Sunday, September 19, 2010

သူများနိုင်ငံတွေမှာ နာမည်ကြီးမှ Scandal ထွက်တယ်၊ တို့နိုင်ငံမှာ Scandal ထွက်မှ နာမည်ကြီးတယ်

သာမာန်ဆိုရင်တော့ ဒီလို မြန်မာမင်းသမီး မင်းသားတွေနဲ့ ပတ်သတ်တဲ့ scandal တွေကို တင်ချင်စိတ် မျှဝေချင်စိတ်မရှိပါဘူး... ဘာလို့လဲဆိုတော့ ဒီလိုမျှဝေလိုက်ရင် သူတို့ရဲ့ ရည်ရွယ်ချက် ထမြောက်အောင်မြင်သွားမှာစိုးလို့ပါပဲ... မြန်မာပြည်က မင်းသမီး မင်းသားဈေးကွက်က (အထူးသဖြင့် မင်းသမီးများ၊ အဆိုတော်မများ)က နာမည်ကြီးရရင်ပြီးရော ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် Attention ရရင် ကျေနပ်နေကြတယ်ထင်ပါတယ်... ဒီလိုနည်းနဲ့ပဲ သူတို့ ဈေးကွက်ကို ထိုးဖောက်နေကြတာ တွေ့ရပါတယ်... ပြောမဲ့သာ ပြောရတာ သူတို့နည်းကလဲ အတော်လေးထိရောက်သကိုး... မိုးဟေကိုဆိုရင် ဟိုးအရင်က ၁၉နာရီ၁၈မိနစ် ဗွီစီဒီလောက်မှာကတည်းက သီချင်းတွေထဲမှာ သရုပ်ဆောင်ရပင်မဲ့ မထင်မရှားလေးပဲ ဖြစ်ခဲ့တယ်... ခုကျတော့ လိုးရှင်းလဲကြော်ငြာပြီးရော မြန်မာပြည်က sexy အဖြစ်ဆုံးမင်းသမီးထဲ ၀င်သွားရော... သူ့နောက်တော့ ဒီလို scandal တွေ တစ်ယောက်ပြီးတစ်ယောက်ပဲ... စန္ဒီမြင့်လွင်၊ သဇင်၊ ပပ၀င်းခင် စုံလို့ပဲ... သူတို့လဲ အထိုက်အလျောက်တော့ လူသိသွားကြတာပဲ...

ကျွန်မတို့ မြန်မာပရိတ်သတ်တွေကလဲ သဘောထားအလွန်ကြီးကြတာကိုး... ဟောင်ကောင်မှာ Edison Chan နဲ့ မင်းသမီး ၇ယောက်လောက် ဓာတ်ပုံတွေ scandal ထွက်တုန်းက ပရိတ်သတ်တွေ ဆန္ဒပြလို့ သူ့တို့ခမျာ အနုပညာလုပ်ငန်းတွေကို ခေတ္တ ရပ်ဆိုင်းလိုက်ရတယ်... တောင်းပန်မှုတွေပြု... Community အလုပ်တွေ ပြန်လုပ်... ဟိုအသေး မင်းသမီး Gallian Chaung လဲ နာမည်တွေပျက်... Cecilia Chan ဆိုရင် ရုပ်ရှင်တောင် မရိုက်တော့ဘူး... ဒါပေမဲ့ မြန်မာပြည်မှာကျတော့ အဲလို ဟုတ်ဘူး ပြောင်းပြန်... လူသိများချင်လား မကောင်းတဲ့ scandal တစ်ခု မြန်မြန်လုပ်လိုက်... ပြီးရင် ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ရက်ဆိုတဲ့အတိုင်း scandal ကို မေ့ပြီး သူတို့က လူသိများပြီး ဈေးကွက်ရ... Sponsor ကောင်းကောင်းရရင် ဘယ်ပရိတ်သတ် ဂရုစိုက်စရာလိုလဲ... အစထဲက မြန်မာ အနုပညာ အသိုင်းအ၀ိုင်းက ဈေးကွက်သိပ်မကောင်းတာ ဒီကရှာရတဲ့ ပိုက်ဆံနဲ့သာ စားရရင် စားလောက်မှာဟုတ်ဘူးနော်... Sponsor လေးဘာလေးရ လူသိများရင် နိုင်ငံခြားပွဲလေးတွေလိုက်... သီချင်းဆိုတတ်တတ် မတတ်တတ် Scandal ရှိတဲ့ မင်းသမီးဆိုရင် ပွဲစည်အောင် ပိုခေါ်တတ်ကြတယ်လေ...

