်ရတာလဲ"လို့ မေးလိုက်တော့မှ မျက်လုံး ပေကလပ် ပေကလပ်နဲ့ "ဟို... သူ... အင်း... မသိဘူး" ဆိုပြီး ဟိုလူ့ လက်ညှိုးထိုး ဒီလူ့လက်ညှိုးထိုး တကယ် အမှားလုပ်တဲ့ Staff က ကျတော့ ရှောင်နေ အဲလိုမဖြစ်တော့ဘူးပေါ့... ကိုယ်တာဝန်ယူရတဲ့ အခန်းမှာ ပြဿနာတစ်စုံတစ်ရာဖြစ်ရင် ဘယ်သူ့ကြောင့်ပဲ ဖြစ်ဖြစ် တာဝန်ယူထားတဲ့ Staff က ချယ်ရီမေကို ကိုယ်စားပြုဖြေရှင်းရမှာပဲ... ဒီလိုနဲ့ မနိုင်တော့မှ Team Leader ဆိုလဲ Team Leader... Manager ဆိုလဲ မန်နေဂျာအဆင့်က ပြဿနာကို အဆင့်ဆင့်ကိုယ်တွယ်သင့်တယ်...

အဲလိုလုပ်ဖို့ အခက်အခဲတွေရှိနေတာလဲဖြစ်နိုင်ပါတယ်... လူအင်အားမလုံလောက်ဘူးဆိုတာကိုလဲ ကျွန်မ ခန့်မှန်းလို့ရပါတယ်... အကြောင်းကြောင်းတွေရှိနေလို့ လုပ်လို့ မဖြစ်နိုင်ဘူးဆိုလဲ ကိစ္စမရှိပါဘူး... အကြံပေးယုံသက်သက်ပါ...

8 comments :

မယ့်ကိုး said...

cherry may ကို သဘောကျသွားပြီး) ...

Anonymous said...

မဗေဒါက ကလေးလိုပါပဲလား ကလေးစိတ်ဆိုးဆိုးပြီး တွေ့ကရာလူ လျှောက်ပြောမှာ ဆိုးလို့ ဒီလိုလေးပြောလိုက်တာနဲ့ တကယ့်အဆင့်အတန်းမီတဲ့ နေရာ ဖြစ်သွားပြီလား .. ရင့်ကျက်တည်မှုနဲ့တွေးခေါ် စဉ်းစားမှုက တော်တော်လေးကလေးဆန်တာပဲ ..

ဆရာကြီး (ခေတ္တကျွန်းပေါ်)

mabaydar said...

ဆရာကြီး (ခေတ္တကျွန်းပေါ်)ရေ...

ဆရာကြိး (ခေတ္တကျွန်းပေါ်)က ဘယ်ဘလော့ရေးလဲဆိုတာကို သိလို့ ဆရာကြီးတို့နဲ့ သဘောထားမကွဲလွဲချင်ပင်မဲ့လဲ မဗေဒါရဲ့သဘောကိုတော့ ပြောပြသင့်တယ်ထင်ပါတယ်...

သူတို့ဘယ်လိုသဘောနဲ့ တောင်းပန် တောင်းပန် လူဆိုတာ ကိစ္စတစ်ခုမှာ တဖက်က မှားပါတယ်လို့ တောင်းပန်နေတာကို ကိုယ်တတ်နိုင်ရင် ခွင့်လွှတ်ပေးသင့်တယ်... အထူးသဖြင့် ဒီလိုကိစ္စမှာ သူတို့ တမင်လုပ်ခဲ့တာဆိုရင်တောင် ခုလို တောင်းပန်ရင်ကိုယ့်ဘက်ကလဲ ခွင့်လွှတ်ပြီး နောင် အခြေအနေကို ဆက်ပြီးစောင့်ကြည့်သင့်တယ်...