ဟိုတစ်လောက စကာင်္ပူမှာ ရာဇာနေ၀င်းတို့နဲ့ ပွဲလုပ်တုန်းက မင်းသမီး သင်ဇာဝင့်ကျော် ပါမယ်လို့ကြားမိတယ်... ပွဲပြီးသွားတော့လဲ သင်ဇာဝင့်ကျော် စကာင်္ပူကို ရောက်ကတည်းက ပျောက်သွားလို့ ပွဲတောင် ၀င်မကနိုင်တော့ဘူးတဲ့... သူက နောက်တော့ ဖြေရှင်းချက်ပေးပါတယ်... မလေးရှားကို သူငယ်ချင်းတွေနဲ့ လိုက်သွားလို့ ဖုန်းကလဲ ဗက်ထရီကုန်သွားလို့ အစမ်းတိုက်တဲ့နေ့ မမှီတော့လို့ ပွဲထဲမပါဖြစ်တော့တာတဲ့... ဟုတ်ရင်လဲ ဟုတ်မှာပါ... ကာယကံရှင် အသိဆုံးပါ... မဟုတ်ဘူးလို့လဲ ကျွန်မ မပြောပါဘူး... ကျွန်မလဲ ကာယကံရှင်မဟုတ်... ကျွန်မ မျက်လုံးနဲ့လဲ တပ်အပ်မမြင်ခဲ့ပါဘူး... ဒီတော့ ဟုတ်တယ်လို့ပဲ ဆိုပါစို့... ကျွန်မပြောချင်တာက ဟုတ်တယ်ထားအုံး... သူ့ကိုလာကြည့်မဲ့ သူ့ပရိတ်သတ်တွေကို နည်းနည်းလေးတောင် အလေးထားစိတ်မရှိဘူးလား... ဒီပွဲကို လာတဲ့ ပရိတ်သတ်ထဲမှာ သင်ဇာဝင့်ကျော်ပါမှာမို့ လက်မှတ်ဝယ်ကြည့်တဲ့သူ ရှိကောင်းရှိမှာပဲ... သူ့ပရိတ်သတ်တစ်ယောက်အနေနဲ့ အချိန်တွေကုန် ပိုက်ဆံကုန်ပြီး နောက်ဆုံး သူက အပျော်လွန်နေလို့ အချိန်မှီပြန်မလာဘူးဆိုတာ ပရိတ်သတ်ကို လုံးဝ မျက်လုံးထဲမထားတဲ့ အပြုအမူသဘောမျိုးဆန်နေပါတယ်... ကမ္ဘာမှာ တကယ့်နာမည်ကြီး Celeb တွေတောင် ဒီလိုလုပ်တာ မမြင်ဖူးပါဘူး... ကိုယ်လုပ်တဲ့ အလုပ်ဆိုတာ Responsibility ရှိရတယ်... ကိုယ့်အလုပ်ကို ကိုယ်မှ Respect မရှိရင် ဘယ်တန်ဖိုးရှိတော့မလဲ... ဒါပေမဲ့လဲ မြန်မာပရိတ်သတ်တွေရဲ့ သည်းခံနိုင်မှု သဘောထားကြီးမှုကတော့ အံ့သြလောက်ပါတယ်... တနည်းအားဖြင့် စဉ်းစားမယ်ဆိုရင်တော့ မြန်မာပရိတ်သတ်အနေနဲ့လဲ သူတို့အပေါ် Strong Hope သိပ်မရှိလို့လဲ Disappointment သိပ်မရှိတာလဲ ဖြစ်နိုင်တယ်... ဘယ်လိုပဲ စဉ်းစား စဉ်းစား ဒါဟာ သူတို့အတွက်ပဲ မကောင်းတာပါ...

သူတို့အနေနဲ့ ဒီပွဲဟာ ငါမရှိရင် မဖြစ်ဘူးဆိုတဲ့ အတွေးမျိုးမရှိဘူးဆိုကတည်းက သူတို့ကိုယ်သူတို့လဲ မအောင်မြင်သေးဘူးလို့ ၀န်ခံလိုက်တာပဲ... မြန်မာပရိတ်သတ်ကလဲ သူမပါလဲ မေ့မေ့ပျောက်ပျောက်နဲ့ ပွဲက ဒီတိုင်းပြီးသွားတာ ကြည့်ခြင်းအားဖြင့် သူ မအောင်မြင်သေးဘူးဆိုတာကို သက်သေပြလိုက်တာပဲ... မြန်မာ အနုပညာသမားထဲမှာ ငါမပါရင် ဒီပွဲမဖြစ်ပါဘူးဆိုတဲ့ အနုပညာသမား မာနနဲ့ တန်ဖိုး ဘယ်သူ့မှာရှိမလဲလို့ သိချင်မိတယ်... မကြုံကြိုက်သေးလို့လားတော့မသိဘူး ခုထိ တစ်ယောက်မှ မတွေ့သေးဘူး... ဒီပွဲထဲမှာ ငါ့ကိုလိုအပ်ခံရတယ်ဆိုတဲ့ ခံစားချက်က ကိုယ့်ကိုကိုယ် တန်ဖိုးဘယ်လောက်ရှိသွားစေလဲ... ဂုဏ်ယူချင်စိတ်ဘယ်လောက်ဖြစ်သွားလဲ ဆိုတဲ့ ခံစားချက်လေးကို မခံစားဖူးဘူးထင်တယ်...

ကဲပါ ဒါတွေထားလိုက်ပါတော့ ခုကတော့ ဖေ့ဘွတ်ပေါ်မှာ သူများ ဝေငှထားတဲ့ လင့်ခ်ကို တွေ့လို ကြည့်ရင်း ရေးဖြစ်သွားတာ... လင့်ခ်ထဲမှာ သင်ဇာဝင့်ကျော်က နိုင်ငံခြားသားလား မြန်မာလားတော့ မသိဘူး ယောကျာင်္းတစ်ယောက်နဲ့ Sky park က ရေကူးကန်ထဲမှာ ပါလာတယ်... လင့်ခ်ကတော့ ကိုရီးယား အသံလွှင့်ရုံ KBS ကလွှင့်တဲ့ အစီအစဉ်ကပဲ... ဒီဗွီဒီယိုကတော့ သူအဲဒိပွဲမလုပ်မီ အရင်တုန်းကလာထားတာလဲ ဖြစ်နိုင်တယ်... ဟိုပွဲပြီးမှ လာထားတာလဲ ဖြစ်နိုင်သလို... အဲဒိပွဲတုန်းကလာပြီး ပရိတ်သတ်တွေကို ပြစ်ပြီး ပိုခိုင်တဲ့ Sponsor နဲ့ sky park ပေါ် ရောက်နေတာလဲ ဖြစ်နိုင်တယ်... ဖြစ်နိုင်တာတွေကို ပြောတာပါ... မှန်တယ်လို့လဲ အာမ မခံပါဘူး... ကာယကံရှင်သာ အသိဆုံးပါ...

ဘယ်ဟာက ကောင်းတယ် ဘယ်ဟာက ဆိုးတယ်... သူဘာလုပ်သင့်တယ်... မလုပ်သင့်ဘူးလို့လဲ ကျွန်မ မဝေဖန်ပါဘူး... အားလုံးက သူမရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ ရွေးချယ်ပိုင်ခွင့်ပဲ... ဒါပေမဲ့ သေချာတာကတော့ တခြားနိုင်ငံတွေမှာ နာမည်ကြီးလာမှ Scandal ထွက်တယ်... ကျွန်မတို့ နိုင်ငံမှာတော့ Scandal ထွက်မှ နာမည်ကြီးတယ်ဆိုတာပါပဲ....