မဗေဒါ အဲဒိဆိုင်ကို တကယ့်အဆင့်အတန်းမှီနေရာဖြစ်သွားပြီလားလို့ မရေးခဲ့ပါဘူး... ခုလိုတောင်းပန်တဲ့အတွက် ၁ဆင့်သာသွားပြီ... ၀န်ဆောင်မှုကောင်းတဲ့ မြန်မာဆိုင်ဆိုတာကို "မျှော်လင့်လို့ရပြီ" လို့ ရေးခဲ့တာပါ.... အားလုံးက ဆက်လက်ပြီးတော့ စောင့်ကြည့်ရမှာပါ... လောလောဆယ်ကတော့ သူတို့လဲ တကယ် စိတ်ထဲကတောင်းပန်တယ်... ဖြစ်ခဲ့တဲ့ပြဿနာကလဲ ကိုယ့်ကိုဘာမှ နစ်နစ်နာနာထိခိုက်ခဲ့တာ မရှိတဲ့အတွက် ကျေအေးပေးလိုက်တာပဲရှိပါတယ်...

ဆရာကြီး(ခေတ္တကျွန်းပေါ်)မဗေဒါပြောတာကို လက်ခံရမယ်လို့မဆိုလိုပါဘူး... သူတို့ဆိုင် ၀န်ဆောင်မှုတကယ်အဆင့်တန်း မှီမမှီဆိုတာတော့ ကျွန်မတို့ Customer တွေကဆက်လက်စောင့်ကြည့်နေအုံးမှာပါပဲ...

နွေးနေခြည် said...

မမယ်ကိုး ပြောသလိုပဲ.. ချယ်ရီမေကို သဘောကျမိသွားတယ်။ သူတို့ဘက်က စိတ်ရင်းနဲ့ သေချာတောင်းပန်တာလို့လည်း မြင်မိတယ်။ ဒီလိုဂရုတစိုက်ဆက်သွားရင်တော့ အောင်မြင်တဲ့ဆိုင်တဆိုင် ဖြစ်လာမှာပါ။

Anonymous said...

ကြားထဲက ၀င်ပြောပါရစေ...။
တောင်းပန်လို့ကြေအေးတာကို လက်ခံနိုင်ပေမဲ့ အခုစာကလေးကြော်၊ အခုပဲဆီထမင်းကြော်ဆိုတော့
ဖတ်ရတဲ့လူလဲ မျက်စိခပ်လည်လည်ဘဲဗျာ....။

( ချယ်ရီမေကို ခဏခဏရောက်တဲ့သူတစ်ယောက် )

mabaydar said...

ချယ်ရီမေကို ခဏခဏရောက်သူတစ်ယောက်ရေ...
ကြားထဲက ၀င်မပြောပါနဲ့... ဘေးကနေပြောပါ... (ဟတ်.. ဟတ်..)
စာကလေးကြော်တွေ ဆီထမင်းကြော်တွေတောင် စားချင်သွားတယ်...
အဲဒိ လည်နေတဲ့ မိတ်ဆွေရဲ့ မျက်စိကို ငြိမ်အောင်ထားပြီး ပိုစ့် ၂ခုလုံးကို သေချာဖတ်လိုက်ပါအုံး...
ကျွန်မလိုချင်ခဲ့တာ သူတို့အမှားအတွက် သူတို့ဆီက Apology ... ခု သူတို့ ဆိုင်ပိုင်ရှင်ကိုယ်တိုင်ကတောင် တကူးတက ကိုယ့်ကို လာတောင်းပန်ပြီးပြီ ကိစ္စက ပြီးသွားပြီ မဟုတ်လား...
ချယ်ရီမေကို ခဏခဏရောက်သူတစ်ယောက်က ဒီကိစ္စဒီလိုနဲ့ ပြီးသွားတာကို မလိုလားလို့လား... စာကလေးကြော်တွေ ဆီထမင်းကြော်တွေကတော့ ပွဲဈေးမှာပဲရောင်းမယ်ထင်တယ်နော်... :)

ကွန်မန့်အတွက် ကျေးဇူးပါ...

Anonymous said...

အရူးစိတ်ချမ်းသာအောင် ကျောသပ်လိုက်တာ။ ;D

ကိုဇော် said...

သြော်. . လူတွေလည်း မလွယ်ပါလား။
လောကဓံ. .
လောကဓံ. .
လောကဓံ. .