P.S ကျွန်မရဲ့ ခံစားရတဲ့ တခဏ ခံစားချက်အတွက် ကျွန်မ လက်တွေကို မထိမ်းချုပ်ပဲရေးလိုက်မိတာပါ... ကျွန်မတစ်ဦးတစ်ယောက်တည်းရဲ့ ခံစားချက် အတွေးဖြစ်တဲ့အတွက် စာဖတ်သူများ ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်...

15 comments :

ဆန်းဝင်း said...

အခုလို မြင်တဲ့အတိုင်းဖွင့်ချတာ ကောင်းပါတယ်။ တန်ဖိုးထားစေချင်တာပေါ့နော်။ ငွေတခုတည်းနောက် လိုက်နေကြရင်း မစဉ်းစားမိကြရှာတာလို့ပဲ ပြောရမလားပဲ။ ပတ်ဝန်းကျင် ဆိုးကြီးကို ရောက်သွားကြလို့ သူ့ထက်ငါ မကောင်းတဲ့နည်းနဲ့ ယှဉ်ပြိုင်နေကြတာ မြင်မိပါတယ်။

SZA said...

He is not foreigner..He is myanmar... This guy is sithu moe myint. Previously, he hooked up with eaindra kyaw zin, and other models before too.

Maung Myo said...

စိတ်မကောင်းပဲဖြစ်ရမလား ဒေါသပဲထွက်ရမလားမသိတော့ ဘာပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့ အနုပညာရှင်တိုင်းကိုတော့တန်ဖိုးရှိရှိလေးဖြစ်စေချင်တာ အမှန်ပါပဲ မဗေဒါရဲ့ ခံစားချက်ကို မျှဝေခံစားလို့ရတယ် ကျေးဇူးပါ ။

Kiwi said...

ya..Ma Baydar ..i think d same way too...

Anonymous said...

မနေ့က အဲဒီဗီဒီယိုကလစ်ကြည့်ရတုံးက သတိမထားမိဘူး...
ခုမှ သူဒီမှာပွဲလုပ်တုံးက ဆက်သွယ်မရတဲ့ သတင်းနဲ့ ဆက်စပ်မိသွားတယ်...။

Anonymous said...

ဒီလို မိန်းမမျိုး ဘာဂရုစိုက်စရာလဲ . မင်းသမီး ဖြစ်ဖြစ် ဖာသည်ဖြစ်ဖြစ် ကိုယ် အသိမှတ်ပြုမှုပေါ်မှာပဲ မူတည်တယ်.ကိုယ်ကဖာ သည်လို့ သတ်မှတ်လိုက်ရင် သူကဖာသည်ပဲလေ. ပြီးတော့ သူက မိန်းမထဲက မိန်းမပဲ . တကယ်တော့ သင်ဇာဝင့်ကျော်က စပွန်စာ ကောင်းကောင်းပေးနိုင်မယ့် စပွန်စာရှင်ကို ရှာနေတဲ့ သာမန် မော်ဒယ်မျိုးတစ်ယောက်ပဲ.

ဆရာကြီး ခေတ္တကျွန်းပေါ်

Anonymous said...

မြန်မာအနုပညာသယ်တွေကိုအားပေးတဲ့ပရိတ်သတ်ရဲ့အသိဥာဏ်...ခံစားမှုစတာတို့ နဲ့ လဲဆိုင်ပါတယ်.......ပြည်တွင်းကလူတွေတင်မဟုတ်ဘူး..........စင်ကာပူလောက်မှာရောက်နေတဲ့လူတွေကအစ.........ပြောရမယ်ဆိုရင်အဆိုတော်ဆိုရင်လေးဖြူလောက်ပဲသိတဲလူတွေကအများကြီးပဲ........တခြားဘယ်အဆိုတော်ပဲနာမည်ကြီးကြီး....မသိတဲလူကအများကြီး.....လေဒီဂါဂါမသိတဲ့မြန်မာတွေတောင်စင်ကာပူမှာအများကြီးပဲ.....ကျွန်တော့သူငယ်ချင်းတွေထဲမှာကို၈ှိတာ......J Lo တောင်၈ှိုးပွဲတခုကိုသွားမဖျော်ဖြေလို့ သန်းလေးဆယ်ရော် လိုက်ရတယ်လို့ ဖတ်လိုက်ရသေးတယ်......

တင်မောင်ကျော် said...

သူ့ လွတ်လပ်ခွင့်နဲ့  သူနေတာ သူများကို ဘာလို့ များ လိုက်ကြည့်ပြီး အပြစ်၇ှာချင်၇တာလဲ. သူ အားလပ်၇က်မှာ သူ့ကိုသူ နေချင်သလိုနေမှာပေါ့... လူတွေ လူတွေ သူများကို ဝေဖန်ဖို့ဆို တော်တော်အားကြတယ်...

Anonymous said...

တင်မောင်ကျော်

သူများကို ဝေဖန်တာမဟုတ်ဘူး . ပြည်သူ့ အားပေးမှု ရှင်းရှင်းပြောရရင် ပြည့်သူ့ထမင်းစားတဲ့ဟာမလေ . အဲ့ဒီဟာမက သောက်ဂရုမစိုက်ပဲ သွားနံ့ နေလို့ အဲ့ဒါကို ထောက်ပြနေတာ . လေးစားဖို့ ကိုယ်အလုပ် ကိုယ့်တာဝန်ကို ကျေပွန်အောင်လုပ်ဖို့ ပြောနေတာ . ဒီလိုမှ မပြောရင် သိမယ့်ကောင်မတွေမဟုတ်ဘူး . ငယ်ငယ်ကထဲက အစီအစဉ် စနစ်တကျနဲ့ ကြီးပျင်းလာတဲ့သူတွေမဟုတ်ရင် ဒီလိုပြောပေး ဝေဖန်ရတယ်. ဒါမှ သိမှာ .

Anonymous said...

တင်မောင်ကျော်
သူ့အားလပ်ရက်မဟုတ်ဘူးလေ၊ သူ့မှာ ဖျော်ဖြေပွဲမှာပါဖို့ဆိုတဲ့ အစီအစဉ်နဲ့ စလုံးကိုရောက်လာတာလေ။

Anonymous said...

ရင်သားလေးတွေ တော်တော်ဖြူမယ်နော်... ကျေးဇူးတင်ပါတယ် သတင်းထဲကကိုကြီးရယ်... အခုလို ငွေကုန်ခံ ပြီ မင်းသမီးကို စင်္ကာပူခေါ် ပြီ ဂေလန်းက ဟာလို ရေးကူးဝတ်စုံ ဝတ်ခိုင်းထားတာကို လေးစားတယ်...
၅၀ တန်လောက် ဖြစ်သွားတယ်... ၁၀၀ တန်က မင်းသမီးထက်သာတယ်ဗျာ...

Anonymous said...

Same day. She was there. Some burmese were there when she swimming. That guy is burmese, you don't know him. He is business man working with junta. Especially oil and off shore.

She is a liar. Her phone was working very well, but off. She stayed in the hotel the whole night and the hole day.

Anonymous said...

ကိုယ်.ဟာကိုနေချင်သလိုနေရင် ဒီပွဲကို လက်မခံနဲ.ပေါ. အခုတော. မထေမဲ.မြင်ပြုလွန်းတယ်

Ko Min Htet said...

ဟဲဟဲ။ ဒါမျိုးက မဆန်းပါဘူး။ ဒါကြောင့် ပုံပြင်ဆရာကြီးအီစွပ်က ပြောခဲ့တာပေါ့ "Notoriety is often mistaken for fame". တဲ့။

Anonymous said...

ဒီ ဗီဒီယို ဖိုင်ကို ကြားတာတော့ကြာပြီ
ခုမှ အမဆီက ကြည့်ရတော့တယ်
အင်း ပိုစ့်ထဲမှာ အမပြောသလိုပါဘဲ ဘယ်လိုနာမည်ကြီးချင်နေကြလဲ မသိပါဘူးးး

ငွေလမင်း